အမှန်ယောင် ဆောင်ထားသော အမှားများနှင့် ဗမာပြည်

မြန်မာစာ စကား ရေးရာမှာ အထားအသို မတတ်ရင် သောက်တလွဲ ဖြစ်တတ်တာကြီးးး
လူတိုင်း ရိပ်မိလောက်ရောပေါ့။

ပြော- မပြောချင်တော့ပေါင်။
.
.
.
.
.

မပြောချင်ပေသိ ပြောပါအုန်းမယ်။
:k:

သက်သေအနေနဲ့ ပြောစရာ
တစ်ခု တွေ့ခဲ့လို့ ပြောပါရစေဦး။

ရန်ကုန်-မန္တလေး အမြန်လမ်းမအစ-
အမှတ်၃လမ်းဆုံ(ထောက်ကြန့်မြို့အထွက်)နားမှာလည်း
အောက်ပါ ဆိုင်းဘုတ်ကို မြင်နေရပါပြီ။

ပြထားတာ သိပ်တော့ မကြာသေး။ အခု ပုံက ပြည်မြို့ နဝဒေးတံတားခ-
ကောက်ခံရေးစခန်းမှာ ထပ်တွေ့လို့
ရိုက်ယူခဲ့တာ။

”ရှေ့မှယာဉ်သည် နောက်ယာဉ်အား
ကျော်တက်ရန် အချက်ပြမီးဖြင့်
မပြပါနှင့်” တဲ့။

ဆိုတော့. . .
ရှေ့ကားက နောက်ကားကို
ဘယ်လိုများ ကျော်တက်မှာပါလိမ့်ပေါ့။
”ရှေ့မှ ယာဉ်သည် နောက်ယာဉ်အား ကျော်တက်ရန်” ဆိုတော့လေ။ ခွိ။
:k:

ရှေ့က ကားကြီးက
back ဂီယာကြီး ထိုးပြီး
နောက်က ကားကို ကျော်တက်မလိုလိုပဲ။
😛

”နောက်ယာဉ် ကျော်တက်ရန်  ရှေ့ယာဉ်မှ အချက်မပြရ”
ကိုင်းးးး အဲ့လိုဆို တိုတိုတုတ်တုတ်နဲ့ လိုရင်း မရောက်ပေဘူးလား။

အခုတော့ သွဲတလောက်။
😛
————–

နယ်ဝေးလမ်းမတွေပေါ်မှာ
ရှေ့ကကားကို ကျော်တက်ဖို့ရာ အနောက်က ကားက လမ်းရှင်း မရှင်း(မျက်နှာချင်ဆိုင်က ကား လာနေ/မလာနေ ဆိုတာ) မမြင်ရ။ ဆိုတော့ ရှေ့က ခပ်ဖြည်းဖြည်း သွားနေတဲ့ကားက ကျော်တက်ချင်နေတဲ့ အနောက်ကကားကို ကျော်တက်လို့ ရပြီဆိုရင် ဘယ်ဘက် အချက်ပြမီး ပြတယ်။ ရှေ့ကားက ဘယ်ဘက်အချက်ပြမီး ပြနေပြီဆိုရင် ”ရှင်းပြီ/ကျော်တက်ပေတော့”ဆိုတဲ့အဓိပ္ပာယ်။

ရှေ့ကားက
ညာဘက် အချက်ပြမီး
ပြထားရင် ”ရှေ့မှာ မရှင်းသေးဘူး။ ကျော်မတက်နဲ့ဦး။ အသာ မှေးလိုက်ဦး” ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ။

ဘယ်တုန်းက ဘယ်သူ
စလိုက်တဲ့ နည်းလဲ မသိ။
ဗမာပြည်ရဲ့ နယ်ဝေး လမ်းတွေပေါ် အခုချိန်ထိ အဲ့လိုပဲ အချက်ပြကြ။ လိုက်လုပ်ကြတုန်းပဲ။

