ကျနော် နဲ ့ နော်လီဇာ…။

black chawJune 19, 20171min331423

 

ကျနော့် သီချင်းရေးသူ ဘဝမှာ
ဂုဏ်အယူရဆုံး ကိစ္စကတော့
ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို
ဒစ္စကို ကွင်းကြီး နော်လီဇာ ဆိုခဲ့ဖူးတာပါပဲ။
အဲ့ဒီ အတွက် ကီးဘုတ် ကို မောင်လတ် ကို
ကျေးဇူးတင်ရမှာပါပဲ။
နော်လီဇာ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။
နှလုံးသားမက္ကဆီကို စီးရီးစ် ကို
ကလေးဘဝကတည်းက
ညွတ်ခဲ့ရသူမို ့စိတ်ထဲကတော့
လေးစားရင်းစွဲရှိနေသူပါ။
တစ်ည ကိုမောင်လတ် ဖုန်းဆက်လာပါတယ်။

“ကိုဘလက် မနက်ဖြန် မနက်အားရင်
အလုံလပ်ကီးဆဲဗင်းမှာ breakfast စားရအောင်၊
နော်လီဇာလည်း လာမယ်
သူ ့သီချင်း အဟောင်းထဲက
ကောင်းတာလေးတွေ ပြန်ရွေးပြီးလုပ်ချင်လို ့တဲ့၊
ခင်ဗျားက သီချင်းတွေ အကြောင်း
အတော် နှန် ့နှန် ့စပ်စပ် သိတယ်လို ့
ပြောထားလို ့
ခင်ဗျားကို ပါ ခေါ်ထားပေးပါ တဲ့”

အိုခေ ပေါ့။
လပ်ကီးဆဲဗင်းမှာ ကွီးလတ်၊ အစ်မကြီးနော်လီဇာ တို ့နဲ ့
ထိုင်ပြီး စကားတွေ အများကြီးပြောဖြစ်ကြပါတယ်။
breakfast စားပြီး ကွီးလတ် ရဲ ့စတူဒီယိုကို
ချီတက်ကြပါတယ်။
ကျနော် နဲ ့ ကိုလတ် ဝိုင်းရွေးပေးတဲ့
သီချင်းတွေကို
အစ်မကြီးက မကြိုက်ဘူး ဖြစ်နေချိန်မှာ
ကျနော်က
“နောက်ဆုံးနှစ်လောက်တုန်းက မာလာဆောင်သူ
သူငယ်ချင်း တစ်ယောက်အတွက် သီချင်းလေးတစ်ပုဒ်
ရေးပေးခဲ့ဖူးတယ်ဗျ။
အစ်မ နားထောင်ကြည့်မလား”
ဆိုတော့ မနော်လီဇာ က အားနာလို ့ထင်ပါရဲ ့
“ဆိုပြလေ” တဲ့။
အဲ့ဒါနဲ ့ကျနော်လည်း ဂစ်တာကိုယူပြီး
သီချင်းအကြမ်းထည်လေးကို ညည်းပြလိုက်ပါတယ်။
ရေးထားတာကလည်း ကြာ
မိန်းကလေးသီချင်းကလည်း ဖြစ်ဆိုတော့
စာသားတွေတောင် မေ့နေပါပြီ။
ဒါပေမယ့် နော်လီဇာ is နော်လီဇာပါပဲ ခင်ဗျာ။
သံစဉ်လေးကို လိုက်ညည်းကြည့်ပြီး
စာသားကို ကျနော့်လွယ်အိတ်ထဲ ပါလာတဲ့
ဆေးဘောက်ချာတစ်ရွက်ရဲ ့နောက်ကျောမှာ
လိုက်ရေးပါတော့တယ်။
ကွီးလတ်က နော်လီဇာ ဆိုနိုင်မယ့် ကီး ကို
ချက်ခြင်း ချိန်ပေးပါတယ်။
မနော်လီဇာ အစမ်းဆိုကြည့်လိုက်တဲ့ အချိန်မှာ
သီချင်းက အတော်ကောင်းနေတယ် ခင်ဗျ ။
အဲ့ဒီမှာပဲ နော်လီဇာ ဟာ
ကျနော် မမျှော်လင့်တဲ့ အပြုအမူတစ်ခုကို
ပြုလုပ်ပါတယ်ခင်ဗျာ။

“ကိုဘလက် ချော နှင့်
တွေ ့ဆုံခွင့်ပေးခဲ့ခြင်း အတွက်…၊
ကိုဘလက်ချောရေးတဲ့ သီချင်းလေးကို
ဆိုခွင့်ပြုပေးတဲ့အတွက်…၊
ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”

