ငြိမ်းချမ်းရေးဖျက်ဆီးသူ

zaw winMay 7, 20171min2102

ငါတို့ရဲ့အတ္တတွေ
ငါမှန်တယ်ထင်ခဲ့တာတွေ
ငါတို့ကြောင့်
ဘဝတွေပျက်ခဲ့ရတဲ့ပြည်သူတွေ
ဘာမှန်းမသိ
ဘဝတွေဆုံးရှုံး
အနာဂတ်တွေပျက်စီး
လူလုံးမလှတဲ့ ကလေးငယ်လေးတွေ
ငါတို့တွေညီညွတ်ပြီး
ငြိမ်းချမ်းရေးသာတန်ဖိုးထားခဲ့ရင်
သူများနိုင်ငံတွေလို
ဘဝတွေအေးချမ်းပြီး
ပျော်ရွှင်ဖွယ်ကောင်းကြမှာပါ။

မင်းသုတ
15:00 PM
29.4.2017

2 comments

  • manawphyulay

    May 8, 2017 at 10:44 am

    အင်း အစောကြီးထဲက သိသင့်ပါတယ်လေ

    တန်ဖိုးထားတတ်ရင်ပေါ့လေ . . .

  • သင့်အေးရိပ်

    May 8, 2017 at 2:36 pm

    ငြိမ်းချမ်းရေးငှက်ကလေး
    စစ်မြေပြင်အနီးမှာ
    နားချင်ရှာပေမယ့် မနားရဲ

Leave a Reply