ဒီနေ့မနက် ကိုအောင်မောင်းကိုတွေ့တော့သူ့မျက်နှာကြီးက ခပ်ဖြီးဖြီး။

ကျနော်လည်း ခုံတစ်ခုံဆွဲထိုင်ရင်း နို့စိမ်းတီးတစ်ခွက် လှမ်းမှာလို်က်ပါတယ်။

“ဟေ့ကောင် မင်းမျက်နှာဘာဖြစ် “

“ငပေါက် မင်းတူမ မွေးပြီလေ မနက် သုံးနာရီက ယောက်ျားလေး “

“ဒါဆို မင်းဆန္ဒပြည့် ပြီပေါ့  “လို့ ဆိုုလိုက်တော့ နဂိုရ်ကဖြီးနေတဲ့မျက်နှာက ခပ်ဖြဲဖြဲ ဖြစ်သွားသလိုပါဘဲ။

သူနဲ့ဟိုပြောဒီပြော ပြော လက်ဖက်ရည်သောက်ပြီး နာရီဝက်လောက်နေတော့အိ်မ်ပြန်လာလိုက်ပါတယ်။

အိမ်ရောက်တော့ ခပြင်မှာထိုင်နေရင်း မသန်းစိန်သမီးအလတ်မ မိထူး ဟင်းသီးဟင်းရွက်တွေတောင်းနဲ့အပြည့်ဆိုင်ကယ်ပေါ်တင်လာ

တာမြင်လို်က်တာရယ် အောင်မောင်း မြေးအသစ်ရတာရယ်ဆက်စပ်ပြီး

မွေးလာတဲ့ကလေးတစ်ယောက်ရဲ့ခြင်းစီရဲ့ကံကြမ္မာ မတူကြပုံကို သွားတွေးမိပါတယ်။

 

ကျနော်တို့သူငယ်ချင်းထဲမှာ ဝင်းမောင်အေးဆိုတဲ့ တစ်ယောက်ရှိပါတယ်။

သူတို့မောင်နှမ ခြောက်ယောက်ထဲမှာ သူက နို့ညှာ။

သူ့မိဘတွေရောဆွေမျုးိတွေရောက ဝင်မောင်အေးကို အဝင်း အဝင်း နဲ့ပါးစပ်ဖျားကမချ။

သူလို့ချင်တာဆို အကုန်ဖြစ်အောင်လုပ်ပေးကြတာ။

မျက်နှာအညိုမခံဘူး။

ကျနော်တို့ ကသူ့သူငယ်ချင်းတွေဆိုတော့ ကျနော်တို့ ပါ ဦးစားပေးတာပေါ့။

ပြောရရင်ဆင်ဖြူတော်မှီပြီးကြံစုပ်ပေါ့။

ဘာလို့ ဝင်းမောင်အေးကိုအလိုလိုက်လဲဆိုတော့  သူ့မွေးပြီးမှ သူတို့အိ်မ်ကစီးပွာတက်လာလို့ ပါ။

ဒါတွေကလဲ လူကြီးတွေပြန်ပြောမှ သိလာရတာကိုး။

မသန်းစိန်သမီးအလတ်မကတော့ ဝင်းမောင်အေးနဲ့ပြောင်းပြန်။

မသန်းစိန်ယောက်ျား ကိုထွန်းဝေ ကျောက်လုပ်တာ။

ကျောက်လုပ်တာဆိုတာထက်ကျောက်ဝိုင်းသွား သူများက ဝယ်ထားဆိုတာလေးတွေ

ကောက်ဝယ် သူ ကျောက်အကြောင်းဘာမှမသိ။

ဖြစ်ချင်တော့ သူ ရမ်းသမ်းဝယ်ထားတာထဲက တစ်လုံးကအောင်သွားတော့ရာကြီး ပိုင်းထိ

ပိုက်မိသွားပါသတဲ့။

အဲအချိန်ကတည်းက စပြီး သူလဲ လောပန်းဖြစ်သွားတာပေါ့။

လောပန်းစာရင်းဝင်ရင် ကာရာအိုကေသွားမယ် ပိုက်ဆံကိုအနှမျောမရှိသုံးမယ်။

အရက်အကောင်းစားသောက်မယ်။

အဝတ်အစားအကောင်းစားတွေဝတ်မယ်။

ကျောက်ဆရာကြီးအဖြစ်ခံယူမယ်။

လက်ထဲရောက်သမျှ ကျောက်အကုန်ခွဲမယ်။

အလုပ်လဲ အရင်လို ဖိဖိစီးစီးမလုပ်တော့။

အဲအချိန်မှာ စီးပွားစရှောတာဘဲ။

သူများတွေအပြောင်အပျက်ပြောသလို

“တစ်တုံးခွဲ တစ်တုံးလွဲ နဲ့ ကတုံးလဲမွဲ တော့ တာပေါ့”