ဆိုပြီး ဘုရားသခင်ကို တိုင်တည်နေတာ ခင်ဗျ ။
နောက်နေ ့ ကွီးလတ် အတီးအကြမ်းပြီးတော့
နော်လီဇာ အဆိုထပ်ပါတယ်။
တကယ်တီးတော့
The Green Band နဲ ့တီးတာပါ။
အဲ့ဒီသီချင်းကို ကျနော့်မိတ်ဆွေ အတော်များများ
ကြိုက်ကြတယ်ခင်ဗျ။
“ရက်စက်ပါမောင်”လို ့ အမည်ရပါတယ် ခင်ဗျာ။
အွန်လိုင်းကပဲ ဖြန် ့ခဲ့တာမို ့
လူသိတ်မသိလိုက်ပါဘူး။
ဘလက်ချော နာမည်နဲ ့ရေးတဲ့
ပထမဆုံးသီချင်းလေးပါ။

(BC)

 

23 comments

  • ဦးကျောက်ခဲ

    June 19, 2017 at 8:22 pm

    ဒစ္စကိုကွင်းကြီး နော်လီဇာအတွက် သီချင်းရေးပေးဖူးတယ်ဆိုတာ နည်းတဲ့ဂုဏ်မဟုတ်…
    အင်း … အရွယ်က စကားပြောလာတယ်ထင်ပါရဲ့ အသံပါဝါတော့ နဲနဲကျသွားသလိုပဲ …
    “မီလာရှီကာ စိုင်းဗေဒါ” ထဲမှာ သရုပ်ဆောင်ထားတာလည်း … မဆိုးပါဘူး … :k:

    • black chaw

      June 19, 2017 at 9:05 pm

      @ ဦးကျောက်ခဲ !!!
      အသံက လုံးဝ မကျဘူးဗျ ။
      အရင်ထက်တောင် ပါဝါ ပိုကောင်းလာတယ် ထင်ရတယ်။
      ဘုရားကျောင်းမှာ သီချင်းနဲ ့အမြဲထိတွေ ့နေတာကြောင့်လည်း
      ပါမယ်ထင်ပါတယ်။
      တခြားအကြောင်းတွေ မဆွေးနွေးပါရစေနဲ ့ဗျာ။

      (BC)

  • Ma Ei

    June 20, 2017 at 10:19 am

    နော်လီဇာကြိုက်တယ် အသံလေးကိုချစ်တာ သူ့သီချင်းတွေ တင့်တင့်ထွန်းပြန်ဆိုတာလဲကြိုက်တာဘဲ
    မိလာရှီကာစိုင်းဗေဒါ ရုပ်ရှင်လဲကြိုက်တယ် အောင်မြင်ဘို့ဖြတ်လမ်းနည်းကိုမကြိုက် မလိုက်တဲ့အတွက် ဒါရိုက်တာက သတ်ခဲ့တယ်လို့ သူ့ဖြေတာဖတ်ရဘူးတယ် ဒါလဲ ကြိုက်တယ် မိုက်တယ်နော့်

    • black chaw

      June 20, 2017 at 4:06 pm

      @ Ma Ei !!!
      ဟုတ်သဗျ ။
      တစ်နေ ့မိတ်ဆွေ အိမ်မှာ တီးကြဆိုကြတဲ့အခါ ကျနော့်မိတ်ဆွေကတောင် အံ့ဩယူရတယ်ဗျာ။ အသံပါဝါကြီးက ကောင်းလွန်းနေလို ့လေ။

      (BC)

  • ဇီဇီ

    June 20, 2017 at 1:16 pm

    အသံ မှာ ဆက်ဆီ ဖစ်တယ်တယ် ဆိုတာ
    ဒေါ်ပုလဲ နဲ့ ဒေါ် နော်လီဇာ ကိုပဲ အမှတ်ပြည့် ပေးတယ်။

    :chit:

    • black chaw

      June 20, 2017 at 4:09 pm

      @ ဇီဇီ !!!
      ကျနော့်အတွက်ကတော့
      မပုလဲ က အမြဲတမ်းနံပတ်တစ်ပါပဲဗျာ။

      (BC)

      • padonmar

        June 20, 2017 at 8:16 pm

        ပုလဲ လည်းကြိုက် နော်လီဇာလည်း ကြိုက်
        အယ်ခွန်းရီ၊ကေဂျာနူး၊မြသီတာ၊နွဲ့ယဉ်ဝင်းလည်း ကြိုက်

  • သင့်အေးရိပ်

    June 20, 2017 at 2:48 pm

    လေးဘလက်တို့ စု ထုတ်ထားတဲ့ ကံကော်တမ်းချင်း အခွေထဲမှာတောင်. . .သူ တစ်ပုဒ် ဝင်ဆိုထားသေးတယ်နော်။ အားလုံးသိတဲ့သီချင်း. . .
    မာလာဆောင်. . .ပြည်လမ်းရှေ့က
    ဂစ်တာသံ ညတိုင်း ကြားတယ် ဘလာ ဘလာ`°_°’

    အဲ့အန်တီကြီးအသံကိုက တမျိုးလေး
    အဲ တမျိုးကြီး။
    :k:

    အခု လေးဘလက်ရေးတဲ့ သီချင်းကို
    သူဆ်ိုထားတာလေးလည်း youtube မှာ ရှာကြည့်ပြီး နားထောင်ပါရစေအုန်းဗျား

