စဉ်းစားပေးကြပါဦး

A mar nyoJune 22, 20171min19912

အခုအလုပ်မှာလုပ်နေတာ ၁နှစ်ရှိပါပြီ။ Account ပိုင်းနဲ့လုပ်နေတာပါ ဆရာတွေကတော့ ကိုရီးယားတွေပါ
Company တွေလည်းှဖွင့်ထားတာ ၃ခုရှိပါတယ်။ မြန်မာတစ်ခု နဲ့ နိုင်ငံခြားနှစ်ခုပါ။ မြန်မာcompanyက
တကယ်အလုပ်မလုပ်ပါဘူး။ ဖွင့်ထားတာပဲရှိပါတယ်။နှစ်ကုန်ရင် အခွန်အတွက်လုပ်ပေးရပါတယ်။တကယ်မရှိတဲ့
အတွက် လုပ်ရတာလည်းအဆင်မပြေပါဘူး။အခွန်များရင်လည်းမဆောင်ချင်ပါဘူး။ အဲ့ဒါအပြင် နိုင်ငံခြား company ကလည်းလုပ်ပေးရပါတယ်။ E ဆိုတဲ့
companyကတော့ ဖွင့်ထားတာ၂နှစ်ရှိပါပြီ။ အဲ့ဒါအပြင် Bဆိုတဲ့ company ထပ်ဖွင့်ပါတယ်။ E company ကိုလည်း
မပိတ်ပဲဆက်ဖွင့်ချင်ပါတယ်တဲ့။ အလုပ်မလုပ်ပဲပေါ့ ဒီသုံးခုကို အခု အခွန်လုပ်ပေးရမှာပါ။ အခွန်ပိုင်းမှာလည်း
ကျျွမ်းကျင်မဟုတ်ပါဘူး အခုမှစလုပ်ဖူးတာပါ။ အဲ့ဒါ ဒီcompanyမှာပဲဆက်လုပ်ရမလား မလုပ်ရဘူးလားစဉ်းစားနေလို့ပါ။
ရွာထဲကကူစဉ်စားပေးကြပါဦး။

12 comments

  • ဦးကျောက်ခဲ

    June 22, 2017 at 2:03 pm

    ပြောရတာတော့ အခက်သား …
    ဥပဒေပြင်ပလုပ်ငန်းတွေလုပ်ပြီး ငွေဖြူပြဖို့ ဟန်ပြထောင်ထားတဲ့ ကုမ္ပဏီဆိုရင်တော့…
    လစာကို မက်မနေနဲ့ … လစ်ဗျို့… အန္တရာယ်ရှိတယ် …
    လစာရပေမဲ့ အလုပ်မရှိရင် ဘဝတိုးတက်ဖို့မမြင် … ကျွမ်းကျင်လည်း ဖြစ်မှာမဟုတ်…
    စကားမစပ် Copy/Paste ဖြစ်နေတယ် … ပြန်ပြောင်းလိုက်ပါဦး …

    • A mar nyo

      June 22, 2017 at 4:55 pm

      ဥပဒေပြင်ပတော့မဟုတ်ဘူးထောင်ထာပြီးအလုပ်မလုပ်တာပါ အလုပ်မလုပ်တော့ဝင်ငွေလည်းမရှိဘူး ကုန်ကျစရိတ်လည်းမရှိဘူး အကုန်အတုလိုဖြစ်နေတယ်

    • A mar nyo

      June 23, 2017 at 1:27 pm

      Copy /pasted ဖြစ်နေတာဘယ်လိုပြောင်းရမလဲမသိဘူး အလင်းပြပေးပါဦး

  • ဟင် အာ့ဆို နိုင်ငံခြားကုမ္ပဏီအတွက် အလုုပ်လုပ်ပေးနေရတာလား..
    အခွန်ကိစ္စတွေက ရှော့ရှိတယ်… ဘာမှသင်ယူစရာမရှိဘူးဆိုရင် ဆက်မလုပ်တာကောင်းမယ်ထင်တယ်..

