ပျော်စရာ Gazette ရွာမှာ

မင်္ဂလာပါရွာသူရွာသားအပေါင်းသူတော်ကောင်းတို့

ရွာထဲဒီနေ့မှအင်တာနက်လေးကောင်းလို့ဝင်ကြည့်မိတယ်…

အတော်လေးပြန်လည်စီကားနေတာတွေ့လို့….အံ့ဩဝမ်းသာဖြစ်မိကြောင်းပါ

တကယ်တော့ပို့စ်တွေကိုကွန်မန့်တွေပေးကြရာမှာ

ဖွဘုတ်တော်ကြီးပေါ်မှာထက်ဒီဂဇက်ရွာမှာမန့်ရတာပိုလေးနက်သလိုခံစားရသဗျ…..အာ့လေးလာပြောရင်း…

တင်ခဲ့ဖူးတဲ့..ရွာသူသားပြန်ခေါ်စာလေးရီနယူးပြန်လုပ်ချင်လာသဗျို့

ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…

ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက်

အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည်

အဘယ့်ကြောင့်နည်းဟူမူကား…

ရွာ၏လူကောင်း၊ လူဟောင်းများစွာ

လူသစ်ပါဝင် ရွာထဲဝင်ကြ

ရွာစည်လှ၍ သူကပို့စ်တင်

ကိုယ်ကခင်နှင့်

ကွန်မန့်တွေပေး

ပျော်ကြသေးတော့

ဒီလိုမြင်ကွင်း

မြင်ရခြင်းကြောင့်

ကျုပ်၏ရင်ဝယ်

ပီတိလှိုင်းခတ်

ငတ်ခဲ့သည့် အချစ်

ပြန်ရဘိသို့ ။

 

ဒီမှာသဂျီး  ဒီရွာကြီးဟာ

သင်၏ရွာပါ  ဒါပေသော်ငြား

ရွာဆိုသည်မှာ

လူသူမရှိ တိတ်ဆိတ်ဘိငြား

တစပြင်အလား

ဖြစ်နေငြားက

သင်၏ရွာသည်

ရွာဟု မတွင်

တစပြင်တည်း။

 

ယခုခါမူ

ရွာမှမြို့တက် ရွာကိုမေ့လျှက်

ရွာကိုမဝင် ရွာမခင်ဟန်

မေ့ ခဲ့ ပျောက်ခဲ့

နေနေ ခဲ့လည်း

ထားရှိခဲ့သည့်

သံယောဇဉ် အပေါင်း

မဟောင်းနိုင်ပဲ

နိစ္စဓူဝ ရွာအပြင်ဝက

ရွာ၏အပြောင်း

တစေ့တစောင်းကို

စောင့်ကြည့်နေခဲ့။

 

အင်တာနက်လိုင်း

မကောင်းတစ်ချက် ကောင်းတစ်ချက်မို့

လွယ်ရာကူရာ

ဖေ့စ်ဘုတ်မှာသာ

ကျုပ်ပျော်ပါသည်

ရွာရဲ့သဂျီး ဦးခိုင်ကြီးက

ဒီဝက်ဆိုဒ် အရေး

ကောင်းဖို့တွေးကာ

လုပ်ရှာပါလည်း

လယ်နေမြဲမိ်ု့

ဒီရွာလူမဝင်နိုင် ရှိမည်တည်း။

………………………

………………………

 

………………………

 

………………………

 

ရွာထဲ..ခင်ခဲ့ ရင်းနှီးခဲ့

အပြန်အလှန် ကျီစယ်ခဲ့

နောက်ပြောင်ခဲ့ ကြတဲ့

မန်းဂဇက်ရဲ့ ရွာသူ ရွာသားတွေကို

အရမ်းလွမ်းလာတယ်ဗျာ…

ခုလိုဆုံချင်ပါသေးသဗျာ

ထဝရလမ်းဆက်လျှောက်နေတဲ့

ကြီးမိုက်

 

