ဆိုး ခရု – So Cute

ဇီဇီJune 15, 20173min120238

ဟိုနေ့က တဂျီးကို ခရုချက်နည်းဆိုပေးတော့ သူက ခရုဆိုတာ ဒါမိုးလား ဆိုပြီး (မြန်မာ အခေါ် ခရု ခေါ်တဲ့) ပက်ကျိလိုအကောင်ကို လာပြတယ်။

အာ့အကောင်မျိုးကို ဘိလပ်အခေါ်က “snail” လို့ ခေါ်တာတော့ သိတယ်။

Snail

 

 

 

 

 

 

 

 

 

စားရတဲ့ ခရု အခွေမျိုးက “escargot” လို့ ခေါ်သတဲ့။

 

.

 

 

 

 

 

 

 

 

ဟေးဟေးဟေးး
ကိုယ်ပြောတဲ့ ချက်နည်းက ခရုဆိုတာ အခွံ ၂ ခြမ်းကွဲ အကောင်မျိုး။
ဂစ်ဂစ်!!
သိထားတာတွေက တလွဲတွေချည်းဖဲ။
ခက်ထာက ရှာလိုက်တော့လည်း စားလို့ရတဲ့ အခွံ ၂ ခြမ်းကွဲ အကောင်မျိုးတွေချည်းတွေ့ပြီး မျောက်စိလည်တာကမြန်မာလို ခွဲခြားမခေါ်တတ်ဘူးး။
.
ဂုံး ရယ်၊ကမာရယ်၊ ခရုရယ်၊ ယောက်သွားရယ် ဘယ်ဟာက ဘာခေါ်မှန်းမသိဘူးး! ငိငိ

 


.
အကုန်စားတတ်တာမို့ အကုန်လုံးကို ဆိုး ခရု (so cute) လို့ သတ်မှတ်ပြီးစားလိုက်ရတာ အလွယ်ဆုံးပဲ။
ဟီးဟီးး။
.
.

ခုမှ သိချင်လာလို့ ထမေးတာ။

ဆရာ လပြည့်  အဖြေတွေက…..

၁) ဂုံး – Clam

Clams

 

 

 

 

 

 

 

 

 

၂) ယောက်သွား – Mussel

Mussels

 

 

 

 

 

 

 

 

 

 

၃) ပင်လယ်ခူ – Scallop

Scallops

 

 

 

 

 

 

 

 

 

၄) ကရုကမာ – Oyster တဲ့ ခည။

Oysters

 

 

 

 

 

 

 

 

 

 

 

 

လွဲနေရင် ပြင်ပေးဂျပါအူး..

:mrgreenn:

ချက်နည်းတွေက နောက် တစ်ပို့(စ) လာမယ်ညော်။

ဒါက အရင် လာသိမ်းထားတာ။

 

 

 

“abalone” လည်း မြန်မာလို ဘယ်လိုခေါ်တုန်းမသိဖု။

Abalone

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Photo Credit – Internet

 

 

 

38 comments

  • Novy

    June 15, 2017 at 9:59 am

    ခရုတောင် အမျိုးပေါင်းများစွာရှိ ရခိုင်စားသောက်ဆိုင်မှာကတော့ စေတီခရု / ဖင်ချွန်ခရုလို့ခေါ်တယ်
    တရုပ်စားသောက်ဆိုင်တွေမှာတော့ အလုံးပုံ စုံနေတာပဲ
    ခရုံစုပါပဲ

    • ဇီဇီ

      June 16, 2017 at 8:43 am

      ဒီမှာ အဲဒီ စေတီခရုကို ငရုတ်သီးနဲ့ကြော်တာ။
      အနှစ်က စားလို့ အရမ်းကောင်းတယ်။
      မချက်တတ်ဘူး

      :k:

  • Novy

    June 15, 2017 at 10:01 am

    abalone ကို ပင်လယ်ခရု ပါတဲ့

  • Shar Thet Man

    June 15, 2017 at 3:59 pm

    ရခိုင်သွားရင်း စစားဖူးတဲ့အစားအစာထဲမှာ ခရုပါတယ်…ခရုပေါ်စေ့တို့၊ ခရုစေ့တို့အရမ်းစားကောင်းတယ်…ခရုစေ့ကိုပိုကြိုက်တယ် ခရုပေါ်စေ့ကလည်း ကင်ပွန်းချဉ်ရွက်နဲ့ ချက်စားရင် အရမ်းကောင်းတယ်

