သီချင်းရေးခဲ့စဉ်က…(၃)…။

black chawJune 16, 20171min29048

အဆိုတော် ရာစု က
လှည်းတန်း အဝိုင်းမှာ ဖွင့်ခဲ့ဖူးတဲ့
ပဉ္စသိင်္ခ တေးသံသွင်းပိုင်ရှင်ပါ…။
သူ့ကို ရာစု အနေနဲ့ မဟုတ်ပဲ သိနေတာ ကြာပေါ့…။
အဲဒီကိုကို ရာစုက သူ့ရဲ့ မာစတာပိစ်

(သေတဲ့အထိ စောင့်နေစရာ မလိုပါဘူးဗျာ။
ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာမှ မဟုတ်တာ)

ဝါဆို သီချင်း ပါတဲ့
အချစ်နဲ့အတူ ဆိုတဲ့ စီးရီးစ်ထဲမှာ
ကျွန်တော် နဲ့ Ghost Riders မျိုးမျိုး ပေါင်းရေးတဲ့
ဝိုင်းစက်လှပ အမည်ရ သီချင်းတစ်ပုဒ်ကို
ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။
မျိုးမျိုး က တစ္ဆေရိုင်း စီးရီးစ်မှာ ဆိုခဲ့ပြီးသား…။
သူက အဟောင်းလေးတွေထဲက
သူကြိုက်တာလေးတွေ
စုစည်းပြီး ပြန်ဆိုတာပေါ့…။
၂၀၀၆ လောက်က ဖြစ်မယ်ထင်ရဲ့…။

ကျွန်တော့် အိတ်ကပ်ထဲမှာ ခြူးတစ်ပြားမှ မရှိချိန်…။
အိမ်တံခါး ခေါက်သံ ကြားလိုက်ရပါတယ်…။
ဖွင့်ကြည့်လိုက်တော့
ကျွန်တော့် သူငယ်ချင်း အရင်းခေါက်ခေါက်
ရှမိုင်း (Sai Shanmine) ဖြစ်နေပါတယ်…။
ရှမိုင်း ကလည်း စီးရီးစ် နှစ်ခွေ ထွက်ထားပြီးတဲ့
Country အဆိုတော်…။
အကျိုးအကြောင်းမေးကြည့်တော့မှ
ရှမိုင်းက ကျွန်တော် နဲ့ မျိုးမျိုး ပေါင်းရေးတဲ့ သီချင်းတစ်ပုဒ်ကို
သူ့မယားညီအစ်ကိုတော်တဲ့
ရာစု က ပြန်ဆိုချင်တဲ့အကြောင်း…၊
သီချင်းရေးခကို နှစ်ယောက်ပေါင်းရေးတာမို့
ကျွန်တော့် အတွက်
(၇၀၀၀၀) ကျပ် ပေးမှာ ဖြစ်ကြောင်း
ပြောလာပါတယ်…။
အို…ဒီက…စောင့်နေသူ
ဒီက …စောင့်နေသူပါ ကွယ်…။
ဘလက်ကြီးကတော့ ဒါမျိုးဆို အလိုက်ကြီးပဲပေါ့…။
ငွေ ရ သောင်း ကို လက်ခံပြီး
လက်မှတ်ရေးထိုးပေးရပါတယ်…။
ရာစု တစ်ယောက် အဲဒီ သီချင်းကို ဆိုတဲ့အတွက်
ကုသိုလ်တွေ တလေကြီး ရသွားပါတယ်ဗျာ…။
တစ်ပြားမှ သုံးစရာမရှိ တဲ့
ဘလက်ချော ကြီး က သာဓု ၁၅ ကြိမ်လောက်
ခေါ်ပေးခဲ့တာကြောင့်ပါ…။

ထားပါတော့ဗျာ…။
ရာစု နဲ့ ကျွန်တော် နဲ့ တွေ့ဖြစ်ကြရောဗျာ…။
ရာစု ဆိုတဲ့ ပုဂ္ဂိုလ် ရဲ့ ဥပဓိက အလန်းစားဗျ…။
ဒွေးလိုလို ဘာလိုလို ဗျ…။
သင်္ဘော ကက်ပ်တိန် လို့လည်း ပြောကြတာပဲ ဗျာ…။
ကျွန်တော်က လည်း
လောကဓံအထုအထောင်းကြောင့်
ရုပ်က တော်တော်ကျနေချိန်ဆိုတော့
ဒင်း ကို ကျွန်တော့် ထက်
ငယ်တယ်ထင်မိတာပေါ့…။
အဲဒါနဲ့…
သူ့ကို ကျွန်တော်က
“ဟေ့လူ ကိုရာစု
ခင်ဗျားက ကျွန်တော့်ထက်
ငယ်မယ်ထင်တယ်နော်”
လို့ ပြောလိုက်မိပါတယ်…။
ဒင်း က ဘာပြန်ပြောတယ်မှတ်လဲ…။

