သီချင်းရေးခဲ့စဉ်က…။

black chawMay 30, 20171min279712

ကျနော် ခတ်ငယ်ငယ် ၁၉၉၃ လောက်က
သီချင်းတချို ့ ရေးခဲ့ဖူးပါတယ်…။
ကျနော်ရေးတဲ့ သီချင်းတချို ့ကို
လူရာသွင်းပြီး ဆိုပေးခဲ့တာကတော့
Ghost Rider မျိုးမျိုး ပါ။
မျိုးမျိုး နဲ ့ကျနော် စတွေ ့ဖြစ်ပုံက ဒီလိုပါ။
ကျနော်က အီကို (လှိုင်နယ်မြေ) မှာ
ကျောင်းတက်ပြီး ကျောင်းကွေ ့မှတ်တိုင်မှာ
ဘတ်စ်ကားစောင့်နေခိုက်
မှတ်တိုင်နားက ခြံတစ်ခြံရဲ ့တံခါးဝမှာ
ကားတစ်စီးထိုးရပ်လိုက်ပါတယ်။
ကျနော် သိလိုက်ပြီ။
ကားမောင်းလာတာ အဆိုတော် မျိုးမျိုး ပါ။
ကျနော် အကြံရတယ်။
ရေးထားတဲ့သီချင်းလေးတွေကို
မျိုးမျိုး ကိုပြကြည့်မယ်ပေါ့။
အဲဒါနဲ ့ ခြံတံခါးလာဖွင့်မှာကို စောင့်နေတဲ့
မျိုးမျိုး အနားသွားပြီး
သီချင်းတချို ့ရေးထားတာရှိတဲ့ အကြောင်း
ပြောပြတော့
မျိုးမျိုး က ရင်းနှီးနွေးထွေးစွာပဲ
အိမ်ထဲ လိုက်ခဲ့ဖို ့ ခေါ်ပါတယ်။
အင်းမပုဆိုး မီးခိုးရောင်
ဖလံထည် အပြာကွက် နဲ ့
ဂျပန်ဖိနပ်စီးထားတဲ့ တောသားစတိုင်အပြည့်
ဘယ်ကမှန်းမသိတဲ့
မအူမလည်လူတစ်ယောက်ကို
သီချင်းဆိုတဲ့ စိတ်တစ်ခုတည်းနဲ ့
အိမ်ထဲဝင်ဖို ့ခေါ်တဲ့ မျိုးမျိုး ကို
ကျေးဇူးတင်ရမှာပါပဲ။
အိမ်ထဲရောက်တော့
မျိုးမျိုး က သူ ့အခန်းထဲ ကို
တန်းခေါ်သွားပါတယ်။
အအေးတစ်ခွက် တိုက်ပါတယ်။
အလာပသလာပ ပြောပြီး
ဂစ်တာ ပေးပါတယ်။
ကျနော်ရေးထားတဲ့ သီချင်းတွေ ဆိုပြခိုင်းပါတယ်။
မှတ်မိသလောက် အဲဒီအချိန်က “ဆိုး” စီးရီးစ်
ထွက်ခါနီးအချိန်ပါ။
ကျနော်ဆိုပြတဲ့ သီချင်းလေးတစ်ပုဒ်ကို
“ဆိုး” စီးရီးစ်မှာ ထည့်ဆိုခဲ့ပါတယ်။
“အဝေးဆုံးမှာ” လို ့
အမည်ရတဲ့ ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းလေးပါ။
သီချင်းရေးတဲ့နာမည်က ကျနော့်နာမည်ရင်း
ရဲလင်းသူ နာမည်နဲ ့ပါ။

မှတ်မှတ်ရရ အဲ့ဒီသီချင်းအတွက်
သီချင်းရေးခ ရှစ်ရာ တိတိ မျိုးမျိုး က
ချီးမြှင့်ပါတယ်။
မာလာဆောင် ရှေ ့က HI ကြေးအိုး
တစ်ပွဲ ၁၅ ကျပ် အချိန်မှာ
ရှစ်ရာ က မနည်းပါဘူး ခင်ဗျာ။
ဒါ စီးရီးစ် တစ်ခုထဲမှာ ပထမဆုံး ပါခွင့်ရခဲ့တဲ့
ကျနော်ရေးတဲ့ သီချင်းပါ။

