စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့

ဇီဇီMay 5, 20171min39010

မနှစ်က Singapore Changi လေဆိပ်က Certis Cisco က Auxiliary Police ချောချောတစ်ယောက်ရဲ့ပုံတွေ တက်လာတယ်။

အသက်က ၂၂နှစ်ပဲရှိသေးသတဲ့။ ချောသလိုလိုတော့ရှိပေမဲ့ ချောတယ်လို့ပြောရလောက်အောင်မဟုတ်ပါဘူး။ ကိုယ်ပဲ တရုတ် ရုပ်ကို မကြိုက်လို့လားတော့မသိ။

ကိုယ့်မယ် စလုံးမှာ မြင်ဖူးသမျှ ရဲအရာရှိလေးတွေ အကုန်သန့်တယ်လို့ ပြောရမယ်။ ဒီမှာက ယူနီဖောင်းဝတ် အရာရှိတွေ အရပ်အမောင်းနဲ့ရုပ်လေးတွေက အသန့်လေးတွေ များတယ်။

နောက်ပြီး ကိုယ်က တော်တော်ချောတယ်လို့ ပြောလို့ရတဲ့ ရဲအရာရှိတစ်ယောက်ကို မြင်ဖူးတယ် ခည။

တမန်ဂျူယောင်း Neighborhood Police Office ပါ။ ခု ရှိသေးလားတော့မသိ။

🙄

၂၀၀၈ လောက်က ကိုယ် က LakeSide မှာ အဒေါ်နဲ့နေတာ။ တစ်ရက်သားး အလုပ်က အပြန် ဘူတာမှာ ကျောပိုးအိတ်ထဲက Wallet တစ်လုံးလုံး ကျပျောက်တာ (ဪ သိမ်းထုတ်သေချာ ပုံများး)။

:mrgrenn:

အိမ်ရောက်တော့ အဆူခံရတာ ပါလာတဲ့ သူငယ်ချင်းမလေးပါ အပါ ဆူခံရတော့ ၂ ယောက်သား မျက်ရည်စမ်းစမ်းနဲ့ Neighborhood police station ကို သွား ရီပို့ပေးဆိုလို့ သွားရတာရယ်။

အိတ်ထဲ ကိုယ့် ကိုယ်ရေးကိုယ်တာ/ဘဏ်/အလုပ်နဲ့ပတ်သက်တာတွေ အကုန်ပါသွားတာမို့ စိတ်တွေ အကြီးအကျယ်ညစ်ပြီး မျက်ရည်တွေတွေ တွေ ကျပြီးကို ရဲစခန်းထဲ ဝင်ရော။

ခါတိုင်း သူတို့က ပတ်ဝန်းကျင်ကို ပတ္တရောင်လှည့်ရင်တော့ အဝေးက မြင်ဖူးတာလောက်ပဲ ရှိတာ။ သန့်တယ် အရပ်ရှည်တယ်ပေါ့။ ဒါလောက်ပဲ ဖြတ်သွားဖြတ်လာမြင်ဖူးတယ်။

အထဲရောက်တော့ အရာရှိ ၂ ယောက်ရှိတယ်။ ဘာဖြစ်လဲမေးပြီး ရီပို့ရေးမယ်ပေါ့၊ အိတ်ထဲ ပါတာတွေ စာရင်းလုပ်ဆိုလို့ ရေးမလို့ နှပ်ချေးတရှုံ့ရှုံ့ရယ်နဲ့ စဉ်းစားနေတုန်းး ဘေးကို ရေတစ်ခွက်နဲ့ တစ်ရှူးတစ်ထုတ်လာပေးတယ်။

ဂစ်ဂစ်။

အဲတော့မှ သေချာမော့ကြည့်မိတော့မှ ကြွေဘီလေ။။

:chit:

ချောရတဲ့ အထဲ အာ့လို ဂရုတစိုက် လုပ်တတ်တဲ့ ရဲ အရာရှိမျိုး အိပ်မက်တောင်မမက်ဖူးတာရယ်။

ချောမပေါ့။ အင်ဒိုနဲ့ တရုတ်စပ်ထားတာ။ အသားဖြူမှာ မျက်ခုံးမျက်လုံး တစ်အားလှတော့ အရပ်ရှည်ရှည်မှာ ဝတ်ထားတဲ့ ရဲဝတ်စုံနဲ့ စဉ်းစားသာကြည့်တော့။ ကိုယ်လည်း အဲဒီတော့မှ သေချာမြင်ဖူးပြီး ခေါင်းထဲက စာရင်းတွေမေ့တာ မေ့တာ ဆိုတာ။ ??