မြို့တွင်းမှာ ဆိုရင်တော့. . .
ဘယ်ဘက်အချက်ပြမီး ပြရင်
ဘယ်ဘက် ကွေ့မယ်။
ညာဘက်ပြရင် ညာကွေ့မယ်။
ပုံမှန်ပါပဲ။

အဲ့လို ပုံမှန်စနစ်ကနေ အမှားကြီးကို
စနစ်တကျ မှန်လာလိုက်ကြတာ။
အခုတော့ အမှန်ယောင် ဆောင်နေတဲ့
အချက်ပြစနစ်အမှားကို အမှန်စစ်အောင် ပြင်ယူပြီ။

သတိပေးဆိုင်းဘုတ် ချိတ်တာ ကောင်းပါတယ်။

ဒါမယ့် လုပ်မယ့်လုပ်
အတည် လုပ်စေချင်တာ။
ဟာသတွေ တွေးတွေးပြီး
ခွီရအောင်တော့ မလုပ်စေလို။
ခွိ။

:mrgreen:

 

 

26 comments

  • ဦးကျောက်ခဲ

    June 19, 2017 at 11:18 pm

    ဟိုးအရင် မြန်တျန့်က ကိုလိုနီဖြစ်ခဲ့တာမို့ အင်္ဂလန်စတိုင် လက်ဝဲကပ်မောင်းဗျ …
    ဘိုနေဝင်း ယတြာခြေပြီး ပြောင်းပြန်တွေလုပ်လိုက်တာ ကမောက်ကမတွေ ဖြစ်ကုန်ရော…
    လက်ယာကပ်မောင်း ပြောင်းခါစ ယာဉ်တိုက်မှုနဲ့ သေလိုက်ကြတာ သောက်သောက်လဲ …
    ဟိုင်းဝေးလမ်းမှာ ကျော်တက်ဖို့ ဘယ်အချက်ပြမီးပြတာ လက်ဝဲကပ်မောင်းရဲ့ အမွေတဲ့ …

    • သင့်အေးရိပ်

      June 19, 2017 at 11:47 pm

      အခုတော့ အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားမယ် ဟွန့်
      ဘာမှတ်နေလဲ။ ဗမာပြည်

      :k:

  • kai

    June 20, 2017 at 12:57 am

    ရှေ့ကားက နောက်ကားကို.. အချက်ပြမီးနဲ့ အမိန့်ပေးတာပေါ့…၊
    လွတ်ပဟဆိုပြီး.. ကျော်တက်လို့.. တိုက်လို့သေကျေဒဏ်ရာရရင်တော့ တာဝန်မယူတဲ့..အမိန့်ပေးနည်း..။

    သေပစေ့..။ :k:

    • သင့်အေးရိပ်

      June 20, 2017 at 9:07 am

      တစ်ခါ အဲ့လို အရှေ့က ဘယ်အချက်ပြမီး ပြနေလို့
      ကျော်တက်အုန်းမှ ဆိုပြီး သူ့ ဘယ်ဘက်ကို တိုးထွက်လိုက်တာ. . .အရှေ့မှာ မျက်နှာချင်းဆိုင်လာတဲ့ကားကို မြင်လိုက်ရ။ ဘာကြောင့်များ မျက်နှာချင်းဆိုင်က ကားလာနေတာကို မြင်လျက်နဲ့ ဘယ် အချက်ပြပါလိမ့်ဆိုပြီး အံ့ဩရ။ ရှင်းတော့မှ ကျော်အတက်မှာ ပိတ်အော်ခဲ့တယ်။ ”လုပ်ကြံတာလား ဦးလေးရာ” လို့။
      :k:

      အဲ့နောက်ပိုင်း
      ကိုယ့်မျက်စိနဲ့ တပ်အပ် ရှင်းတယ်လို့ မမြင်ရမချင်း ကျော်မတက်ရေးချ မတက်။ လမ်းအကွေ့တွေ ကုန်းတက်ကုန်းဆင်းတွေ တံတားပေါ်တွေမှာ ရှေ့က လာတဲ့ကားကို သေချာ မမြင်ရမချင်း မကျော်တက်တော့ဘူး။ ကိုယ့်အမြင်နဲ့ကိုယ် ရှင်းပြီ ဆိုမှ ကျော်တက်တော့တယ်။

