စိုးရိမ်သူ

wathenmoeSeptember 1, 20101min743

မသိခြင်းများ

ဖိစီးလွှမ်းတဲ့

အတွေးနဲ့ပင့်သက်

မျက်ရည်ပွင့်တွေ ကိုယ်ရင်မှဝေနေပေမယ့်

ပန်းကြွေတွေရနံ့တသင်းသင်း

မင်းနင်းလျှောက်မယ့်လမ်းမှာ

ခြေလှမ်းတွေကို မျက်ရည်စိုမှာ

စိုးမိတယ် ကလေးရယ်………….။

ဝင်းလဲ့ခိုင်

3 comments

  • kopauk mandalay

    September 1, 2010 at 3:34 pm

    စောင့်ရှောက်သူ
    မသိလို့များ
    မှားသွားမှာစိုးလို့
    အမျိုးမျုိုးသောအခက်အခဲ
    ရှောင်လွှဲနိုင်အောင်ဖန်တီးပေးချင်သူပါ။
    မင်းနင်းသွားမယ့်လမ်း
    မကြမ်းတမ်းရအောင်
    တစ်လမ်းလုံးကို
    ပန်းအပြည့်ခင်းဆိုလည်းခင်းပေးချင်သူပါ။

  • kai

    September 1, 2010 at 7:10 pm

    ခြွေချသူ

    သိလျှက်နဲ့နင်းလျှောက်
    ပန်းမကောက်တတ်သူရဲ့လမ်းမှာ
    မင်းလေးလမ်းမပျောက်ခင်…။

    ခြွေချမှ ကြွေကျမှာမို့
    မြေကစောင့်တဲ့ ကဝေဘုမ္မစိုးလို
    ခုနှစ်ထွေကြိုးနဲ့ ပြုစားသိမ်းပိုက်ချင်သူပါ။ ။

  • လင်းဝေကျော်

    September 2, 2010 at 3:08 am

    ပန်ဆင်ထိမ်းသိမ်းသ

    လန်းဆန်းမွှေးပျံ့ ရနံ့ထုံဆဲ
    ရင်ထဲရောက်လာ
    ကြည်နူးနားလည်ခြင်းများကိုယ်စီနဲ့
    အလံစိုက်လို့ ကာကွယ်စောင့်ရှောက်
    ယုယချစ်ခင် ကယုကယင်
    ပန်ဆင်မြတ်နိုး ဆထက်ပိုး
    ပန်းကလေး နွမ်းသွားလည်း
    ဘဝသက်တာ တန်ဖိုးထား အမြဲ
    ပန်းနဲ့ ချစ်သူ ကြည်ဖြူကြစေ ပျော်ကြစေ။

Leave a Reply