ရှိတာလေးနဲ့ ရအောင်နယ်, နယ်တာလေးနဲ့ ဝအောင် စား
ဟင်းတွေကလည်း ကောင်းကောင်းကန်းကန်းကို မချက်ချင်တော့ဘူးး!
ဘာတွေ ချက်ရမလဲလည်း မသိတော့ဘူးး!
အကြံညာဏ်တွေလည်း ခမ်းကုန်ပြီလေ။
အဲဒီတော့ ဒီ တစ်ပတ်ကို ချွေတာရေးထမင်းတွေ အကြောင်း ပြောရအောင်။
ကျနော့ တစ်ကိုယ်စာ ပြောရရင်တော့ ထမင်းဟင်းကို ကောင်းကောင်းဖွယ်ဖွယ်ရာရာလည်း စားတတ်သလို
ဖြစ်သလိုစားဟေ့ ဆိုရင်လည်း ဘယ်လို စားရင် စားကောင်းမယ်လို့ တွေးပြီး လုပ်စားတာပါပဲ။
ကျောင်းတုန်းကတည်းက ၇ ယောက်ပေါင်းလို့ ထမင်း ၅ ပွဲစာလောက်ပဲ ဘတ်ဂျက်ရှိတဲ့အဖွဲ့ထဲမှာ…
ထမင်းဟင်းစမှာကတည်းကအစ…
နယ်ဖတ်ပြီးအလည်…
ခွဲဝေတာ အဆုံး…. ကိုယ်ပဲ လုပ်ပေးရတာမို့ ဇလုံထမင်းဆိုင်တွေ စပေါ်တော့တောင် သူတို့နဲ့ စကားစပ်မိလို့ ပြောမိပါသေးး။
ကိုယ်တွေခေတ်က မရှိသေးတာမို့ ကွကိုယ်တွေ ကြံဖန်နယ်ဖတ်ပြီး တစ်ယောက် တစ်ဇွန်း စားရတာ ဒီခေတ် ဇလုံထမင်းတွေ အတိုင်းပဲ။
:mrgreenn:
ခုကတော့ ဇလုံထမင်းမဟုတ်ပေမဲ့…
ရှိတာလေးနဲ့ ရအောင်နယ်…
နယ်တာလေးနဲ့ ဝအောင် စား … အစီအစဉ်လေး စလိုက်ရအောင်။ သိပြီးသားလည်း များမှာပါ။
ဟင်းမချက်ချင်တဲ့ နေ့တွေ အတွက် ပြောပါတယ်။
နေ့တိုင်း အာ့လို စားလို့ ကျွေးလို့ ယွာ့ကျားက ရိုက်ရင်တော့ ခင်ဇော် မပါဖု။
ဟိ။
:mrgreenn:
၁) ကြက်ဥ လေးတစ်လုံးပြုတ်ပြီးသားမြန်းရှိရင်လေ ထမင်းဖြူကို အနှစ်ရော အကာရော ခြေထားတာနဲ့ ဆီ နဲ့ ဆား ရောနယ်ပြီး ငံပြာရည်လေးဖျော် သရက်သီးစိမ်းလေးကိုက်ပြီး စားကြည့်ပါလားး။
၂) ထမင်းကို ဆီဆမ်း၊ မတ်ပဲ ဘယာကြော် (ဘယာကြော် အကွင်း) ကို ခြေပြီး တခါတည်း နယ်ပြီး ငပိထောင်း သံပုရာသီးညှစ်လေးနဲ့ စားရင်လည်း ကောင်းတာပဲ။
၃) ထမင်းပူပူကို စားတော်ပဲပေါင်း နဲ့ ဆီဆမ်း ဆားဖြူးနယ်ပြီး ထမင်းတစ်လုပ်စားလိုက် ဘူးသီးကြော်နဲ့ မန်ကျည်းချဉ်လေးတို့ တစ်ကိုက်ကိုက်လိုက် စားကြည့်ကြည့်။
၎) ထမင်းကို ငပိရည်လေးနဲ့ နယ် ကြက်သွန်ဖြူကြော် ပုဇွန်ခြောက်မှုန့်လေးဖြူးပြီး ဆလပ်ရွက် ထဲကို ထုပ် ထုပ်ပြီး စားရရင်လည်း ထမင်းဝင်တာပဲ။
၅) လက်ဖက်သားချည်းပဲရှိနေရင်တော့ ဆီနည်းနည်း ပဲမှုန့်အကျက်နည်းနည်းနဲ့ ထမင်းနဲ့ ရောနယ်ပြီး မြေပဲဆံကြော်လေးနဲ့ စားရင် လက်ဖက်က သက်တဲ့ အရသာရယ် ပဲမှုန့်က ဆိမ့်တဲ့ အရသာရယ် မြေပဲဆံက ချိုတဲ့ အရသာရယ် နဲ့ စားကောင်းချက်။
၆) ခရမ်းချဉ်သီးမှည့်တစ်လုံးကို မီးဖုတ်/ကင် ပြီး ခြေထားတာကို ထမင်းထဲ ငံပြာရည်တို့ ဆီတို့နဲ့ ရောနယ်။ ပြီးရင် ပုဇွန်ခြောက်နဲ့ ငရုတ်သီးစိမ်း/ကြက်သွန်ဖြူ ရောထောင်းထားတာလေးနဲ့ စားလည်း တစ်ပန်းကန်အသာလေးကုန်တာပဲရော်။
၇) ထမင်းကို ကြက်သွန်နီပါးပါးလှီးရယ် သံပုရာသီးစိမ်း(အခွံပါးမျိုး) အစိပ်လေးကို အခွံပါ အပါသေးသေးလေးတွေ ညှပ်ထည့် ဆီ/ဆား ထည့်နယ်ပြီး အာလူးကြော်လေးနဲ့ စားလို့ကောင်းတယ်လို့။
၈) ကြက်ဥ တစ်လုံးကို အနှစ်မခဲအောင် ဟပ်ဖရိုင်း ကြော်ရော။ အနှစ် အဝါရည်ကို ထမင်းနဲ့ ဆားနဲ့ နယ်ပြီး အကာကိုဖဲ့ဖဲ့ပြီး သခွါးသီးစိမ်းလေးရယ် ငရုတ်သီးခြောက် ကြော်/ကြက်သွန်ဖြူ/ဆား ထောင်းထားတာလေးရယ်နဲ့ တွဲစားလည်း ရတယ် သလားး။
၉) ငှက်ပျောသီးကြော်နဲ့ ထမင်းနဲ့ စားဖူးလားး။ ဖီးကြမ်းငှက်ပျောသီးအမှည့်ကို နီညိုရောင်သန်းအောင် ကြော်ထားတာနဲ့ ထမင်းကို ကြက်သွန်ဖြူဆီချက်လေး နယ်ဆမ်း ပြီး စားကြည့်ကြည့်။။
၁၀) ဘာမှ မရှိရင်တောင် ထမင်းကို ငပိမီးကင်နဲ့ သံပုရာသီးညှစ်နယ်ပြီး သရက်သီးမှည့်နဲ့ စားတာ။
ဒါတွေက အိမ်မှာရှိတာနဲ့ ဟိုစပ် ဒီတွဲ စားလို့ရတာ အလွယ်ပြောပြတာရယ်။
ကြား အချိန် ဗိုက်ဆာရင်လည်း အာ့လို ရှာစားနေတာ ဘယ် ပိန် တော့မတုန်းး!!
ဟင်းချိုမပါလို့ “နင်” တယ်ထင်ရင် ကျနော်ကတော့ ရေနွေးကြမ်း တစ်ခွက်နဲ့ စပ်စပ်လေး စားလိုက် ပူပူလေးသောက်လိုက်နဲ့ စားတာပဲ။
ကွန့်ချင်ရင်တော့ အသားကြော် တစ်မျိုးမျိုးထည့်တာတို့၊
ဆီ နဲ့ ဆား အစား ရှိတဲ့ ဟင်းအနှစ်နဲ့ နယ်တာတို့
အသီးအရွက် ပါချင်ရင် ရေလုံပြုတ်လေးမြှုပ်စားတာတို့ ထပ်ဖြည့်လို့ရသပေါ့။
(ဥပမာ- ကန်စွန်းရွက်တို့ ရုံးပတီသီးတို့ ဂေါ်ရခါးသီးတို့ ပြုတ်ပြီး စားလို့ရတယ်)
သိတဲ့ ချွေတာရေး စားနည်းလေးတွေ ဝင်ပြောပေးသွားပါအု။
တဂျီး ရဲ့ သတင်းစာကို ဂဠုန်ဆားချက် ပို့(စ) နဲ့ နှိပ်စက်ချင်လို့ဘာ။
ဂျပန်ပြည်ရဲ့… အဓိကအစားအစာကြီးတခု.. အိုနိဂိရိတဲ့..။