      အခု မောင်းနေတာက ဘယ်မောင်းဆိုတော့ ရှေ့မှာ ကားရှင်း မရှင်းက ကြည့်ရတာ လွယ်ပါတယ်။

      ကိုယ့်လို ဘယ်မောင်း မဟုတ်တဲ့သူတွေက
      မျက်နှာချင်းဆိုင်ကနေ လာနေရာမှာ
      ဥပမာ မျက်နှာချင်းဆိုင်က ကားနှစ်စီး တန်းစီ လာတယ်ဆိုပါစို့။ ရှေ့ကားက နှေးနေလို့ အဲ့ရှေ့ကားရဲ့ အနောက်ကနေ ကျော်တက်ဖို့ အတင်း တိုးထွက် ခေါင်းပြူလာတာကိုလည်း အသည်းယားစွာ မြင်ရ။ ကိုယ့်နဲ့ ခေါင်းချင်းဆိုင်ပြီး ကျော်တက် တိုးဝင်လာတာကြီး။

      မျက်နှာချင်းဆိုင်က ကားကြီးရဲ့ အနောက်ကနေ ကပ်လိုက်လာရာကနေ. . .သူ ခေါင်းပြူထွက်လာတာကို ကိုယ်က ဘယ်မောင်းမို့ အရင် မြင်လိုက်ရပေမယ့် သူက ညာမောင်းမို့ တေ်တော်နဲ့ မမြင်။

      ခက်တော့ခက်သား။ ကားတွေအကုန် ဘယ်မောင်းချည်း ဖြစ်ကုန်ရင်တော့ ဒီတစ်ရန် အေးမယ်ထင့်။
      :k:

      • kai

        June 20, 2017 at 9:51 am

        ညီတော်မောင်က.. ဂျပန်တွေနဲ့ အလုပ်လုပ်နေတာမို့.. သိပ်တော့မပြောချင်ပေမယ့်… ရန်ကုန်လာတုံးကတော့ မေးသမို့.. အကြံပေး.. ပြောပစ်ခဲ့တယ်..။
        မြန်မာပြည်မယ် ကားတွေပိတ်တာရဲ့.. အဓိကတရားခံက(လည်း).. အဲဒီ ညာမောင်းဂျပန်ကားဟောင်းတွေကြောင့်ပဲလို့..

        တကယ်တော့.. အဲဒီလို အမှားကြီးတွေကို လမ်းပေါ်တက်မောင်းနေတာကြောင့် သေကြေ ကျိုးကန်းတဲ့လူအသက်တွေလည်းမနည်း..။
        နိုင်ငံတော်အဆင့်ကနေ.. တိုယိုတာကုမ္ပဏီအပါအဝင်.. ကားသွင်းခဲ့တဲ့ကုမ္ပဏီတွေကို တရားစွဲလျှော်ကြေးတောင်းဖို့ကောင်းတယ်..။

        • သင့်အေးရိပ်

          June 20, 2017 at 1:12 pm

          တိုယိုတာက သူ့ကို တရားစွဲလို့ စိတ်ကောက်ပြီး အခုလို ကားအစုတ်ကလေးတွေ တင်သွင်းတာ ရပ်လိုက်မှ ဟုတ်ပေ့ ဖြစ်နေအုန်းမယ်။

          အခုလို ကားအစုတ်တောင်
          အနိုင်နိုင် ဝယ်စီးနေရတဲ့ ပြည်ဆင်းရဲပါဆို။

          ဘယ်မောင်း
          မော်ဒယ်အသစ်စက်စက်ကြီးတွေချည်း
          တင်သွင်းမယ်ဆိုရင် ကားစီးနိုင်ဖို့
          လူတန်းစားကွာဟမှုက အကြီးကြီး
          ထပ် ကွဲပြားသွားအုန်းမယ်။

