ဤတစက္ကန့်..

kaiJune 14, 20171min35121

ဤတစက္ကန့်..။

သေချင်းနဲ့ရှင်ခြင်းကြားရဲ့.. တစက္ကန့် ကာလလို့ထားပါတော့..
ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ.. အချိန်တဒင်္ဂ.။

ဆိုတော့..
အဲဒီဗီဒီယိုကလစ်တွေကိုကြည်ပြီးတွေးတယ်..။
အဲဒီကားမောင်းသူ.. အန္တရာယ်ကလွတ်တဲ့သူ… တစက္ကန့်စောရင်/နောက်ကျရင် ဘာဖြစ်နိုင်သလဲ..။
သေချင်သေနိုင်သလို.. ရှင်ချင်ရှင်နိုင်ပါတယ်..။

မနက်အိပ်ယာအထ.. တစက္ကန့်နောက်ကျ/စောခဲ့ရင်..။ အိမ်တခါးကအထွက် မေ့တာလေးရှိလို့ပြန်ယူလိုက်ရင်../တန်းထွက်ခဲ့ရင်…။ ကားမောင်းဖို့ ကားစက်အနှိုးမှာ.. တစက္ကန့်အချိန်ယူ.. ချောင်းတချက်ဟန့်ခဲ့ရင်/မဟန့်ခဲ့ရင်….
စသဖြင့်.. အထူးသဖြင့် အမေရိကနေသူ..နေ့စဉ်ကားမောင်းနေသူများ သတိထားမိကြမလားပဲ..။
ကားမောင်းနေရင်း.. မီးပွိုင့်က.. တစက္ကန့်နောက်ကျလို့ မိတယ်/လွတ်တယ်..။
ဒီလိုနဲ့ ..အက်စိဒန့်.. မတော်တဆဖြစ်တာလည်း.. ဖြစ်တယ်/လွတ်တယ်ပေါ့..။

ဒါကို.. သိပ္ပံနည်းကျ.. သီအိုရီရဲ့စကားက Butterfly effect

https://en.wikipedia.org/wiki/Butterfly_effect
flap of a butterfly’s wings in Brazil set off a tornado in Texas?
ပါတဲ့..။
ရန်ကုန်.. အင်းလျားကန်ဘောင်က ပန်းပွင့်ပေါ်က.. လိပ်ပြာအတောင်ခတ်တာဟာ..အမေရိကား-ဖလော်ရီဒါပြည်နယ်မှာ မုန်တိုင်းဖြစ်စေပါတယ်… လို့..။
ဤဒွန္ဒယာကြီးဟာ.. ဩကာသလောကကြီးဟာ.. မိခင်သဘာဝတရားဟာ.. တိတိကျကျ.. ဗရမ်းဗတာထဲ.. စနစ်တကျဖြစ်နေပါတယ်..။

ဗမာဆန်ဆန်.. တရားစကားနဲ့ဆို..
“ယေဓမ္မာ ဟေတုပ္ပဘဝါ” အကြင်တရားတို့သည် အကြောင်းကြောင့်ဖြစ်ကြကုန်၏ .. လို့ဆိုမယ်..။

 

https://www.facebook.com/TheScienceOfStephanie/videos/1733321920018665/?pnref=story

21 comments

  • ဦးကျောက်ခဲ

    June 14, 2017 at 5:20 pm

    သေနေ့စေ့ရင် / ဖြစ်ချိန်တန်ရင်တော့ တစက္ကန့်စော/နောက်ကျ … ပြောစရာဖြစ်မှာပဲ…
    ဘယ်အရာမှ ပုံသေလို့တွက်မရ ပရမတ္တသစ္စာမဟုတ်လေတော့… :k:

    • kai

      June 15, 2017 at 3:25 pm

      တကယ်က.. ဖြစ်ချိန်တန်လို့.. သေနေ့စေ့လို့ဖြစ်တာမဟုတ်..။
      အတိအကျကို.. ကံ.. အလုပ်ကြောင့်ဖြစ်တာ..။

      ကိုရင်ကျောက်တုံး.. ချက်စ်ထိုးတယ်မဟုတ်လား..
      ကိုယ်က ဒီလိုရွေ့မှ.. ဟိုက ဟိုလိုရွှေ့တာ..။ ဟိုက.. ဟိုလိုရွေ့တာကြည့်ပြီး.. ကိုယ်ကဒီလိုရွေ့တာ..။
      အကြောင်းအကျိုးအကုန်ဆက်စပ်နေသဗျ..။

      လောကကြီးတခုလုံးကို… လူသားသန်း၈၀၀ဝလောက်.. ပြိုင်တူထိုးနေတဲ့..စစ်တုရင်ခုံကြီးလို့မြင်ကြည့်..။
      ဆိုတော့..
      မနက်အိပ်ရာထ.. ဦးနှောက်ကအလုပ်စလုပ်ချိန်ကစလို့တွက်ရင်တော့..နေ့တနေ့ရဲ့.. ဘဝဇတ်ခုံဟာ.. ကိုယ်တိုင်ပါဝင်ပါတ်သက်နေတဲ့.. သံသရာပဲ..။

      ဟီး.. ပြောရင်းနဲ့ရှုပ်ကုန်ပြီ..။ :k:

  • Shar Thet Man

    June 14, 2017 at 6:03 pm

    တစ်ခါတစ်လေ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်

  • padonmar

    June 14, 2017 at 8:34 pm

    အဲဒီလို တစက္ကန့်သီသီလေးလွတ်တာမျိုး ပြီးခဲ့တဲ့ အပတ်ထဲက ကျမတူလေး ကြုံခဲ့ရတယ်။ တူအရီး ၂ယောက် စကားပြောရင်း ကားလမ်းအရှင်းကြီးကို ဖြတ်ကူးတာ လမ်းအကွေ့က ကုန်ကားက အရှိန်နဲ့လာတော့ ကျောပေးလျှောက်တဲ့ တူလေးကို တိုက်လုနီးနီးပဲ။ကျမလည်း သားသား လို့ပဲအော်နိုင်တော့တယ်။ ကျမအော်တော့ တူလေးက လှည့်ကြည့်ပြီး ခုန်အရှောင် ဘေးက ပွတ်ပြီး မောင်းချသွားတာ။ ခုန်မရှောင်ရင် တိုက်ပြီးသားပဲ။နေ့လည်ကြီး မူးပြီးမောင်းတဲ့ ကုန်ကားသမားတွေ တော်တော်ဆိုးပါတယ်။
    အခု ဗီဒီယိုက သေဘေးကလွတ်သူတွေ။
    သေတာတွေ မှတ်တမ်းစုထားတာတွေလည်း ကြည့်ရတယ်။
    CCTV camera တွေ ပေါများလာတော့ အဖြစ်အပျက်တွေ လျင်မြန်တာ မှတ်တမ်းတွေ ရလာတယ်။
    တစက္ကန့်အတွင်း အကောင်းကြီးက သေသွားတာတွေ မြင်မြင်နေရတော့ ငါလည်း ဒီခြေတလှမ်း ကားတရွေ့မှာ သေနိုင်ပါလားဆိုတာ မကြာခဏ တွေးမိသွားတယ်။
    မသေသေးခင် အများအကျိုးရှိတာတွေ လုပ်ခွင့်များများ ရသွားချင်ပါတယ်။

