အမှတ် ၂၊ စစ်ကိုင်းလမ်း၊ နေရာဟောင်း…။
ဟိုတုန်းက ခိုင်ထူး တို့အိမ်က
ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ…။
တိတိကျကျ ပြောရရင်
အမှတ် (၂)၊ စစ်ကိုင်းလမ်း ပေါ့…။
အမှတ် (၂)၊ စစ်ကိုင်းလမ်း ခြံကြီးရဲ့ ရှေ့မှာ
အုတ်ခုံလေး တစ်ခု ရှိနေခဲ့ပါတယ်…။
အဲဒီ အုတ်ခုံလေးဟာ
ရန်ကုန်တက္ကသိုလ် နဲ့ အတူ သမိုင်းဝင်ခဲ့သလို
ခိုင်ထူး ရဲ့ ရာဇဝင်မှာလည်း
သမိုင်းဝင် အုတ်ခုံလေး ဖြစ်နေခဲ့ပါပြီ…။
ဒီအုတ်ခုံလေးပေါ်မှာပဲ
ခိုင်ထူး ရယ် မိုးကျော် ရယ် ရာပြည့်ရယ်
သူငယ်ချင်း သုံးယောက်
သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြ၊ တီးခတ်ခဲ့ကြဖူးပါတယ်။
ပြီးတော့ သူတို့ အဖွဲ့ Phoenix ကိုလည်း
အုတ်ခုံလေးပေါ်မှာပဲ စတင်တည်ထောင်ခဲ့တယ်လို့
ခိုင်ထူးက ဆိုပါတယ်။
အဲဒါကြောင့် ဒီနေရာလေးကို သူတို့ မမေ့နိုင်ကြပါဘူး။
ကျောင်းပြီးလို့ အလုပ်အကိုင်ကိုယ်စီနဲ့
လုပ်ငန်းခွင်ဝင်ခဲ့ကြချိန်မှာတော့
ဒီနေရာလေးကို သူတို့ ခွဲခွာခဲ့ကြရတာပဲပေါ့။
ဟိုတုန်းကလို သူငယ်ချင်းတွေ ပြန်ဆုံကြပြီး
တီးကြဆိုကြရေးကြ ချင်ပေမယ့်
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ ဖီလင်ကို သီချင်း တစ်ပုဒ် ရေးကြတော့
နေရာဟောင်းမှာ ဆိုတဲ့ သီချင်းလေး ဖြစ်လာခဲ့ပါတယ်။
အခုတော့ မိုးကျော် လည်း မရှိတော့ပြီ၊
ရာပြည့်ကလည်း အမေရိကားမှာ
ကွယ်လွန်ခဲ့ပြီ ဆိုလား၊
တစ်ယောက်တည်း ကျန်ရစ်သူ ဖြစ်နေခဲ့တဲ့
ခိုင်ထူးအတွက်တော့
ဒီအချိန်မှာ ဒီသီချင်းကို ကြားရင်
ခံစားနိုင်စွမ်း ရှိမယ်တောင် မထင်မိပါဘူး။
သူတို့ သူငယ်ချင်း ၃ ယောက် ပူးပေါင်းရေးဖွဲ့ခဲ့တဲ့
နေရာဟောင်းမှာ ဆိုတဲ့ သီချင်းလေးဟာ
ခိုင်ထူးအတွက်တော့
တကယ်ပဲ ဆွေးဆွေးမြေ့မြေ့ နဲ့
တလွမ်းတဆွေး ဆိုလို့ကောင်းမယ့်
သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါပြီ။
ကျွန်တော် တို့ ခင်ဗျား တို့ အတွက်လည်း
အထက်က
ကျွန်တော်ပြောပြခဲ့တဲ့
နောက်ကြောင်းပြန်ဇာတ်လမ်းလေးကြောင့်
ဒီသီချင်းလေးက ပို ခံစားလို့ ကောင်းမယ်လို့
မျှော်လင့်မိပါတယ်ဗျာ။
ချစ်ခင်လေးစားတဲ့
(BC)
# ကျနော် ၁၁ နှစ်သား အရွယ် ၁၉၈၁ က
အဖြစ်အပျက်တွေကို ခံစားရေးဖွဲ ့ထားတာပါ။
အချက်အလက် အမှားအယွင်း
တစုံတရာပါခဲ့ရင်
အားမနာစတမ်း ပြင်ပေးလို ့ရပါကြောင်း။
ကျောင်းသားဘဝတုန်းကတော့ …
အဲသည့် ဂန္တဝင်အုတ်ခုံနဲ့ စစ်ကိုင်းလမ်းခြံရှေ့ တဝဲလည်လည် …
အင်းလျားဆောင်ရှေ့ (ဦး)ခိုင်ထူး သီချင်းလာဆိုတဲ့ ညတွေဆို…
အမောင်ကျောင်းသားအားလုံး One Man Show ကို သောတဆင်ကြတာပဲ…
လက် ဇ’ ရှိသူတွေတောင် ဂစ်တာမတီးရဲလို့ (ဦး)ခိုင်ထူးက ပြန်တီးခိုင်းရ…
Was this answer helpful?