          နောက်တစ်နည်း စဉ်းစားပြီ။
          ညာမောင်းကိုပဲ ဘယ်ကပ်မောင်း လုပ်လိုက်ရင်ကော။ :k:

        • kai

          June 20, 2017 at 3:21 pm

          တိုယိုတာက.. ဂျပန်မှာဘဝပျက်နေတာ..။ သူ့ကားတွေဟောင်းသွားရင်..စုတ်သွားရင်… ထရပ်ကားတွေမဟုတ်ရင်.. ဘယ်နိုင်ငံကမှမဝယ်တော့..။
          ဆိုတော့..
          အမေရိကားမှာ ကားသွင်းစားတော့.. သူ့လီဗာစနစ်မှာ..အမှားနည်းနည်းပါသွားလို့.. လူ ၁၂ယောက်သေတယ်..။
          အဲဒါ အမေရိကားတရားရုံးက.. လျှော်ကြေးဒဏ်ကြေးချလိုက်တာ.. ၁.၂ဘီလီယံ

          ဒါမျိုးတွေက.. နိုင်ငံရေးသမားတွေအလုပ်…။
          တိုင်းပြည်ဝင်ငွေရအောင်..။ ပြည်သူားတွေ ဘေးကင်းအောင်..။ လုံခြုံအောင်.. ဒါတွေဒါတွေက.. နိုင်ငံရေးသမားတွေတာဝန်..။

          ဆိုတော့..
          ကားစီးနိုင်ဖို့ထက်.. လူထုဘေးအန္တရာယ်ကင်းဖို့.. ပိုအရေးကြီးပါကြောင်း..။

          Toyota Is Fined $1.2 Billion for Concealing Safety Defects – The New …
          https://www.nytimes.com/…/toyota-reaches-1-2-billion-settlement-in-criminal-inquiry.ht…
          Mar 19, 2014 – While the $1.2 billion penalty is the biggest ever for a carmaker, it still represents a small fraction of the more than $60 billion that Toyota has in …

    • surmi

      June 24, 2017 at 11:04 am

      ကျနော်ကတော့ ဘာမီးမှမပြတော့ဘူး
      ဘေးချပေးလိုက်တယ်
      လွတ်ရင်ကျော်
      တိုက်ရင်လျော်
      ဘာကြောင့်လည်းဆိုတော့ ခေတ်မီပညာတတ်ဒရိုင်ဘာတွေနဲ့
      ခေတ်ဟောင်း လမ်းရိုးလိုက်ဒရိုင်ဘာတွေကတစ်ဝက်စီဖြစ်နေကြတယ် ။
      မီးအမှန်ပြတော့လဲ ဆခတ်ဟောင်းဒရိုင်ဘာတွေက ငါနဲ့ကိုင်တုတ်တယ်
      မီး အမှား ရှေးခေတ်အတိုင်းပြတော့လဲ ခေတ်မီပညာတတ်ဒရိုင်ဘာတွေက ငါနဲ့ ကိုင်တုတ်တယ်ဆိုတော့ . .
      ကိုယ့်မျက်စိနဲ့ကိုယ်ကြည့်
      ကိုယ့်ပညာကိုယ့်အတွေ့အကြုံကိုယ်သုံး
      ကိုယ့်ကိစ္စကိုယ်ရှင်းးးး :mrgreenn:

      • သင့်အေးရိပ်

        June 27, 2017 at 11:58 am

        ဟုတ်တယ်။ ကျနော်လည်း အခုနောက်ပိုင်း နယ်ထွက်ရင် မီး မပြပေးတော့ဘူး။
        ညာဘက်ဘေးကပ်နိုင်သလောက် ကပ်ပြီး
        အရှိန် လျှော့ပေးလိုက်တယ်။ ကျော်ချင်သပဆ်ို ကိုယ့်ဘာသာ ကြည့်ကျက်ကျော်။
        :k:

        သူများ အဲ့လိုအချက်ပြမီးပြနေလည်း
        ကိုယ့်ဘာသာ သေချာအောင် ရှင်းရှင်း မြင်ရမှ ကျော်တော့တယ်။
        အဲ့ဒါ အကောင်းဆုံးထင်တာပဲ ဦးဆာရေ