“ဟေ့လူ…ဟေ့လူ…
ခင်ဗျားထက် ကျွန်တော် ကြီးတယ်…။
ခင်ဗျားက ကျွန်တော့်ထက်ငယ်တယ်…။
ကျွန်တော့်ကို အစ်ကိုလို့ ခေါ်”
တဲ့…။
တကယ်လည်း ရာစုက ကျွန်တော့်ထက် ကြီးပါတယ်…။
ကျွန်တော့်မှာ ရယ်လိုက်ရတာဗျာ…။
ကိုယ့်ထက်ကြီးတယ် ဆိုတဲ့ လူကို
ကိုယ့်ထက်ငယ်တယ် ထင်နေမိတဲ့
အဖြစ်…။

အဲဒါနဲ့ ပဉ္စသိင်္ခ တေးသံသွင်းပိုင်ရှင် ရာစု…သည်
ကျွန်ုပ်ဘလက်ချော ၏ သီချင်းတစ်ပုဒ်ကို ဆိုခဲ့ဖူးသော
သမိုင်းတစ်ခု ရှိခဲ့ဖူးသည် တမုံ့တကားတည်း…။
(ဆက်ဦးမည်)

(BC)

8 comments

  • ဦး လေး မန်း

    June 16, 2017 at 7:39 pm

    အ​တော်​စုံတဲ့ ကိုဘလက်​ ​ပေါ့​နော်​။ ဂီတ​လောကထဲမှာ​ပေါ့။သီချင်​း​လေး​တွေရဲ့ရာဇဝင်​​လေး​တွေ သိရတာ​ပေါ့ဗျာ။

    • black chaw

      June 17, 2017 at 6:23 am

      @ ဦးလေးမန်း !!!
      ကွန်းမန် ့လေးအတွက်ကျေးဇူးပါဗျာ။

      (BC)

  • ဦးကျောက်ခဲ

    June 16, 2017 at 8:27 pm

    စာရေးလည်းထူးချွန် သီချင်းရေးလည်းရ ဂီတဘက်လည်း နှံ့စပ်တဲ့ “စွယ်စုံ ဆြာဘလက်” …

    • black chaw

      June 17, 2017 at 6:25 am

      @ ဦးကျောက်ခဲ !!!
      ဟိုမရောက် ဒီမရောက်ပါ ကိုကျောက်ရယ်။

      (BC)

      • black chaw

        June 17, 2017 at 6:26 am

        @ သင့်အေးရိပ် !!!
        အိပ်မက်တော့ ရှိတာပေါ့ဗျာ။

        (BC)

  • သင့်အေးရိပ်

    June 16, 2017 at 9:38 pm

    သီချင်းတွေ ပြန်ရေးပြီး ဆိုလည်း ဆိုပါအုန်း လေးဘလက်။
    ခံစားနားဆင် အားပေးဖို့ အသင့်။

  • surmi

    June 16, 2017 at 11:52 pm

    စာရေး ကဗျာရေး ဆိုတာထက်
    သီချင်းရေးရတာအခက်ဆုံးလို့ထင်မိတယ် ။
    ဖန်တီးမှုအပိုင်းကိုပြောတာပါ ။
    အလိုလိုဖြစ်ပေါ်လာတဲ့အနုပညာစံနှုံးကတော့အတူတူပါဘဲ ။
    သီချင်းရေးတတ်သူများကို အထူး(အထူး) အံ့ဩလေးစားလှသဗျာ 🙂

    • black chaw

      June 17, 2017 at 6:28 am

      @ surmi !!!
      သမီးလေးရဲ ့ အောဒီအတွက်
      ဂုဏ်ယူဝမ်းမြောက်မိပါတယ်
      ကိုဆာရေ။

      (BC)

Leave a Reply