“ကျ မျက် ရည် “

“ကျ မျ က် ရည် ”

မနေ့က သူငယ်ချင်းတွေရောက်လာတော့ မထိုင်ဖြစ်တာ အတော်ကြာတဲ့

“စိန်ဝင်းဝင်း “လက်ဖက်ရည်ဆိုင်လေးကို သွားထိုင်ဖြစ်ကြပါတယ်။

ကျနော်ကအဲဒီဆိုင်ကလက်ဖက်ရည် ကျဆိမ့်ကိုကြိုက်သလို

အရည်ရွှဲရွှဲနဲ့နံပြား မခမ်းသုတ်ကိုလဲကြိုက်တယ်။

အဲတော့ အဆင်တွေပြေသွားတာပေါ့။

မတွေ့တာကြာတဲ့သူငယ်ချင်းတွေဆိုတော့စကားတွေဖောင်ဖွဲ့ကြတာပေါ့။

အစကတော့ ရေပက်မဝင်ပြောနေကြပေမယ့် ကြာလာတော့ အရှိန်ကျ သွားပါတယ်။

ကျဆို အပြင်ရာသီဥတုကပူလောင်လွန်းတာကိုး။

ပူလွန်းတော့လဲ  ပြောနေတဲ့စကားတွေကို အာရုံကြာကြာ မစိုက်နိုင်ပါဘူး။

ဒီတော့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း မျက်စေ့ကို အညောင်းဖြေနေရင်း