အာ့နဲ့ ကြိုးစားရေးပြီးတော့ သူစစ်ဆေးနေတုန်းး ခုနက ငိုကြီးချက်မ ငိုချင်စိတ်က ဘယ်နားရောက်မှန်းမသိဘူးး ?

ကိုယ်ရေးတဲ့ စာရင်းကလည်း ဘာတွေမှန်းမသိ ?အိတ်ထဲပါတာ အကုန်ရေးဆိုလို့ အိမ်ကို ဆက်ဖို့ ဖုန်းကာဒ်ပါတာတွေရော ရှော့ပင်းဘောက်ချာတွေပါတာရော အကုန်ရေးပေးလိုက်တော့ စစ်ရင်း သူ့မျက်နှာက ပြုံးစိစိဖြစ်။ ?

:mrgreenn:

သူ့ မျက်နှာပြုံးစိစိ ကိုယ်က ကြည့်ပြီး ကိုယ့်မျက်နှာဘာဖြစ်နေတုန်း ကိုယ်တိုင်ကသတိမထားမိပေမဲ့ ပါလာတဲ့ သူငယ်ချင်းမ က စားပွဲအောက်ကနေ ခြေထောက်နဲ့ လှမ်းကန်တယ်။

ပြီးတော့ မြန်မာလို တိုးတိုးနဲ့ “နင့်မျက်နှာက ပိုက်ဆံအိတ် အလုံးလိုက်ပျောက်တဲ့ သူမျက်နှာမဟုတ်တော့ဘူး ဆင်ခြင်စမ်း” ဆိုလို့ မျက်နှာကို ပြန်ပြင်ရ။ ??

နောက်ရက် အိတ်ပြန်ရတော့ ဖုန်းဆက်တယ်။ ကိုယ့်မြန်မာနံမည်မခေါ်တတ်လို့ သူခေါ်တာကိုယ်က နားမလည်လို့ ပထမ တစ်ခါ ဖုန်းမှားပါတယ် လို့ ပြော (အာ့လို လွဲတာမြန်းပြောပါတယ်) ?

နောက်တစ်ကြိမ် ပြန်ခေါ်တော့မှ သွားယူရတယ်။ အိတ်ထဲက ပစ္စည်းတွေ စစ်နေတုန်းလည်း ပြုံးပြုံးလေး ကြည့်နေတာ။ အင်မတန်ကြွေဒါရယ်။ ?

နောက်ရက်တွေ ဘာပစ္စည်းပျောက်တိုင်ရမတုန်း စဉ်းစားမရခင် ကိုယ်က Chinatown က အိမ်ကို ပြောင်းခဲ့ရလို့။

အဒေါ်ကတော့ပြောရှာတယ်။ ကောင်လေး ကံကောင်းသွားထာဒဲ့။

ဂစ်ဂစ်။ ?

နို့မို့ ကိုယ်ကလည်း ကိုယ့် ရှိသမျှတွေ အကုန်ဖျောက်တော့မေလေ ?