    • ဇီဇီ

      June 16, 2017 at 8:44 am

      အမက ခရုအမျိုးအစားတွေ လည်တည်တည်မို့ရယ်။
      အစုံစားဖူးတာ အားကျတယ်

      🙂

      • ရခိုင်မှာပြုတ်ပြီးတွယ်ချိတ်နဲ့ထွင်စားရတဲ့ခရုသေးသေးတွေစားဖူးတယ်..ရခိုင်အခေါ်တော့ “ဂရိုက်ချေ”ဆိုပဲ
        စေတီခရုကိုတော့ ရခိုင်လို “မရွက်” လို့ခေါ်သဗျ…ဘိလပ်အခေါ်တော့မသိဘု
        တောင်သမန်အင်းထဲကစမ်းလို့ရတဲ့ ဂုံး နဲ့ ယောက်သွား လည်းစားဖူးတယ်..

  • kai

    June 15, 2017 at 4:04 pm

    ငယ်ငယ်က.. စားဖူးတာ.. ဘာတဲ့ “ရှပ်”ဆိုလား..
    ဂုံးလိုအကောင် ပေါက်စနလေးတွေ အခြောက်လှမ်းထားတာထင်တာပဲ..။

    အင်း..
    ပြောရင်းနဲ့.. ကမာ အွိုင်းစတားအရှင်ကောင်ကို.. ယောက်သွားကြားထဲ..ဓားထိုးထည့်.. အခွံလှန်ခွာပြီး.. အထဲကအသားကို အစိမ်းလတ်လတ်ဆပ်ဆပ်.. စားချင်လာပြီ…။

    • kai

      June 16, 2017 at 4:58 am

      ရှည်ပြီး ရှာလိုက်တာ.. ရှပ်တွေ့တယ်ဗျ..
      https://htetfamily.com/2014/04/28/%E1%80%9B%E1%80%BD%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%A5%E1%80%B9%E1%80%85%E1%80%95%E1%80%B9%E1%80%B1%E1%80%99%E1%82%8A%E1%80%B8%E1%80%9F%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AD/

      ထားဝယ်ဒေသက.. Clam တမျိုးပဲ..
      ချက်နည်းလေးပါ,ပါ..

      ဆိုတော့..
      ဂျပန်တွေ အဲဒီ ဂုံးတွေထဲ သဲပါတတ်တာမှာ ဟင်းချိုချက်ရင်.. ကျလိကျလိနဲ့ မဖြစ်အောင်.. သဲထုတ်နည်းလေးရှိတာမျှမယ်..။
      အဲဒီအကောင်အရှင်တွေကို.. သံချောင်း၃-၄ချောင်းနဲ့အတူ.. ဇကာထဲထည့်… ပြီး.. ရေပုံးထဲ ဇကာကိုနစ်အောင်ထား..။
      အဲဒီအကောင်တွေ ရေထဲကသံဆိပ်တက်လာတာ မခံနိုင်ဘူး.. အခွံကိုဟပြီး.. သဲတွေအန်ထုတ်တယ်…တဲ့..။
      တချို့ကတော့ ငရုပ်ကောင်းတွေဖြူးချလိုက်တာမြင်ဖူးတယ်..။

      • ဇီဇီ

        June 16, 2017 at 8:40 am

        ရှပ်ချဉ်စပ်မွှေးဟင်းချို (တနင်္သာရီတိုင်းအစားအစာ)
        Danuphyu Daw Saw Yee (London)

