နွေဦး တယောက် သံဝေဂတွေ ရပြီးသကာလ

ဖေ့ဘဇွတ် ပေါ်မှာ ဘယ်လို နေရင် စိတ်ချမ်းသာမလဲ လို့

နည်းလမ်းပေါင်းစုံ ဆရာပေါင်းစုံနဲ့ အကြံပေါင်းစုံ ထုတ် လိုက်တဲ့အခါ

အောက်ပါ ဖေ့ဘဇွတ်ပေါ် ချမ်းသာစွာ နေနည်းနိသယျဉ်း ကို အောင်မြင်စွာ တွေ့ရှိပါတော့တယ်…။

၁ ။  ။ မသိပါနဲ့ ။

၂ ။  ။ မပြောပါနဲ့ ။

၃ ။  ။ မတွေးပါနဲ့ ။

၄ ။  ။ မမေးပါနဲ့ ။

၅ ။  ။ မရေးပါနဲ့ ။

၆ ။  ။ မနာပါနဲ့ ။

ရ ။  ။ မပါ ပါနဲ့ ။

၈ ။  ။ မသာပါနဲ့ ။

၉ ။  ။ မညာပါနဲ့ ။

၁ဝ ။  ။ မအာချောင်နဲ့ ။

၁ ။  ။ မသိပါနဲ့ ။

Post တခုကို ဖတ်လိုက်တဲ့အခါ ကျွန်ုပ် သိနေတာတွေ ဖြစ်နေပေမဲ့

ကျွန်ုပ်ရဲ့ ချမ်းသာစွာနေနည်း စည်းမျဉ်း နံပါတ် ၁ အရ

မသိသလို သဘောထားပြီး ဖတ်ပါမယ် ။

၂ ။  ။ မပြောပါနဲ့ ။

Post ကို ဖတ်ပြီးတဲ့အခါ ဘာကြောင့်ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ်

ဒီ Post အကြောင်းကို မဝေဖန်မိ မေြပာမိ စေဖို့  သတိထားပါမယ် ။

၃ ။  ။ မတွေးပါနဲ့ ။

Post ကို ဘာအတွက်ရေးတာလဲ ဘယ်သူ့ကို ရည်ရွယ်ပြီးရေးတာလဲလို့

ဆက်စပ်ပြီး မတွေးမိ အောင် စိတ်ကို ထိန်းထားပါ့မယ် ။

၄ ။  ။ မမေးပါနဲ့ ။

Post ထဲပါတဲ့ အချက်တွေကို မရှင်းတာတွေ မသိတာတွေ ရှိရင် လဲ

ကိုယ့်ဘာသာ ကျိုးစားပြီး နားလည်အောင် လုပ်ပါ့မယ် ။

မသိလို့ မရှင်းလို့ မေးမိရင် Post ပိုင်ရှင်က ပညာစမ်းတယ် ထင်တတ်လို့

မမေးမိအောင်  ဆင်ခြင်ပါ့မယ် ။

၅ ။  ။ မရေးပါနဲ့ ။

Comment Box မှာ ကောင်းသည်၊ ဆိုးသည်၊ ကြိုက်သည်၊ မကြိုက်သည်၊ ဆိုတာမျိုးတွေ

ဝင်ပြီး ရေးမိတဲ့အခါ Post ပိုင်ရှင်နဲ့ တကွ Friends တွေကပါ ဝေဖန်ပြောဆိုလာတတ်ကြတော့

တခါတခါ ငယ်တဲ့အမှုက ကြီးသွားတတ်တာမို့ မရေးမိ  အောင်သတိပြုပါမယ် ။

၆ ။  ။ မနာနဲ့ ။

ဖေ့ဘဇွတ်ပေါ်မှာ နိုင်ငံရေး လူမှုရေးတွေနဲ့ တဖွဲ့နဲ့တဖွဲ့ ငယ်ကျိုးငယ်နာတွေ ဖေါ်ပြီး

တိုက်ခိုက်နေတာတွေက ဘေးချော်ပြီး ကိုယ့်ဘက် ထွက်လာ ထိခိုက်တာလဲ ခနခန ကြုံပါတယ် ။

ဒီလိုအခါမျိုးတွေမှာလဲ  မနာတတ် အောင် ကြိုးစားနေပါမယ် ။

ရ ။  ။ မပါ ပါနဲ့ ။

ဖေ့ဘဇွတ် ပေါ်က တိုက်ပွဲတွေကြားမှာ ဘုမသိဘမသိ ကန့်လန့်ကန့်လန့် နဲ့ ပါသွားရင်

ဟိုလူကဆဲလိုက် ဒီလူက ဆဲလိုက်နဲ့ အဆဲရေယဉ်ကြောမှာ မြောသွားတတ်တာမို့

လေတိုက်ပွဲတွေကြား  မပါမိ  အောင် ရှောင်နေပါ့မယ် ။

၈ ။  ။ မသာ ပါနဲ့ ။

ကိုယ်တင်လိုက်တဲ့ Post က Like ဘယ်လောက်ရတယ်. Comment တွေက ဘယ်လိုတွေရေးကြတယ်. ဘယ်နှစ်ယောက်က Share တယ်ဆိုပြီး မပျော်မိအောင် ဝမ်းမသာမိအောင် လူတကာထက် မသာအောင်  နေတတ်အောင် ဂရုစိုက်ပါမယ် ။

၉ ။  ။ မညာပါနဲ့ ။ 

တခါတခါ သိနေရဲ့သားနဲ့ မသိချင်ရောင်ဆောင်ပြီး ညာတတ်သလို မသိတာကိုလဲ သိသလိုလိုနဲ့ ညာတတ်ကြပြန်သေးတယ် ။ မသိဘဲ ညာလိုက်တဲ့ တချို့ကိစ္စတွေက ရှင်းမရအောင် ရှုပ်သွားတတ်တော့ တယောက်နဲ့တယောက် မိတ်ပျက်ရတတ်တာမို့ နောင်အခါ  မညာမိ အောင် ကြိုးစားနေပါမယ်..။

၁ဝ ။  ။ မအာချောင်ပါနဲ့ ။

ကျွန်တော်တို့တွေ ဖေ့ဘဇွတ်ပေါ်မှာ ဟိုရေးဒီရေး ဟိုပြောဒီပြော လွတ်လပ်စွာ ရေးသားပြောဆိုတတ်ပါတယ်..။

တခါတခါ သူတပါးရဲ့ လျှို့ဝှက်ထားတာလေးတွေ သိရရင် ဦးဦးဖျားဖျား Post ရေးပြီး တင်တတ်ကြ Share ပြီးအာချောင်တတ်ကြပါတယ် ။အဲဒါတွေက ပျော်စရာကောင်းတယ်ထင်ပေမဲ့ တကယ်က ပြသနာအကြီးကြီး ဖြစ်တတ်လို့ နောင်ဆိုရင်  အာမချောင်  အောင် နှုတ်ပိတ်လို့ နေတတ်အောင် ကြိုးစားပါ့မယ် ။

..

ကဲ ..ဒီလိုနည်းလေးနဲ့ ဖေ့ဘဇွတ် ပေါ်မှာ နေကြည့်မယ်ဆို

စိတ်ချမ်းသာကိုယ်ချမ်းသာရှိမယ် ထင်တာပါဘဲ.. ။

( ဒီလိုနေလို့မှ စိတ်မချမ်းသာရဘူးဆိုရင် ဒီ နိသယျ ကို ပြောင်းပြန်လှန်ပြီး ဖေ့ဘဇွတ်ပေါ် မွှေပြီသာမှတ်..)

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့.... နှဦေးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....