naymoneMarch 27, 20101min780

ညနက်ပိုင်းရဲ့ လဟာအိုကြီးအိုမရဲ့ပါးရေလိုတိမ်တွေကြားမှာ
မျက်နှာသေလေးနဲ့သိမ်ငယ်နေရှာတယ်။တိမ်တွေဟာဘယ်လောက်တောင်မဲမှောင်ရှူံ့တွနေသလဲဆိုတော့ ဆန်းဒေရဲ့တိမ်ပြာပြာတွေကသူတို့မဖြစ်ခဲ့ဖူးသလိုပဲ။ လ ကမျက်နှာငယ်ညိုမှိုင်းနေ
သလို ကျွန်တော်ကလည်းချစ်သူကိုလွမ်းတယ်။ဘယ်ကချစ်သူကိုလွမ်းတယ်ဆိုတာထက်လွမ်း
တယ် ချစ်သူကိုလွမ်းတယ်ဗျာ။ဘယ်သူမှမယုံကြည်ချင်နေပါစေ။ကျွန်တော်ယုံ
တယ်ဗျာ။နှစ်ချို့အရက်တွေကြောင့်ဒီအက္ခရာတွေထွက်ကျလာတယ်ဆိုရင်ကျွန်တော်ကိုကျွန်
တော်သစ္စာဖေါက်ခြင်းပေါ့။ကျွန်တော်သေချာပါတယ် ချစ်သူကိုလွမ်းတယ်။ကျွန်တော်မမှိလိုက်
တဲ့ မိုးဝေမဂဇ္ဇင်းကိုလည်းလွမ်းတယ်။ လာမဲ့မနက်ခင်းကိုလည်းလွမ်းတယ်။
ပင်ပင်ပန်းပန်းနဲ့လွမ်းတဲ့အလွမ်းကလည်း ကိုယ်ကိုကိုယ်သာဆွဲချသွားတယ်။
ပျော်အောင်တော့သိပ်မသွားခဲ့ဘူးဗျာ။
ဒုက္ခကိုဆေးဆိုးရအောင်ဒုက္ခဆိုတာအရောင်ဖြူတွေနဲ့လာတက်ပါသလား။
ကျွန်တော်ရဲ့ဒုက္ခများသည်မည်သည့်အရောင်တွေနှင့်လာမှန်းမသိသောကြောင့်
မျက်စေ့မှိတ်ပြီးသာနေလိုက်တော့သည်။ ဘာမှန်ကိုသေသေချာချာရေရေရာရာမသိလိုက်
ကျွန်တော်တွင်မျှဝေခံစားစေချင်သောဆန္ဒအမှန်ပင်မရှိခဲ့ပါ။သိရုံသာသိစေချင်သည်။
ကျွန်တော်ခါးစောင်းတင်ထားလို့ကမ္ဘာကြီးစောင်းနေသလား။ဝင်ရိုးပေါ်မှာစောင်းနေသလားဆိုတာ လူတိုင်းသိတယ်။
ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ကိုလူတိုင်းအပြည့်သုံးနိုင်ပါသလား။ ကျွန်တော်မဖြေနိုင်
ပါ။ ထိုသို့ ကျွန်တော်မဖြေနိုင်သောမေးခွန်းများ၊ အနှောင့်အသွားမလွတ်သောမေးခွန်များစွာ
ရှိသည်။စိတ်ထဲတွင်ဖြေရင်းစိတ်တိုင်းမကျလို့ဘယ်သူမှအသိမပေးပဲထားလိုက်တော့တယ်။
သိလိုရှိသလား ရှိလို့သိသလားဆိုတာတွေကို ဘယ်တော့မှ ကိုယ့်ကိုလည်းမမေးခဲ့ပါ။
မဖြစ်မနေမေးလို့မဖြစ်မနေဖြေရမယ်ဆိုရင်တော့ ရှိလိုသိလို့ရှိတယ် သိလို့ရှိလို့သိတယ်ပေါဗျာ
အမှန်တိုင်းပြောတာပဲလေ။အသုံးမဝင်ရှင်းမရတဲ့ပြဿနာတွေနဲ့အမှောင်ခေတ်မှာအချိန်ကုန်
ချင်လို့လားဗျာ ထားလိုက်ပါ။ ခင်ဗျာအတွက်နာမဝိသေသနတစ်ခုရှာပေးထားတယ်
လူနှင့်တူသော

နေမုန်း