သူစ စီးပွားမပျက်ခင် အလတ်မ မိထူး ကိုမွေးတာလေ။

မိထူးလဲမွေးပြီးရော တစ ထက်တစ စီးပွားကျကျလာတော့တာဘဲ။

အဲ့လိုဖြစ်လေ ကိုထွန်းဝေ က မိထူးကိုမဲလေဘဲ။

သူ့ကြောင့် အိမ်ကံဇာတာ ကျသွားမွဲသွားတာဆိုတဲ့အချက်နဲ့ပေါ့။

သူ့အငြိုးက ငယ်ကတည်းကစလိုက်တာ မိထူးအပျိုပေါက်ရောက်ထိ မပြေနိုင်ဘူး။

မူးလာရင် မိထူးလေးကို အသေရိုက်တာ။

ဘယ်သူမှ ဆွဲလို့ မရ။

မိထူးလေးရဲ့ကျောမှာ တင်ပါးမှာအရှိုးရာထင်တဲ့အထိရိုက်တာ။

အခုကိုထွန်းဝေတို့ မသောင်သာတေ့ာ မိထူးလေးဘဲ လုပ်ကိုင်ကျွေးနေရတာ။

ဒါပေမယ့် သူတို့ က မိထူးကိုကျေးဇူးမတင်။

ဒီဘဝရောက်တာ မိထူးကြောင့်ဘဲ့ တစ်ဘက်သတ် စွတ်စွဲချက်နဲ့ပေါ့။

 

ပြန်တွေးကြည့်ရင် ဒီလိုဖြစ်တာတွေက မွေးလာတဲ့ ကလေးနဲ့တော့ မဆိုင်ဘူးထင်ပါတယ်။

သူများတွေရဲ့ အယူတော့ ကျနော်မပြောတတ်ဘူး လူတစ်ယောက်ဘဝ ကောင်းခြင်းဆိုးခြင်းဆိုတာ

အတိတ်ပစ္စုပ္ပန် အနာဂတ် ဒီသုံးချက်စလုံးကောင်းနေမှ အဆင်ပြေတာ မလား။

ပင်ကိုယ်ကံကောင်းတဲ့ ကလေး က ကောင်းမွန်တဲ့ မိသားစုထဲကိုရောက်မယ်။

ကံမကောင်းတဲ့ကလေးက မကောင်းတဲ့ အသိုင်းအဝိုင်းကိုရောက်မယ်။

အဲတော့ ဒီကလေးကြောင့် စီးပွားပျက်တာ စီးပွားတက်တယ်ဆိုတာကလဲ

ရာနူန်းပြည့်တော မမှန်နိုင်ပါဘူး။

ကံ ကံ၏အကျိုးတရားလို့ဘဲပြောနိုင်ပါတယ်။

 

ကျနော့်အမြင်အရ စီးပွားကျတယ် တက်တယ်ဆိုတာ ကိုယ့်ကြောင့်မွေးလာတဲ့ ကလေးထက်

ကာယကံရှင် ကိုယ်တိုင်ကြောင့်ဖြစ်မယ်ထင်ပါတယ်။

ကလေး ကိုယ်ဝန်စရှိကတည်းက မိဘကိုယ်တိုင်က

စိတ်ကောင်းကောင်းထား

ငါးပါးသီလ လုံအောင်နေ

သူများပေါ်အဘိဇ္ဇာတွေလျော့

မုသာဝါဒါလျှော့

သူများပစ္စည်းမတရားသဖြင့်လိုချင်တာလျှော့

ဆိုတာလေးတွေလျှော့လိုက်ရင် ကိုယ်လဲ စိတ်ချမ်းသာ

ဘေးလူလဲ စိတ်ချမ်းသာပါမယ်။

အဲတော့လာခြင်းကောင်းသောကလေးတွေလေးတွေမွေးလာဘို့ ဆို်တာ

တကယ့် အဓိက တာဝန်က တော့ မိဘကိုယ်တိုင်စောင့်ထိန်းမူ့ပါဘဲ။

ဒီတော့ မွေးလာမယ့်ကလေး လာချင်ကောင်းဘို့ဆိုတာ အဓိက တာဝန်အရှိဆုံးကတော့ မိဘပါဘဲ။

ဒါကြောင့် ကလေး ကိုယ်ဝန်ဆောင်ထားရချိန်မှာ မိခင်လောင်းတစ်ယောက်အနေနဲ့

ငါးပါးသီ လ စင်ကြယ်ဘို့လိုအပ်တယ်လို့ထင်မိပါတယ်။

ဘာဘဲပြောပြော နောင်မွေးလာမယ့် ကလေးတွေ လာခြင်းကောင်းပါစေ။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါပါးလေး။

 

၂၅၅၁၇

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။