ကနေကျနော့်အတွက်စိတ်ဝင်စားစရာမြင်ကွင်းလေးကိုသွားတော့ပါတယ်။

ကျနော်ရှေ့တည့်တည့်မှာ လက်ဆေးစင်လေးတစ်ခုရှိပါတယ်။

အရပ်နဲနဲမြင့်မြင့်အသားညိုညိုအကျီနီနီလေးဝတ်ထားတဲ့ကောင်မလေးက

ပန်းကန်တွေဆေးရင်း ငိုနေတယ်ထင်ပါတယ်။

ပုခုံးနဲ့ကျောပြင်လေးက တသိမ့်သိ်မ့်နဲ့ အချက်ကျကျ လှုပ်နေတာမြင်ရလို့ပါ။

ကျနော်ကို ကျောပေးထားတော့ အသေအချာတော့မမြင်ရဘူးပေါ့။

အဲလိုကျနော်စိတ်ဝင်တစားနဲ့ကြည့်နေတုန်း

အသားဖြူဖြူ ဝလုံးလုံးနဲ့ကလေးမလေးတစ်ယောက်ကအပြေးလေးလာပြီး

“ညီမလေး မငိုနဲ့လေ”ဆိုရင်း စားပွဲပေါ်ကတစ်ရှူးဘူးထဲက တစ်ရှူးတွေဆွဲထုတ်ပြီး

ငိုနေတဲ့ကလေးမလေးကို မျက်ရည်တွေသုတ်ပေးနေပါတယ်။

ပြီးတော့မှ ငိုနေတဲ့ကလေးမလေးခါးကိုဖက် မျက်နှာနားကို ပါးလေးကပ်ပြီး

တိုးတိုး တိုးတိုး နဲ့ပြောနေတာမြင်ရပါတယ်။

ခဏနေတော့ အစောက ငိုနေတဲ့ကလေးမလေး အငိုတိတ်သွားပုံရပါတယ်။

သူ့ပုခုံးလေး လှုပ်နေတာရပ်သွားလို့ပါ။

နောက်တော့ပုခုံးလေးကို ဖက်ပြီး ပါးလေးကိုအသာအယာနမ်းလိုက်တာကိုမြင်ရပါတယ်။

ပြီးမှ “သွား သွား မမ ဆက်ပြီးဆေးလိုက်မယ်”ဆိုပြီး အစောက ငိုနေတဲ့ကလေးမရဲ့

ဆေးလက်စတွေကို သူကဆက်ဆေးနေပါတယ်။

ပန်းကန်တွေအားလုံးဆေးပြီးတော့ နှစ်ယောက်သား ဆေးပြီးသားပန်းကန်တွေကို

ဆိုင်နောက်ကို သယ်သွားကြပါတယ်။

ကျနော့်နံဘေးက ဖြတ်သွားတဲ့အခါ  မျက်ရည်စီးကြောင်းကြောင့်

သနပ်ခါးတွေပျက်နေတဲ့ ကလေးမ လေး မျက်နှာမှာ အပြုံးရိပ်ကလေး တွဲလွဲခိုနေတာကိုမြင်လိုက်ရပါတယ်။

သူကလေးဘာကြောင့်ငိုပြီး ဟိုကလေးမ က ဘယ်လို့ ချော့လိုက်လို့ တိတ်သွားတာမသိပေမယ့်

စိတ်ထဲမှာ သူတို့ကိုကြည့်ရင်းနဲ့ကြည်နူးသွားပါတယ်။

လက်ဖက်ရည်ဆိုင်က ပြန်လာပြီးရုံးရောက်တဲ့အခါ  ကျနော်စိတ်ထဲမှာဒီမြင်ကွင်းလေးကိုပြန်မြင်လာမိတော့

ကိုယ့် အကြောင်းကိုယ်ပြန်တွေးမိပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်ဆီက ဆိုပါစို့။

ကျနော်က “ဒေါသကုမ္မာရ”စာရင်းထဲမှာ ပါ ပါတယ်။

အခုတော့ရော မေးရင် အရင်လောက်မဆိုးပေမယ့် လက်ကျန်လေးကတော့ ရှိနေမြဲပါဘဲ။

အလုပ်လုပ်ရင် အမှားအယွင်းဖြစ်တာကို လက်မခံနိုင်သူ တစ်ဦးပေါ့။

“လုပ်ရင်မှားမှာဘဲ ဘာမှ မလုပ်ရင် ဘာမှ မမှားဘူး”လို့ပြောတာကို

လုံးဝလက်မခံခဲ့ပါဘူး။

အဲလို့များပြောလာခဲ့ရင်

“ စလုပ် ကတည်း က သေသေချာချာ စံနစ်တကျလုပ်ရင် ဘာမှ မှားစရာမရှိဘူး

မှားတယ်ဆို တာ အသုံးမကျ တာဘဲ “လို့

လေသံခပ်မာမာနဲ့ ပြန် ချေ တတ်သူ ပေါ့။

ဒီတော့ အလုပ်လုပ်ရင်း အမှားအယွင်းဖြစ်တိုင်း ဆူတတ်ပူတတ် မြည်တွန်တောက်တီးတတ်သူ။

တစ်ခါတစ်ခါ ဒေါသတကြီးတုန့်ပြန်တတ်သူတစ်ဦးလို့ အများက သိထားပါတယ်။

အဲတော့ ကျနော်နဲ့ တွဲလုပ်ရတဲ့ သူတိုင်း ကျနော်နဲ့ဆိုရင် အတော်လေးသတိထားလုပ်ကြရတဲ့အနေအထားလို့ဆိုနိုင်ပါတယ်။