    • kai

      June 15, 2017 at 3:56 pm

      အဲဒီ အမတော်ရဲ့ အဖြစ်အပျက်ကို.. Butterfly effect သီအိုရီ ထဲထည့်လိုက်ရင်.. ဇွန်လ ၁ရက်နေ့က.. အမေရိကား နယူးယောက်မြို့ ပန်းခြံထဲမှာ.. ချိုးငှက်လေး.. မြေပြင်ပေါ်က ပိုးကောင်ကို.. စားလိုက်တာကြောင့်လည်း.. ဒီလိုရန်ကုန်မှာလာဖြစ်တယ်လို့.. ဆက်စပ်လို့ရသွားမှာပဲ..။
      ဆိုလိုတာက…
      စကြဝဌာထဲက.. အရာရာဟာ.. စနစ်တကျနဲ့ ဆက်စပ်ဖြစ်နေပါတယ်.. လို့ပဲ..။
      ဒါကို.. လူသားက.. တွက်ချက်စဉ်းစားဖို့ရာ ဉာဏ်မမှီတော့.. ထာဝရဘုရားသခင်အလိုတော်အတိုင်းလို့.. ပြောလိုက်တာပဲ..။

      ဒီခေတ်ရောက်တော့.. အနည်းဆုံး.. မိုးလေဝသကို ခန့်မှန်းကြတာမှာ..စူပါကွန်ပျုတာတွေနဲ့.. အနီးစပ်ဆုံး တပါတ်ကနေ.. တရက်၂ရက်တော့ ကြိုဟောပြောလာနိုင်ပြီလေ..။

      လောကကြီးတခုလုံးကို..ကြိုတင်မှန်းဆတွက်ချက်ဖို့ရာကတော့.. ကွန်ပျူတာတွေမနိုင်သေး..။ ဥပမာ.. ထီဘယ်နံပါတ်ကျမလဲ..။ ဘယ်လေယဉ်ပျက်ကျမလဲ..စသဖြင့်ပေါ့..၊
      .. သိပ်မကြာတဲ့အချိန် ကွမ်တမ်ဆာဗာတွေခေတ်မှာ.. ၅၀%မကတော့ ဖြစ်လာနိုင်ကောင်းမယ်.။
      ဆိုတော့..
      မြန်မာလို “မိခင်သဘာဝ”ကို.. ဘုရားသခင် GOD လို့အမည်တော်နာမပေးလို့ရနိုင်ကောင်းမယ်..။ အရာရာကို ဖန်ဆင်းပြီး စိတ်အလိုတော်အတိုင်းဖြစ်ပျက်စေတယ်မဟုတ်လား။ :k:

  • surmi

    June 14, 2017 at 11:49 pm

    ဒါနဲ့ မဆိုင်တာလေးကြုံတုန်းမေးဦးမယ်
    category မှာ satire ကအနိစ္စသဘောနဲ့ ကိစ္စချောသွားတာလားသဂျီးရယ်
    စောစောက ပို့စ်တင်တုန်းရှာတာမတွေ့လို့

    • kai

      June 15, 2017 at 3:14 pm

      ရှိပါ့.. ငုတ်တုတ်ကြီး..
      Aha! Jokes, Satire

  • ဇီဇီ

    June 15, 2017 at 7:52 am

    တရားစခန်း ရောက်နေဒါယားးး
    ခွိ။
    :k:

    • kai

      June 15, 2017 at 3:18 pm

      FB ထဲ.. သာကီဝင်မျိုးဆိုတာ.. ကျွန်မျိုးလို့ သုတေသနပြုထားတာတွေ့တာနဲ့.. ကျုပ်လည်း ဘာသာတရားတွေအကုန်ပေါင်းပစ်မလား တွေးနေလို့..။
      စကားအတင်းစပ်နော..
      သကျသာကီဝင် ဆိုတာ.. ကျွန်မျိုး..။ ဗုဒ္ဓရဲ့ခမည်းတော်က.. ပြည်နယ်စော်ဘွားအဆင့်လောက်ရှိတာ..။ သူတို့အခွန်ဆက်ရတဲ့.. ဧကရာဇ်..အဲဒီခေတ်မှာရှိတယ်တဲ့..။

      • kai

        June 16, 2017 at 5:43 am

        မှတ်တမ်းထားရန်တင်ပါသည်။

        ==============
        https://www.facebook.com/nyo.tun.5/posts/1880512802172593
        Nyo Tun
        May 29 at 8:20am ·

        ဒေါင့်(၁၁)

        {ဒေါင့် (၁၁) က ဒေါင့်(၃) မှာ ပါတဲ့ ကောလလဘုုရင်မှနေ၍ သူ့နိုုင်ငံအတွင်းမှာ ဘုုန်းကြီးယောင်ဆောင်ထားတဲ့ အစိုုးရစပိုုင်တွေ လွှတ်ထားတဲ့ ဇာတ်လမ်းက ဆက်လက် ချိတ်ယူပါတယ်။ အဓိကရည်ရွယ်ချက်က ကောသလဘုုရင် အကြောင်း၊ မြတ်စွာဘုုရားခေတ် အိန္ဒိယတိုုက်ရဲ့ လူမှု ၊ နိုု်င်ငံရေး ဝန်းကျင်တွေကိုု ပိုုမိုု သိမြင်နားလည်လာဖုို့ပါ။ ပြန်ဖတ်နိုုင်ဖုို့ links တွေကိုု comment မှာ ချိတ်ပေးထားပါတယ်။ }

        သည်လိုုဗျ၊ အမေရိကန်ပြည်ထောင်စုု အခြေခံဥပဒေရဲ့ ဗိသုုကာဟာ ဂျိမ်းစ်မက်ဒီဆန်ဆိုုတာ လူတော်တော်များများ သိကြတယ်။ အိန္ဒိယနိုုင်ငံ အခြေခံဥပဒေ ဗိသုုကာဟာ ဘယ်သူလဲဆိုုရင် သိသူ အလွန်ရှားတယ်။ သူ့နာမည်က ဒေါက်တာ အန်ဘက်ကာ လိုု့ ခေါ်တယ်။ သူ့ရဲ့ ဒေါက်တာဘွဲ့က ဘောဂဗေဒပညာရပ်ဘက်က ပါ။ အလွန်တရာ ထူးခြားချက်တခုု ရှိတာကတော့ ဒေါက်တာအန်ဘက်ကာဟာ ဗုုဒ္ဓဘာသာဝင်တဦး ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ် အိန္ဒိယရဲ့ ပထမဆုုံး တရားရေးဝန်ကြီးဖြစ်သူ ဒေါက်တာအန်ဘက်ကာဟာ သူကိုုယ်တုိုင်လည်း ‘ဗုုဒ္ဓကျမ်း’ တွေကုို ပြုစုုရေးသားခဲ့ပြီး ဗုုဒ္ဓဒသန ကိုု နိုုင်ငံရေး စီးပွားရေးဆိုုင်ရာ အတွေးအခေါ်တွေမှာ ဝင်ဆန့် အသုုံးချလာလိုု့ ရအောင် ထင်ရှားပြောင်မြောက်စွာ ကြံဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

