စိတ်ကူးလေးပေါ်လာတာနဲ့ photoshop ကိုဝင်ပြီး ကလိကြည့်မိပါတယ် စာလုံးလေးတွေမှာ ကိုကြိုက်နှစ်သက်ရာ ပုံလေးထဲ့

ကြည့်တဲ့အခါ ဘေးဘက်မှာဖော်ပြထားတဲ့ ပုံမျိုးလေးပေါ့….အပျင်းပြေ လုပ်ကြည့်ချင်တယ် ဆိုရင် ဒီလိုလေးပါ ပထမ photoshop ကိုဖွင့်လိုက်ပါ ကြိုက်နှစ်သက်ရာ ဓါတ်ပုံတစ်ခု ကို File >> open မှယူလိုက်ပါ နောက် ထပ် File >> New မှ စာရွက်တစ်ရွက်ယူလိုက်ပါ ယူလိုက်တဲ့ layer စာရွက်ပေါ်မှာ ရေးသားချင်တဲ့ စာကို style အမျိုးမျိုး နဲ့ ရေးသားလိုက်ပါ အခု ကျွန်တော်ကတော့ my love ဆိုပြီး ယူထားပါတယ် ရေးပြီးရင် Too box မှ Move Too ကို နှိပ်ပေးလိုက်ပါ နောက်တစ်ဆင့်က မိမိ ရွေးထားတဲ့ ဓါတ်ပုံကို စွဲယူပြီး ရေးထားတဲ့ စားလုံးထဲကို ယူလိုက်ပါ ပြီးတဲ့နောက် Layer ထဲမှ Layer 1 နှင့် မိမိတို့ ရေးသားထားတဲ့ layer လေးကိုတွေ့ရမှာပါ အဲဒီနှစ်ခု အကြားမှာ mouse pointer လေးထားပါ ကီးဘုတ်မှ Alt ကိုနှိပ်ထားပြီး mouse ကို နှိပ်ပေးလိုက်ပါ…စာနဲ့ ပုံကိုပြင်ချင်တယ်ဆိုပါက ပြင်ချင်တဲ့ Layer ကိုရွေးပြီး Ctrl +T ကိုနှိပ်ပြီး အချုံ့  အချဲ့  ပြုလုပ်နိုင်ပါတယ် Tool Box ကို မှ Move Tool ကိုရွေးပြီး Layer ကို အရွေ့ အပြောင်းလုပ်ပေးနိုင်ပါတယ် …လှပတဲ့  ပုံတွေနဲ့  စာတွေကို ဖန်တီးနိုင်ကြပါစေ.

လိုအပ်မှုများကိုလည်းကွန်မန်း  မှာ ဝေဖန် အကြံပြုပေးနိုင်ပါတယ် ကျေးဇူးတင်လျှက်…

About နိုင်နိုင်

cherryland lay has written 46 post in this Website..

လေနှင်ရာလွင့်ခရီးသည်...