        ဒီဟင်းက အရည်သောက်လေးပါ။ ချဉ်ချဉ်စပ်စပ်လေးပါ။ စပါလင်နံ့သင်းသင်းနဲ့ မွှေးလဲအလွန်မွှေးပါတယ်။ တနင်္သာရီတိုင်းဘက်က ရှပ်၊ ကမာ၊ ဂုံး ပင်လယ်စာအလွန်ပေါများပြီး လတ်ဆတ်လှတာမို့ ဒီလိုဟင်းလေးတွေအမြဲတွေ့ရတတ်ပါတယ်။ ကျမသားကြီး အလွန်ကြိုက်တဲ့ ပင်လယ်စာဟာ ကျမအတွက် ခဏခဏ ချက်ပြုတ်ရတဲ့ဟင်းများဖြစ်ပါတယ်။ ရှပ်အကောင်လေးတွေက ချက်လိုက်ရင်ခဏနဲ့ပွင့်သွားရပါမယ်။ မပွင့်ပဲကျန်ခဲ့ရင် မလတ်လို့ပါ။ ပြီးရင် ချက်ပြီး ပြီးချင်းစားဖို့လိုပါတယ်နော်။ ပင်လယ်စာဟာ အခန့်မသင့်ရင်ဝမ်းပျက်တတ်လို့ လတ်လတ်ဆတ်ဆတ်သာစားစေချင်ပါတယ်ရှင်။
        ပါဝင်ပစ္စည်းများ
        -ရှပ် အကောင် ၂ဝလုံးခန့်
        -ကြက်သွန်နီ
        -ကြက်သွန်ဖြူ ၂မွှာ
        -ငရုတ်သီးစိမ်း ၂တောင့်
        -စပါလင် ၁တောင့်
        -ဆနွမ်း ပါလေကာမျှအနဲငယ်
        -ဂျင်း အနဲငယ်
        -ဆား
        -အရသာမှုန့် ၁ဇွန်း( အချိုဇွန်း)
        -ငရုတ်ကောင်းအနဲငယ်
        -သံပုရာ တခြမ်း
        ကြက်သွန်လေးစိတ်ကွဲ လှီးထားပါ။ အဖြူကို ဓားပြားရိုက်ထားပါ။ စပါလင်ကို ခပ်စောင်းစောင်းလေး ရိတ်ရိတ်လှီးထားပါ။ ငရုတ်သီးစိမ်းကို လဲအနေတော်လှီးထားပါ။ ရှပ်ကောင်လေးတွေကိုတော့သဲစင်အောင် ရေဆေးထားပါ။

        ဒယ်အိုးထဲကိုဆီအနဲငယ်ဖြင့် အပူပေးပြီး ကြက်သွန်နီ၊ ဖြူ တို့ကို စပါလင်၊ ဂျင်း၊ ဆနွမ်း တို့ထဲ့မွှေပါ။
        ကြက်သွန်နွမ်းပြီးမွှေးလာရင် ရှပ်ကောင်လေးများထဲ့ကာ ရေပူပူကို မြုပ်ရုံထဲ့ ငရုတ်သီးစိမ်းပါရောပါ။ ဆား၊ အရသာမှုန့်တို့ရောပါ။
        ရှပ်ကောင်လေးများ ပွင့်လာပြီဆိုရင်းသံပုရာညှစ်ကာ ငရုတ်ကောင်းခတ် ပြီးချက်ချင်းပူပူလေး ချဉ်ချဉ်စပ်စပ်သုံးဆောင်နိုင်ပါပြီရှင်။

      • ဦး လေး မန်း

        June 16, 2017 at 8:54 am

        ရှပ်​ကို ဘိတ်​ဖက်​က သီတံနဲ့ကင်​ပြီးလဲ​ရောင်​းတယ်​ အသုပ်​ လဲ​ရောင်​းတယ်​ ဆီပြန်​လဲချက်​တယ်​ဗျ။

  • ဦးကျောက်ခဲ

    June 15, 2017 at 5:48 pm

    ခရုကို ထိုင်းရောက်မှ အမျိုးစုံအောင်စားဖူးတာ …
    မင်္ဂလာဆောင်မှာ ဘိသိက်ပေးပြီးရင် မှုတ်တဲ့ခရုမျိုးလည်းစားဖူးတယ် …
    မပျော့မမာ နူးနူးညံ့ညံ့နဲ့ ကျောက်ပုဇွန်ထက်ကောင်း၏ …
    ၂၀၀၁ ဘန်ကောက်ဆင်ခြေဖုံး ၊ ပင်လယ်ကမ်းစပ်နားမှာ အလုပ်လုပ်တုန်းက …
    ယောက်သွား – Mussel ဘာလီပုံးနဲ့ တစ်ပုံးမှ ဘတ်-၃ဝ …
    ညနေစောင်းရင် ယောက်သွားကို ရေစင်အောင်ဆေးပြီး ကဖောင်းရွက်နဲ့ပြုတ်…
    ငန်ပြာရည် ငရုတ်စိမ်း ကြက်သွန်ဖြူဆော့စ်နဲ့တွယ် … ရှလွတ်စ် :k:
    Clam နဲ့ Scallop က မီးဖုတ်စား ၊ Oyster က အစိမ်းစား … ကိတ်၏ :k:

    • ဇီဇီ

      June 16, 2017 at 8:42 am

      အဲဒီ ခရုသင်းမှုတ်တဲ့ ခရုမျိုးကကျ စလုံးကို ဂျပန်ကနေပို့သတဲ့ဗျ။
      ဟင်းတစ်ပွဲကို ဒေါ်လှ ထောင်ချီတယ်ရယ်။
      ဪ။
      အစား တဏှာ

      :k:

      ချက်နည်းတွေ မှတ်ပြီလေ။

      :k:

  • သင့်အေးရိပ်

    June 15, 2017 at 6:34 pm

    ခရုကြိုက်တဲ့မောင်
    ဒီပိုစ့်မြင်ပြီး ရခိုင်ဆိုင် ပြေးမှ ဖြစ်တော့မယ်။
    အညာဒေသ ရောက်နေချိန်မို့ ရခိုင်ဆိုင်ကလည်း
    ရှားနေချိန်

    • ဇီဇီ

      June 16, 2017 at 8:45 am

      မမဂျီး အတွက်ပါ ပိုစားခဲ့ပါ ဆက်ဆက်

      :k:

  • •*¨နန်းတော်ရာသူ •*¨

    June 15, 2017 at 9:12 pm

    ခရုကိုလုံးဝမလုပ်တတ်
    စားလို့တော့ကြိုက်

    • ဇီဇီ

      June 16, 2017 at 8:46 am

      ဟုတ်ပါ့။
      တစ်နည်းပဲ ရေလုံပြုတ်တတ်တယ်။
      ဟိ။
      စားဖို့ဆိုရင်တော့ လာခဲ့

      :k:

  • တောတွင်းပျော်

    June 15, 2017 at 9:59 pm

    ပက်ကျိချက်နည်းကော မရေးတော ့ဘူးလား :k:

    • kai

      June 16, 2017 at 5:15 am

      အမေရိကသစ်တောတွေထဲ.. ငှက်ပျောပတ်ကျိဆိုတဲ့အကောင်ရှိတယ်..
      တကယ်ကို အဝါရောင်နဲ့.. ငှက်ပျောသီးလောက်ရှိတာ..။
      သစ်တောဝန်ထမ်းတွေက.. အဲဒီအကောင်ရှိရင်.. ဘေးမှာရပ်နေပြီး.. ကလေးတွေလာရင်ခေါ်.. ပေးကိုင်တယ်..။ အကောင်အကြောင်းရှင်းပြတယ်.။

      အသားတုံးချည်းမို့.. ချက်စားရင်တော့ အရသာရှိမလားပဲ..။

      Banana slug
      Animal
      Banana slug is a common name for three North American species of terrestrial slug in the genus Ariolimax. These slugs are often yellow in color and are sometimes spotted with brown, like a ripe banana. Wikipedia
      Scientific name: Ariolimax
      Class: Gastropoda
      Phylum: Mollusca
      Higher classification: Arionidae
      Kingdom: Animalia
      Did you know: The banana slug is the mascot of the University of California, Santa Cruz. wikipedia.org

    • ဇီဇီ

      June 16, 2017 at 8:46 am

      မချက်တတ်လို့ တောထဲ စားနည်းလေးရှိရင် ပေးပါအု

      :k:

  • kai

    June 16, 2017 at 5:03 am

    ဒါကတော့ ဂျပန်တွေရဲ့ ဖေးဘရိပ် ဟင်းချို..။ အယ်လ်အေမှာ ဘူဖေးဆိုင်တချို့သွားရင်.. မိဆောဟင်းချိုရယ်..။ Clam ပြုတ်ရယ် သပ်သပ်စီ ချပေးထားတယ်.။
    ကျုပ်က.. ၂ခုကို ရောပြီး ဟင်းချိုလုပ်သောက်တယ်..။
    အဲဒါလုပ်နေရင်. ဘေးကလူတွေ အူကြောင်ကြောင်ဖြစ်လို့..။ :k:

    =
    Asari Miso Soup (Miso Soup with Clams)
    Ingredients

    ½ lb Manila clams (½ lb = 200 g)
    2 cups water (2 cups = 500 ml)
    2 inch kombu (dried kelp) (2″ = 5 cm) (optional, see Notes)
    2 Tbsp miso (I use awase miso)
    1 green onion/scallion

    For Degrit Clams:

    2 cups water
    1 Tbsp Kosher salt

    Instructions

    Gather all the ingredients.
    Japanese Clam Soup with Clear Broth Ingredients
    De-grit clams (Read my How To page for details and complete process). Even though they are “ready to use”, I highly recommend doing this process. Here’s a quick version. Add 1 Tbsp. salt in 2 cups water. Place a sieve in the bowl so that any sand and grit the clam purge would stay on the bottom of the bowl instead of being consumed by the clams again.
    Clam Miso Soup 1
    Place the clams inside the sieve without overlapping each other. The water level should be right around the clam’s mouth. If there isn’t enough salt water, make more using the same ratio of water and salt. Cover with aluminum foil (to make it dark) and leave it in a cool place for 2 hours. This should give clams enough time to purge sand and grit.
    Clam Miso Soup 2
    Wash the clams carefully with a brush. Clams are now ready to use.
    Clam Miso Soup 3
    Gently clean the dashi kombu with a damp cloth (DO NOT WASH) but leave the white powdery substances which contribute to the umami flavor in the stock.
    Clam Miso Soup 4
    Put clams, water, and dashi kombu in a pot and bring it to a boil over high heat.
    Clam Miso Soup 5
    When boiling, reduce heat to low.
    Clam Miso Soup 6
    Skim off scum and here’s how I do it. Prepare a cup/bowl of water and a fine mesh strainer and scoop off scum. Dip the strainer in water to clean while scooping.
    Clam Miso Soup 7
    Turn off the heat immediately after clams are all open. Remove the dashi kombu.
    Clam Miso Soup 8
    Add miso 1 Tbsp. at a time. Each brand of miso has different saltiness so adjust accordingly.
    Clam Miso Soup 9
    If you do not have a miso strainer, use a ladle and dissolve miso in there so you can make sure all the miso paste are dissolve before adding more.
    Clam Miso Soup 10
    When you are ready to serve, heat up miso soup, but DO NOT BOIL miso soup (because it will lose the miso flavor). Serve in miso soup bowl and sprinkle chopped green onion.

    Recipe Notes

    Kombu (dried kelp): If you don’t have dashi kombu, you can omit; however the flavor will lack nice umami from kombu.

    Preparation time is not including the time for de-gritting clams.

    • ဇီဇီ

      June 16, 2017 at 8:50 am

      ကောင်းမှာဗျ။
      ဆိမ့် နေမှာပဲ။
      ရှလွတ်။

      :k:

  • ဦး လေး မန်း

    June 16, 2017 at 8:57 am

    ငတ်​​နေပါတယ်​ဆိုမှ စား​ကောင်​း​သောက်​​ကောင်​း​တွေချည်​း တင်​​နေကြတယ်​။

    • ဇီဇီ

      June 16, 2017 at 9:16 am

      ကျော် က အစား တစ်လိုင်း မို့ပါ အူးလေးမန်းရယ်။
      ဟီးဟီး
      ခွင့်လွှတ်ပါ။
      ~~~~~~~~`

      Sea aquarium သွားပါတယ်!
      ငါးမန်းမြင်တော့ shark fin soup သောက်ချင်!
      ငါးကြင်းရွှေရောင်ငွေရောင်တွေမြင်တော့ ကြော်စားချင်!
      ဂျယ်လီငါးမြင် သုပ်စားချင်!
      ငါးလိပ်ကျောက်မြင် ကင်စားချင်!
      ကျောက်ပုဇွန်မြင် မီးဖုတ်စားချင်!
      ဂဏန်းမြင် ချက်စားချင်!
      ခရုမြင် ပြုတ်စားချင်နဲ့ အတော် အကုသိုလ် များနေပါလားးးး!
      ဝှါးးးးးးးးးးးး ??????