  • •*¨နန်းတော်ရာသူ •*¨

    June 20, 2017 at 9:20 am

    သူ့အရပ်နဲ့သူ့ဇာတ် အန်ဒါစတွတ်နေကြလို့ခက်
    :mrgreen:

    • သင့်အေးရိပ်

      June 20, 2017 at 1:08 pm

      ဟုတ်ပါ့ ဟုတ်ပါ့။
      အခုလို ဆိုင်းဘုတ်တင်ပြီး သတိပေးထားတာတောင်မှ တလမ်းလုံး အဲ့အချက်ပြစနစ်မှားကြီးနဲ့ ပြတာချည်း တောက်လျှှောက် ကြုံခဲ့ရတာ။

      လမ်းပေါ်မှာ ကိုယ်ကွေ့မယ့်ဘက် ကိုယ်ပြတာ(ဘယ်ကေံ့ရင် ဘယ်အချက်ပြ။ ညာကွေ့ရင် ညာအချက်ပြ) ဆိုလို့။ နောက်က ကျော်တက်ဖို့ကားကို အချက်မပြတာဆိုလို့ ကျနော် တစ်ယောက်ပဲ ရှိသလားတောင် ထင်ရ။

      ဒီအရပ်နဲ့ ဒီဇာတ်က အံဝင်ခွင်ကျ ဖြစ်နေတာကြီး။
      ပြစ်ဒဏ်စီရင်ပြီး အတော် ပြင်ယူမှ ရမယ့်ပုံ။

      😆

  • ဇီဇီ

    June 20, 2017 at 1:15 pm

    အဲဒီ ဟိုင်းဝေးမှာ ခု နားလည်နေတဲ့ အချက်ပြစံနစ်က မှားနေတယ် ဆို???
    လူမင်းနဲ့ ဟန်နီထွန်းလား မသိ ပညာပေး ဇာတ် တို လေး ကြည့်ဖူးတယ်။
    ဘယ်ညာ အချက်ပြတာက ဘယ်ညာကွေ့ဖို့ရယ် ဘယ်ညာကပ်ဖို့ရယ်ပဲ ပြရတာ ဆိုလားပဲ။
    နောက်ကားကို ကျော်တက်ခွင့်ပြုရင် သိသိသာသာ ဘေးကပ်ပေးလိုက်ပေါ့။
    အာ့လိုမရဖူးလား

    • သင့်အေးရိပ်

      June 20, 2017 at 2:40 pm

      သိသိသာသာဘေးကပ်ရလောက်အောင် ကျယ်တဲ့လမ်းတွေ မုန့်ဗူး မမကြီး။ အမြန်လမ်းကလွဲရင် တခြားလမ်းတော်တော်များများက အသွားတစ်စီး အပြန်တစ်စီးစာပဲ မောင်းလို့ရတာ။ ဥမပါ-ပုသိမ်-မုံရွာလမ်း။ ရန်ကုန်-ပုသိမ်လမ်း. . .စသည်. . .

      ဆိုတော့ ရှေ့က သွားနေတဲ့ကားက နှေးနေရင်. . .
      နောက်က ကားက ကျော်တက်ချင်ရင် . . .
      ရှေ့ကားရဲ့ ဘယ်ဘက်ကနေ
      မျက်နှာချင်းဆိုင်လာတဲ့ကားတွေရဲ့လမ်းဘက်အခြမ်းထဲ ဝင်ပြီး ကျော်တက်မှ ရတယ်။
      အသွားအပြန် တစ်စီးစီပဲ မောင်းလို့ရတဲ့လမ်းပေါ်မှာ ကျော်တက်ချင်တဲ့ကားက လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်ရတာ ဆိုပါတော့။