        ဒေါက်တာအန်ဘက်ကာ ရေးသားခဲ့တဲ့ ဗုုဒ္ဓဝင်ကျမ်း အရဆိုုလျှင် ဘုုရားလောင်းသိဒ္ဓတ္တ အသက် ၂၈ နှစ် ရှိတဲ့အခါမှာ ကပိလဝတ် (သိဒ္ဓတ္တရဲ့ တုိုင်းပြည်) ဟာ ရောဟိဏီမြစ်ရေကိုု အကြောင်းပြုပြီး မြစ်တဖက်က ကောလိယနိုုင်ငံနဲ့ စစ်ထိုုးဖိုု့ ပြင်ဆင်ကြပါတယ်။ အဲသည် အချိန်မှာ သိဒ္ဓတ္တဟာ သက္ကလူမျိုးတွေရဲ့ သင်္ဂဟကောင်စီမှာ ကောင်စီဝင်တဦး အနေနဲ့ ပါဝင်ပါတယ်။ သင်္ဂဟကောင်စီဆိုုတာ ခုုကျုပ်တိုု့ မြန်မာနိုုင်ငံက အမျိုးသား လုုံခြုံရေးကောင်စီ နဲ့ ဆင်ပုုံရပါတယ်၊ ကပိလဝတ်နိုုင်ငံဟာ စစ်ပွဲထဲဝင်မလား မဝင်ဘူးလား ဆိုုတာကိုု အဆုုံးအဖြတ်က သင်္ဂဟကောင်စီက ချမှတ်တာ ဖြစ်ပါတယ်။

        ကောလိယနုိုင်ငံနဲ့ စစ်တိုုက်မလား၊ မတိုုက်ဘူးလားဆိုုတဲ့ အဆုုံးအဖြတ်နဲ့ ပတ်သက်ပြီး သင်္ဂဟကောင်စီရဲ့ ဥက္ကဌဖြစ်သူ သေနာပတိ နဲ့ သိဒ္ဓတ္တတိုု့ဟာ အပြင်းအထန် အငြင်းပွားကြပါတယ်။ ထိုုအချိန်မှာ မြစ်ရေသွားခတ်တဲ့ ကပိလဝတ်တိုုင်းသားတွေဟာ ကောလိယနိုုင်ငံသားတွေရဲ့ တိုုက်ခိုုက်မှုကိုု ခံရတဲ့အတွက် ကပိလဝတ် တနိုု်င်ငံလုုံးဟာ အမျက်ချောင်းချောင်း ထွက်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ သင်္ဂဟစစ်ကောင်စီက အဖွဲ့ဝင်တော်တော်များက ‘ချမယ်၊ ဆော်မယ်’ ပေါ့။ သေနာပတိဟာ ကောလိယနိုုင်ငံကိုု ကပိလဝတ်က စစ်ကြေငြာဖုို့ ကောင်စီဝင်တွေမှနေ၍ ထင်မြင်ချက်ပေးဖိုု့ရန် တောင်းဆိုုပါတယ်။

        စစ်မတိုုက်ဖိုု့ အစည်းအဝေးမှာ ထပြီးကန့်ကွက်တာ သိဒ္ဓတ္တပါ။ သေနာပတိ နဲ့ သိဒ္ဓတ္တနဲ့ဟာ ဆန့်ကျင်ဘက်ဖြစ်နေပြီး အဆိုုကိုု မဲခွဲကြပါတယ်၊ မဲခွဲတော့ သိဒ္ဓတ္တဘက်က လူနည်းစုုက ရပ်တည်ပြီး သေနာပတိဖက်က လူများစုုက ထောက်ခံတဲ့အတွက် ဘုုရားအလောင်းတော်ဟာ ရူံးနိမ့်သွားပါတယ်။

        နောက်တနေ့ အစည်းအဝေးဆက်လုုပ်တဲ့ အခါမှာ ‘စစ်တိုုက်မိန့်’ ရလိုုက်ပြီ ဖြစ်တဲ့ သေနာပတိဟာ အသက် ၂ဝ မှ ၅ဝ အတွင်း သက္ကလူမျိုး လူငယ်များအားလုုံး စစ်ပွဲထဲဝင်ဖုို့ တပ်ဖွဲ့စည်းရန် ဆင့်ခေါ်တဲ့ အမိန့်ကိုု သင်္ဂဟကောင်စီမှ အတည်ပြုပေးဖိုု့ တင်ပြပါတယ်။ သေနာပတိကိုု ထောက်ခံတဲ့ လူများစုုအတွက်က ဒါဟာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် သိဒ္ဓတ္တဟာ ထပ်ပြီး ကန့်ကွက်ပါတယ် “ရန်ဆိုုတာဟာ ရန်နဲ့ ပြေငြိမ်းရိုုးမရှိ၊ ရှေ့တနေ့က မဲရူံးခဲ့ပေမယ့် လူငယ်များကိုု စစ်ထဲဆွဲသွင်းမှုလုုပ်ရပ်ကိုု ကျွနုု်ပ်အနေဖြင့် ဆက်လက်ကန့်ကွက်ရမှာ ဖြစ်တယ်” လိုု့ သိဒ္ဓတ္တက ပြောပါတယ်။

        ကျနော် မီးမောင်းထိုုးပြချင်တဲ့ အချက်တချက်က သိဒ္ဓတ္တက သေနာပတိအား မိမိ၏ ကန့်ကွက်မှု စကားရပ်အတွက် အကြောင်းပြတဲ့ ဆင်ခြေပါ။

        “ငါတိုု့ သက္ကလူမျိုးတွေဟာ အခုုလိုုပဲ စစ်မာန်စစ်သွေးတွေ တက်ကြွခဲ့တဲ့အတွက် ကောသလတိုုင်းရဲ့ လက်အောက်ခံဘဝကိုု ငါတုို့လူမျိုးတွေ ကျရောက်ခဲ့ရတာကိုု မမေ့သင့်ဘူး”

        သေနာပတိ နဲ့ သိဒ္ဓတ္တရဲ့ စကားအသွားအလာ အရဆိုုလျှင် ကပိလဝတ်ပြည်ဟာ ကောသလတိုုင်းရဲ့ လက်အောက်ခံ “ကျွန်နိုုင်ငံ” တခုု ဖြစ်ပါတယ်။ ဒေါက်တာအန်ဘက်ကာဟာ သက္ကတဘာသာနဲ့ ဗုုဒ္ဓကျမ်းဂန်တွေ၊ တခြားသုုတေသနတွေ့ရှိချက် တွေက ယူရေးတယ်လိုု့ ယူဆရပါတယ်။ ဘာလိုု့လဲဆိုုတော့ ရှေ့ပိုု့စ်တခုုမှာ ကျနော်ဖော်ပြခဲ့တဲ့ ဒေဝဒတ် နဲ့ အငြင်းအခုုံဖြစ်ခဲ့ကြတဲ့ “အပစ်ချခံရတဲ့ တောရိုုင်းဌက်” ဇာတ်လမ်းဟာလည်း ဝန်ကြီးရေးတဲ့ ဗုုဒ္ဓဝင်မှာ အကျဉ်းကလေး ပြန်ပါလာတာကိုု တွေ့တယ်။