“ဆိုး” စီးရီးစ် ထွက်ပြီး နောက်မှာတော့
မျိုးမျိုး အိမ်ကို
မကြာမကြာ ရောက်ဖြစ်ပါတယ်။
အဲဒီ အကျိုးဆက် အဖြစ်
မျိုးမျိုး ရဲ ့နောက်ထပ်ထွက်လာတဲ့
“တစ္ဆေရိုင်း” စီးရီးစ် မှာတော့
ကျနော် နဲ ့ မျိုးမျိုး ပေါင်းရေးတဲ့
သီချင်းတော်တော်များများ ပါခဲ့ပါတယ်။
“မီးတောက်များ” ဆိုတဲ့
ရော့ခ် သီချင်းတစ်ပုဒ်ပဲ
ကျနော့် ကိုယ်ပိုင်သံစဉ်စာသား ပါ။
ကျနော် နဲ ့ မျိုးမျိုး ပေါင်းရေးတဲ့
ဝိုင်းစက်လှပ သီချင်းလေးလည်း
ကျနော် ကြိုက်တယ် ခင်ဗျ။
ကျနော်ကတော့ ရာစု ပြန်ဆိုတာထက်
မျိုးမျိုး ဆိုထားတာကို
ပိုကြိုက်ပါတယ်။
မျိုးမျိုး က တစ္ဆေရိုင်း စီးရီးစ် အသံသွင်းနေတဲ့
လှည်းတန်း က Studio D ကို
ကျနော့်ကို ခေါ်သွားပါတယ်။
တောသားမြို ့ရောက်ပေါ့ခင်ဗျာ။
မြင်သမျှတွေ ့သမျှ အထူးအဆန်းတွေချည်းကို
ဖြစ်နေတော့တာပါပဲ။
အသံဖမ်းပေးတဲ့ မျိုးကျော့မြိုင် နဲ ့လည်း
မိတ်ဆက်ပေးပါတယ်။
မျိုးကျော့မြိုင် ကတော့ ကျနော့်ကို
မမှတ်မိလောက်ပါဘူး။
အဲ့ဒီအချိန်က မျိုးကြီးက
Ghost Rider Band မှာ
Lead တီးပါတယ်။
မျိုးကြီးနဲ ့လည်း မိတ်ဆက်ပေးပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်က
မျိုးမျိုး နဲ ့စကားပြောဖြစ်တော့
“ဝိုင်းစက်လှပ” ကို
ခင်ဗျား ကျနော့် ခုတင်ပေါ်မှာ ရေးခဲ့တာ
မှတ်မိတယ်” လို ့ပြောပါတယ်။
လွမ်းစရာတွေပေါ့ဗျာ။

မျိုးမျိုး စီးရီးစ်တွေထဲမှာ
“တစ္ဆေရိုင်း” ကို
ကျနော် အညွတ်ဆုံးပါ။
လူမောင် (ဆေး-၁) ရေးတဲ့
“ဆံပင်ရှည်ရှည်ကောင်မလေး”
စောဘွဲ ့မှူ းရဲ ့
“ငါ့အသည်းကို မြန်မြန်ခွဲပါ”
ကေအေတီ ရဲ ့”ခဏ”
မျိုးကျော့မြိုင် ရဲ ့”ကြမ်းကြမ်းတမ်းတမ်း”
မျိုးမျိုး ကိုယ်တိုင်ရေးတဲ့ “လွမ်းစေတီ”
သီချင်းတွေက အတော်ကောင်းတဲ့
သီချင်းလေးတွေပါ ခင်ဗျာ။
တစ္ဆေရိုင်း ထွက်တော့
ကျနော် နောက်ဆုံးနှစ်။
ပျော်ခဲ့ချိန်တွေပေါ့။
နောက်ဆုံးနှစ်ဖီလင်ကိုရေးထားတဲ့
နှုတ်ဆက်ချိန် ဆိုတဲ့ သီချင်းလေးကလည်း
ကျနော်တို ့အီကို အသိုင်းအဝိုင်းလေးထဲ
ပေါက်နေချိန်ဆိုတော့ ပိုပျော်တာပေါ့ ခင်ဗျာ။
ဘယ်လောက်ပျော်ခဲ့သလဲဆို
အပျော်လွန်ပြီး
နောက်ဆုံးနှစ် စာမေးပွဲကျပါလေရောဗျာ။

(BC)

12 comments

  • surmi

    May 30, 2017 at 12:11 pm

    ကိုဘလက်ဆိုသည်မှာ ခေသူမဟုတ် :mrgreen:
    ဘရာကြော်ပါ ကိုဘလက်ရေ
    ဆက်ရေးမှာကိုလည်းစောင့်မျှော်လျှက်ပါ

  • black chaw

    May 30, 2017 at 12:30 pm

    @ surmi !
    ကျေးဇူး ကိုဆာမိ ရေ…။

  • Shar Thet Man

    May 30, 2017 at 2:37 pm

    ကိုဘလက်ချောကွ

    • black chaw

      May 30, 2017 at 5:37 pm

      @ Shar Thet Man !
      ကွန်းမန် ့လေးအတွက်
      ကျေးဇူးပါဗျာ။
      ကျနော်တို ့ကတော့
      ဧည့်သည်လိုဖြစ်နေပါပြီ။

  • kai

    May 30, 2017 at 3:45 pm

    ပြန်ရေးပါလား..။
    အနုပညာက.. အိုသည်ရယ်လို့မှမရှိတာ..
    ကြာလေ… ပိုပိုတောင်ကောင်းလာဦးမယ်ဖြစ်ခြင်း…။

    • black chaw

      May 30, 2017 at 5:35 pm

      @ kai !
      ရေးဖြစ်နေတယ် သူကြီး ရေ ။
      အသက်ကြီးမှ ဂစ်တာလည်း
      နေ ့တိုင်းတီးဖြစ်နေတယ်။
      ကျေးဇူးဗျ။

