သီချင်းရေးခဲ့စဉ်က…(၂)…။

black chawJune 13, 20171min315218

နောက်ဆုံးနှစ်စာမေးပွဲကျတော့
အိမ်ကို မပြောရဲဘူး။
အလုပ်တစ်ခု ဝင်လုပ်ပြီး
စာမေးပွဲ ပြန်ဖြေဖို ့စီစဉ်ရပါတယ်။
အဲ့ဒီအချိန် သီချင်းမရေးဖြစ်တော့ပါဘူး။
မျိုးမျိုး နဲ ့ရော
သီချင်းလောကနဲ ့ပါ
အတော် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၆ လောက်မှာ ထွက်လာတဲ့
အဲလက်စ် ရဲ ့”နေ ့သစ်များကိုကြိုဆိုခြင်း”
စီးရီးစ်မှာ ကျနော် နဲ ့မျိးမျိုး ပေါင်းရေးတဲ့
သီချင်း ၃ ပုဒ် ပါခဲ့ပါတယ်။
“အချစ်ဆိုတာဘာလဲ”
“အိပ်မက်တစ္ဆေ”
နဲ ့
တိုင်တည်သီချင်း
“နေ ့သစ်များကိုကြိုဆိုခြင်း”
သီချင်းတွေပါ။
အိပ်မက်တစ္ဆေ က မျိုးမျိုး ဆိုပြီးသားကို
ပြန်ဆိုတာပါ။
အဲလက်စ် ရဲ ့ပထမဆုံး သီချင်းခွေမှာ
ပါဝင်ခွင့်ရခဲ့တာ အတွက်
ကျနော် အခုထိ ဂုဏ်ယူနေမိတုန်းပါပဲ။
အဲဒီအတွက်
မျိုးမျိုး ကို ကျေးဇူးတင်ရမှာပါ။
ခွေထွက်ပြီး ပေါက်နေချိန်အထိ
အဲလက်စ်ကိုမမြင်ဖူးခဲ့ပါဘူး။
နောက်ပိုင်း ကျနော်တို ့သူငယ်ချင်းတွေ
စုလုပ်တဲ့ အလုပ်ဖွင့်ပွဲ ကို ဖိတ်တော့
အဲလက်စ် က ပွဲတက်ပေးခဲ့ပါသဗျာ။
အချစ်ဆိုတာဘာလဲ သီချင်းကို
အဲလက်စ် က “အချစ်နဲ ့ကောင်းကင်” ခွေမှာ
ထပ်ဆိုခဲ့ပါသေးတယ်။
ပြီးတော့ သားစိုး ကလည်း
“မြန်မာဒီဂျေများရဲ ့အကောင်းစား Remix” ခွေမှာ
ထည့်ပြီး Remix လုပ်ခဲ့ပါသေးတယ်။
Remix က ပိုတောင်မိုက်သေးဗျာ။
ကျနော်ဟာ နောက်ပိုင်းမှာ
စိတ်ကူးသက်သက်များ ခွေထဲက
သီချင်းတွေကိုညွတ်ခဲ့ဖူးပြီး
အဲလက်စ် ရဲ ့ပရိသတ် တစ်ယောက်လည်း
ဖြစ်ခဲ့ပါသေးတယ်။
အဲလက်စ် တစ်ကိုယ်တော်ရှိုး ကို
အင်းလျားလိတ်မှာလုပ်တော့
ကျနော်သွားကြည့်ခဲ့ပါသေးတယ်။
အောင်မြင်တဲ့ပွဲတစ်ပွဲပါ။
အဲဒီရှိုးမှာ ကျနော့် သီချင်းတစ်ပုဒ်မှ မဆိုခဲ့ပါဘူး။
ကျနော်ကတော့ ဆိုစေချင်တာပေါ့။
(ဆက်ဦးမည်)
(BC)

18 comments

  • သင့်အေးရိပ်

    June 13, 2017 at 9:07 am

    သီချင်းရေးကြတဲ့ အနုပညာသမားတွေရဲ့ ခံစားချက်ကို မမှန်းဆတတ်ဘူး ဖြစ်နေတယ်။
    ဝတ္ထု ရေးသူ ကဗျာရေးသူတွေရဲ့ feel နဲ့
    အတူတူပဲလား။ တူမယ် ထင်တယ်နော်။
    ဒါမယ့် သီချင်းရေးတာက ပိုခက်မယ်ထင်တယ်။

    ကိုယ့်ဝတ္ထု ကိုယ့်ကဗျာ ကိုယ့်အနုပညာလက်ရာလေး ရုပ်လုံးပေါ်လာပြီး ခံစားသူတွေထံ ရောက်သွားချိန်မှာ ခံစားရတဲ့ စိတ်အခြေအနေမျိုးကတော့
    သီချင်းရေးသူနဲ့ ကဗျာ စာ ရေးသူ အတူတူပဲ ထင်ပါရဲ့။

    အဲ. . .
    ကဗျာနဲ့ သီချင်းကလည်း သိပ် မဝေးလှပါဘူးလေ။
    တချို့သီချင်းတွေက ကဗျာဆန်ဆန် လှတယ်။
    တချို့ ကဗျာတွေကတော့ သီချင်းဖြစ်ကုန်တဲ့အထိ. . .