        သိုု့သော် ပါဠိ(ထေရဝါဒ) ဖက်က ဗုုဒ္ဓကျမ်းဂန်တွေမှာလည်း ကပိလဝတ်ဟာ ကောသလတိုုင်းကြီးရဲ့ လက်အောက်ခံနိုုင်ငံသာ ဖြစ်တယ် ဆိုုတဲ့ အချက်ကိုု သက်သေခံထားတဲ့ စာသားတွေကိုု တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ဒိဃနိကယ်တွင်းမှ “အရင်းမူလကိုု ပြသခြင်း” လုို့ အဓိပ္ဗာယ်ရတဲ့ အဂ္ဂညသုုတ်မှာ

        “သာကီဝင်တိုု့သည် ကောလသဘုုရင်၏ လက်အောက်ခံလူမျိုး (ကျွန်လူမျိုး) တုို့ ဖြစ်လေ၏။ သူတိုု့သည် ကောသလဘုုရင်ကိုု ရိုုကျိုးဦးခိုုက်ကြရကုုန်၏။ လျောက်ပတ်သောနေရာကိုု ပေးကာ လျောက်ပတ်သောဝတ်တိုု့ကိုု ပြုကြရကုုန်၏”

        ဟုု ပါဝင်တာကိုု တွေ့ရပါလိမ့်မယ်။

        နောက်ထေရဝါဒဖက်က ဗုုဒ္ဓဝင်တနေရာမှာလည်း မာဂဓတိုုင်းရဲ့ ဘုုရင် ဗိဗ္ဗိသာရနဲ့ တွေ့တဲ့အခါမှာ ဘုုရင်ကမေးတဲ့ “နင် ဘယ်ကလာသလဲ” ဆိုုတဲ့ မေးခွန်းကိုု “ကောသလတိုုင်းက လာတယ်” လိုု့ ဖြေထားတာကိုု တွေ့ရပါလိမ့်မယ်။ သည်တော့ သက္ကတ ဗုုဒ္ဓကျမ်းဂန်တွေဖက်မှာ ထင်ရှားသလောက်၊ ပါဠိဖက်ကလည်း ငြင်းမရနိုုင်တဲ့ အချက်ဟာ ကောသလဘုုရင် ပသေနဒီဟာ ဘုုရားလောင်းသိဒ္ဓတ္တနဲ့ တကွ သူ့ဆွေတော်မျိုးတော်တွေ၊ သကျ(သာကီဝင်) လူမျိုးတရပ်လုုံးကိုု အုုပ်ချုပ်နေတဲ့ အာဏာအရှိဆုုံး ဘုုရင်ဖြစ်ပါတယ်။ လွယ်လွယ်မှတ်မယ် ဆိုုလျှင်တော့ ကပိလဝတ်ဟာ ကောသလဘုုရင်ရဲ့ လက်အောက်ခံ ပြည်ငယ်ကလေး တခုုပဲ ဖြစ်ပါတယ်။ ကပိလဝတ်ဟာ ကောသလတိုုင်းကိုု သူတိုု့ရဲ့ လွတ်လပ်ရေးကိုု ဆုုံးရူံးခဲ့ရတာ ဖြစ်ပါတယ်။

        ကပိလဝတ်နိုုင်ငံငယ်ကလေးဟာ အိန္ဒိယတိုုက်ရဲ့ အင်ပါယာ တိုုင်းပြည်ကြီးတခုုအား အချုပ်အချာအာဏာကိုု ဆုုံးရူံးခဲ့ရတာပေါ့။ အချုပ်အချာအာဏာကိုု ဆုုံးရူံးခဲ့ရတဲ့ သက်သေသာဓကဟာ သေနာပတိနဲ့ သိဒ္ဓတ္တတိုု့ စကားပြောခန်းမှာ ထပ်မံပြီး ပါပါတယ်။
        လူနည်းစုုခေါင်းဆောင် သိဒ္ဓတ္တဟာ သေနာပတိပေးတဲ့ ‘စစ်မှုထမ်းရန် အမိန့်’ ကိုု မဲရူံးခဲ့လင့်ကစား သူ့အနေနဲ့ မနာခံနိုုင်ဘူးလိုု့ အတင်းငြင်းပါတယ်။ စစ်ထဲသူဝင်မတိုုက်နိုုင်ဘူးပေါ့။
        သည်အခါမှာ စစ်ကောင်စီခေါင်းဆောင် သေနာပတိဟာ သိဒ္ဓတ္တကိုု အခုုလိုု သတိပေးပါတယ်

        “သိဒ္ဓတ္တ၊ မင်းကြည့်ရတာ ဥပဒေကိုု နားလည်ထားတော့ မောက်မာနေပုုံ ရတယ်။ ကောသလတိုုင်းရဲ့ ဥပဒေအရ ငါတိုု့ ကပိလဝတ် သင်္ဂဟကောင်စီရဲ့ အမိန့်ကိုု မနာခံတဲ့သူကိုု စီရင်ဖိုု့ဆိုုတာ ကောသလဘုုရင်ရဲ့ သဘောတူညီချက်လိုုတယ် ဆိုုတာကိုု မင်းသိထားတယ်။ မင်းကိုု အပြစ်မပေးနုိုင်ဘူးလုု့ိ မင်းသိထားတဲ့ အတွက် မင်းဟာ မောက်မာနေတာပဲ”

        သေနာပတိက စကားဆက်ပါတယ်။

        “သိုု့သော် ငါတိုု့ ကပိလဝတ်အာဏာပိုုင်တွေသက်သက် နဲ့ပဲ မင်းကိုု စီရင်နိုုင်တဲ့ ကိစ္စတွေကိုု ငါပြောမယ်။ ငါတုို့ဟာ မင်းကိုု ကားစင်တင်ခွင့် မရှိပေမယ့် (ကောသလဘုုရင်ကနေ သဘောတူညီမှသာ ကားစင်တင်နုိုင်ပေမယ့်) မင်းရဲ့ မိသားစုုကိုု ပြည်သူ့ချဉ်ဖတ်ဆိုုပြီး မင်းတိုု့နေနေတဲ့ အိမ်ကနေ မောင်းချ နှင်ထုုတ်နိုုင်တယ်”

