“တခါတုန်​းကဂီတဆည်​းဆာ”

“တခါတုန်​းကဂီတဆည်​းဆာ”

 

ဟိုတုန်​းက​တော့ မန်​းတက္ကသိုလ်​ရဲ့ဂီတဆည်​းဆာကို သီတင်​းကျွတ်​ဝန်​းကျင်​မှာလုပ်​​လေ့ရှိတယ်​။ ကိုယ်​​တွေ​ခေတ်​ကပွဲသိမ်​းမင်​းသားက စိုင်​းထီးဆိုင်​​ပေါ့။ ပုံမှန်​အားဖြင်​့ မထုတ်​ရ​သေးတဲ့သီချင်​း​တွေဆိုတာများပါတယ်​။ ကိုယ်​ကြုံခဲ့သ​လောက်​ မှတ်​မိသ​လောက်​​ကတော့ ဘီးက​လေးကိုစီး / ပျံသာပြန်​ပါ​ရွှေဟင်္သာ / ​နွေနံနက်​ခင်​း နဲ့ ​နောက်​တပုဒ်​​တော့မမှတ်​မိ​တော့ဘူးဗျ။

ပွဲမစခင်​တလ​လောက်​ကတည်​းက ​မေဂျာအလိုက်​ ရန်​ပုံ​ငွေရှာ ​ဈေး​ရောင်​းပွဲ​တွေလုပ်​ကြ​တော့တာဘဲ။ အ​ဆောင်​အလိုက်​​ကော ​နေ့တက်​တဲ့​ကျောင်​းသား​တွေပါ တ​​ပျော်​တပါးဝိုင်​းကူကြတာပါဘဲ။ တကယ်​တိုးမ​ပေါက်​​အောင်​​ရောင်​းရတာ​တော့ ပွဲကျင်​းပတဲ့​နောက်​ဆုံးရက်​​ပေါ့။ လူ​တွေလဲတအားပင်​ပန်​းပြီး ပွဲကိုလဲ​ကောင်​း​ကောင်​းမကြည်​့ရယုံမက ပွဲပီး​တော့ပစ္စည်​း​တွေသိမ်​းရတာနဲ့လင်​းမှဘဲအိပ်​ရတယ်​။

ပွဲပြီးလို့ပြန်​တဲ့ပရိတ်​သတ်​ကလဲတလမ်​းလုံးဘိုထီးဆိုတဲ့သီချင်​း​လေးညီးပြီးပြန်​ကြတာပါဘဲ။ များ​သောအားဖြင်​့သီချင်​းသာမထွက်​​သေးတာ ​ကျောင်​းကလူ​တွေကရ​နေကြတာပါဘဲ။ အဲဒီဂီတဆည်​းဆာမှာမပါမဖြစ်​ပါပြီး ဆိုဘို့လုရတဲ့သီချင်​းက​တော့ သီချင်​းနာမည်​လဲ​သေချာမသိ ​ရေးတဲ့လူလဲ​သေချာမသိတဲ့ မန်​းတက္ကသိုလ်​သီချင်​းပါဘဲ။ ကိုယ်​မသိတာလဲဖြစ်​နိုင်​ပါတယ်​ သိတဲ့လူများ ဝင်​​ပြောခဲ့ကြပါ။ သီချင်​းစာသားမှတ်​မိသ​လောက်​​ရေးပြလိုက်​ပါတယ်​။

 

​ကျောင်​းပြီး​တော့မယ်​ ခွဲရ​တော့မယ်​ ခွဲချင်​ပါဘူး မခွဲ နိုင်​ပါဘူး ချစ်​ရတဲ့အမိမန်​းတက္ကသိုလ်​ရယ်

​ရေနီ​မြောင်​း​လေးရယ်​ နုတ်​ဆက်​ခဲ့တယ်​ တမာ​တောနဲ့​ဝေးရာ သွားရ​တော့မယ်​ ​မခွဲချင်​ပါဘူး ​မခွဲနိုင်​ပါဘူး ချစ်​ရတဲ့ အမိမန်​းတက္ကသိုလ်​ရယ်​

ထိုင်​ခုံဝိုင်​း​လေးရယ်​ နုတ်​ဆက်​ခဲ့ တယ်​ တမာ​​တော့နဲ့​ဝေးရာ ​သွားရ​တော့မယ်​ ​မခွဲချင်​ပါဘူး ​မခွဲနိုင်​ပါဘူး ချစ်​ရတဲ့အမိမန်​းတက္ကသိုလ်​ရယ်