ဘားမှ မုန့်ဘူးး။ စကားစပ်မိလို့ လှန်ထောင်းလိုက်တာ။

:mrgreen:

~~~~~~~~~~~~~~~~~~~~

စလုံးက ရဲအရာရှိလေး ကံကောင်းသွားကြောင်း ပြောလို့ အပြီးမှာ ခု တစ်ခါ ပြောမှာကတော့ ခေါက်ဆွဲဆိုင်ရှင်ကြီးအကြောင်းဖစ်ပါတယ် ခည။

ခင်ဇော်နှယ် ဘယ်လောက် အစားသောင်းကျန်းတုန်းဆို ယူမဲ့ ယွကျားဆို ဟင်းချက်တတ်မှ ယူမယ် ကြံစည်ခဲ့ဖူးဒါဘာ။

ဥမပါ – သင်္ဘောသား ထမင်းချက်တို့ ဘာတို့။ ငိငိ။

:k:

အာ့! ဦးလေး တစ်ယောက် စလုံး ကမ်းကပ်တော့ သူ့သင်္ဘောပေါ် ခေါ်လည်ပြီး သင်္ဘောပေါ်က ဟင်းဖြူရော်ရော်တွေ စားဖူးပြီးမှ အဲဒီ အကြံဇိုးဂျီး လက်လျှော့ရတယ်။

မြင်ဆရာကလည်း ယန်ကန်ကွတ် လေ။ အဲ့ဘဲဂျီးရဲ့ ဟင်းချက် အစီအစဉ် အမြဲကြည့်ပြီး ကြွေခဲ့ရတာ ဆိုတော့ ဟင်းချက်တတ်တဲ့ ယွကျားဆို အမှတ်က ၃ဝ လောက်ကို အလကားပဲတင်းပေးထားတာရယ်။

:mrgreen:

စလုံးရောက်ပြီး သိပ်မကြာ အဒေါ်အိမ်ကနေ ဝမ်းကွဲ မောင်နှမတွေ စုပြီး China Town တရုတ်တန်းဘက် အိမ်ငှါးနေကြပါလေရော့။

အဲ့ ဘူတာကနေ အိမ်ကို သွားတဲ့ လမ်းက ရှော့ပင်းစင်တာမယ် ခေါက်ဆွဲဆိုင်ရှိတယ်။ ဟန်းမိတ် ခေါက်ဆွဲ အစစ်ခည။

ကိုယ်တိုင် ဂျုံနယ်ပြီး နောက်ဆုံး ခေါက်ဆွဲမျှင်ဖြစ်တဲ့ထိ လုပ်တာကို ထိုင်ကြည့်ရတယ်။ (အဲဒီမတိုင်ခင်ကတော့ ဂျက်ကီချန်း ကားတွေထဲမှာလောက် ပဲ အာ့မိုးမြင်ဖူးတာရယ်။

ဖော်မိုဆာခေါက်ဆွဲဆိုင်တွေမှာ ရတတ်တဲ့ ဂျုံလုံးကြီးကနေ ဒါးနဲ့လွှာထည့်တဲ့ ဂျုံပြားခေါက်ဆွဲတွေလည်းရတယ်။

ခေါက်ဆွဲ အရွယ်စုံရတယ်။

ချိုချဉ်ကြော်ရတယ်။

အသား နဲ့ အသီးအနှံကြော်ရတယ်။

ထမင်းဖြူရှိတယ်။

အရသာ ကောင်းတယ်။

ထားပါ။။

ထူးခြားတာက… ရောင်းတဲ့သူက တစ်ယောက်တည်း။ ချက်တာရော ဆေးတာရော ရောင်းတာရော သူ တစ်ယောက်ထဲပဲ။

ပြည်ကြီးတရုတ်ခည။

အင်္ဂလိပ်လို ရက်(စ) အော် နိုး လောက်ပဲ ရတယ်။ ရုပ်က အရမ်းသန့်တဲ့ အပြင် အမြဲ ဧည့်ဝတ်ကြေတဲ့ အပြုံးက အမြဲပြုံးထားတာရယ်။

အားနာလို့ပြုံးတာမဟုတ်ပဲ မျက်လုံးကပါ လိုက်ပြုံးနေတဲ့ ဖြူဖြူစင်စင်မျက်နှာပေး ရိုးရိုးသားသား မျက်နှာနဲ့မို့ အင်မတန်သဘောကျစရာကောင်းပါတယ်။

အဲတလောကများဆို ခင်ဇော် နှုတ်ဖျား ရေပန်းစားနေတာ ခေါက်ဆွဲပါ။

ထမင်းကြိုက်သမား ကိုယ်က နေ့တိုင်း ခေါက်ဆွဲထိုင်စားနေတယ် ဆွာ တော်ရုံ ကြည့်ကောင်းရုံနဲ့ မဖစ်ဖူးဆွာ ပိတ်သတ်ကြီး သိသင့်တယ် မဟုလော့။

:mrgreen:

ခင်ဇော် ရုံးကပြန်ချိန်အိမ်မှာ မရှိဘူးဆိုရင်….

မီးဖို က ၃ ဖို,

ဘေစင် ၂ ခု,

ဂျုံနယ်တဲ့ စားပွဲ တစ်ခု

ပန်းကန်စင် လေး တစ်ခုနဲ့ တန်းလျားလေး ၂ တန်း ပဲရှိတဲ့ ဆိုင်သေးသေးကျဉ်းကျဉ်းထဲမှာသာ လိုက်ရှာရင် တွေ့ပါတယ်။

ဂျုံမှုန့်က စပြီး ခေါက်ဆွဲဖြစ်တဲ့ထိ..

အဲဒီ ခေါက်ဆွဲကို ပြုတ်မလား ကြော်မလား ပါဝင်ပစ္စည်းတွေလှီးချွတ်ပြီး ဟင်းပွဲဖြစ်တဲ့ထိ…

သူ တစ်ယောက်တည်း ချက်သွား တာကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေတာ။

ခင်ဇော် တွေးပုံတွေ ကြံစည်ပုံတွေ ကြောက်စရာကောင်းပုံပြောပါတယ်။

:k:

အာ့မိုး ယွကျားသာရရင် ဒယ်အိုး ၃ အိုး မီး ၃ ဖိုနဲ့ ဆိုင်လေးဖွင့်ပေးထားလိုက်ရင် ကိုယ့် တစ်ကိုယ်စာ အစားအသောက်ပူစရာမလို ကိုယ်က စီးပွါးရှာရုံပဲတွေးတာ။

ဂစ်ဂစ်။

:mrgreenn:

ကိုယ်တွေးလို့ မဆုံးခင် သူ့ရဲ့ ပြည်မဂျီးက သူနဲ့တရုပ်ထဲထွက် တရုတ်လေး လိုက်လာလို့ လက်လျှော့လိုက်ရဒယ်။

အဟေးဟေးး

:mrgreen:

သူလည်း ကံကောင်းသွားရှာတယ် ထင်ပါရဲ့။

အဟွတ်!!

အလကားပဲတင်း လက်လျှော့တာမုန့်ဘူးးး

:k:

ခင်ဇော် ကိုယ်တိုင်လည်း ဂျူရောင်းဘက် ပြောင်းသွားရလို့။

သတိရလို့ နောက်တစ်ခေါက် ဆိုင်နေရာသွားပြန်ရှာသေးတယ်။

မရှိတော့ဘူးးး