    စိတ်ဝင်စားစရာ ကောင်းတဲ့ အနုပညာရပ်ဝန်းတစ်ခုပါပဲ။

    • black chaw

      June 13, 2017 at 12:00 pm

      @ သင့်အေးရိပ် !!!
      ကဗျာနဲ ့သီချင်းက နီးတဲ့လူအတွက် အတော်နီးပြီး
      ဝေးတဲ့လူအတွက် အတော်ဝေးပါသဗျာ။

      (BC)

  • surmi

    June 13, 2017 at 10:59 am

    မြန်မြတ်လေး ဆက်ပါဗျာ . .
    ပြီးတော့ အခုနောက်ပိုင်းရေးဖြစ်ဆိုဖြစ်တာလေးတွေလဲပြောပြပါဦး

    • black chaw

      June 13, 2017 at 12:02 pm

      @ surmi !!!
      အက်ဒစ်လုပ်ရတာ အတော်အဆင်မပြေဘူးဗျ။
      ဘယ်လိုတွေဖြစ်နေမှန်းမသိပါဘူးဗျာ။

      (BC)

      • surmi

        June 13, 2017 at 1:17 pm

        သဂျီးးးရေ . .
        လူပြောများနေဘီနော
        ကိုယ့်ဆိုင် ကိုယ်ပြန်ကြည့်ဦးးး
        နန်းတော်ရာသူလည်း ပြောသဗျ

  • •*¨နန်းတော်ရာသူ •*¨

    June 13, 2017 at 11:02 am

    ဂီတသမားအူးဘလက်ပါ

    • black chaw

      June 13, 2017 at 12:52 pm

      @ နန်းတော်ရာသူ !!!
      ဂီတဝါသနာရှင်ပါ ဗျာ။

      (BC)

  • manawphyulay

    June 13, 2017 at 1:25 pm

    လေးဘလက်ကလည်း ကိုရီးယားကားကြည့်ရသလိုပဲ အပိုင်းတွေနဲ့ပါလား…

    • black chaw

      June 14, 2017 at 8:22 am

      @ manawphyulay !!!
      တိုတိုလေးတွေကို ပိုင်း ပိုင်းပြီး
      တင်တတ်တာ ဦးဘလက် စတိုင်လုံးဝမဟုတ်ပါဘူးဗျာ။
      အက်ဒစ်လုပ်ရတာ အဆင်မပြေလို ့ပါ။
      (BC)

  • ဇီဇီ

    June 13, 2017 at 2:10 pm

    ရှာနားထောင်အူးမှပါ ကိုဂျီးဘက်ရယ်။
    အဲလက်(စ) အခွေထွက်တော့ ကျော် ၈ တန်းပဲရှိသေးတယ်။

    သီချင်းတွေ အကုန်မမှတ်မိဘူး

    🙂

    • black chaw

      June 14, 2017 at 8:26 am

      @ ဇီဇီ !!!
      ရှာနားထောင်ရလောက်တဲ့
      သီချင်းတွေတော့ မဟုတ်ပါဘူးဗျာ။
      ဝါသနာရှင် အဆင့်လောက်ပါပဲ။

      (BC)

  • ဦးကျောက်ခဲ

    June 13, 2017 at 2:25 pm

    ဂီတသမား တချို့နဲ့ နီးစပ်ပေမည့် ဂီတာတောင် မတီးတတ်သူပါ…
    သီချင်းရေးဖို့ကတော့ ဝေလာဝေး … ပါရမီရော အဓိပတိရောဂန့်တယ်…
    ဘရာဗိုပါ ကိုဘလက် … နောက်ဆက်တွဲတွေ မျှော်နေမယ်…

    • black chaw

      June 14, 2017 at 8:28 am

      @ ဦးကျောက်ခဲ !!!
      လာမယ်ဗျ။
      အက်ဒစ်မှာ ပုံတင်မရ
      စာရှည်ရှည် တင်မရ ဖြစ်နေလို ့ ကိုကျောက်ရေ။

      (BC)

  • Shar Thet Man

    June 15, 2017 at 4:34 pm

    ခုကော ဘာတွေရေးပြီး ဘာတွေဆိုနေပါလဲ..အလင်းပြပါ

    • black chaw

      June 16, 2017 at 7:01 pm

      @ Shar Thet Man !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါဗျာ။

      (BC)

  • ဦး လေး မန်း

    June 16, 2017 at 11:05 am

    ​ပြောရရင်​​တော့ ကျွန်​​တော်​လဲ သီချင်း​ကြိုက်​သူပါခင်​ဗျ။ ​ရေချိုးခန်​းမင်​းသား​ပေါ့ဗျာ။ သီချင်​းရာဇဝင်​​လေးသိရလို့​ကျေး​ကျေးပါ။အဲလက်​သီချင်​း​လေး​တွေလဲကြိုက်​ပါတယ်​။ ကို်​့ယ်​အသက်​အရွယ်​အရ​တော့ ဗိုလ်​ထီးတို့ ခင်​​မောင်​တိုး တို့ ပရိတ်​သတ်​​ပေါ့။

    • black chaw

      June 16, 2017 at 7:00 pm

      @ ဦးလေးမန်း !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါဗျာ။

      (BC)

Leave a Reply