      မျက်နှာချင်းဆိုင်က ကား လာနေသလား မလာနေသလားဆိုတာကိုလည်း ရှေ့ကားရဲ့ ဘော်ဒီက ကွယ်ထားလို့ မမြင်ရ။ ရှေ့ကားဟာ ကုန်ကားကြီးတွေဆိုရင် ပိုဆိုး။ ဒီကြားထဲ ကျော်တက်ချင်တဲ့ကားက ညာမောင်း ကားဆိုရင် ပိုဆိုး။ မောင်းတဲ့သူက ညာဘက်မှာဆိုတော့ ရှေ့ကားရဲ့ ဘယ်ဘက်ကို အတော်
      ပန်းထွက်ပြီး ကြည့်မှ မျက်နှာချင်းဆိုင်က ကား
      လာနေလားဆိုတာ မြင်ရတယ်။

      အဲ့မှာ နောက်ကားတွေ ကျော်တက်ချင်ရင် ကျော်တက်လို့ရအောင်ဆိုပြီး ရှေ့က ကားကြီးတွေက
      ဘယ်ဘက်ကို အချက်ပြရင် ဘယ်ဘက်ကနေ ကျော်ပေတော့တို့။
      ညာအချက်ပြထားရင် အသာ ကပ်နေအုန်းတို့. . .
      စနစ်မှားကြီး ကိုင်စွဲခဲ့ကြတာ ဒီနေ့ထိပဲ။

      စနစ်မှားကို ပြင်တဲ့ သတိပေး-ဆိုင်းဘုတ်ကလည်း ဘာလိုလိုကြီး
      :k:

  • padonmar

    June 20, 2017 at 8:59 pm

    အဲသလို အချက်ပြပြီး ဟိုင်းဝေးသွားဖူးတယ်။
    အိုးရွဲ့နဲ့ စလောင်းရွဲ့ တွေ့လို့လားမသိ၊အဆင်ပြေခဲ့တယ်။
    ဒါပေမယ့် ဒီစနစ်ကို ကြားဖူးနားဝ မရှိတဲ့ ကားမောင်းသူတွေအတွက်တော့ ပြောင်းပြန်ကြီင်္း၊
    ကြားဖူးတာကတော့ ဗိုလ်ချုပ်ချစ်ဆွေသမီးနဲ့ သားမက် အဲသလို အချက်ပြစနစ်ကြောင့် ကားတိုက်ခဲ့တယ်တဲ့။

    • သင့်အေးရိပ်

      June 27, 2017 at 12:00 pm

      နယ်ဝေးလမ်းပေါ် ရောက်ရင် အဲ့လို ပြရတယ်။
      ပြကြတယ်လို့ ကျနော်လည်း ကြားဖူးနားဝ ရှိစကတည်းက အဲ့လို ပြပြီး လိုက်လုပ်ခဲ့သေးတယ် တီဒုံရေ။

      အခုနောက်ပိုင်းတော့ ကိုယ်က စ ပြင်ကြည့်နေတာပဲ။
      တော်တော်များများကတော့ အခုလို ဆိုင်းဘုတ်ချိတ် သတိပေးထားတာတောင် လုပ်နေကြတုန်း။
      😆

  • aye.kk

    June 20, 2017 at 9:42 pm

    ဒေါက်တာပဒုမ္မာ
    postနဲ ့တော့မဆိုင်ပါ
    သိတာလေးပြောပြချင်တာပါ
    အဲဒီနေ ့ကဗိုလ်ချုပ်ချစ်ဆွေသမီးနဲ ့သားမက်က
    အိမ်ခြံမြေကိစ္စအမှုပြီးပြတ်ပြီးအနိုင်ရပြီးပြန်အလာမှာ
    မှော်ဘီနားမှာကားတိမ်းမှောက်ဖြစ်ခဲ့တာပါ။
    အိမ်ခြံမြေမှာကျူးနေတဲ့သူကအောက်လမ်းပညာတတ်ပါတယ်။
    အမှုပြီးလို ့အမှုနိုင်တဲ့နေ ့မှာအသေထွက်ထွက်ရမယ်လို ့
    ကြိမ်းဝါးပါတယ်။ကြာခဲ့ပါပြီ။
    အဲဒီတုန်းကရန်ကုန်ကမိတ်ဆွေဦးကိုလေး(လေဆိပ်ရိပ်သာလမ်း)ကအိမ်မှာ၊
    ကျွန်မကအလယ်ရောက်နေတာပါ။မိတ်ဆွေဦးကိုလေးနဲ ့ဗိုလ်ချုပ်ချစ်ဆွေတို ့က၊
    အလွန်ရင်းနှီးနေတဲ့သူငယ်ချင်းတွေပါ။အဲဒီနေ ့ကသတင်းကြားကြားခြင်း
    အခြေအနေတွေမေးမြန်းစုံစမ်းကြပါတယ်။
    ကြားသိရတာတော့၊ကားကားခြင်းရှောင်တိမ်းရင်း၊အရှိန်လွန်တိမ်းမှောက်တာလို ့သိထားခဲ့တာ။