LikeDislike@ ဦးကျောက်ခဲ !!!
ကိုကျောက်ရေ ! ခိုင်ထူးကတော့ ရန်ကုန်တက္ကသိုလ် သမိုင်းထဲက
သူရဲကောင်းတစ်ယောက်လို ့တောင် ကျနော်က တင်စားချင်တာဗျ။
ကွန်းမန် ့ရေးရတာ အဆင်သိတ်မပြေဘူး ကိုကျောက်ရေ။
(BC)
Was this answer helpful?
LikeDislikeပုဂံလမ်းကစောင့်နေတယ် :p
Was this answer helpful?
LikeDislike@ Novy !!!
အဲ့ဒါဆို မယ်သီလရှင် ဝတ်လိုက်…။
(BC)
Was this answer helpful?
LikeDislikeနေရာဟောင်းမှာ
ဟေမာန်ဆောင်းဦးကို တေးညည်းဆိုကြိုမယ့်ငှက်ငယ်လေးရယ်
ဘယ်ဌာနေမှာ မင်းမှေးစက် နေပျော်နေသလဲကွယ်
သင်ပျံလာမယ့် လမ်းကြောင်းတစ်လျှောက် အစဉ်ပဲ စောင့်မျှော်မိတယ်
နေရာဟောင်းလေးမှာ ပြန်လည်ဆုံးဆည်းကြစို့ကွယ်
သင်ခိုနားရင်းနဲ့
ချွေးသိပ်ဖြေနေခဲ့ ဖြစ်စဉ်လေးမှာ
ဒီရင်ခွင်ကို မင်းမေ့ရက်နေနိုင်တယ်လားကွယ်
အတူနေစဉ်မှာ ထားတဲ့ ကတိတွေ အလွယ်ဆုံးမမေ့နိုင်သေးရင်
နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ်
အသည်းအိမ်ထဲ စွဲနေတဲ့ အသံ
ဝေးနေလည်း ကြားယောင်တယ်
အမြဲတမ်းမိတ်ဆွေရယ်…
ဆောင်းမှာလည်း ရောက်မလာခဲ့သူ
မိုးမှာလည်း မတွေ့နိုင်တယ် ခရီးသွားငှက်ငယ်ရေ…
ဒီနွေ ကူးပြောင်းရင်
အလွမ်းစိတ်ဖြေ ပြေမယ့် မင်းကိုယ်စားကို
ဘယ်ရာသီမှာ ရုန်းထွက်လို့ စေနိုင်မှာလဲလေ
နေနေနိုင်တဲ့ ဘဝသစ်မှာ အဆင်သင့်မဖြစ်နိုင်ခဲ့ရင်
နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ်…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင် သီချင်းစာသားလေးတွေက ပိုအဓိပ္ပယ်ပိုပြည့်သလိုပဲနော်။
ခိုင်မိုးပြည့် ဆိုတာ ခိုင်ထူး မိုးကျော် ရာပြည့် ပေါ့နော့??
Was this answer helpful?
LikeDislike@ ဇီဇီ !!!
ဟုတ်ပဗျာ။
သီချင်းတစ်ပုဒ် ရဲ့ ရာဇဝင် ပေါ့။
(BC)
Was this answer helpful?
