ဆန်းစစ်ချက်

naymoneMarch 27, 20101min620

ဆန္ဒတွေခပ်ကျဲကျဲ အရည်ပျော်ကျ
အလွမ်းဆိုတာဝိုင်ဖေါက်လို့ရရင်
ဘယ်လောက်ကောင်းမလဲ ။။
ဖြေလျော့ဖို့မောင်းတင်ရင်း
လောကမှာမနေတက်သေးဘူး။။
တစ်ရွာပြောင်းပေမဲ့သူကောင်းမဖြစ်တဲ့
ငါ့နှလုံးသားက
နဂိုအတိုင်းပဲ ။။
စနေဂြိုလ်ရဲ့အထိန်းအကွပ်ကြောင့်လား
လမ်းပျော်တဲ့စရိုက်ကြောင့်လား
ငါ တေလေတော့ဖြစ်ခဲ့တယ်
အဖြေလွှာတွေစံသွေနေလား
ကမ္ဘာအစောင်းကြီးနဲ့ထောင့်မှန်ကျဖို့
မကြိုးစားမိခဲ့ဘူး။။
အမေငါကိုချစ်နေတုန်းပဲ…..
ခြေလှမ်းအစတွေမြေကျတာသေချာတယ်။
ဖမ်းကိုင်စရာတော့မရှိခဲ့ဘူး။။
ဒီလိုနဲ့ပဲ
အပျက်ပျက်နဲ ့ တစ်ခန်းရပ်တဲ့ဇတ်
ငါအလံဖြူကိုင်ရင်း
ငြိမ်သက်………
အဖေပြောတယ်
‘နောင်တဆိုတာထမင်းစားသလို
ခဏခဏစားကောင်းတာမဟုတ်ဘူး’
နေမုန်း