    • ဦးကျောက်ခဲ

      June 20, 2017 at 10:54 pm

      တိုက်တာက မှော်ဘီမရောက်ခင် “ဆတ်သွားတော” မှာ…
      အုတ်သယ်ကားက ဘယ်ဘက်အချက်ပြပြီး ဘယ်ကိုကွေ့ အချိုး…
      သူတို့က လမ်းပေးတယ်မှတ်ပြီး ဘယ်ဘက်ကကျော်တက်လိုက်တာ…
      ကားကို မောင်းတာက ဗိုလ်ချုပ်ချစ်ဆွေသမီး ၊ ပွဲချင်းပြီးဆုံးတယ်…
      အရှိန်ပြင်းမပြင်းကတော့ မျက်စေ့ ၂-လုံးပါ ကျွတ်ထွက်သွားတယ်…
      သူ့ခင်ပွန်း မိုင်းနင်းမိလို့ ခြေထောက် ၂-ဘက် ဖြတ်ထားရသူက…
      ဆေးရုံရောက်မှ ဆုံးပါတယ် …
      အဲသည့်အချိန် ဗိုလ်ချုပ်ချစ်ဆွေက အမေဂျီးကားမှာ…

      • သင့်အေးရိပ်

        June 27, 2017 at 12:02 pm

        @တီအေးနဲ့ ဦးကျောက်ရေ
        အဲ့ကား မှောက်တဲ့အဖြစ်အပျက်ဟာ
        အောက်လမ်းပညာကြောင့် မှောက်တာလား/
        ယာဉ်မတော်တဆမှု သက်သက်လားဆိုတာတော့
        ကျနော်ဖြင့် လိုက်မမှီတဲ့အပိုင်း ဖြစ်သွားပြီ။

        😆

        • ဦးကျောက်ခဲ

          June 27, 2017 at 2:31 pm

          အဓိက အကြောင်းအရင်းက အချက်ပြမီးကို အဓိပ္ပာယ်ကောက်ပုံ လွဲသွားတာ ။ ဘယ်လိုပင် အချက်ပြသော်ငြား ခဏစောင့် အခြေအနေကြည့်ပြီး သတိနဲ့ ကျော်မယ်ဆို … ဒီလို အဖြစ်ဆိုးမျိုး ကြုံဖို့မရှိ…

  • မြန်မာစာ စကား ရေးရာမှာ အထားအသို မတတ်ရင် သောက်တလွဲ ဖြစ်တတ်တာကြီးးးကိုတော့မပြောတော့ပါဘူး
    ဟိုက်ဝေးလမ်းမှာကျော်တက်ဖို့အချက်ပြမီးပြတာကိုတော့ ဖျောက်ဖို့မလွယ်ဘူးထင်တယ်…
    ဒါပေမဲ့ဖျောက်ကိုဖျောက်သင့်တယ်…

    • သင့်အေးရိပ်

      June 27, 2017 at 12:04 pm

      ဟုတ်တယ် ဦးကြီးရေ။
      အဲ့ စနစ်အမှားကို ဖျောက်ဖို့ သတိပေးစာ ကပ်ထားတာကလည်း တလွဲ။ စာက စာသာ ဖြစ်ပြီး လိုက်နာသူ မရှိသေးတာကလည်း အဟုတ်။
      တော်တော်တော့ ဖျောက်ယူရဦးမယ် ထင်ရဲ့