ထမင်းလုံး..။
ထမင်းတည်ပါ..။ ထမင်းကို.. ပူပူမှာ.. အလယ်ထဲ.. ဇီးယို/မုန်လာဥချဉ်ထည့်ပြီး.. အလုံး၊ ဒါမှာမဟုတ်တြိဂံကြိုက်သလိုလုံးပါ..။
အပြင်ကနေ.. နိုရိ(ရေညှိ)လေးပါတ်ပြီး.. ခရီးသွားလည်းသယ်သွားနိုင်။ နေ့လည်စာ၊ညနေစာလည်းစားနိုင်..။
မြန်မာတွေလည်း. လဖက်ထည့်..။ ပဲကြော်ထည့်.. ထမင်းကို ပုဇွန်ခြောက်မှုန့်ရောပြီး လုပ်သင့်တာပဲ..။
http://www.seriouseats.com/2011/01/how-to-make-onigiri-japanese-sushi-rice-balls.html
Was this answer helpful?
LikeDislikeဟုတ်တယ်။
ဟိ။ ထမင်းဖြူဖြူနဲ့ အချဉ်သီးသန့်နဲ့ ရေညှိအရသာ စိမ်းရွှေလေးနဲ့ တချို့ ဆားငံသီးလေးပါ ပါတယ် ဆို?
အရသာတွေလည်းလိုက် ဘိုက်ပြည့်တယ်။
အစားအသောက် အထားခံအောင်လုပ်တဲ့ အရာတွေက သန့်ဖို့တော့လိုတာပေါ့လေ။
တချို့ ရှိတယ်ဗျ။
ဖစ်သလို မစားတတ်ဖူးတို့ ဆီနည်းမစားဖူးတို့ ဖွယ်ဖွယ်ရာရာတို့ ဘာတို့နဲ့ ဥစ္စာဖြို စားဖို လုပ်နေကြသဗျ။
ဟင်းခွက်စုံပေမဲ့ အာဟာရဓာတ်ကျ လိုနေပြန်ရော။
Was this answer helpful?
LikeDislikeဒီပိုစ့်ကို ကော်ဖီယူ အဲလေ ကော်ပီယူထားလိုက်ပြီ။