ကျနော်က   လူသုံးကုန်ပစ္စည်းရောင်းတဲ့အလုပ်က ဝန်ထမ်းတစ်ဦးပါ။

အဲ့အချိန်က ကျနော်မှာကိုယ်ခွဲလဲမရှိ ။

အလုပ်ကလဲများ။

ပစ္စည်းပေါင်းများစွာ ကို ကုန်သည်ပေါင်းများစွာကို ဈေးနူန်းပေါင်းများစွာနဲ့

ကားဂိတ် သင်္ဘောဆိပ် နဲ့ မီးရထား ဘူတာရုံတွေကို အရောက်ပို့ပေးရတဲ့အလုပ်ဆိုတော့

အတိမ်းအစောင်းအလွဲအမှားမခံတဲ့အလုပ်လဲ ဖြစ်လို့နေပြန်တယ်။

ကျနော်နဲ့တွဲလုပ်ရတဲ့ကလေးတွေကို အလုပ်နဲ့ပါတ်သက်ရင် ကျကျနနသင်ပေးပါတယ်။

နားမလည်ရင် နားလည်အောင်ပြောပြပါတယ်။

သေသေချာချာ လုပ်ဘို့လဲ တဖွဖွ မှာပါတယ်။

အဲလို့ အထဲကမှ မှားရင် ကျနော်ဒေါသူပုန်ထပါပြီ။

အဲ့လို မှားတဲ့သူကို စကားလုံးတွေနဲ့ပစ်ပေါက်ပြီးဆူပါတယ်။

စိတ်တိုတိုနဲ့ပြောပါတယ်။

ကျနော်ဆူချင်သလိုဆူပြီးရင် အဆုံးသတ်စကားလုံးကတော့မရိုသေ့စကားဆိုရရင်

“စောက် သုံးကို မကျဘူး”ဆိုတဲ့စကားလုံးပါဘဲ။

ပြောရ ရင်တော့ “ သူ ဟာ ကိုယ်မဟုတ်ဘူး”ဆိုတဲ့အမှန်တရားကို

မျက်ကွယ်ပြုထားချိန်လို့ ဆိုနိုင်ပါတယ်။

ငယ်ဂုဏ် ငယ်မာနတွေ ငယ်ထိပ်ရောက်နေပြီး

ဘာလုပ်လုပ်ဖြစ်တယ်လို့ စိတ်တွေကြွနေချိန်ပေါ့။

ကိုယ်တိုင်ကလဲ အလုပ်ထဲမှာ အချိန်ပြည့်စိတ်နှစ်ပြီးလုပ်နေချိန်ဆိုတော့

အမှားအယွင်းကင်းအောင်လုပ်နိုင်နေချိန်ဆိုပြန်တော့ သူများမှားတယ်ဆိုင်ရင်

အလုပ်ထဲမှာစိတ်မစိုက်လို့ မှားတာဆိုပြီး ဗျောက်ဖောက်တတ်သူပေါ့။

တစ်ရက်ကြုံရတာလေးကို ပြောပြချင်ပါသေးတယ်။

ကျနော်အားထားရတဲ့ကောင်လေးတစ်ယောက်ကို ကျွဲဆည်ကန်

ဂိုဒေါင်ဘက်ကို ကုန်လက်ကျန်သွားကောက်ခိုင်းပါတယ်။

သူ့ကိုခိုင်းလိုက်တဲ့နေ့ အလုပ်ပိတ်ရက်ဖြစ်နေပါတယ်။

ဒီတော့ သူ့ကိုသေချာမှာလိုက်ပါတယ်။

“ ဒီစာရင်းအရေးကြီးတယ်။

စာအုပ်ယူသွား။

သေချာမှတ်ခဲ့”

နောက်နေ့မနက်ရောက်တော့ သူ့ကကျနော်မြင်တော့ ဟိုဘက်ခန်းဘက် ကို ထွက်သွားပါတယ်။

ကျနော်လဲ ခုံမှာထိုင် မှာစရာရှိတာမှာ ဖုန်းဆက်စရာရှိတာ ဆက်ပေါ့။

ကျနော်အလုပ်တွေ ပြီးတော့ သူက ကျနော်နားရောက်မလာ။

အဲဒါနဲ့တစ်ယောက်ကို “ဘိုစိုး သွားခေါ်စမ်း “ဆိုခိုင်းလိုက်ပါတယ်။

တော်တော်နဲ့ သူရောက်မလာတော့ ထပ်ခေါ်ခိုင်းမှာရောက်လာပါတယ်။

“ မနေ့ က ငါကောက်ခိုင်းတဲ့ စတော့ တွေပေးလေ”