27 comments

  • သင့်အေးရိပ်

    June 22, 2017 at 10:02 am

    ဦးကြီး တင်ထားတဲ့ပုံကို ကြည့်မိတော့မှ အရင်က ရွာကို ပိုလွမ်းမိသွားတယ်ဗျို့။

    အဲ့နေ့က ဆုံကြရာမှာ ထူးထူးခြားခြား မမဂျီးခင်ဇော်ပါ ရောက်လာတဲ့နှစ်။
    ကိုအမတ်ကြီး မှန်အကြည်ကို ဝင်တိုက်မိတဲ့နှစ်။ :k:
    ဂဇက် တံဆိပ်ရိုက် အမှတ်တရ အကျီ င်္တွေ စဝတ်တဲ့နှစ်။

    အခုနေများ အဲ့လို ဆုံစည်းကြမယ် ဆိုရင်တောင်
    အဲ့တုန်းကလောက် ကြည်နူးရပါ့တော့မလား မသိ။

    ဒီနှစ်တွေထဲမှာ
    ရွာသူားအချင်းချင်း ပဋိပက္ခတချို့
    မီးလိုပဲ တဟုန်းဟုန်း တောက်ခဲ့မိကြသေးတာကိုးးး
    :k:

  • ဟိုတစ်လောက ရွာသားတစ်ယောက်နဲ့ (ဘယ်သူလဲမမေးရ :mrgreen: ) စိမ်းလန်းစိုပြည်ထဲသွားတော့တောင် အဲဒီနေရာလေးကို မြင်ပြီး လွမ်းနေကြသေးတယ်.. ရွာသူားတွေနဲ့ မဆုံဖြစ်တာ အတော်ကြာနေပြီ..ပြန်ဆုံရင် ကောင်းမှာပဲလို့ ပြောနေကြတာ..

  • weiwei

    June 22, 2017 at 10:32 am

    အမှတ်တရတွေ အများကြီးရှိခဲ့တယ် .. ရွာသူဖြစ်ခဲ့တာ ရ နှစ်ရှိခဲ့ပြီ .. အစပိုင်းမှာ ငြင်းခုန်ရင်း ဗဟုသုတတော်တော်ရခဲ့ဖူးတယ် .. ကိုယ်ထင်မြင်တာတွေ မှားခဲ့တာတွေနဲ့ အမြင်မတူတာတွေကို လက်ခံတတ်တဲ့အကျင့်ကောင်းတစ်ခုရခဲ့တယ် ..
    မိတ်ဆွေတွေ တိုးခဲ့တယ် .. လူတိုင်းနဲ့ မိတ်ဆွေမဖြစ်နိုင်ခဲ့ပေမယ့် မိတ်ဆွေဖြစ်ပြီးတဲ့သူကတော့ ထာဝရမိတ်ဆွေဖြစ်သွားတဲ့အထိ ရင်းနှီးသွားခဲ့ကြတယ် .. ဒီရွာထဲ မဝင်ကြ မစည်ကားကြပေမယ့် ရင်ထဲက စိတ်တွေကတော့ မပြောင်းလဲကြပဲနဲ့ ရွာသူားစိတ်အပြည့်ရှိကြတယ်ဆိုတာတော့ သေချာပါတယ် .. အလွမ်းပြေ လာစရာနေရာတစ်ခုရှိနေတဲ့အတွက် သူကြီးကိုလဲ ကျေးဇူးတင်ပါတယ် ..