LikeDislikeတနေ့ကတောင်… ခိုင်ထူးရဲ့.. “သို့..တရံတခါဆီ”ကိုနားထောင်ဖြစ်သေး..။
ပုံပြင်လေးတပုဒ်လိုပဲ..။ အင်ထရိုပီအန်အိုသံနားထောင်ပြီး.. ကိုယ်ပိုင်သံစဉ်ဟုတ်ပါ့မလားတောင် ထင်သွားတယ်..။
ခိုင်ထူး အယ်လ်အေလာသီချင်းဆိုတုံးက.. မေမေဆုံးခါစ..။ စိတ်ပိန်နေတဲ့ ဖေဖေ့ကိုခေါ်ပြီး.. ပွဲသွားလိုက်သေး..။
https://www.youtube.com/watch?v=4i1RO4aHaUc
Was this answer helpful?
LikeDislike@ kai !!!
ကွန်းမန် ့လေးအတွက်ကျေးဇူးပါ သူကြီးရေ။
စကားအတင်းစပ်
ပုံတင်လို ့လုံးဝ မရဘူးဗျာ။
(BC)
Was this answer helpful?
LikeDislikeတခြားသူတွေရောဘယ်လိုလဲမသိ…။
ကျုပ်ကတော့.. ရနေ..။
Was this answer helpful?
LikeDislikeအခုရသွားပြီဗျ။
Was this answer helpful?
LikeDislikeဖတ်သွားပါတယ်..အဲ့သီချင်းကို တစ်ခါမှနားမထောင်ဖူးပါ
Was this answer helpful?
LikeDislike@ Shar Thet Man !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါဗျာ။
(BC)
ဦးခိုင်ထူး သီချင်းဆိုရင် ငေးကြည့်ယူရတာ။
ဂီတထဲမှာ နစ်မျောနေတဲ့ပုံကို ကြည့်ပြီး
သူဟာ သီချင်းဆိုဖို့ လူ့လောကထဲ ရောက်လာတဲ့လူပဲ လို့ လုံးဝ ယုံမိတဲ့အထိ။
နေရာဟောင်းမှာ ဆိုတဲ့သီချင်းတော့ အမှတ်တမဲ့ပဲ။ ရှာပြီး နားထောင်ကြည့်အုန်းမှ။
စစ်ကိုင်းလမ်းကတော့ စာသားတွေ တအားကြိုက်။
ကိုဇော်ပိုင် ပြန်ဆိုတော့လည်း ကြိုက်တုန်းပဲ။
ခုထိလည်း မကြာခဏ နားထောင်မိနေတုန်း
Was this answer helpful?
LikeDislike@ သင့်အေးရိပ် !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါဗျာ။
(BC)
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ နေရာဟောင်းမှာထက် စစ်ကိုင်းလမ်း ကိုကြိုက်။
Was this answer helpful?
LikeDislike@ ဦးလေးမန်း !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါဗျာ။
(BC)
Was this answer helpful?
LikeDislikeတစ်ခါလောက်ဆုံရင် ဆိုပြပါလား အူးလေး..
တစ်ခါပြောဖူးသလို.. အူးလေးပို့စ်တွေဟာ ကိုယ်တွေခေတ်မဟုတ်တော့ မသိပေမယ့်.. ဒီလိုသမိုင်းလေးတွေ ဖတ်ရတော့ စိတ်ဝင်စားမိတယ်..
ဟိုးတုန်းက သီချင်းတွေက အနှစ်အရသာအပြည့်နဲ့ အဓိပ္ပာယ်ရှိတာ အမှန်ပဲ.. ဒါပေမယ့် သံစဉ်တွေကိုကျ နားမယဉ်ဘူး.. ဟိုးတုန်းက သီချင်းတွေကို ဒီဘက်ခေတ် ဗားရှင်းနဲ့ ပြန်ဆိုရင်တော့ အင်မတန်ကြိုက်တယ်..
ဥပမာ.. အင်းလေးမှာ ရွာတဲ့မိုး.. မိုးစက်တင်လေ… ပုဂံလမ်းက စောင့်နေမယ်..
Was this answer helpful?
LikeDislikeစစ်ကိုင်းလမ်းအကြောင်းကြားရရင်…အဟောင်းတွေအသစ်ဖြစ်သဗျာ..ဟီးဟီး

မြောင်းထဲကအမှိုက်ဆွေးနံ့နဲ့ ကံ့ကော်ပန်းရနံ့တွေပြန်ပြန်ရလာတယ်ရဲဘော်ဘလက်ရေ
Was this answer helpful?
LikeDislike