( တောအကြောင်း တောင်အကြောင်း – 2 )

( တောအကြောင်း တောင်အကြောင်း – 2 )

Maran Road Camp

မွန်းလွဲ ၂ နာရီထိုးလောက်ကျတော ့ ကျနော်တို ့နှစ်ယောက် ပင်မစခန်းကနေ စထွက်လာတယ်။
ကျနော်တို ့စခန်းနဲ ့အနီးဆုံးတောင်ကို မိနစ် ၂ဝ ကြာလောက်ဖြတ်ကျော်ပြီးတော ့ Sungai Mas ( ရွှေချောင်း ) နားကို ကပ်လာတယ်။
ချောင်းဘေးကားလမ်းမတစ်လျှောက်မှာ ဆင်ချေးပုံတွေ ဟိုနားတစ်ပုံ ဒီနားတစ်ပုံတွေ ့လာရတယ်။ ဆင်ခြေရာ အကြီးအသေးတွေကို ခန် ့မှန်းရေကြည် ့တော ့ ဒီအုပ်စုက အတော်များပုံရတယ်။ လမ်းဘေးနားတစ်လျှောက် ဝါးရုံပင်တွေကိုလည်း ဆွဲချိုးထားတာက အတော်များများ …
တစ်ချို ့က ကားလမ်းပေါ်ကန် ့လန် ့ဖြတ်။

ဒီနားတဝိုက်မှာက ဆင်အုပ်စုတွေ တော်တော်များတယ်။ ဆင်တွေတင်မက ဝက်ဝံတွေလည်း အတော်များတယ်။ အရင်
Sungai Mas ချောင်းဖျားဘက် သစ်လုပ်ကွက်ဝင်တုန်းက ညတိုင်းလိုလို ဝက်ဝံအနှောက်အယှက်ကြုံရတယ်။
လူကိုလာရန်မူတာတော ့မဟုတ်။ ညဖက်အဆောင်မီးဖိုကိုဝင်ပြီး
စားစရာတွေကို လာ လာ မ,သွားတတ်တာ။
သကြားထုပ် ဆန်အိတ် ဆီထုပ် မ, လို ့ရတာမှန်သမျှ အကုန် ယူတယ်။ နောက်ပိုင်းအတင် ့ရဲလာပြီး နေ ့ခင်းဖက်တောင်
ရောက်လာတတ်တော ့တာ။ အဆောင်စားဖိုမှူးမကြီးဆို
နေစရာမရှိလောက်အောင်ကြောက်ရှာတာ။
ဒီကောင်တွေက ဆီဆိုအသေကြိုက်။ အင်ဂျင်ဝိုင် ဟိုက်ဒရောလစ်ဝိုင်တွေလည်း ဖောက်သောက်လိုက်တာပဲ။
အဆောင်ရှေ ့သစ်ပင်ကြီးအောက်က တရုတ်နတ်စင် ဆီမီးခွက်လည်း မလွှတ်။ လာလာသောက်သွားတတ်တယ်။

တခါတော ့ တောတွင်းပျော် အဲဒီနတ်စင်က ဆီမီးခွက် ဆီထဲကို ဘာမီတွန် အလုံး ၂၀  ကြိတ်ပြီးမွှေထည် ့ပေးလိုက်တာ
၃ / ၄ ရက်လောက်ပျောက်သွားတယ်။
နောက်ပိုင်း မထူး ပြန်ပေါ်လာတာပါပဲ

ဝက်ဝံမှာက ၂ မျိုးရှိတယ်။ ပတပ်ရပ်လမ်းလျှောက်တတ်တဲ ့ အမျိုးအစားနဲ ့ လေးဖက်ထောက်သွားတတ်တဲ ့အကောင်။
ပတပ်ရပ်တဲ ့ကောင်ကို မလေးလို Braung Orang  ( လူဝက်ဝံ )ခေါ်ပြီး
လေးဖက်ထောက်သွားတဲ ့ကောင်ကို Braung Angin ( ခွေးဝက်ဝံ ) လို ့ခေါ်တယ်။
ပတပ်ရပ်ကောင်တွေက လူကိုရန်ရှာတတ်ပြီး ရှားပါတယ်။
ခု တောတွင်းပျော်တို ့ စခန်းအနားတဝိုက်ရှိတာတွေက Braung Angin တွေ။