    • A mar nyo

      June 22, 2017 at 5:02 pm

      သင်ပြပေးမဲ့သူမရှိဘူး ကိုယ်ပဲဆရာကိုယ်ပဲတပည့် ဖြစ်နေတယ် တစ်ခုတည်းတောင်မနည်းညှိုနေရတာ အဆင်ပြေသလိုrunနေရတယ်

  • kai

    June 22, 2017 at 4:33 pm

    အမေရိကားမှာတော့.. အကောင့်တန့်ဆိုတာ.. ကုမ္ပဏီဝင်/ထွက်/စုဆောင်းငွေတွေကို.. အခွန်သက်သာအောင်.. ဥပဒေဘောင်ထဲကနေ.. လိမ်ပေး ညှိပေးရတာပဲ..။
    အကောင့်တန့်ရဲ့ ပရိုအလုပ်ပါ..။
    ပရိုဆို ပရိုအလုပ်လုပ်သင့်တယ်လို့သာထင်..။ :k:

    • A mar nyo

      June 22, 2017 at 5:07 pm

      သူကြီးရေတကယ်အလုပ်လုပ်တဲ့ companyဆိုရင်တော့လုပ်ပေးလို့ရပါတယ် ။၃ခုလုံးဆိုတော့စဉ်းစားရပါတယ်။ အလုုပ်မလုပ်တော့အခွန်လည်းမဆောင်ချင် ပိတ်ဆိုတော့လည်းမပိတ်ချင် ကိုယ်တစ်ယောက်တည်းနဲ့၃ခုလုံးဆိုတော့နည်းနည်းစဉ်စားရပါတယ် တကယ်အလုပ်လုပ်တဲ့companyတစ်ခုတည်းဆိုရင်အဲ့လောက်အာရုံမများပါဘူး

  • သင့်အေးရိပ်

    June 22, 2017 at 6:44 pm

    အလုက်ကောင်းတွေ အများကြီးက ဝန်ထမ်းကောင်းတွေ အများကြီးကို လိုအပ်နေတဲ့ ခေတ်တော့ ရောက်နေပြီ ထင်တာပဲ။

    တက်လမ်း ရှိ မရှိကလည်း ရှေ့ တစ်နှစ် နှစ်နှစ်လောက်ထိ ကိုယ့်အလုပ်ရဲ့အလားအလာကို မျှော်ကြည့်လို့ ရတယ် ထင်တာပဲ။

    ဆိုတော့ . . .
    ဒီထက် သေချာ ရေရာတာ တွေ့ရင် ပြောင်းစေလိုတာပဲ
    😆

    • A mar nyo

      June 23, 2017 at 1:30 pm

      တက်လမ်းရှိတယ်လို့ပြောလို့ရပါတယ် အခွန်နဲ့ပတ်သက်လို့ကိုယ်ပဲတာဝန်ခံနေသလိုဖြစ်နေလို့ ရှော့ရှိလာနိုင် လို့ပါ

  • padonmar

    June 22, 2017 at 9:26 pm

    ဘာမှ သင်ယူစရာ မရှိရင် မလုပ်သင့်လို့ ထင်ပါတယ်။

    • A mar nyo

      June 23, 2017 at 1:32 pm

      သင်ပေးမဲ့ဆရာမရှိပါအံတီpadonmarရေ ကိုယ်ပဲစုံစမ်းပြီးလုပ်နေရတာ အတွေ့အကြုံတော့ရတာပေါ့

  • surmi

    June 24, 2017 at 10:45 am

    အဲ့ဒါကလည်း ပညာတစ်ခုတော့ရစေပါတယ် ။
    (မတူတဲ့အတွေးနဲ့ မူကွဲမန့်တာပါ ယခင်မန်းဂဇက်စတိုင်အတိုင်းး :mrgreen: )
    ဆိုလိုတာက အဲ့လိုအဖြစ်မျိုးက ဒီနိုင်ငံမှာကမဆန်းဘူး ။
    ဆန်းတယ်လို့ထင်ရင်လည်း အဲ့ဒါ တကယ်မသိတာ သို့မဟုတ် မသိချင်ယောင်ဆောင်နေတာပါ ။
    ဘာကြောင့်အဲ့လိုလုပ်ကြတာလဲဆိုတော့ . .
    အကြောင်းရှိပါတယ်
    ခိုင်မာတဲ့အကြောင်းရှိပါတယ်
    ယခင် စစ်အစိုးရလက်ထက်ကတည်းက ဖြစ်တည်လာခဲ့တာပါ ။
    ဒီရွာထဲမှာ ဒီအကြောင်းကိုရှင်းပြနိုင်တဲ့သူ 90% ရှိပါတယ် ။
    သို့သော် . . .
    ကမ႓ာပတ်နေတဲ့ဝဘ်ဆိုဒ်ကြီးထဲ ပြောလို့မဖြစ်ဆိုတော့ . . .
    အပြင်မှာ ဆက်သွယ်ပြီး မေးပါလေ ။
    လူတချို့ကိုလည်းသိနေတာဘဲမဟုတ်လား

Leave a Reply