ဗုဒ္ဓဂယာသို့..(၄)

winkyawaungSeptember 1, 20102min591









15-4-2010 သင်္ကဿ နဂိုရ်မှ သာဝထ္ထိသို့

နံနက်(၆)နာရီတွင် နယူးဒေလီမြို့ က သင်္ကဿကိုရောက်ပါတယ်။ နံနက်စာစား၍
အနားယူကြ တယ်။ရေချိုးပြီး အင်တာနက်ဖွင့်တယ်။ ဘလော့တင်၊ တောင်ကြီးသို့
မေးလ်ပို့တယ်။ နေ့လည်စာ စားပြီး နားကြတယ်။ နေ့လည်(၂း၃၀)နာရီမှာ သင်္ကဿ
မြန်မာကျောင်းမှ ဆရာတော်ဘုရားအား ပူဇော်ကန်တော့ကြပါတယ်။

ညနေ(၄း၃၀)နာရီမှာ သင်္ကဿ နယ်မြေက မြတ်စွာဘုရားရှင်တော်
တာဝတ္တိန်သာနတ်ပြည်သို့ လူဘဝမှမိခင်မယ်တော် နတ်သားအားတရားဟော၍
ပြန်လည်ကြွမြန်းလာသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း
ကုန်းမြင့်နေရာဖြစ်ပါတယ်။

ယခုနေရာကတော့ ရှင်သာရိပုတ္တရာ ရဟတ္တာကိုယ်တော်မြတ်က လှည်းသားငါးရာတို့အား
တရားဟောတော်မူသော နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားဖူးသော နေရာဌါန
နှစ်ခုလုံး ကို ဟိန္ဒူဘာသာဝင်များက သူတို့၏ ဘုရားကျောင်းနေရာများ
ပူးတွဲသတ်မှတ်ထားကြပါတယ်။ ယင်းနေရာ(၂)နေရာတွင်
စေတီဘုရားတည်ထားကိုးကွယ်ခွင့်မရကြောင်း သိရှိခဲ့ရပါတယ်။

ည(၈)နာရီမှာ သင်္ကသ နဂိုရ်မြန်မာကျောင်းမှ ညစာထမင်းစားပြီး သာဝထ္ထိပြည်
သို့ထွက်ခဲ့ကြ ပါတယ်။ တစ်ညလုံးကားစီးကြရပါတယ်။ သာဝထ္ထိသို့ ၁၅-၄-၂၀၁ဝ နေ့
နံနက်(၅)နာရီခန့် တွင် ရောက်မည် သိရပါတယ်။

မနက်ဖြန်ခရီးစဉ်အား ဆက်လက်တင်ပေးပါမည်။

သာဝတ္တိကျောင်းမှာ သင်္ကြအတက်နေ့ ပျော်ပျော်ပါးပါး ရေကစားကြ၏။

16-4-2010 သာဝထ္ထိသို့ရောက်၊ ညအိပ်

နံနက်စောစောအချိန် သာဝထ္ထိပြည် ဇေတဝန် မြန်မာဘုန်းကြီးကျောင်းသစ်သို့
ရောက်တယ်။ နံနက်စာစား၊ နေ့လည်စာ ထမင်းစား၍ နားကြတယ်။ ညနေ(၄း၃၀)နာရီမှာ
မြတ်စွာဘုရားရှင် (၄၅)ဝါ အတွင်းမှာ နှစ်ပေါင်း(၂၅)ဝါ တိတိ
သတင်းသုံးတော်မူခဲ့ပါတယ်။ ဇေတဝန်ကျောင်း တော်ကြီးကို အနာထပိဏ်သူဌေး
ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ကောသလတိုင်း၊ ပသေနဒီကောသလမင်းကြီးရဲ့ ထီးနန်းစိုက်ရာ ဒေသဖြစ်ပါတယ်။ ယခု
အခေါ် ဆာဟေ့ပတေ့(ခေါ်)ဆရာဗစတိ ဟုသိရပါတယ်။

ညနေပိုင်းမှာ မြန်မာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဘုရားလိုက်ပါ၍
ဇေတဝန် ကျောင်း တော်သို့ ပို့ပါတယ်။

၁၇-၄-၂၀၁ဝ သာဝထ္ထိပြည် ပသေနဒီကောသလမင်းကြီးရဲ့ ထီးနန်းစိုက်ရာနေရာ
စေတီတော် နှင့် အဂုလိမာလ စေတီတော်သို့ ရောက်ပါတယ်။ ဗုဒ္ဓဝင်ဇာတ်လမ်းထဲက
ကောသလ္လမင်း အကြောင်း၊ အင်္ဂုလိမာလ ကိုယ်တော်ကြီးအကြောင်းများအား
မြန်မာဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဆရာတော် ဘလော့ဂါ တိုးတက် က
စိတ်ဝင်စားစရာ၊ ရယ်စရာ များနဲ့ ရှင်းလင်း ပြောကြားပါတယ်။ အဲဒီကနေ
မြန်စွာဘုရားရှင် မိခင်မယ်တော်အား နတ်ပြည်သို့ တက်လှမ်းကြွသွားသော
သရက်ဖြူကုန်းတော်သို့ လိုက်ပို့ ရှင်းလင်းပြောကြားပါတယ်။

သရက်ဖြူကုန်းမှ အပြန်လမ်းတွင် ဒေဝဒတ်မြေမြိုသောရေအိုင်ကို ကားပေါ်မှ
ဓာတ်ပုံရိုက်ပါတယ်။ အဲဒီနေရာကို မည်သူမျှ မသွားလိုကြပါ။ မကြည့်လိုကြပါ။
ကားပြတင်းပေါက်က မြင်နေရတဲ့ ရေကန်ထဲမှ ရေဖွေးဖွေးဖြူနေတဲ့အကွက်ပါ။

သင်္ကြန်အတက်နေ့မှာ သာဝထ္ထိမြန်မာကျောင်းတော်မှာ ပျော်ပျော်ပါးပါး
ကုလားမလေးတွေနဲ့ ရေကစားကြပါတယ်။ ကုလားလေးတွေက ကလားဗုံများကို
မြူးကြွမြိုင်ဆိုင်အောင်းတီကြ ဆိုကြ၊ ကခဲ့ကြပါတယ်ခင်ဗျား။

ကျွန်တော်တို့ နိလာဗုဒ္ဓယာ ဘုရားဖူးအဖွဲ့သား(၇၃)ဦးလုံးက ပျော်မဆုံး၊
မော်မဆုံးနဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာလည်း ပျော်ရွင်စွာ ကုသိုလ်၊ ဒါန၊
သီလများ ဆောက်တည်ခဲ့ကြပါတယ်။

နေ့လည်(၁၁)နာရီမှာ သာဝထ္ထိမှ လုမ္ဗိနီ(နီပေါနိုင်ငံ) သို့ ထွက်ခွါခဲ့ကြပါတယ်။

ဗုဒ္ဓဂယာသို့..(၅)(နီပေါ) ဆက်လက်တင်ပြပေးပါမည်။

One comment

  • winkyawaung

    September 1, 2010 at 5:09 pm

    စာနှင့် ဓာတ်ပုံများ လွဲမှားခဲ့သော် တောင်းပန်အပ်ပါသည်။

Leave a Reply