  • surmi

    June 16, 2017 at 1:23 pm

    ခရု သို့မဟုတ် ကမာ သို့မဟုတ် ဂုံး ကို ဘဲဥနဲ့ဆကျာ်တဲ့နည်းလေးအလင်းပြပါဗျို့ ။
    ဦးကျောက်ခဲရဲ့ မူလည်း ထည့်ရေးပေးစေလို :mrgreenn:

    • ဦးကျောက်ခဲ

      June 16, 2017 at 2:03 pm

      ဂုံး သို့မဟုတ် ကနုကမာ ပန်းကန်လုံး တစ်လုံးစာကို ရေဆေးပြီး ဆန်ကာလေးနဲ့စစ်ထား…
      ဘဲဥ ၂-လုံးလောက်ကို ငံပြာရည် တစ်ဇွန်း ပြောင်းဖူးမှုန့် တစ်ဇွန်း ငရုပ်ကောင်း သဘောလောက်နဲ့ သမအောင် ခေါက်ထား ။ ဘဲဥခေါက်ထားတာ အမြှုပ်ထွက်ပြီး ပွလာရင် ခရုတွေထည့် မွှေ ၊ သမသွားရင် ကျူးဆိုင် သို့မဟုတ် ကြက်သွန်မြိတ် ၃-ပင်လောက် ခပ်ကြမ်းကြမ်းလှီးထားတာကိုထည့်မွှေ ။ ပြီးရင် မကပ်တဲ့ ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး မီးအေးအေးနဲ့ အချပ်လိုက်ဖြစ်အောင် ကြော်ပါလေ (ကြော်ပြီးပြီးချင်း ပူပူနွေးနွေးကို သန့်စင်ထားတဲ့ ပဲပင်ပေါက် ပန်းကန်ထဲ အပေါ်ကထပ်တင်လိုက် ၊ ပဲပင်ပေါက် သဘောလောက် နွမ်းသွားရင် ရှယ်ပဲ) ။ ငရုတ်ဆီအချဉ်နဲ့ အတော်လိုက်တယ်… :k:
      ငွေဆောင်မှာ စားခဲ့တာက ယောက်သွားနဲ့ကြော်တာ ၊ သဘောလောက်တော့ မာတာပေါ့ ။ ယောက်သွားနဲ့ကြော်ရင် ကော်မှုန့် တဝက်လောက် လျှော့ထည့်ပါ …
      ဆန်းဒေး ဈေးသွားဖြစ်ရင် ကြော်ပြီး ပုံတင်လိုက်မယ်… :k:

  • sorrow

    June 16, 2017 at 5:38 pm

    မမလိုက်ကျွေးမယ်ဆိုတဲ့နေရာက ..ကနုကမာလေ ..အင်မတန်လတ်ဆတ်တယ်တဲ့ခင်ဗျ…ရော်ဘင်ဆန်ဆိုလား..ဟိုးအောက်ဆုံးထပ်ကလေ….အမငီး…စားမယ်ဆိုမှ အခွံခွာပေးတာကလား….

    • ဇီဇီ

      July 6, 2017 at 3:04 pm

      ဟုတ်တယ်။
      နောက်ခါလာရင် လိုက်ကျွေးမယ်/
      🙂

  • weiwei

    June 19, 2017 at 9:08 am

    ခရု တစ်ခါမှ မစားဖူးဘူး .. စားကြည့်ဖို့လဲ အစီအစဉ်မရှိဘူး .. မစားရဲပါဘူး … 🙂

    • ဇီဇီ

      July 6, 2017 at 3:05 pm

      ဟီးဟီးဟီးး
      ကျော်လည်း အစက မစားရဲဘူးး
      စားမိတော့လည်း ကြိုက်တာပဲ။

      :k:

  • ဇီဇီ

    July 6, 2017 at 3:04 pm

    ၁) ဖင်ချွန်းခရုတွေ (သို့) ဂုံး ရေဆေး
    ၂) ထမင်း ပေါင်းအိုးထဲကို ရေထည့် စပါးလင်ထည့်
    ၃) ပေါင်းအိုးပေါ်ကို ဆကာထဲ ဂုံး/ခရုတွေထည့်ပြီး တင်ပေါင်း
    ၄) ပေါင်းထားတုန်း ဆုံထဲကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထန်းညက် နံနံမြစ် ဆား၊ ငံပြာရည် ထည့်ထောင်း
    ၅) ထောင်းပြီးတဲ့ ချိုစပ် အနှစ်ထဲကို နံနံရွက် ပါးပါးညှပ်ထည့်၊ သံပုရာရည်ညှစ်
    ၆) ပေါင်းပြီးသား ခရုတွေထဲက အဆံထုတ်ပြီး တို့ စားစား နှစ်စားစား ဆမ်းစားစား ရပါပြီ

    (ခွိ။ ဟို ယိုးဒယားကောင်လေး စားပြတာကို ကွကို ဘာသာပြန်ထားတာ)
    :k:

    • ဦးကျောက်ခဲ

      July 6, 2017 at 3:20 pm

      ခရုဖင်ချွန်းက ဟင်းရည်ချက်သောက်လို့ အကောင်းဆုံးပဲ …
      သုပ်စားရင်လည်း မဆိုးဘူး ၊ ဒါပေမဲ့ အချဉ်နဲ့ထိရင် မာသွားတယ် …
      သောက်သောက်စားစား လူ့မင်းသားတွေ အကြိုက် …
      Escargot လို့ခေါ်တဲ့ ခြံတိုင်တွေမှာ တွယ်တက်တဲ့ ခရုရော စားဖူးလား …
      ကုန်းခရုလို့လည်းခေါ်တယ် … ပြင်သစ်တွေ အလွန်ကြိုက် …
      လယ်ခရု Snails တွေကို ချဉ်စပ်ချက်တာလည်း ကောင်း၏ … :k:

      • ဇီဇီ

        July 6, 2017 at 3:29 pm

        သူပြတဲ့ခရုတွေက Escargot တွေထင်ရဲ့။
        ကျော်ကလည်း မျက်စိမကောင်းး
        ဟီးဟီးး
        ခရုရသမျှ ဒီမှာလာလာ စုထားတာ။
        နမို့ တလ တလ ထမင်းဆိုင် အလျှင်မမှီဘူး

        :k:

  • ဇီဇီ

    July 6, 2017 at 3:21 pm

    ၁) ယောက်သွား ရေစင်အောင်ဆေး
    ၂) ထမင်း ပေါင်းအိုးထဲကို ရေထည့် စပါးလင်ထည့်
    ၃) ပေါင်းအိုးပေါ်ကို ဆကာထဲ ကမာ တွေ ထည့်ပြီး တင်ပေါင်း
    ၄) ပြီးရင် အခွံခွဲ အဆံတွေထုတ်
    ၅) ဆီအိုးတည် ငရုတ်သီးခြောက်ရယ် ကြက်သွန်ဖြူမညက်တညက်ရယ်ထည့် ဆီသတ်
    ၆)ယောက်သွားအဆံတွေထည့်ကြော်
    ၇) ဆား၊ ငံပြာရည်၊ ခရုဆီ ထည့်ကြော်
    ၈) မီးဖိုပေါ်က ချကာနီးမှ ပင်စိမ်းရွက်အညွှန့်လေးတွေထည့်ကြော်ပြီး အပေါ့အငံမြည်းကာ စားလို့ ရပါပြီ။

    (ခင်ဇော် ယိုးဒယားစကားမတတ်ပဲ ရမ်းသန်း ဘာသာပြန်သည်)

    :k:

  • CharTooLan

    July 6, 2017 at 4:20 pm

    ဘာခရုမှ မစားဖူးဘူး :(:

  • ဇီဇီ

    July 14, 2017 at 4:20 pm

    မဘုတ် နည်း
    ~~~~~~~~~~~~~
    ဂုံးကို အလွယ်နည်းကတော့ ရခိုင်လို အရည်သောက် စပ်စပ်လေးချက် ရှယ်ပဲ ။
    ဂုံးကိုအသားထုတ် (ဓားဦးချွန်နဲ့ ကလော်ပါ) ဖွဖွလေးရေဆေးပါ … မြန်မြန်ဆေးပြီး ဇလုံထဲထည့်ထားလိုက်ပါ ။
    ကြက်သွန်နီ ဖြူ ဂျင်းလက်တစ်ဆစ် ငရုပ်သီးမှည့် ငရုပ်သီးစိမ်းတွေကို သီတံထိုးပြီး မီးကင်ပါ ပြီးရင် ဆားအနည်းငယ် နနွင်းတို့နဲ့ မညက်တညက်ထောင်း ။
    ကောက်ရိုးမှိုကို ထက်ခြမ်းခွဲ ဦးကင်းပူတိုက် ၊ ညိုသွားရင်ထုတ်ထားပါ ။
    စပါးလင် လက်လေးသစ်ကို ထက်ခြမ်းခွဲပြီး ရေနို့ဆီဗူး တစ်ဗူးစာလောက် မီးပြင်းပြင်းနဲ့ပြုတ်ပါ ၊
    အနံ့မွှေးလာရင် ထောင်းထားတာတွေထည့် ၊
    မန်ကျည်းရည် စတီးဇွန်း-၂ဇွန်းလောက်ထည့် ၊
    မွှေပြီးရင် ကောက်ရိုးမှိုကိုထည့် ၊
    ရေပြန်ဆူလာရင် ဂုံးတွေထည့် ၊
    ငပိစိမ်းစားမီးကင် စတီးဇွန်းဝက်ထည့်ပြီး အရသာပြင် မီးချပါ
    (မီးကြာကြာတည်ရင် ဂုံးတွေပျော်ပြီး ငပိကခါးသွားတတ်လို့) ။
    ကြိုက်တတ်ရင် ကြက်သယင်းရွက် (သို့) ရှမ်းနံနံလေးအုပ်လိုက်… ပိုကောင်း 😀
    ရေအများကြီးမထည့်နဲ့ … မကောင်းဘူး ၊ သောက်ဆမ်း ဟင်းလှော်လို ရေစပ်ကျဲလေးပဲထည့်
    ရခိုင်နည်းကဆီမပါ ဟင်းချက်မှုန့်မသုံး

  • ဇီဇီ

    July 14, 2017 at 4:25 pm

    ကိုကိုကျောက် နည်း

    ဂုံးအစိမ်းထွင်ပြီးသားရရင် ကြက်ဥ/ဘဲဥ ကော်မှုန့် ကြက်သွန်မြိတ်နဲ့ ခရုကော်ကြော်ကြွပ်ကြွပ်လေးကြော်ပြီး
    ပဲပင်ပေါက် ငှက်ပြောဖူး ငရုပ်ချဉ်လေးနဲ့စား…
    အားဂျီးကောင်း

    စေတီခရုကို ရေနာနာဆေး…
    ထိပ်ချွန်လေး သုံးပုံတစ်ပုံကို ပလာယာနဲ့ဖြတ်ထုတ် ၊
    ဂျင်းထောင်း စပါးလင် ပဒဲကော ကြက်သွန်နီတံစို့ထိုးမီးကင် ငရုပ်သီးစိမ်းလေးစိတ်ကွဲနဲ့ ဟင်းရည်ချက် ၊
    ကျက်သွားရင် ရှမ်းနံနံလေးအုပ် ၊
    စားမယ်ဆို သွားကြားထိုးတံလေးနဲ့ အောက်ဘက်ကနေကလော် ၊
    အကြေးပြား အဝိုင်းလေးကိုထုတ် ၊ အသားကိုစား အရည်ကိုရှလွတ်…
    ပူစပ်ပူလောင် အားဂျီးကောင်း… ဝီနဲ့လိုက်မှလိုက်… ခွိ

    ကနုကမာကတော့ ကြက်သွန်ဖြူ Cheddar Cheese နဲ့ မီးကင်စားတာ အကောင်းဆုံး ။
    အစိမ်းစားမယ်ဆိုရင်တော့ ကျက်သွန်ဖြူ ငရုတ်စိမ်း သံပုရာရည် ပဲငံပြာရည်အကြည်ရောထားတဲ့ဆော့စ်ရည် ၊ကြက်သွန်နီကြော်ရယ် ၊ ဆူးပုတ်ရွက် အနုရယ်နဲ့တွဲစားပါလေ ။
    ရပ်ကွက်ကိုတော့ ဘာမီတွန် ဝေထားပေါ့ … ခွိ

Leave a Reply