ဆိုတောင်းတော့ သူ က ဘာမှ မလှုပ်။

“မင်း မနေ့က သွားမကောက်ဘူးလား”လို့ မေးတော့

သူ့မျက်နှာကဇီးရွက်လောက်ကလေး နဲ့ပြူးကြောင်ကြောင်လေးကြည့်နေပါတယ်။

ကျနော်က စိတ်တိုစပြုလာပါပြီ။

အတော်လေးကြာမှ သူနဲ့အတူသွားတဲ့ကောင်လေးက

“ လေးလေး ကျနော်တို့ မနေ့ကစ တော့ သွားကောက်ပါတယ်။

ဒါပေမယ့် အဲဒီကပြီးရင် ကျနော်တို့ ကောင်မလေးတွေနဲ့

ရုပ်ရှင်သွားကြည့် ဘို့လုပ်ထားတော့ စာအုပ်ကြီးက ရှုပ်တယ်ဆိုပြီးထားခဲ့ကြတာ။

စတော့ ကောက်ထားတဲ့စာရွက်ကို ဘိုစိုး ဘောင်းဘီထဲ ထည့်ထားတာ။

ရုပ်ရှင်ကအပြန်မိုးမိပါတယ်။

အိမ်ပြန်ရောက်တော့ ဘိုစိုး က ဘောင်းဘီရေစိုကိုချွတ်ထားတာ စာရွက်မထုတ်လိုက်မိဘူး။

အဲဒီဘောင်းဘီကို သူညီမက လျှော်လိုက်တော့ စာရွက်က ရေစိုမှင်ပြန့်ပြီးစုတ်သွားတော့

ဘာမှ ဖတ်မရတော့ဘူး “လို့ လဲဖြေရော

ကျနော်ပေါက်ကွဲပြိးဆူတော့တာပါဘဲ။

ကျနော်ဆူနေတုံး  ဘိုစိုး ငို တာကို တွေ့လိုက်ပါတယ်။

“ငိုမနေ နဲ့ ယောက်ျားမဟုတ်ဘူးလား။

စကတည်းက သွားစရာ ရှိရင်ပြောလိုက် ငါ့ဘာသာ ငါသွားလုပ်လဲရတယ်။

သေချာမှာထားရဲ့နဲ့ အစချီပြီး ဒုတိယမ္ပထပ်ဆူပြီး

ပွဲသိမ်းစကားလုံး

လဲရွတ်ပြီးရော ဘိုစိုးတို့လဲ ကျနော်ရှေ့ကပျောက်သွားပါတယ်။

ကျနော်ဆူမိရင်လေသံက မာသလို စကားလုံးကလဲပြင်းထန်တတ်ပါတယ်။

“စောက်သုံးကို မကျဘူး “ ဆိုတဲ့စကားလုံးထွက်လာရင် ကျနော်ဆူတာ ပြီး ပြိဆိုတဲ့သဘောပါဘဲ။

ကျနော်ဆူလို့ ကွိုင်ပူလို့ ငိုခဲ့ဘူးတဲ့ မိန်းခလေး ယောက်ျားလေးအတော်များပါတယ်။

ကျနော်ပြန်တွေးကြည့်မိတော့ ကျနော်ဆူလိုက်လို့ ငိုသွားတယ်ဆိုတာကိုများ

ကျနော်မသိစိတ်က အရသာခံနေမိခဲ့သလားဆိုတာပါဘဲ။

ကျနော့်ရဲ့ စိတ်မကျေနပ်မူ့တွေ စိတ်ပင်ပန်းမူ့တွေကို

ကျနော်က အလုပ်ကောင်းဘို့ စံနစ်တကျ လုပ်တတ်ဘို့ အတွက်

ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အပေါ်မှာ ဖောက်ချခဲ့တယ်လို့လဲ တွေးနိုင်ပါတယ်။