  • kai

    June 20, 2017 at 4:45 pm

    မနေ့ကပဲ… ဖဘပေါ်မှာ.. ကိုသီရိညွှန့် အခွေအကြောင်းဖြတ်ကနဲ့တွေ့လိုက်ရသေးတယ်..။
    ကိုသီရိတော့တော်တော်ဝမ်းသာသွားမှာပဲ…လို့..။
    ကိုဘလက်စာတွေ(လည်း).. တူးရင်းဆွရင်း…. သမိုင်းတန်ဖိုးတွေ.. တက်တက်လာတယ်လို့.. ပြောမလို့ပါ…။

    • black chaw

      June 20, 2017 at 5:08 pm

      @ kai !!!
      သမိုင်းတန်ဘိုးထက် သူတို ့ပီတိဖြစ်သွားတာကို
      ခံစားတာသူကြီးရေ ။ ကိုသီရိညွန် ့လည်း CB ကနေ
      ကျေးဇူးတင်ကြောင်း
      ပြောပါတယ်ဗျာ။
      (BC)

    • padonmar

      June 20, 2017 at 8:19 pm

      ဟုတ်တယ်၊ကိုဘလက်တူးဆွတာ တန်ဖိုးရှိပါတယ်။သူတို့သက်ရှိထင်ရှားရှိကြတုန်း ရေးနိုင်သလောက် ရေးပေးပါ ကိုဘလက်။
      လူတွေကို သူတို့ကို ချစ်ကြောင်းပြောပေးရတာ တန်ဖိုးမဖြတ်နိုင်ပါ။
      အထူးသဖြင့် တချိန်က ကြယ်ပွင့် အခုတော့ လူငယ်တွေက မေ့ခံနေရတဲ့သူတွေကိုပေါ့။

  • black chaw

    June 20, 2017 at 10:02 pm

    @ padonmar !!!

    “လူတွေကို သူတို့ကို ချစ်ကြောင်းပြောပေးရတာ
    တန်ဖိုးမဖြတ်နိုင်ပါ။”
    ဆိုတာလေး ကြိုက်တယ် အစ်မရေ။

    (BC)

  • ကျနော် နဲ ့ နော်လီဇာ ဆိုတော့…ဘာလိုလို…ခိခိ..နောက်တာပါ… :k: :k: :k:
    ဒစ္စကိုကွင်းကြီး နော်လီဇာအတွက် သီချင်းရေးပေးဖူးတဲ့လူမဲချောဂျီးနဲ့ သူငယ်ချင်းဖြစ်ရတာဂုဏ်ယူပါကြောင်း
    ဆက်ဆွဲ ရဲဘော်ဘလက်ရေ

    • black chaw

      June 23, 2017 at 1:32 pm

      @ ဦးကြီးမိုက် !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ ။

      (BC)

  • ဦး လေး မန်း

    June 21, 2017 at 5:13 pm

    လွမ်​းမိုးရဲ့ မိုးစက်​တင်​​လေ မှာ ​နော်​လီဇာ သရုပ်​​ဆောင်​ထားတာ သိပ်​ချစ်​စရာ ​ကောင်​းတာဘဲ MRTV မှာမကြာ မကြာပြခဲ့ဘူးတယ်​။ ၈၂ ခုနှစ်​ ဝန်​းကျင်​​ပေါ့။

    • black chaw

      June 23, 2017 at 1:33 pm

      @ ဦးလေးမန်း !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ခင်ဗျာ။

  • ဂျစ်စူ

    June 22, 2017 at 3:46 pm

    အူးလေး
    ရပ်သီချင်း ဆွေးဆွေးလေးတွေ စပ်ထားတာရှိလားဗျာ
    ကျနော်ကိုယ်တိုင် ဆိုမှာပါ
    ဒါမှမဟုတ်လဲ ဓမ္မတေး ခပ်ကြမ်းကြမ်းမြူးမြူးလေးတွေပေါ့
    ကျနော်ကိုယ်တိုင်ပဲ ဆိုမှာပါ
    ကြိုက်ဈေးပေးမှာပါ

    • black chaw

      June 23, 2017 at 1:34 pm

      @ ဂျစ်စူ !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ဗျာ

  • အောင် မိုးသူ

    June 23, 2017 at 1:16 pm

    ငယ်ငယ်တုန်းကဆိုခဲ့တာသတိရတယ်
    ဘော်လီမပါ နော်လီဇာဆိုပြီး အဟီး

    • black chaw

      June 23, 2017 at 1:36 pm

      @ အောင်မိုးသူ !!!
      ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ညီလေးရေ။

  • surmi

    June 24, 2017 at 11:09 am

    ကြိုက်တယ်ဗျာ
    :mrgreen:
    သီချင်းရော တေးရေးဆရာရော
    ပြီးတော့ တချိန်က ကွင်းကြီးရော

    • black chaw

      June 24, 2017 at 8:12 pm

      @ surmi !!!
      ကျေးဇူး ပါ ကိုဆာမိရေ။
      မဆုံဖြစ်တာအတော်တောင်ကြာပြီနော်…။

      (BC)

Leave a Reply