        ဤစကားအသွားအလာအရ ဆိုုလျှင် ဖခင်သုုဒ္ဓေါဒန”မင်း” ဆိုုတာဟာ သူ့နုိုင်ငံမှာ အာဏာအရှိဆုုံး လူရယ်လိုု့လည်း ဟုုတ်ဟန် မတူဘူးဗျ။ သေနာပတိက ပြောတဲ့ဟာက “လူများစုု ဆုုံးဖြတ်ချက်သာ အတည်” ဆိုုတဲ့ ဒီမုိုကရေစီကို အားကိုုးအားထားပြုပြီး ပြောနေတာပဲ။ ဖြစ်ချင်းဖြစ် သုုဒ္ဓေါဒနမင်းဆိုုတာဟာ သက္ကလူမျိုးတွေထဲမှ လူရုိုသေ၊ ရှင်ရိုုသေ ခေါင်းဆောင်အကြီးပိုုင်းတွေ ထဲက တယောက်(သိုု့) ဂုုဏ်သရေရှိ ခေါင်းဆောင်ဟောင်းကြီး တယောက် ဖြစ်နိုုင်တယ်။ အကြွင်းမဲ့ အာဏာရှိတဲ့ monarch (ဧကရာဇ်ဘုုရင်) မဟုုတ်ဘူး။

        အဲသည် ခေတ်အခါက သက္ကလူမျိုး အာဏာပိုုင်တွေဟာ ဘယ်လိုုလုုပ်သလဲဆိုုရင် သူတိုု့ အာဏာကိုု ကန့်လန့်တုိုက်တဲ့ လူတွေကိုု ရဟန်းဝတ်ခိုုင်းလိုုက်တာပေါ့။ စကော်လာ ပညာရှင်တွေရဲ့ (ယုုံကြည်ရလောက်တဲ့) ယူဆချက်တခုုဟာ ဘဒ္ဒိယ၊ အနုုရုုဒ္ဓါတိုု့ ရဟန်းဝတ်ကြတယ်ဆိုုတာ တကယ်က မဟာနာမ(ထုိုစဉ်က သက္ကလူမျိုးတုို့ရဲ့ အကြီးအကဲ) ဟာ သူ့နဲ့ အာဏာလာပြိုင်ဖိုု့ရာ ရှိနေတဲ့ သူတွေကိုု ရဟန်းဝတ်အောင် တမင်ဖိအားပေးခဲ့တာ ဖြစ်နိုုင်တယ် ဆိုုတဲ့ အချက် ဖြစ်ပါတယ်။ မဟာနာမ မတိုုင်ခင် ရှေ့ဖက် အဖြစ်အပျက်မှာ သူ့နဲ့ အာဏာလာပြိုင်နေတဲ့ သိဒ္ဓတ္တကိုု သေနာပတိဟာ လမ်းသုုံးခုုထဲက ရွေးခိုုင်းပါတယ်

        (၁) စစ်ထဲဝင်မလား
        (၂) သေဒဏ်ကျခံ (သိုု့) တိုုင်းပြည်က နှင်ထုုတ်တာ ခံမလား
        (၃) သူ့မိသားစုုကိုု အိမ်ပေါ်ကနှင်ချပြီး ပစ္စည်းဥစ္စာတွေကိုု သိမ်းယူတာကိုု ခံမလား

        သိဒ္ဓတ္တက (၁) ဟာ သူ့ရွေးချယ်ပိုု်င်ခွင့် ဖြစ်တဲ့ အတွက် သူဘယ်နည်းနဲ့မှ မရွေးဘူးလုို့ ဆိုုပါတယ်။ မိမိရဲ့ ဆုုံးဖြတ်ချက်ကြောင့် သူတပါး ဘေးဥပဒ်ကျရောက်လာမယ့် (၃) ကိုုလည်း မယူနိုုင်ပြန်ပါဘူး။
        သည်တော့ (၂) ကိုု ရွေးတယ်လိုု့ ဖြေကြားပါတယ်–– သတ်ချင်ရင်လည်း သတ်၊ နှင်ထုုတ်ချင်ရင်လည်း နှင်ထုုတ်။

        သေနာပတိက သူ့အခက်အခဲကိုု ပြောပါတယ် “နင်က သည်လိုု ရွေးချင်တယ်။ သိုု့သော် ငါတုု့ိက နင့်ကိုု သတ်မယ်၊ တိုုင်းပြည်ကနှင်ထုုတ်မယ် ဆိုုရင်လည်း ပသေနဒီ (ကောသလဘုုရင်) က မေးရင် ငါတိုု့မှာ ဖြေစရာမရှိဘူး”

        သည်အခါမှာ သိဒ္ဓတ္တက ဖြေရှင်းနိုုင်တဲ့ တချက်ကိုု ပြောပါတယ် “ဒါဆုိုသည်လိုုလုုပ်၊ ငါရဟန်းဝတ်လိုုက်မယ်၊ ဒါဆိုု ငါ့ကိုု နင်တုို့ (ဘုုရင်က သဘောမတူပဲ) တုိုင်းပြည်က နှင်ထုုတ်တယ်လုို့ ကောသလဘုုရင်က ယူဆလိုု့ မရတော့ဘူး”

        အဲသည် အဖြစ်အပျက်ဟာ သိဒ္ဓတ္တဂေါတမကိုု တောထွက်စေခဲ့တဲ့ အဖြစ်အပျက် အဖြစ် ဒေါက်တာအန်ဘက်ကာ ပြုစုုထားတဲ့ ဗုုဒ္ဓဝင်မှာ ပါဝင်ပါတယ်။ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ တချက်ကလည်း ခင်ဗျားတိုု့ မှတ်မိကြအုုံးမလားတော့ မသိဘူး၊ ရှေ့ဘက်ပိုု့စ် တခုုမှာ ကျနော် ဖော်ပြခဲ့တဲ့ မဇ္ဈိမနိကယ်၊ အရိယာပရိယေသနသုုတ္တန်က စာသားဖြစ်တဲ့

        “ငါ၏ ဖခင်နှင့်မိခင်တိုု့သည် တခြားသောလမ်းကိုု ငါ့အား လုိုက်စားစေလိုုကြရာ သူတိုု့သည် သည်းထန်စွာ ငိုုကြွေးကြကုုန်၍ မိဘနှစ်ပါး၏ မျက်နှာသည် မျက်ရည်ဖြင့် ပြည့်လျှမ်းကြ
        ကုုန်၏ ။ ငါသည်ကား ဆံမုုတ်ဆိတ်တိုု့ကိုု ပယ်ပြီးလျှင် ဖန်ရည်စွန်းသော ဝတ်ရုုံကိုု ဝတ်ဆင်ကာ ထုိုအချိန်မှစ၍ အိမ်ရာမရှိသော သာမဏဘဝတွင် မွေ့လျော်ခဲ့သည်”