ဒီလို ခပ်ကြမ်းကြမ်း ကိုင်တွယ်တာ ရုတ်တရက်ကြီး တုန့်ပြန်တတ်တာ

ဒေါသတကြီးတုန့်ပြန်တတ်တာကို ရပ်တန့်သွားစေတဲ့ အဖြစ်အပျက်တစ်ခုကြုံလာပါတယ်။

တစ်ခုသောသင်္ကြန်ကာလမှာ ဝန်ထမ်းအတော်များများ ခွင့်ပြန်ပြီးချိန်မှာမှ မှာထားတဲ့

ကုန်တွေရောက်လာပါတယ်။

ဒီကုန်တွေကလဲ သင်္ကြန်အတွက်ရည်ရွယ်ပြီး မှာထားတဲ့ ရာသီစာဆိုတော့သင်္ကြန်ပြီးတဲ့အထိ သိမ်းမထားနိုင်ပါဘူး။

ဒီပစ္စည်းတွေကို ဂိုဒေါင်နှစ်လုံးမှာခွဲချ။

ကျနေတဲ့ မိန်းကလေး သုံးယောက်ရယ် ယောက်ျားလေး နှစ်ယောက်ရယ်

ကျနော်ရယ် အတူ တင်တာချတာ လုပ်ရတော့တာပေါ့။

ဒီရက်မှာအလုပ်သမားလဲ မရှိ ရှိတဲ့အလုပ်သမားကလဲ မတန်တဆတောင်းဆိုတော့

ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုပြီး ချ ကြတော့ တာပေါ့။

ပထမရက် ကုန်သည်တွေ လာသယ်ဘို့ခေါ် ရှိတဲ့လူနဲု့ဝိုင်းတင်ပေါ့။

ညနေ ကုန်လက်ကျန်စစ်တော့ တစ်ဖာကွာနေပါတယ်။

နောက်ရက် ဒီလို့ဘဲ ကားတွေ ထော်လာဂျီတွေခေါ်တင်

ဒီလူ ဒီလူ နဲ့ဘဲ ဝိုင်းလုပ်။

အဲ့နေ့ကတော့ ကုန်လက်ကျန်မကွာ။

သင်္ကြန်အကြို နေ့ ရောက်တော့ နောက်ရက်လဲအ လုပ်ပိတ်မယ်ဆိုတော့

ဒီနေ့မှာဘဲအပြတ်လုပ်မယ်ဆိုပြီး တင်ကြတော့တာပေါ့။

နောက်ဆုံးတစ်ခေါက်တင်ခါနီးတော့ မှောင်လဲ အတော်မှောင်နေပါပြီ။

ကလေးတွေလဲ ပင်ပန်းနေပါပြီ။

ကျနော်က ဒီဘက်ဂိုဒေါင် မှာ တစ်စီးတင်မယ့်အချိန် မှာ

ဟိုဘက်ဂိုဒေါင်ရောက်နေတဲ့ ကလေးမ ၂ယောက်ကို

“တစ်ယောက်လာသယ်လိမ့်မယ် တင်မပေးနဲ့ ငါတို့ဒီဘက်ပြီးမှ အားလုံးဝိုင်းတယ်ပေးမယ်”လို့

လှမ်းပြီးဖုန်းဆက်ထားပါတယ်။

သူသယ်မှာက သေတ္တာ ၂၀ဝ ပါ။

အဲဘက်ဂိုဒေါင်မှာလဲ ၂၀ဝကျော်ကျော် ဘဲ ကျန်ပါတော့တယ်။

မိန်းခလေးနှစ်ယောက်ထဲ ဆိုတော့ ပင်ပန်းမှာစိုးတာ မှားမှာပြုတာစိုးတာလဲ ပါပါတယ်။

ထပ်မစိုက်နိုင်ဘူးလေ။

အဲတော့ ကျနော်တို့လဲ ဒီဘက်ဂိုဒေါင်ကို အမြန်ပြီးအောင်တင်ပြီး ဟိုဘက်ဂိုဒေါင်ရောက်သွားတော့