  • aye.kk

    June 21, 2017 at 11:56 am

    မှန်ပါတယ်
    ဦးကျောက်ခဲရေ ့။
    ကျမမိသားစုတွေနဲ ့ရန်ကုန်လာရင်
    မိတ်ဆွေဦးကိုလေးအိမ်မှာတည်းနေကျပါ။
    အခင်းဖြစ်ဖြစ်ခြင်းယဉ်ထိန်းတာဝန်ရှိ်သူတွေတောင်
    ချက်ခြင်းမရောက်နိုင်တာရယ်။
    ဖြစ်ဖြစ်ချင်းသတင်းအတိအကျယူမရတာရယ်။
    နောက်မှအကျိုးကြောင်းသိရတယ်။
    ကားမှောက်တာနဲ ့ပတ်သက်ပြီး
    ကောလဟာလသတင်းတွေပါထွက်လာတာ
    ကြားသိခဲ့ရပါတယ်။။ ကျမမိတ်ဆွေကသူပိုင်ဆိုင်တဲ့အိမ်ခြံကို
    ဗိုလ်ချုပ်ချစ်ဆွေကိုသူငယ်ချင်းအချင်းချင်းမို ့ရောင်းလိုက်တာပါ။
    အိမ်ခြံမှုပြီးပြတ်လို ့တရားရုံးကပြန်အလာမှာ
    ဖြစ်တာဆိုတော့၊ကျမမိတ်ဆွေဦးကိုလေးလည်းကြောက်ပြီး၊
    သူနေတဲ့ရန်ကုန်၊ဆယ်မိုင်ကုန်း၊လေဆိပ်ရိပ်သာလမ်းကအိမ်မှာ
    မနေရဲတော့ပဲ၊ကျိုက်ထိုခြံမှာလာနေဖြစ်တယ်။အိမ်ကနှစ်ခြံတွဲကပ်ရက်ဖြစ်နေတာ။
    မိတ်ဆွေတစ်ယောက်ကိုအလကားပေးနေရင်းနှင်ထုတ်မရတာနဲ ့။ဗိုလ်ချုပ်ချစ်ဆွေကိုရောင်းလိုက်ရတာ။
    ကားတိုက်မှုဖြစ်ချိန်၊မိတ်ဆွေဦးကိုလေးလည်းမနေသာပဲ၊တတ်နိုင်သမျှကူညီတာတော့တွေ ့ခဲ့ရပါတယ်။

  • ဂျစ်စူ

    June 22, 2017 at 3:55 pm

    မမူးချင်ယောင် ဆောင်သော ငမူးများဆိုပြီး တစ်ပုဒ်လောက်ရေးပါဗျာ
    ကုန်ကြမ်းလိုရင် ကျနော့်ဆီ ဖုန်းဆက်မေးလိုက်ပါ
    နော်
    နော

    • သင့်အေးရိပ်

      June 27, 2017 at 12:05 pm

      ဖုန်းဆက်တယ်။
      ဘီအီးဆိုင်ထဲ ရောက်သွားတယ်။
      အဲ့ ဘီအီးဆိုင်ထဲမှာ ခီညားရဲ့ဖုန်းကျန်ခဲ့တယ်တဲ့။
      သွားယူလိုက်အုန်း။
      :k:

  • တောတွင်းပျော်

    June 24, 2017 at 11:37 pm

    အချက်ပြမီးသုံးဖို ့ဆိုတာ
    နောက်မီး ကောင်းကောင်းလင်းဖို ့လည်း လိုဒယ်

    • သင့်အေးရိပ်

      June 27, 2017 at 12:06 pm

      နောက်မီး လင်းတတ်ဖို့ဆိုတာလည်း တော်ရုံ ပညာခန်းနဲ့တော့ မရဘူးနော့။
      :k:

Leave a Reply