တောအကြောင်း တောင်အကြောင်း -၃

( တောအကြောင်း တောင်အကြောင်း – 3 )

တောနက်တွင်းမှ လုပ်ကြံမှု

ဒီလို စာသားခေါင်းစဉ်နဲ ့ စလိုက်တော ့နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားတတ်ကြတဲ ့ မိတ်ဆွေတွေ
တချိန်က ABSDF ( မြောက်ပိုင်း ) ကျောင်းသားအဖွဲ ့တွေရဲ ့
ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် မသတီစရာ ပွဲစဉ်ကြီးကို မြင်ယောင်မိကြမှာပါ။

တကယ်က ဘာမှမဆိုင်ပါဘူး …
ကိုယ် ့ Post လေးကို လူတွေစိတ်ဝင်စားအောင် စကားခင်းတာ
???

၂၀၀ရ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်မှာ Sungai Mas နယ်မြေကို ကျနော်အပါအဝင် လူ ၅ ယောက် စခန်းပြောင်း ရှေ ့ပြေးအနေနဲ ့ရောက်သွားခဲ ့တယ်။ ထမင်းချက်လင်မယားရယ်
excavator သမားရယ် အလုပ်သမားခေါင်းဆောင်ရယ်။

ဟိုအရင်က ဝင်ခဲ ့တဲ ့စခန်းတွေက စခန်းနဲ ့ အနီးဆုံးရွာတွေဆို အလွန်ဆုံးမိနစ် ၂ဝ လောက်သာဝေးတဲ ့ခရီး။
ဒီ Sungai Mas ကျတော ့ ၂ နာရီလောက်ကြီးများတောင် မောင်းဝင်ရတာ။ တကယ် ့ကမ႓ာခြားနေရာ တစ်ခုကိုရောက်သွားသလို။

ဒီ Sungai Mas ကမ႓ာကိုရောက်တော ့ အမှတ်မထင်ပဲ လူထူးလူဆန်းတစ်ယောက်ကို တွေ ့လိုက်ရတယ်။
သူ ့နာမည်က Wah
အင်ဒိုနီးရှားလူမျိုး။ အသက် ၆ဝ လောက်ရှိနေပြီဖြစ်ပေမယ် ့
သူ ့သွားလာလှုပ်ရှားမှုကို ဘယ်လူငယ်ကမှ မယှဉ်နိုင်လောက်အောင် ပေါ ့ပါးသွက်လက်လှတယ်။
ဒီတော ဒီတောင်ကြီးထဲမှာ နေခဲ ့တာ အနှစ် ၂ဝ လောက်ရှိပြီ
ဆိုသတဲ ့။
သူ ့ကမှ တကယ် ့ဘိုးတော်တောပျော်ကြီးအစစ်။
ကြုံရာ စမ်းချောင်းဘေးတွေမှာ တဲထိုးပြီး ဖားရှာ ငါးရှာ နေ နေတာ။ ရလာတဲ ့ ဖားတွေကို သူ ့ဆိုင်ကာ်အစုတ်လေးနဲ ့
မြို ့ပေါ်တက်ရောင်း။
သူနဲ ့ စကားစပ်မိလို ့ကြားရတာ
သူ ့ဘဝကြေကွဲဇာတ်ကြောင်းတွေတော ့ရှိနေရဲ ့။
ဒါကြောင် ့ပဲ ဒီလိုတောကြီးမျက်မည်းတွေကြား
အထီးကျန်ဆန်ဆန် နေ နေတာလား
ငြိမ်းချမ်းနေတာလား …. ခန် ့မှန်းရတော ့ ခက်တယ်။

သူက စကားအပြောအဆို အလွန်နည်းပေမယ် ့ ခင်မင်ဖို ့ကောင်းတဲ ့လူ။ မျက်နှာဟာ အမြဲပြုံးချိုနေပေမယ့်
သူ ့မျက်လုံးကနေ သူ ့ရဲ ့ ခါးသည်းတဲ ့ ဘဝအရေးအကြောင်းတွေ
အလွယ်တကူဖတ်လို ့ရတယ်။

သူ ့အနေနဲ ့ မလေးရှား IC အင်ဒို passpost စတဲ ့ အထောက်အထားတွေ တစ်ခုမှမရှိပေမယ် ့ ဒီဒေသနဲ ့သက်ဆိုင်တဲ ့ဋ္ဌာနဆိုင်ရာအကြီးအကဲတွေကစ သူ ့ကို အားကိုးတကြီးဆက်ဆံကြရတယ်။
သစ်တော
ဘူမိ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ရဲ
စတဲ ့အမယ်စုံလှတဲ ့ ဋ္ဌာနဆိုင်ရာတွေက ဒီနယ်မြေထဲရောက်လာရင် သူ ့ကိုတကူးတကလိုက်ရှာကြတယ်။
နှုတ်ဆက်ကြတယ်။
Wah ဆိုတဲ ့ ဒီဘိုးတော်ကလည်း တကယ် ့လူမှ လူ။
ဒီတောတစ်ခွင် သူမသိတာ ဘာမှမရှိ။ ဘာ GPS မှလည်းမလို။
နေ ့နေ ့ညည ဓါးမြောင်တိုတစ်ချောင်းနဲ ့သွားလာနေတာပဲ။