ကလေးမ၂ယောက်က အောက်ကပေး လာသယ်တဲ့ကောင်လေးက အပေါ်က စီနဲ့လုပ်နေတာမြင်တော့

စိတ်က ထောင်းကနဲတိုသွားပါတယ်။

ငါသေချာမှာထားတာကို နားမထောင်ဘူးပေါ့။

အဲဒီ ပစ္စည်းလာတင်တဲ့ကားလဲထွက်သွားရော။

ထုံးစံအတိုင်းပွက်လောညံပါတော့တယ်။

ကလေးတွေကလဲ ဘယ်သူမှ ဘာမှပြန်မပြောပါဘူး။

အသံတွေတိတ်နေပါတယ်။

အဲ့အချိန် ရှိုက်သံထွက်လာလို့ လှမ်းကြည့်လိုက်တော့ ဒီဂိုဒေါင်မှာ ကျန်ခဲ့တဲ့

မိန်းကလေးနှစ်ယောက်ပါ။

မျက်ရည်ပေါက်ကြီးတွေတလိမ့်လိမ့်ကျနေပြီး

အသံမထွက်အောင်ရှိုက်ရှိုက်ပြီးငိုနေတာပါ။.

နောက်မှ နှစ်ယောက်စလုံးဆီက

“သမီးတို့က လေးလေး တစ်နေကုန်ပင်ပန်းတာမကြည့်ရက်လို့ပါ

လေးလေးစကားနားမထောင်တာမဟုတ်ပါဘူး။

မမှားအောင်လဲ သေချာရေပြီးတင်ပါတယ်”ဆိုပြီး

ငိုသံပါကြီးနဲ့ပြောတော့ ကျနော်အတော်ကြီးကို စိတ်မကောင်းဖြစ်သွားပါတယ်။

သူတို့ခဗျာမောကမော ပင်လဲပင်ပန်း စေတနာနဲ့လုပ်တာက ဝေဒနာဖြစ်သွားတာကိုး။

ကျနော်ကိုယ်တိုင်လဲ မျက်ရည်ကျချင်ချင်ဖြစ်ပါတယ်။

ချက်ခြင်းဘဲ ကျနော်သူတို့ကို တောင်းပန်ပါတယ်။

ကျနော်စိတ်လောကြီးပြီးပြောမိတဲ့အကြောင်း။

နောင်ဆင်ခြင်မယ့်အကြောင်း။

ကျနော်စကားပြောပြီးတဲ့အခါမှာ ကြည်ု့လိုက်တော့ အားလုံးရဲ့ မျက်နှာမှာ

မျက်ရည်လေးတွေဝဲ လို့ နေပါတယ်။

ဒီနောက်ပိုင်းတော့ ကျနော် ဒီလိုမဖြစ်အောင် ကိုယ့်စိတ်ကိုယ်ထိန်းပြိးဆင်ခြင်ပါတယ်။

ဒါပေမယ့် လဲ တစ်ခါ တစ်လေ တော့ လဲ ခွေးမြီးကောက်ကျီတောက်စွတ်ဆိုတာလို့

စိတ်ရိုင်းစိတ်မိုက်လေးက ကြွတတ်ပါတယ်။

အရင်လောက်တော့ မဆိုးတော့ဘူး ဘဲပြောနို်င်ပါတယ်။

တစ်ခုတော့ရှိပါတယ် အဲဒီနေ့ရက်ကစပြီး

ကျနော် ပွဲသိမ်းစကားဖြစ်တဲ့

“ စောက်သုံးကို မကျဘူး“ဆိုတဲ့စကားလုံးကိုကျနော်လုံးဝမသုံးတော့ပါဘူး။

ဒီနေ့ညနေ တော့ ဟိုခလေးမလေးနှစ်ယောက်ကြောင့်

အရင်အဖြစ်အပျက်တွေပြန်တွေးမိတဲ့အခါ စိတ်ထဲ မကောင်းမိတာအမှန်ပါဘဲ။

အခု စဥ်းစားမိနေတာကတော့ ကျနော်အရင်က ဆူလို့ ပွက်လို့ မျက်ရည်ကျသူတွေကို

စိတ်ကျေနပ်သွားအောင် ဝမ်းနည်းစိတ်တွေပြေပျောက်သွားအောင်