သစ္စာသူရယ်​ မြတမာသူရယ်​ မတတ်​သာလို့ခွဲရအုံးမယ်​ကွယ်​။

 

အနှစ်​၃ဝ ​ကျော်​ဆို​တော့လဲ စာသား​တွေခပ်​​မေ့​မေ့ပါဗျာ။

9 comments

  • ဦးကျောက်ခဲ

    June 19, 2017 at 10:10 am

    “ဘီးက​လေးကိုစီး…” က “ဘီးနံပါတ် OK၀၁၂၂L” ထင်ရဲ့ …
    ဆြာဂျီးတွေ အနက်ဖွင့်ပြတာတော့ “Look 2 12” ပင်လုံစာချုပ်ကို ညွှန်းပါသတဲ့…
    နားထောင်ကြည့်တော့လည်း စာသားတွေက ဟုတ်သလိုလို … :k:
    မန်​းတက္ကသိုလ်​အကြောင်းတော့ ဦးလေးမန်းတို့ရေးမှပဲ သိရမှာပါ…

    • ဦး လေး မန်း

      June 19, 2017 at 12:41 pm

      ဘီးက​လေးကိုစီးက ​မော​တော့​မောတာ​ပေါ့ ဒါ​ပေမဲ့မ​မောဘူးကို ​ပြောတာပါ။ ဘီးနံပါတ်​ OK က​တော့ အဲလိုကြားဘူးတာပါဘဲ။

  • သင့်အေးရိပ်

    June 19, 2017 at 11:15 am

    ဦးထီးရဲ့. . .နွေနံနက်ခင်းကို နားထောင်ပြီး စာသားတွေနဲ့ အသံကို ဖျားဖူးတယ်။
    😆

  • ကျနော်လည်းမန္တလေးကနေဆယ်တန်းအောင်တာပဲ…သီတင်းကျွတ်တန်ဆောင်တိုင်ဆို
    မြို့ထဲစက်ဘီးနဲ့ပါတ်ပြီးတစ်ညလုံးအငြိမ့်တွေလှည့်ကြည့်ခဲ့ရတာလွမ်းမိပါတယ်…ဘိုထီးသီချင်းတွေလည်း
    အသဲစွဲပါပဲလေ…

  • ဦး လေး မန်း

    June 21, 2017 at 4:58 pm

    ကိုမိုက်​​ရေ ည ည ဘယ်​နားအငြိမ်​့ရှိမလဲလို့ စက်​ဘီးတစင်​းနဲ့ အရှာထွက်​ရတာဗျ။ ခု​ခေတ်​လိုဖုန်​းမရှိ သတင်​းရစရာ ဖွဘုတ်​လဲမရှိနဲ့ ​လေသင်​့ရာ အသံကြားတဲ့​နေရာ လိုက်​ရှာရတာဗျ။ ​လေတိုက်​​တော့ ​အေးကလဲ​အေးသနဲ့။ လွမ်​း​သေးသဗျာ။

  • surmi

    June 24, 2017 at 10:49 am

    ဒီပို့စ်ကနေ ဦးလေမန်း (အဘမန်း) ရဲ့အသက်ကိုခန့်မှန်းကြည့်လိုက်တော့ . .
    အားပါးပါး ၆ဝ တောင်မှ ၅ နှစ်ထဲရောက်နေပါပေါ့လား
    လွန်တာရှိရင် ဝန္ဒါမိပါခင်ဗျ :mrgreen:

    • ဦး လေး မန်း

      June 24, 2017 at 10:15 pm

      ကဆာမိ​ရေ နဲနဲ​လေး​တော့လွဲ​နေတယ်​။ ၆ဝ က​တော့​ကျော်​​ပေါ့ ၅နှစ်​​တော့မ​ရောက်​​သေးပါဘူး။ အလုပ်​လုပ်​​နေတန်​းပါဘဲဗျ။

  • ဟိုးတုန်းက တက္ကသိုလ်ဆိုတာ အတော်ပျော်ဖို့ကောင်းခဲ့မှာနော်..
    မန်းတက္ကသိုလ်တော့ တစ်ခါမှ မရောက်ဖူးဘူး..
    အခွင့်ရရင် တစ်ခါလောက် သွားလည်ချင်တယ်..

  • ဇီဇီ

    June 30, 2017 at 1:51 pm

    ပျော်စရာဂျီးနေမှာ။
    မိန်းထဲကို ဖြတ်သွားဖြတ်လာပဲ ရောက်ဖူးတာ။
    သိပ်အေးချမ်းတာပဲ။

    :chit:

Leave a Reply