သူနဲ ့ အရမ်းရင်းနီးလာတဲ ့အချိန်မှာ သူ ့ဆီကနေ
မြေပုံ Plan တစ်ခု တောတွင်းပျော် လက်ဆောင်ရလိုက်တယ်။
ဒီတောထဲကို ကွင်းဆင်းလေ ့လာခဲ ့တဲ ့ ဘူမိဗေဒအဖွဲ ့က Wah ရဲ ့ကူညီမှုတွေကို ကျေးဇူးတုံ ့ပြန်တဲ ့အနေ ကတိတစ်ခုတောင်းပြီး ပေးခဲ ့တာဆိုတယ်။
အဲဒီဂတိကတော ့ ဒီ မြေပုံကို နောက်ထပ်ဘယ်သူ ့ကိုမှ မသိစေရ။
မြေပုံထဲမှာ အဓိကပြထားတဲ ့ နေရာတွေက စမ်းချောင်းငယ်လေးတွေ။
ရွှေသတ္တုအများအပြား စမ်းသပ်တွေ ့ရှိရတဲ ့နေရာတွေ။
ဒါတွေကို Wah ရှာစားဖို ့ပေးခဲ ့တာ။

ကံဆိုးတာက တကယ် ့လက်တွေ ့မြေပေါ်မှာတောပိုင်တော်ပိုင်
အရှင်သခင်တစ်ယောက်လို တောကျွမ်းတဲ ့ Wah ဟာ စက္ကူပေါ်က မြေပုံကို မဖတ်တတ်ရှာဘူး။ အလိုလောဘနည်းတာလည်း
ပါကောင်းပါမယ်ထင်ရဲ ့။

သူ ့ဆီကရတဲ ့မြေပုံကို တောတွင်းပျော်တို ့စခန်းက မြေပုံကြီးနဲ ့ တိုက်စစ် GPS နဲ ့ရှာကြည် ့တော ့ ဘူမိအဖွဲ ့ရဲ ့ မြေပုံထဲက အထူးသင်္ကေတပြထားတဲ ့ စမ်းချောင်းတစ်ချို ့ဟာ
တောတွင်းပျော်တို ့စခန်းနဲ ့ မနီးမဝေးကဖြစ်နေတာတွေ ့ရတယ်။
နီးပါတယ်ဆိုပေမယ် ့ တစ်ယောက်ထဲ မသွားဝံ ့တဲ ့နေရာတွေ။

အဓိကကြောက်နေရတာက အချိန်မရွေးတွေ ့တွေ ့နေရတဲ ့ ဝက်ဝံ။
ကျားတွေလည်း တခါတလေတွေ ့ရတတ်တာရှိတယ်လို ့ Wah က
ပြောပြတော ့ ကျောစိမ် ့သွားသေးတယ်။ သူ ့အတွက်ကတော ့
အထူးအဆန်းမဟုတ်သလိုဘဲ။

ဒီအချိန်မှာ Wah နေ နေတာက တောတွင်းပျော်တို ့နဲ ့ မနီးမဝေးမှာ မိုးကာတဲလေးထိုးပြီး နေ နေတာ။
တခါတလေ သူ ့တဲက အစားအသောက်တွေပျောက်သွားတတ်လို ့
စိတ်ညစ်ရတယ်လို ့ ပြောတတ်တယ်။
တောထဲက အကောင်တွေ ဝင်မွှေသွားတာလေ။

Sumgai Mas နယ်မြေဟာ
နေသားမကျသူတွေအဖို ့ ပျင်းရိခြောက်ခြားစရာလိုဖြစ်ပေမယ် ့
ပတ်ဝန်းကျင်တောတောင်တွေက အလွန်လှပါတယ်။
ရာသီမရွေး တောပန်းတွေ အမြဲပွင် ့နေတတ်ပြီး တချို ့အချိန်တွေမှာဆို ပင်လုံးကျွတ်အမျိုးအမည် မခေါ်တတ်တဲ ့ ပန်းတွေ
ပွင် ့နေတတ်ပြန်ရော …
စိတ်နုသူတွေအဖို ့ကတော ့ နောက်ကြောင်းပြန် အတွေးတွေနဲ ့
စမြုံ ့ပြန် လွမ်းချင်စရာကောင်းလှတဲ ့နေရာ။

တောတွင်းပျော်တို ့ကတော ့ မလွမ်းအား။
အချိန်မရွေးရွာတတ်တဲ ့ မလေးရှားမိုးအောက်မှာ ချောင်းရေတွေ
နောက်ကျိလာမှာကို ရင်ခုန်စွာနဲ ့ စောင် ့မျှော်တတ်မြဲ။
ချောင်းရေတွေ နောက်ကျိလာရင် ငါးခူတွေမျှားရသကိုး။
တောတွင်းပျော်တို ့ လုပ်မယ် ့သစ်ကွက်က ပြသ်သနာတွေရှိနေလို ့
အလုပ်လက်မဲ ့နားနေရတဲ ့ အချိန်ဆိုတော ့ အားအားရှိငါးမျှားနေရင်း ရသေ ့စိတ်ဖြေနေ နေကြတဲ ့တဲ ့အချိန်။
မိုးရွာလာလို ့ကတော ့ ညသန်းခေါင်လည်း hilux ကားစက်နိုး
ငါးမျှားဖော် အင်ဒိုလူမျိုး excavator သမားကိုခေါ်ပြီး သွားမျှားတာပဲ။