အနော့်အတွက် အသုံးဝင်လိုက်မယ့် ဖြစ်ခြင်း
Was this answer helpful?
LikeDislikeဖြိုသလစ်ချည်း စားမနေနဲ့။

လူငယ်စွာ ပဲ တို့ အသားတို့ အသီးအရွက်တို့ များများစားး။
ဘီယာလျှော့ ကော်ဖီလျှော့။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
မိဘလက်ထက်က
ထမင်းပူပူ,ငါးပိရည်ကျိုပူပူလေးနဲ့ 
ပုဇွန်ခြောက်မှုန့်ဖြူးပီး
ငရုပ်သီးမှုန့် (အိမ်လှော်ထောင်း)မွှေးမွှေးလေးနဲ့ 
ရအောင်နယ်၊ နယ်ပြီးရင်အမေဆားရေစိမ်ထားတဲ့
ဒညင်းသီးကြွပ်ကြွပ်ရွရွလေးနဲ့ ရအောင်စားခဲ့တာပြန်သတိရမိတယ်။
(မှတ်ချက်၊အိမ်စားဖို့ ၃နှစ်နီးပါးခန့် မျှသိပ်ထားသောငါးဇင်ရိုင်းငါးပိရည်ကျိုနဲ့ )
Was this answer helpful?
LikeDislikeငိ .. aye.kk ပြောတာစားချင်မိ ..ဒညင်းသီး ဆားရည်စိမ်တော့ ဟုတ်ဘူး ရူးရူးပေါက် ရင် နံလို့ ..

Was this answer helpful?
LikeDislikeအန်တီအေး ရေးထားတာဖတ်ပြီး သွားရည်ကျတယ်။
Was this answer helpful?
LikeDislikeထမင်းပူလေးကို စားတော်ပဲပြုတ်နဲ့ ဆီဆားနယ်ပြီး အကြော်လေး ငံပြာရည်ချက်လေး ကြက်သွန်ဖြူလေးကိုက်ဖတ်ရင်းပြောရင်းနဲ့ ခုပင်စားချင် လူတွေသရေကျအောင် ရေးတတ်ပမယ်ဆွိနော်
Was this answer helpful?
LikeDislikeချစ်မွအိရေ။

ကျနော်က အပျင်းကြီးတယ်။
ကိုယ့် တစ်ကိုယ်စာဆို ဖစ်သလို စားတာရယ်။
Was this answer helpful?
LikeDislikeငယ် ငယ် တုန်းကငပိဖုတ်လေးနဲ့စားတာ သတိရလိုက်တာ
Was this answer helpful?
LikeDislikeဟုတ်တယ်၊
အာ့လိုမျိုးက အင်မတန် ခံတွင်းတွေ့တယ်။
Was this answer helpful?
LikeDislikeဂစ်.. တစ်ခုမှ မီစားတတ်ဘူး.. သူများစားနေတာမြင်ရင်သာ တစ်လုတ်နှစ်လုတ် စားကြည့်တာ.. ကွကိုယ်စားဆို အသားမပါရင်. မီစားတတ်ဝူး.. ဟိ
Was this answer helpful?
LikeDislikeမမဂျီးက ဆင်းရဲဇာတာနဲ့။
ဟီးး
လွှတ်ပေးရင် အရမ်း စရိုက်ကျဒါ။
Was this answer helpful?
LikeDislikeပြောရင်းနဲ့စားချင်လာပြီ
Was this answer helpful?
LikeDislikeထမင်းကို ရေစိမ်ပြီး ထန်းညက်ခဲနဲ့တော့ စားဖူးတယ်…
Was this answer helpful?
LikeDislike