        နဲ့ ဆင်တူတဲ့ အဖြစ်အပျက်ဟာ ဒေါက်တာအန်ဘက်ကာ စီရင်တဲ့ ဗုုဒ္ဓဝင်မှာ ပါပါတယ်။ ငိုုကြွေးသော မိခင်ကိုု ပဇာပတိ ဂေါတမီဟုု ဖော်ပြထားပါတယ်။ သည်မှာလည်း တခြား ဗုုဒ္ဓဝင်တခုုရဲ့ ဇာတ်လမ်းဟာ ကျနော်တုို့ဆီမှ “ပင်ရင်းကျမ်းဂန်ပါ” ဆိုုတဲ့ ထေရဝါဒကျမ်းဂန်ထဲမှ သာမန်စာသားများနဲ့မတူ၊ အလွန်ထူးခြားစွာ ရပ်တည်တည်ရှိနေတဲ့ စာသားတခုုလုုံးနဲ့ လုုံးဝတိုုက်ဆိုုင်နေခြင်း ဖြစ်ပါတယ်။

        အခုု ပြောသလောက် အနှစ်ချုပ် အချက်တွေကိုု ထုုတ်ရရင် ဘုုရားလောင်းသိဒ္ဓတ္တဟာ ဘာမှ မသိမလေ့လာ၊ လူ့လောကကြီးနဲ့ ထိတွေ့မှု မရှိဘဲနဲ့ နှစ်ဆယ့်ကိုုးနှစ် လူ့ဘဝကြီးကိုု လွန်မြောက်ခဲ့တယ် ဆိုုတဲ့ ––ကျနော်တုို့ ဗုုဒ္ဓဝင်ဖက်မှ –– တော်တော်ကိုု ယုုတ္တိမရှိလှသော “စည်းစိမ်ခံ ဘုုန်းကံရှင်” ဇာတ်လမ်းကြီးဟာ လက်တွေ့အပြင်မှာ မဖြစ်နိုုင်ကြောင်း ကျနော်တိုု့ ရိပ်စားမိနိုုင်ပါတယ်။ ပထမတချက်က မဖြစ်နုိုင်ဘူးဆိုုရင် သူအိုုသူနာ စသဖြင့်ကိုု တွေ့လုု့ိ တောထွက်တယ်ဆိုုတာဟာလည်း (ဘုုရားလောင်းတိုုင်းဟာ နိမိတ်ကြီးလေးပါးကိုု တပုုံစံတည်း တွေ့ပြီး တောထွက်တယ်) ဆုိုတဲ့ အချက်ဟာလည်း တပါတည်း မှားယွင်းကြောင်း ကျနော်တုို့ ပယ်ချနိုုင်ပါလိမ့်မယ်။

        နောက်အဓိကကျတဲ့ တချက်က ကောသလတိုုင်းရဲ့ ဘုုရင် ပသေနဒီဟာ ကျနော်တိုု့ဖက်က ဗုုဒ္ဓဝင်တွေမှ ဖော်ပြယူဆသလိုု ခပ်တုုံးတုုံး ခပ်လေးလေး လူတယောက် ဟုုတ်ဟန်မတူဘူး။ သူ့လက်အောက်ခံနိုုင်ငံတခုုရဲ့ ဥပဒေကိုု သူကချုပ်ကိုုင်ထားတဲ့ ပုုံစံ၊ သူ့အင်ပါယာရဲ့ အချုပ်အချာအာဏာကိုု စုုစည်းကိုုင်တွယ်ထားတဲ့ ပုုံစံကို အကဲခတ်ကြည့်လျှင် သည်ပုုဂ္ဂိုလ်ဟာ အင်မတန် ထက်မြက်စူးရှသူတဦး ဆိုုတာကိုု ကျနော်တုို့ ခန့်မှန်းနိုုင်ပါလိမ့်မယ်။

        သည်တော့ နောက်ဆုုံးကောက်ချက်တခုုအနေနဲ့ဆိုု ပသေနဒီနဲ့ ပတ်သက်ပြီး ဘာသာပြန်ရူဒေါင့်ကိုု ကျနော်တုို့ ပြောင်းကြပါမယ်။ ဗုုဒ္ဓကိုု မျက်စိမှိတ်ကြည်ညိုသော ဗုုဒ္ဓဘာသာ၏ ဒါယကာတော်ရင်းဆိုုတာထက် ဗုုဒ္ဓကိုု တန်ပြန်နိုုင်လောက်အောင် ခွန်အားစွမ်းအင် ထက်မြက်သူ (သိုု့) ဗုုဒ္ဓကိုု ထိန်းချုပ်ရန်အတွက်ပင် ကြိုးစားနေသူ အဖြစ် ကျနော်တုို့ ပြန်ကြပါမယ်။ အဲသလိုုမျိုး ပိုုပြီး သဘာဝကျတဲ့ ဘာသာပြန် ရူဒေါင့်အသစ်ကိုု ပြောင်းလုိုက်လျှင် ကျနော်တုို့ရဲ့ ဗုုဒ္ဓတရားဟာ ကျနော်တုို့ အလျင်ကထားရှိခဲ့တဲ့ ရူဒေါင့်ထောက် အများကြီး ကျယ်ဝန်းနက်နဲလာသလောက် အလွန်တရာ စိတ်ဝင်စားစရာ ကောင်းလာတာကိုုလည်း ကျနော်တိုု့ တွေ့ရပါမယ်။ ဗုုဒ္ဓတရားမှာ ကျနော်တိုု့ သိစရာတွေ အများကြီး ကျန်ပါသေးတယ်။

        • ဇီဇီ

          June 16, 2017 at 8:33 am

          အခုမှ ဖတ်ဖူးတယ်ဗျ။
          ကျေးဇူးပါ။
          🙂
          ဒါဖြင့် အရင် ဗုဒ္ဓဝင်တွေ စာအုပ်တွေ ဘာလုပ်ပစ်ရတော့မလားပဲ။
          :mrgreenn:
          တစ်ကိုယ်စာ အတွေးပြောရရင် အဲဒါတွေ စိတ်မဝင်စားဖူးရယ်။
          လူလိုပြောရမယ်ဆိုရင်တော့ ကိုယ့် ဘာသာတရားက ဘုရားရဲ့ အတွေးအခေါ်နဲ့ အဆုံးအမကိုပဲ လေ့လာသင့်တယ်။
          :mrgreenn:
          သဒါ တရားကို အားပြုတဲ့ ဘာသာဝင်တွေ အတွက်ဆို ခုရေးထားကြီးက တုန်လှုပ်စရာကြီးရယ်။
          ဘာတန်ခိုးကိစ္စ ဘာ မစ်ရီကယ်မျိုးမှ မပါဘူးလေ။

          :k:

        • kai

          June 16, 2017 at 10:08 am

          လူသားဗုဒ္ဓက.. နှောင်းလူတွေလုပ်မှ.. တန်ခိုးတွေနဲ့.. မစ်ရီကယ်ကြီးဖြစ်သမို့.. ဗုဒ္ဓရဲ့ အတွေးအခေါ်တွေဟာ.. ကမ္ဘာကနေကွယ်ဖို့လမ်းလျှောက်ခဲ့ရတယ်လို့.. စ်..။
          ဆိုတော့..
          ကျုပ်ကတော့.. လူသားဆန်လေ..ပိုကြိုက်လေပဲ..။ :k:

        • padonmar

          June 17, 2017 at 9:44 pm

          သူကြီး
          ဓမ္မဘေရီ ဆရာတော်ကြီးနဲ့ ဓမ္မဂင်္ဂါဆရာတော် ကို တွေ့ဖူးလား။
          သူတို့ Lecture တွေ( တရားပွဲလို့ သုံးရင် သူကြီးက တွန့်နေမှာ) နားထောင်ဖူးလား။
          LA ရောက်ရင် သွားတွေ့စေချင်ပါတယ်။ သူကြီး လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရမယ့်သူတွေပါ။
          သူတို့ သင်တဲ့ သင်တန်းမှာ ကပိလဝတ်ဆိုတာ နိုင်ငံငယ်လေး ဆိုတာရယ်၊ သုုဒ္ဓေါဒနမင်းကြီးက နိုင်ငံငယ်ရဲ့ ဘုရင်ဖြစ်လို့ ကောသလကို အခွန်ဆက်နေရတာကြောင့် သူ့သားကို စကြဝတေးမင်း သိပ်ဖြစ်စေချင်တယ် ဆိုတာတွေ ပါပါတယ်။
          ဒီဆရာတော်တွေက ကျမ်းဂန်ကို ခေတ်မီမီ လေ့လာနေကြပါတယ်။
          ကျမတို့ကတော့ ကျမ်းရင်းတွေ မဖတ်နိုင်တော့ ဖတ်နိုင်တဲ့ ဆရာတွေ ပြောပြတာကို ချင့်ချိန် ယုံကြည်ပါတယ်။
          ဒါပေမယ့် ကပိလဝတ်က နိုင်ငံငယ် ဖြစ်တာနဲ့ ဘုရားလောင်း စည်းစိမ်ခံမခံ ဆိုတာတွေက သိပ် အရေးမကြီးပါဘူး။
          ဒါတွေ မမှန်ရင်လည်း ဘုရားဟော တရားတွေရဲ့ အနှစ်သာရကို ကြည်ညိုလေးစားတာ မပျောက်ပါဘူး။

        • kai

          June 18, 2017 at 5:28 am

          ဓမ္မဘေရီ ဆရာတော်နဲ့ တွေ့ဖူးပါတယ်..။ သချိ င်္ုင်းတွေမှာ အသုဘကသိုဏ်းရှုတဲ့အကြောင်းတောင်ရှင်းပြခံလိုက်ရသေးတယ်..။
          တရားတော့ မဆွေးနွေးခဲ့ရပေမယ့်.. လွန်ခဲ့တဲ့လကတော့.. ရန်ကုန်တခြားတယောက်နဲ့.. တရားအကြောင်းနည်းနည်းဆွေးနွေးခွင့်ရသား..။
          တန်ခိုး အဘိဉာဉ်နဲ့.. ရှေ့ဘဝနောက်ဘဝကို.. အဘိဓမ္မာနဲ့ယှဉ်ဆွေးနွေးကြည့်တာပါ..။
          အဖြေမရပဲ.. အဟောက်တောင်ခံလိုက်ရသေး.။

          ထေရာဝါဒရဲ့ တရားဆရာတွေ.. ပြဿနာက.. ဗုဒ္ဓတရားတွေစစ်တယ်..။ မှန်တယ်…ဆိုပြီး.. တခြားဘာသာ..သာသနာတွေကိုမလေ့လာပစ်ပယ်တာလို့ထင်တယ်..။
          ပြီးတော့.. ကိုယ်(ထေရာဝါဒ)က(သာ) ဗုဒ္ဓသာသနာအကြောင်းအသိ/အတတ်ဆုံးလို့မှတ်နေတာလို့.. ထင်တယ်..။

        • padonmar

          June 17, 2017 at 9:48 pm

          ( ဒေဝဒတ် နဲ့ အငြင်းအခုုံဖြစ်ခဲ့ကြတဲ့ “အပစ်ချခံရတဲ့ တောရိုုင်းဌက်” ဇာတ်လမ်းဟာလည်း )
          အဲဒါ ထေရဝါဒ ကျမ်းတွေထဲ မပါဘူးလို့ ဖတ်ရဖူးတယ်။
          ငွေဥဒေါင်းရဲ့ ဗုဒ္ဒစာပန်းချီမှာ ဒီဇာတ်လမ်း ထည့်ရေးထားတယ်။
          အဲဒါ တကယ်ဟုတ်မဟုတ်ကလည်း သိပ် အရေးမကြီးပါဘူး။
          ဒီဘဝ ရန်ငြိုးဟာ ဒီက မစလည်း တနေရာက စမှာပဲ။

  • kai

    June 15, 2017 at 3:50 pm

    ရုပ်က.. ဖြစ်ရပ်ပျက်… ၃ခုတွဲ.. တခု….။
    နာမ်က.. ဖြစ်ရပ်ပျက်…၃ခုတွဲ.. ၁ရခု..။
    အပြန်အလှန်လည်း.. ဘယ်လိုချိပ်ဆက်နေမှန်းမသိ..။ သေချာတာကတော.. ဖြစ်ပြီး.. ခဏတည်နေတယ်.. ပြီးရင်ပျက်တယ်..။
    ပျက်တယ်..။ တည်နေတယ်။ ဖြစ်တယ်မဟုတ်..။ ရှေ့သာသွားလို့ရ.. နောက်ပြန်သွားမရ..။

    ဆိုတော့..
    ကွန်ပျူတာမှာ.. Binary Digit သုံညနဲ့ တစ်..။ 0 ကအပိတ်.. 1ကအဖွင့်ပေါ့..။
    Binary Digits – So, there are only two ways we can have a binary digit (“0” and “1”, or “On” and “Off”)
    အဲဒါကို ထရမ်စစ္စတာတွေက.. အဖွင့်အပိတ်နဲ့ အလုပ်လုပ်တယ်..။
    ဒီလိုနဲ့.. A ဆိုတဲ့.. စာလုံးတလုံးကို.. ဖြစ်လာဖို့..Binary မှာရေးရင် 01100001 လိုတယ်..။
    သဘောက.. A ဆိုတဲ့ စာလုံးကို.. အမေရိကားကနေ.. မြန်မာပြည်မယ်မြင်စေချင်ရင်.. အင်တာနက်ကနေ..01100001 ဆိုတဲ့သဘောကိုသယ်သွားရမယ်..။
    ဟဒ်ဒစ်မှာ.. 01 လို့ သံလိုက်တောင်မြောက် ဝင်ရိုးစွန်းနဲ့..မှတ်ရမယ်..။ဃီ ပြားမှာမှတ်မယ်ဆို.. စီဒီပြားရဲ့.. အောက်ကိုနိမ့်နေတဲ့တွင်းကလေးက.. 0 ဆို… အပေါ်မြင့်တာလေးက.. 1 ဆိုတာနဲ့.. လို့.. ပလပ်စတစ်ဖလင်ပြားပေါ်ရေးထားရမယ်..။