~~~~~~~~~

ကဲကဲ။

ဘာရေးရမှန်းမသိလို့ ကွကိုယ်တွေ လှန်ထောင်းလုပ်ပလိုက်ပြီ။

ဟိ။

 

:chit:

 

 

 

10 comments

  • kai

    May 5, 2017 at 2:08 pm

    ပြည်ကြီးကလိုက်လာတဲ့.. ချိုင်းနီးစ်လေးက.. အခုဆို အနေတော်အရွယ်ရောက်လောက်ရောပေါ့..။
    ထပ်သွားကြည့်ပါဦးလား..။
    လသားအရွယ်လေးချီထားရင်လည်း … စိတ်မပျက်နဲ့..။
    သားအချစ်.. မြေးအနှစ်တဲ့..။ :k:

    • ဇီဇီ

      May 5, 2017 at 2:30 pm

      ဆိုတော့ ကာ
      ကလေးပြန်ပေးဆွဲခိုင်းနေတာလားး

      :k:

      • ဂျစ်စူ

        May 5, 2017 at 10:12 pm

        ကြာဘာဒယ်အေ
        ဂေါင်ထိ အကုန်ပဲ ကောင်းဘာဒယ်
        သဂျီးစဂါး နားယောင်မနေစမ်းဘာနဲ့

      • kai

        May 6, 2017 at 6:08 am

        ယောက်ျားပုခက်တွင်း.. မိန်းမအလုပ်ဆင်း ဆိုပြီး ဆောင်ပုဒ်အသစ်ထွင်ခိုင်းနေတာပါ..။ :k:

  • သင့်အေးရိပ်

    May 5, 2017 at 2:21 pm

    ဒါ အချစ်အကြောင်း ပြောလိုရင်းလား
    အစားအသောက်အကြောင်း ပြောလိုရင်းလား

    ရောရောထွေးထွေး ရေးထားမှတော့
    ဒါဟာ အရသာရှိတဲ့အချစ်အကြောင်းပဲ ဖြစ်ရမယ်။

    :k:

    • ဇီဇီ

      May 5, 2017 at 2:30 pm

      ခေါင်းစဉ်က သူတို့ဘက်ကနေ ပြောထားတာပါ။
      သူတို့ ကံကောင်းသွားတာ ပြောတာ။
      ခွိ

      :k:

  • manawphyulay

    May 8, 2017 at 10:19 am

    ဘာပဲဖြစ်ဖြစ် အရသာရှိတာလေးတွေ စားချင်မိသား…..

    • ဇီဇီ

      May 9, 2017 at 1:02 pm

      စားချင်လို့ ကြံရဒါဖဲယေ

      :k:

  • ဝင့်ပြုံးမြင့်

    May 8, 2017 at 3:51 pm

    ဖတ်လို့ကောင်းတယ်။ စာက လူကို ဆွဲခေါ်သွားတာ။ ကိုယ်ကလည်း ဝါသနာကြီးတာဆိုတော့လေ အစားအသောက်ပြောပါတယ်။

    • ဇီဇီ

      May 9, 2017 at 1:01 pm

      ဝါသနာတူချင်း တွေ့တာပေါ့နော်

      :k:

Leave a Reply