**********

Sungai Mas ချောင်း အောက်ခြေကို ကွန်တိန်နားသေတ္တာအဟောင်းချထားပြီး အထဲသဲကျောက်အပြည် ့ထည် ့ ကမ်းနှစ်ဖက်ကို ဖောင်ဒေးရှင်းပုံစံ
ချထားတယ်။ အပေါ်က သစ်လုံးမာတွေ ခင်းထားပြီး တံတားအဖြစ်လုပ်ထားတယ်။ ဒီတံတားပေါ်ကနေ
အလေးချိန် တန် ၃ဝ / ၄ဝ ရှိ သစ်ကားတွေဖြတ်သွားရမှာ။

ချောင်းကိုကျော်လာတာနဲ ့ မြေသားအရောင်ပြောင်းသွားတယ်။
ညိုညစ်ညစ် ရွှံ ့စေးလိုမြေမျိုး။ မိုးရွာရင် လမ်းချော် နေပူပြန်တော ့
ဖုန်တထောင်းထောင်းထ။
ကားသမားတွေ မကြိုက်တဲ ့မြေမျိုး။
ဒီလိုလမ်းပေါ်မောင်းနေရင်း မိုး ရုတ်တရက်မိလို ့ကတော ့
ရောက်တဲ ့နေရာမှာ ကားကို ချက်ချင်းရပ်။ ကားကို တစ်လက်မတောင်မရွေ ့ရဲတော ့။ အန္တရာယ် အလွန်များတယ်။
မလေးရှားမိုးက အချိန်မရွေးထရွာတတ်တော ့ ဘယ်တော ့မှ
မိုးကို ခန် ့မှန်းလို ့မရနိုင်။ သစ်သယ်လမ်းကြောင်းခရီးလည်း
ရှည်တော ့ တခါတလေ မိုးမမိဖို ့ ကံတရားကိုအားကိုးရတော ့တယ်။

မိုးရွာပြီဟေ ့ဆိုရင် အကြို 4×4 ကားတွေတောင် ကားဘီးသံချိန်းကြိုးပတ် မနည်းမောင်းရတာ။ ဒီတော ့ လမ်းခုလတ် မိုးမိတာနဲ ့ ကား parking ကို စိတ်ချရအောင်လုပ်
ထားခဲ ့ပြီး အဆောင် ဓါး ရဲတင်း ကိုင်ပြီး အပြန်ခရီးကို ခြေကျင်ကြွပေါ ့။ အဆောင်က အကြိုထောက်မယ် ့ကားနဲ ့ မဆုံမခြင်း။ မိုးရွာပြီးကာစအချိန်တွေမှာ တောကောင်တွေက ကားလမ်းတွေပေါ်ထွက်လာတတ်တာ သတိထားရတယ်။

12 comments

  • ဦးကျောက်ခဲ

    June 21, 2017 at 10:52 pm

    အင်း … ပိုက်ပိုက်ရှာရတာ သက်စွန့်ဆံဖျား… သုံးလိုက်ရင်တော့ မြန်မှမြန်…
    စကားမစပ် … ဝက်ဝံကို ဘာမီတွန်မတိုက်ဘဲ ယာဘတိုက်လိုက်ရမှာ …
    အဲ … နေ့တိုင်း လာတောင်းနေရင်တော့ ကိုယ့်အတတ် ကိုယ့်စူး … ခွိ :k:

    • တောတွင်းပျော်

      June 22, 2017 at 10:59 pm

      YBS ကတော ့ ဒီက မလေးလူမျိုး သစ်ကားမောင်းသမားတွေ ချတာ တွေ ့ဖူးတယ်။ နေ ့ည မရှိ တောထဲမှာ မောင်းနိုင်တယ်ဗျာ …
      အင်းကျီချွတ်ကြီးတွေနဲ ့။

  • သင့်အေးရိပ်

    June 22, 2017 at 8:11 am

    တောတွင်းပျော်တဲ့
    တာဇံအနေနဲ့
    တောထဲက
    တောင်ကမူအကွယ်ကနေ
    တောကောင်တစ်ကောင်က
    တွားပြီး ထွက်လာရင်
    တတ်ထားတဲ့
    တောသိုင်းနဲ့ ချမှာလား
    တာဇံရဲ့ အဆောင် ဓါး/ ရဲတင်းနဲ့
    တိခနဲ ပိုင်းမှာလား?
    တောကောင်ကြီးကလည်း
    တိန်ကနဲ အော်ပြီးအသက်ထွက်သွားမှာလား ဆိုတာ
    ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားရတော့မယ်ထင်ရဲ့။
    တိန် တိန်
    ၂ခါတိန်
    :k:

    • တောတွင်းပျော်

      June 22, 2017 at 11:21 pm

      တွံ တေး တံ တား
      ———————-

      တွံတေးတံတားတည်တော့
      တွင်းတွေ တူးတယ် တံတားတိုင်တွေ တပ်တယ်။
      တွင်းတွေ တာတေ တူးတယ်။ တိုင်တွေ တာတီးတပ်တယ်။
      တွင်းတူးတုန်း တာတေ တွေးတယ်…

      “တွင်းတစ်တွင်း တူးတိုင်း တိုင်တစ်တိုင်တပ်တယ်…
      တွင်း တွမ်တိတူးတော့ တိုင်တွမ်တိ
      တွင်းတစ်တွင်းတိုးတူးတော့ တိုင်တစ်တိုင်တိုး ”

      တာတေ တွက်တာ တော်တယ်
      တွင်းတွမ်တိတူးတယ်။ တိုင်း(မ်) တိုတော့ တွင်းတိမ်တိမ်တွေ တူးတာ…
      တင်တော့ တွင်း တွမ်တီးတူးတိတိ တိုးတင်တယ်….
      တွင်းတိုးတော့ တိုင်တိုးတယ် တိုးတဲ့တိုင်တွေ တာတီးတွမ်တယ်
      တာတီးတွမ်တာ တွေ့တော့ တာတေ တားတယ်
      တိုင်တစ်တိုင်တောင်းတယ်
      တောင်းတော့ တာတီတင်းတယ်… တွန့်တယ်
      တာတေတွယ်တော့.. တာတီးတိတ်တယ်

      တို့တွေ တွေ့တဲ့ တွံတေးတံတား
      တာတီး တာတေ တည်တဲ့ တံတား
      တစ်တောင်တိတိတိုင်းတူးတဲ့ တွင်းတိမ်တိမ်တွေ
      တိုင်တိုတိုတုတ်တုတ်တွေ တော်တော်တောင့်တင်းတဲ့တုံးတံတားတွေ တော်တော်တွေ့တယ်။
      တာတီးတိုင်တွေတွမ်တာ တောတွေတောင် တုံးတယ်တဲ့
      တောတွေတိုးတိုးတိတ်တိတ်တိုး
      တောင်တွေတတိတိတက်တုန်း
      တာတေတော့ တာတီးတွေ့တိုင်း
      တိုင်တစ်တိုင် တောင်းတုန်းတဲ့…

      မှတ်ချက် ။ ။ သူများဟာ :k:

      credit ~
      Yan Lin Phyo &Zuam Bee &Naing Nyo

  • တောအကြောင်းတောင်အကြောင်းဖတ်ရတော့ အလိုလိုဝမ်းနည်းလာတယ်ကွယ်
    မြန်တျန့်မှာကတောတွေတောင်တွေဟာ စာအုပ်တွေထဲ ဓါတ်ပုံတွေထဲသာရှိတော့တာကလား…ဟီး..ရွှတ်

    • တောတွင်းပျော်

      June 22, 2017 at 11:28 pm

      စာအုပ်ထဲ ဓါတ်ပုံတွေထဲတောင် ရှာမတွေ ့တော ့ဘူးကွယ် ..
      ဟီး .. ရွှတ်!