    • “ကိုယ်ထင်မြင်တာတွေ မှားခဲ့တာတွေနဲ့ အမြင်မတူတာတွေကို လက်ခံတတ်တဲ့အကျင့်ကောင်းတစ်ခုရခဲ့တယ် ..”
      အမှန်ပေါ့မဝေရေ..နောက်တစ်ချက်က အမြင်လည်းကျယ်လာတယ်ဗျ…

    • surmi

      June 24, 2017 at 10:36 am

      ဒီမှာက ” ရိ ထေ့ ငေါ့ စွာ ဆဲ စောင်း ရန် လှောင် ” သ်ိပ်မရှိဘူး ။
      ရှိတော့ ရှိတယ် နဲတယ် ။
      ရှိရင်လည်း သူ့သမိုင်းနဲ့သူ
      ကိုယ်တွေက ကမာရွတ် :mrgreenn:

  • aye.kk

    June 22, 2017 at 12:33 pm

    အမှန်ပါ
    အမှန်ပါ
    အမှန်ပါ…….ဟု
    ပြောပြလိုပါတယ်။

  • ဦးကျောက်ခဲ

    June 22, 2017 at 12:47 pm

    နေတတ်ရင် ကျေနပ်စရာပါ ဆြာမိုက်ရယ် …
    အရင်လို ပျော်ပျော်ပါးပါး ရေးကြမန့်ကြမယ်ဆို ရွာစည်တာပေါ့…
    ရွာသူရွာသား အသစ်အဟောင်းများအားလုံးကို “ကြိုဆိုပါတယ်” လို့… :k:

    • ကိုရင်ကျောက်သားရတနာလေးကို မနှင်းက ရတနာရွှေကြုပ်နှုပ်ငုံနေတုန်း အမှတ်တရပေါ့ဗျား
      ခီများသားကိုဒီပုံပြလိုက်ပါ..ဟေးဟေးဟေး :chit: :chit: :chit:

  • ရွာအကြောင်းနဲ့ပါတ်သက်လို့မန့်ထားတာလေးမလာတာ …
    David Thar Geet
    3 hrs ·

    တစ်ခါက…
    ရွာမှာတွေ ့ဆုံပွဲတွေ လုပ်တယ်ဗျ။
    ညီငယ်တစ်ယောက်က
    အဲ့ဒီ တွေ ့ဆုံပွဲတစ်ခုကို
    ကျနော်တက်ဖြစ်မှာမဟုတ်ဘူး ပြောမိလို ့
    အရက်ဝိုင်း တစ်ခုမှာ
    ကျနော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
    ရန်တွေ ့တာခံရပါတယ်။
    ကျနော် ဘာမှ ပြန်မပြောခဲ့ပါဘူး။
    ဒီအတိုင်းပဲ ထပြန်လာခဲ့ပါတယ်။
    အဲ့ဒီ ညီငယ်နဲ ့ကျနော် အခင်အမင်မပျက်
    ဒီနေ ့အထိ ပေါင်းသင်းနေဆဲပါ။

    တပြိုင်တည်းမှာပဲ
    ညီငယ်တစ်ယောက်က
    ကျနော် တွေ ့ဆုံပွဲတစ်ခုကို တက်မိလို ့တဲ့
    စိတ်ဆိုးပြီး ၆ လလောက် စကားမပြောပါဘူး။
    နောက်မှ သူကိုယ်တိုင်ပြန်ပြောပြလို ့သိရတာပါ။

    အော်
    လူ ့အလို နတ်မလိုက်နိုင်ပါလား။
    တစ်ခါက…ပါဗျာ။

    (သာဂိ):chit: :chit: :chit:

  • ဂျစ်စူ

    June 22, 2017 at 3:33 pm

    အားလုံးကို ကျိုစိုပါတယ်ဗျာ

  • kai

    June 22, 2017 at 4:07 pm

    ရန်ကုန်ရောက်တုံး.. တော်တော်များများနဲ့တွေ့ခဲ့ရတယ်..။
    ဆိုတော့…
    ရွာကတော့.. “ဒီအတိုင်းဆက်၍ ရှိနေဦးမည်.. ခိုင်” ဖြစ်ပါကြောင်း..။ :k:

  • padonmar

    June 22, 2017 at 9:08 pm

    သဘာဝရိပ်သာ အလှူက နောက်ဆုံးအလှူပဲနော်။
    လွမ်းမိပါတယ်။
    စာရေးပြီးရင်လည်း ပြန်မန့်တဲ့ ကွန်မန့်တွေက ရွာထဲ တင်ရတာနဲ့ ဖွဘုတ်နဲ့ မတူဘူးရယ်။
    ခင်ဇော်ပြောသလို ရန်ဖြစ်ရင်တောင် ရွာထဲကမှ လက်ရည်တူတယ် ထင်မိ။
    (စကားအတင်းစပ်- ဝေဝေ့နောက်က ရပ်နေတာ ဘယ်သူလဲ၊မမှတ်မိလို့)

    • ဦးကျောက်ခဲ

      June 22, 2017 at 9:15 pm

      မဝေနောက်က ကချင်နုထွားဂျီးလေ… Woody Woodpecker ကေနဲ့ :k:

      • padonmar

        June 23, 2017 at 10:36 pm

        ဆောရိုးကို ဖြူဖွေးနဲ့ ကန်တော်ကြီးပွဲမှာ လာတာပဲ မှတ်မိလိုက်တာ။

  • သင့်အေးရိပ်

    June 22, 2017 at 9:39 pm

    အန်တီအိရဲ့ နောက်
    အန်တီမှီရဲ့ဘေးက ဘယ်သူပါလိမ့် !
    :k:

  • Mr. MarGa

    June 23, 2017 at 5:28 am

    ကိုယ့်ပုံကိုယ် မနည်းပြန်ရှာယူရတယ် :k: :k:

  • ဦး လေး မန်း

    June 23, 2017 at 8:04 am

    ကိုမိုက်​​ရေ ဓာတ်​ပုံ​လေးအမှတ်​တရ သိမ်​းထားလိုက်​အုံးမယ်​ဗျာ ကိုယ်​တခါမှမပါဖြစ်​​ပေမဲ့လဲ အဲလိုဘဲ Group ပုံ​လေး​တွေ​တွေ့ရင်​ လာချင်​မိသား။ အင်​တာနက်​က​တော့သိတဲ့ အတိုင်​းပါဘဲ စိတ်​ရှည်​သီးခံ လိုင်​း​ကောင်​းရန်​​ပေါ့။ Mrဆို​တော့ လဲလုပ်​​နေဟန်​တူရဲ့ ဖွဘုတ်​​လောက်​​တော့ မ​ကောင်​းနိုင်​ဘူး​ပေါ့ဗျာ။

    • ဦးလေးမန်း လာချင်တယ်ဆိုလို့ဝမ်းသာတယ်ဗျာ..ဒီတစ်ခါဆုံဖြစ်ကြရင် ဖိတ်ပါမယ်
      အထူးသဖြင့်နိုင်ငံရပ်ခြားရောက်နေသူရွာသူားတွေထဲကတချို့ ပြည်တော်ပြန်ခဲ့ရင်
      ဆုံဖြစ်လေ့ရှိပါတယ်..တွေ့ကြရအောင်ဗျို့ :chit: :chit:

  • •*¨နန်းတော်ရာသူ •*¨

    June 23, 2017 at 9:29 am

    သဘာဝတရားရိပ်သာအပါ ရွာအလှူ၃ခုလောက်ပါခဲ့ဖူးပါတယ်
    ရေစက်တော့ ပါသွားပြီပေါ့
    :mrgreen:

  • Shar Thet Man

    June 23, 2017 at 5:36 pm

    အဲ့တုန်းကစမီးမသိလိုက်ရပါလား

  • တောတွင်းပျော်

    June 23, 2017 at 11:19 pm

    ဓါတ်ပုံမြင်လိုက်မိတော ့မှ အားလုံးကို သတိရလွမ်းဆွတ်လာတယ်။

    ကြည် ့ဇမ်း … အပြင်မှာမြင်ဖူးတာကျနေတာပဲ ???

Leave a Reply