    ရုပ်တခုထဲက.. ၃ဒစ်ဂျစ်..။ -1, 0,+1 ရှိတယ်ဆို.. ဒေတာတွေဘယ်လောက် ပို့နိုင်မလဲ..တွေးကြည့်လို့ရပါတယ်..။

    ဆိုလိုတာက…
    လူသားဟာ.. သေတဲ့အချိန်မှာ.. ဘဝသစ်ကိုသွားလို့ရနိုင်ကောင်းရနိုင်ပေမယ်.. နောက်ပြန်ပြီး.. အတိတ်ဘဝကို..သွားဖို့ဆိုတာမဖြစ်နိုင်ကြောင်း..။
    ကြည့်ရတာ.. လက်ရှိဘဝရဲ့.. ဦးနှောက်ထဲကနေ ဖန်တီးပြီးမြင်ကြည့်တာသာဖြစ်မယ်ဖြစ်ကြောင်း..။

    ခပ်ရှုပ်ရှုပ်ပဲ..။ အဘိဓမ္မာကျမ်းကြေသူနဲ့.. အေးဆေးဆွေးနွေးချင်သား..။

  • aye.kk

    June 15, 2017 at 4:08 pm

    ဤတစက္ကန် ့လေးကိုအားနာမိပါတယ်
    စိတ်ဆိုတဲ့(နမ်)ကိုလိုက်မမီလို ့ပါ။

    • kai

      June 15, 2017 at 4:20 pm

      “ဤတစက္ကန့်” စာလုံးကို.. ဘိုင်နရီနဲ့ရေးရင်..
      11100001 10000000 10100100 11100001 10000000 10010000 11100001 10000000 10000101 11100001 10000000 10000000 11100001 10000001 10100000 11100001 10000000 10010100 11100001 10000000 10111001 11100001 10000010 10010100

      ကမ္ဘာကနေ..အဂ င်္ါဂြိုလ်ကို..”ဤတစက္ကန့်” စာလုံးလေးပို့မယ်ဆို.. ရေဒီယိုလှိုင်းကို.. အပေါ်တက်.. 1၊ အောက်ဆင်း 0 ဆိုတဲ့အတိုင်းထားပြီး.. အဲဒီဘိုင်နရီ အတွဲကို.. ပို့လိုက်တာပဲ..။ အဘိဓမ္မာအရ.. ဝီထိ.. အစဉ်တန်းကြီးနဲ့တူမလားပဲ..။
      တစက္ကန့်ရဲ့ အပုံ တသိန်းပုံတပုံအချိန်လောက်အတွင်းဖြစ်တာပါ..။ :k:

  • သင့်အေးရိပ်

    June 15, 2017 at 6:39 pm

    တရား ရတယ် ရတယ်ဆိုတာမှာ . . .
    တရားကို သိပ္ပံနည်းကျကျ ရပြီး
    သိပ္ပံနည်းကျ တရားပေါက်လာတာမျိုး ပိုသဘောကျတယ်။

    အခု ပိုစ့်ကလည်း သိပ္ပံနည်းကျ တရားပြ

    • kai

      June 16, 2017 at 5:28 am

      သိပ္ပံနည်းကျဆက်ပြောမယ်..။
      ကွန်ပျုတာက ဂိမ်းတွေ.. အင်တာနက်တွေ.. မိန်းမယော်ကျားပုံတွေက.. Visual World ပုံရိပ်ယောင်ကမ္ဘာပဲ..။
      မူလက.. 01 ဘိုင်နရီ ၂ခုသာပဲ..။
      ဒါတွေကနေ.. အလှဆုံးမိန်းမပုံဖေါ်လို့ရသလို.. ကြောက်စရာအကောင်းဆုံးတစ္ဆေလဲဖန်တီးလို့ရတယ်..။ ဒီခေတ်ဆို.. ဒီဒစ်ဂျစ်တယ်တွေကြည့်ပြီး/ဖတ်ပြီး/မြင်ပြီး…. ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူတွေတောင်.. ရှိတယ်..။
      ဘဝတခုလုံးမုန်းသွားတဲ့သူ.. ချစ်သွားတဲ့သူတွေရှိတယ်..။

      http://www.mirror.co.uk/news/weird-news/e-fit-computer-creates-faces-the-5425951
      ==
      လူသတ္တဝါဆီပြန်လာပြီး.. ရုပ်။နာမ်နဲ့စစ်ကြည့်မယ်..။
      ဖြစ်တယ်..တည်တယ်..ပျက်တယ်.. ဆိုတဲ့ ဥပါဒ်ဌီဘင်နဲ့ သွားနေကြတာမှာ.. ကြောက်တယ်။ မုန်းတယ်။ ချစ်တယ် ဆိုတဲ့ စီကွင်န့်..ဖြစ်စဉ်ကို ထည့်စဉ်းစားတွေးခေါ်သွားရင်.. အဲဒီကိလေသာအကျိုးဆက်တွေနဲ့.. အကြောင်းအကျိုးဆက်ဖြစ်သွားရော..။
      အဲလိုမတွေးပဲ.. ကြောက်စရာ။ မုန်းစရာ။ ချစ်စရာတွေတွေ့ဦး.. ဒါက ငါစဉ်းစားတွေးခေါ်လိုက်တဲ့အတိုင်းဖြစ်ကြတာပဲ.. မူလက.. ဥပါဒ်ဌီဘင် ပဲဆိုတဲ့အသိနဲ့ထိန်းချုပ်ပြီး.. အဖြစ်သင့်ဆုံး၊ အဖြစ်နိုင်ဆုံးကို.. အစွဲကိလေသာမပါပဲ.. ဆုံးဖြတ်လိုက်လို့ရပုံရပါတယ်..။
      ဒါဆို.. အဲဒီလိုတွေးသူက.. သောတာပန်တည်တယ်လို့ထင်တယ်…။

      အစွဲမပါပဲတွေးတာ.. စဉ်းစားတာ..လုပ်တာမို့.. Butterfly Effect အရ. သူကနေဆင့်ပွားသွားတဲ့ အဖြစ်အပျက်တော်တော်များများဟာလည်း.. အစွဲနည်းသွားတယ်..။
      အဖြစ်သင့်ဆုံး… အကောင်းဆုံးနဲ့ အနီးဆုံး ဖြစ်ရတယ်..။

  • kai says:
    ဤဒွန္ဒယာကြီးဟာ.. ဩကာသလောကကြီးဟာ.. မိခင်သဘာဝတရားဟာ.. တိတိကျကျ.. ဗရမ်းဗတာထဲ.. စနစ်တကျဖြစ်နေပါတယ်..။

    ဗမာဆန်ဆန်.. တရားစကားနဲ့ဆို..
    “ယေဓမ္မာ ဟေတုပ္ပဘဝါ” အကြင်တရားတို့သည် အကြောင်းကြောင့်ဖြစ်ကြကုန်၏ .. လို့ဆိုမယ်..။
    သာဓု…သာဓု…သာဓု..ပါသဂျီးမင်း

Leave a Reply