ဘယ်သူကများချော့မော့ပေးခဲ့သလဲ

ဘယ်သူကများနှစ်သိမ့်ပေးခဲ့သလဲ

ကျမျက်ရည်တွေကို ဘယ်သူကများ သုတ်ပေးခဲ့သလဲ

ဆိုတာ သိချင်လာပါတယ်။

သူ့ တို့ ကို ကျနော် ကျေးဇူးတင်စကားပြောချင်လို့ပါ။

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

၉၅၁၇

3 comments

  • သင့်အေးရိပ်

    May 10, 2017 at 3:51 pm

    ကျနော်တော့ ကိုယ်လုပ်တာ မှန်ရဲ့သားနဲ့ နားလည်မှုလွဲပြီး ဆဲဆိုကြိမ်းမောင်းတဲ့ အလုပ်ရှင်မျိုးလည်း ကြုံဖူးတယ်။
    ကိုယ် လုပ်တာ မမှားလို့ကတော့ သူဆဲရင် ကိုယ် ပြန်ဆဲတာပဲ။

    :k:

    အဲဒါကြောင့်လည်း အလုပ်မမြဲခဲ့တာ ပါမယ်။
    ကြုံဖူးတဲ့ အလုပ်ရှင်တစ်ယောက်ဆိုရင်
    ဝန်ထမ်းကလေးတွေကို ဘယ်လို ပြောသလဲဆိုတော့
    စောက်ဖြစ် ရှိလာမယ့်ဟာတွေ မဟုတ်ဘူး။ ဒီအဆင့်က တက်လာမယ့်ဟာတွေ မဟုတ်ဘူးဆိုပြီး
    လူညွန့်တုံး စကားနဲ့ နှိမ်တာ နှိမ်တာ။

    အဲ့အလုပ်ထဲ ဝင်လုပ်မိလို့ . ..အပြောခံရတော့
    တစ်နှစ်မပြည့်ခင် အဲ့အလုပ်ထက် သာတဲ့တခြားအလုပ်တစ်ခုကို ပြောင်းလိုက်မိပြန်ရော။
    သာတဲ့အလုပ်ကို ရောက်သွားတာ အမြတ်ပေါ့ ဆိုပြီး ကိုယ့်ဘာသာတော့ ကျေနပ်ရပေမဲ့….
    အလုပ်တစ်ခုကို သည်းခံပြီး ဇောက်ချ လုပ်ကြည့်ရင် ရလာမယ့် အကျိုးကျေးဇူးကိုတော့ မရတာ အရှုံးပေါ့။

    😆
    အခုတော့….အလုပ် လုပ်ရင်… ကိုယ်က အခိုင်းခံရချိန်မှာ ခိုင်းချင်အောင် သည်းခံပြီး လုပ်တတ်ပြီ။
    ကိုယ်က ခိုင်းရတဲ့သူ နေရာ ရောက်ရင်လည်း လုပ်ချင်အောင် ခိုင်းတတ်ပြီ။

    အသက်အရွယ်နဲ့ ဘဝအတွေ့အကြုံဟာ ကျနော့်ကို ကောင်းကောင်း ပညာ ပေးခဲ့ပြီ။

    (ဘာရယ်မဟုတ်။ လေးပေါက် ပိုစ့်ကို ဖတ်ပြီး ကိုယ့်အကြောင်းကိုယ် လှည့်တွေးမိ)

  • aye.kk

    May 12, 2017 at 10:04 pm

    အရင်လောက်တော့မဆိုးတော့ဘူး
    ဘဲပြောနိုင်ပါတယ်။
    (အဲဒီစကားလေးကို နှစ်သက်မိပါတယ်)
    စိတ်ကိုနိုင်လျှင်(မေဓာဝီ)ပါကိုပေါက်။

  • သျှားသက်မာန်

    May 24, 2017 at 9:31 am

    ရေလည်မိုက်တယ်

Leave a Reply