ငှက်ကလေးတွေနဲ့ ကလေးငယ်တွေ

Mon LayJune 7, 20171min1112

မိုးကောင်ကင်အမြင့်ဆုံးမှာပျံသန်းနေတဲ့ငှက်ကလေးတွေကို မြင်ရတဲ့ကလေးငယ်တစ်ယောက်ရဲ ့ခံစားချက်လို

အပြာရောင်ငှက်ငယ်လေး မိုးကောင်ကင်ကိုဖြန့်ကျက်ပြီး ပျံသန်းသလို

ကမ္ဘာကြီးက သိပ်လှတယ်ဆိုတာကို ခံစားကြည့်လိုက်ပါ

သိပ်လှတဲ့လှေကလေးတစ်စင်းဟာ သူကျင်လည်ရာ လှိုင်းတွေပေါ်မှာ ယစ်မူးကခုန်ပြီး အချစ်လေညင်းလေးတွေကို ဆောင်ကြဉ်းပေးသလို လှိုင်းကလေးကလည်း ဖြူလွလွသဲသောင်ပြင်ကိုစွန့်ပြီး

ပင်လယ်ထဲမှာ သာယာနာပျော်ဖွယ် တေးသံသာကို သီကြွေးလို့နေတာပေါ့

ကဗျာဆရာတစ်ယောက်ရဲ ့ အပြစ်မရှိသော အသွေးအသားနဲ့ ကဗျာတစ်ပုဒ်ကို သီကုံးစပ်ဆိုထားမှုကြောင့်လည်း ကမ္ဘာကြီးဟာ နေ့ကနေည ညကနေနေ့ ဖြစ်လို့လာတာပေါ့

ကမ္ဘာမြေကြီးကလည်း ကိုယ်တွေကိုပြန်ချစ်ဖို့ အိမ်မက်တွေကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ မနက်ခင်းတိုင်း တွေရှိသလို လေးလံထိုင်းမှိုင်းအိပ်မောကျနေတဲ့မြို့လေးနိုးထဖို့အတွက်လည်း  အာရုံကျင်းမနက်ဦးဆိုတာလည်းရှိပါတယ်

အချစ်ဆိုတဲ့အရာကတော့ နင့်အတွက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာကိုပုံဖော်ဖို့အတွက်ကတော့ ငါ့အတွက်ဖြစ်ပါတယ်

ငှက်ကလေးတွေကတော့ နင်ဖြစ်ပြီး ကလေးငယ်တွေကတော့ ငါဖြစ်ပါတယ်

ငါက ညဘက်မှ ကြယ်လေးတွေတောက်ပတာကိုမြင်ရတဲ့ အရိပ်အမှောင်မှာသာနေတဲ့လူတစ်ဦးပါ နင်ကတော့ ငါ့ပတ်ဝန်းကျင်ကို တောက်ပနိုင်တဲ့ ငါရဲ ့ကြယ်လေးတစ်စင်းပါ ငါ့ဘဝရဲ ့မှောင်မိုက်တဲ့ညတွေကို လာလင်းပေးလှည့်ပါ

ကောင်းမွန်သောဘဝကိုတောင့်တနေကြတဲ့ ဒုက္ခပေါင်းစုံခံစားနေရတဲ့အပြင် စစ်ပွဲနဲ့ပါ ကြုံတွေ့နေရတဲ့လူသားတွေအဖို့ ကလေးတစ်ယောက်ရဲ ့ဘဝလိုအေးအေးချမ်းချမ်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခြံစည်းရိုးမခတ်မှပဲရပါလိမ့်မယ်

PS :

ရုံးမှာ သင်ပေးတဲ့ သီချင်းလေးကို ပြန်ဖော်ပြခြင်းသာ

 

 

2 comments

  • kai

    June 11, 2017 at 7:57 am

    ငှက်ကလေးတွေအနေနဲ့ကတော့.. သူ့ထက်ကြီးစွမ်းတဲ့.. သူ့စားမယ့်ငှက်ကြောက်ရ..
    အစာကို.. အမြင့်ကရှာရသမို့.. မြင်လည်း..ရခက်ခက်နဲ့..
    ကိုယ့်ဘဝနဲ့ကိုယ်..။
    သို့သော်..
    လူသည်သာ အမြတ်ဆုံး..။ :k:

  • Shar Thet Man

    June 12, 2017 at 2:55 pm

    တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ကြဖို့ကို ငှက်တွေ ကလေးတွေနဲ့ တင်စားထားတယ်လို့ခံစားမိတာပဲ

Leave a Reply