  • သင့်အေးရိပ်

    June 1, 2017 at 5:19 pm

    လေးဘလက် လက်ဆောင်ပေးထားတဲ့
    ကံ့ကော်တမ်းချင်း အခွေလေးတောင် မကြာခဏ နားထောင်ဖြစ်တယ်။ ကားထဲမှာဖွင့် နားထောင်ဖြစ်နေတဲ့ အကြိုက်ဆုံး CD ငါးခုလောက်ထဲ တစ်ခုအပါအဝင် ဆိုပါတော့။

    လေးဘလက်က အသံလည်း ကောင်းပါတယ်။
    အနုပညာနဲ့ပတ်သက်ရင် ကျနော်က ဂီတဖန်တီးမှုနဲ့
    ဝေးတော့ သူများ ဖန်တီးထားတာလေးတွေကိုပဲ
    ခံစားဖြစ်တယ်။

    • black chaw

      June 2, 2017 at 9:21 am

      @ သင့်အေးရိပ် !
      တကယ်တော့ ကိုယ်က
      ဂီတ ကိုလည်း
      ဒီလောက်နားလည်တတ်ကျွမ်းသူတစ်ယောက်
      မဟုတ်ပါဘူး။
      သိတ်အထီးကျန်ဆန်ပြီး
      စိတ်ဓါတ်ကျနေချိန်တချို ့မှာ
      သီချင်းတချို ့ရေးဖြစ်ခဲ့တာပါ။
      အရမ်းကြီးပြောင်မြောက်တဲ့
      သီချင်းတွေ မဟုတ်မှန်း
      ကိုယ့်ကိုယ်ကိုသိပါတယ်ဗျာ။
      အခုအသက် ၅ဝ နီးလာမှ
      သီချင်းတချို ့ထပ်ရေးဖြစ်နေတယ်။
      ဘလက်ချော နာမည်နဲ ့ပေါ့။
      အဲဒါက ကိုယ့်သမိုင်း အသစ်ပေါ့။
      အရိုးဆုံးပြောရရင်
      အထင်ကြီးလောက်တဲ့
      ဖန်တီးမှုမျိုးတွေ မရှိခဲ့သေးပါဘူးဗျာ။
      စကားမစပ်…
      ရွှေအမြုတေ ထဲက
      ဆရာမ ဝင့်ပြုံးမြင့် ဝတ္ထု နဲ ့ပတ်သက်တဲ့
      ညီ့ ရဲ ့ရေးသားမှုကိုတော့
      ကိုယ်အထင်တကြီး ဖြစ်မိပါတယ်ဗျာ။
      ရွှေ က ကိုယ်အထင်တကြီး ဖတ်ဖြစ်တဲ့
      မဂ္ဂဇင်းတစ်အုပ်ပေကိုး။
      ကိုယ် အဲ့ဒီနားကို မကပ်နိုင်သေးပါဘူး။
      ပြီးတော့ ရွှေ မှာတစ်နေ ့နေ ့ကိုယ့်စာမူလေး
      ပါဝင်ခွင့်ရချင်တာကလည်း
      ကိုယ့်ဖီလင်အစစ်အမှန်ပါ။
      ဆိုတော့
      ရွှေ စာမူအတွက်
      ညီ့ကို ဂုဏ်ပြုပါတယ်ဗျာ။
      အားလည်းကျမိပါတယ်ဗျာ။

      ချစ်ခင်လေးစားတဲ့

      (BC)

  • ဇီဇီ

    June 5, 2017 at 12:06 pm

    ဒီလို ပြန်ပြောပြစရာ စိတ်ချမ်းသာရာ လုပ်ခဲ့ဖူးတဲ့ အတိတ် တစ်ချို့ရှိနေတယ် ဆိုတာကကို
    ကြည်နူးစရာပါ ကိုဂျီး ဘက်ရေ။
    စိတ်ချမ်းသာရာ အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ပါစေ။
    <3

    • black chaw

      June 6, 2017 at 11:16 am

      @ ဇီဇီ !!!
      ကွန်းမန် ့လေးအတွက်ကျေးဇူးပါ ဇီဇီ ရေ။
      ဦးဘက် က ရထားတစ်စီးဆိုရင်
      လမ်းချော်ခဲ့ဖူးပါတယ်ဗျာ။
      အခုတော့ လမ်းကြောင်းပေါ် ပြန်ရောက်စ ပြုပါပြီ။
      နောက်တစ်ပိုင်း ရှိသေးသဗျ။
      ဆက်ဖတ်ပေးပါဦးနော့်။

      ချစ်ခင်လေးစားတဲ့
      (BC)

      • ဂျစ်စူ

        June 7, 2017 at 3:42 pm

        နောက် တစ်ပိုင်း အမြန်လုပ်ဗျာ
        သောက်ချင်လာပြီ….ဟုတ်ပါဝု ဖတ်ချင်လာဘီလို ့စ် ကိုမိုက်ခဲရဲ့

        • black chaw

          June 13, 2017 at 6:24 am

          @ ဂျစ်စူ !!!
          ဟော့…။

Leave a Reply