  • •*¨နန်းတော်ရာသူ •*¨

    June 23, 2017 at 9:32 am

    ပိုက်ပိုက်ရှာရမလွယ်သလောက်
    အသုံးကလည်းမခံ
    လူ/စိတ်ပင်ပမ်းသလောက်အကျိုးမခံစားရတဲ့ကားအုံနာတွေဘဝကို ဘဝတစ်လျှောက်တွေ့ကြုံခံစားခဲ့ဖူးရသမို့
    မလွယ့် မလွယ်

    • တောတွင်းပျော်

      June 23, 2017 at 11:29 pm

      ဟုတ်ပါတယ် အစ်မတော် နန်းတော်ရာသူ

      ကိုယ်လုပ်နေတဲ ့ အလုပ်မှာ ဝါသနာလေးခံနေလို ့သာ လုပ်နိုင်နေတာ

  • ဦး လေး မန်း

    June 23, 2017 at 10:34 am

    ကိုယ်​ဆီမှာ​တော့ ​တော​တွေလဲကုန်​သ​လောက်​ပါဘဲ အရင်​ကမိုးကုတ်​လမ်​းဆိုလဲ ​တော​တော်​​​တော်​နက်​တာ အခု​တော့ဘာမှမရှိ သ​လောက်​ဖြစ်​​နေပြီ။ မ​လေးရှားသစ်​ထုတ်​တာဆို​တော့ East မ​လေးရှားများလား။

    • တောတွင်းပျော်

      June 23, 2017 at 11:37 pm

      East ဆာဗား ဆာရာဝပ်က သစ်ပိုများတယ်။
      အဲဒီဖက်က ထုတ်ပုံထုတ်နည်းနဲ ့ အနောက်မလေးရှားက သစ်ထုတ်ပုံလည်း
      မတူဘူး။ အရှေ ့ဖက်မှာက ဟတ်စကီးတွေနဲ ့လည်း တောထဲကထုတ်တယ်။
      တောထဲလမ်းတွေ အကျယ်ကြီးဖောက်ထားတယ်။
      အနောက်မှာကတော ့ ကားသွားလို ့ရရုံလောက်သာ ဖောက်ရတယ်။

  • surmi

    June 23, 2017 at 12:34 pm

    ပစ်ခွင့်မရှိဘူးလားဗျ . .
    သေနတ်မရတောင်မှဒူးလေးကောင်းကောင်းဆင်ပြီးဆော်ချင်လိုက်တာ :mrgreenn:

    • တောတွင်းပျော်

      June 23, 2017 at 11:46 pm

      ကျနော် အနေများတာက ကြိုးဝိုင်းတွေမှာ …
      ပစ်ခွင် ့မဆိုထားနဲ ့ ဖားရှာ ငါးရှာတာတောင်ခွင် ့မပြုဘူး။
      တောထဲနေရင် လိုင်စင်လုပ်ထားရတယ်။
      အမြဲတမ်းစစ်ဆေးတယ်။
      စာရင်းမှာ မပါရင် မနေရ တောထဲ။

      အနီးအနားရွာကလူတွေကတော ့ နားလည်မှုနဲ ့ ဝင်တာပါပဲ။ သစ်သီးသစ်ဥရှာ
      ဖားရှာ ငါးရှာ နားလည်မှုနဲ ့ပေးထားတာ။
      တစ်ချို ့ကတော ့ ပြင်းအားကောင်းတဲ ့ လုပ်လေသေနတ်တွေ ဖွတ်ပြီး ယူလာတတ်ကြတယ်။

Leave a Reply