×××××××××××××××××××

ဒီစခန်းမှာ ရက်အတော်ကြာနေလာခဲ ့ချိန်မှာတော ့ သည်းမခံနိုင်တော ့တဲ ့ အကြောင်းအရာတစ်ခုက မနက်တိုင်းဖြစ်လာတယ်။
ဒါက …
မနက် မနက်ဆို မီးဖိုဖက်ခြမ်းက တောထဲကိုဝင်ပြီး ညက ဝက်ဝံတွေ လာ လာယူသွားတဲ ့ အိုးခွက်တွေ ရိက္ခာထုတ်တွေ
ပြန်လိုက်ရှာ ပြန်လိုက်ကောက်ရတဲ ့ အလုပ်။
တောထဲမှာက ကျွတ်ဆိုတဲ ့ မည်းမည်းပြောင်ပြောင် ခေါင်းတထောင်ထောင်နဲ ့ သတ္တဝါတွေကလည်း ပေါမှပေါသနဲ ့။
ဘယ်လိုမှ ခြိမ်းလို ့မရ ခြောက်လို ့မရတဲ ့ ဒီဝက်ဝံတွေကို အထိရောက်ဆုံးနှိမ်နှင်းရတော ့မယ်။

ဒီကိစ္စ Wah ကို တိုင်ပင်ကြည် ့တော ့ ဒီကိစ္စကိုမပူနဲ ့။
သူ ့တာဝန်ယူပေးမယ်။ ဒါပေမယ် ့ အပြင်လူတွေမလာတဲ ့
သောကြာနေ ့ ချိ်န်ထားလိုက်တယ်။
သောကြာနေ ့ဆို ကျနော်တို ့နေတဲ ့ပြည်နယ်က အစိုးရရုံးပိတ်ရက်။ အစ်စလာမ်တွေ ဝတ်ပြုဗလီတက်တဲ ့နေ ့ဆိုတော ့ ဘယ်သူမှ မလာဘူး။

တောတွင်းပျော် အဲဒီအချိန်တုန်းက အိုလံပတ်ကင်မရာအသေးလေးတစ်လုံး လက်ထဲမှာရှိတယ်။
ည ညနတ်စင်က ဆီမီးခွက်ကိုလာလာ သောက်သွာတဲ ့ ဝက်ဝံကို
ကင်မရာရိုက်ဖို ့ စောင် ့ခဲ ့ဖူးတယ်။
Compact ကင်မရာက zoom ဆွဲ
မကောင်းတာရယ် ISO နိမ် ့တာရယ်ကြောင် ့ ဓါတ်မီးထိုးပြီးရိုက်ခဲ ့ပေမယ် ့ မှုန်ဝါးဝါးပုံလောက်သာပဲရခဲ ့တယ်။

Wah ရဲ ့ အစီအမံအတိုင်း ညအစောကြီး အဆောင်မီးပိတ်လိုက်တယ်။ ဒီအကောင်တွေကတော ့ ညနေမိုးမချုပ်ခင်လောက်ကတည်းက တောအစပ်မ ခြိုးခြိုးချွတ်ချွတ်အသံကြားနေရပြီ။

မီးပိတ်ပြီး အိပ်ယာထဲလှဲလျောင်းနေလိုက်တာ သိပ်မကြာခင်မှာပဲ
မျက်ခွံတွေလေးလာပြီး အိပ်မပျော် ့တပျော် ဖြစ်သွားတယ်။
ဒီအချိန်မှာပဲ တောစအစပ်ကနေ ခွေးဟောင်သံလို
ဝုတ် ဝုတ်အသံ နှစ်ဆက်ရုတ်တရက်ကြားလိုက်တော ့
ဘေးမှာ အိပ်နေတဲ ့ စက်သမားကိုခေါ်နှိုးလိုက်တယ်။
ဟေ ့ Anam ထိပြီးထင်တယ်လို ့ပြောရင်း ဓါတ်မီးယူဆင်းချ
စောစောကအသံကြားရတဲ ့ဆီ မီးထိုးကြည် ့လိုက်တော ချုံပုတ်တစ်နေရာက လှုပ်နေတယ်။
အနားတော မကပ်ရဲ။
ဒီပြသ်သနာကို ဖြေရှင်းချင်လို ့ ဒီလိုလုပ်လိုက်ပေမယ် ့ အဆုံးသတ်ကို ဘယ်လိုသိမ်းရမယ်ဆိုတာ မစဉ်းစားခဲ ့တော ့
Anam ကို လှည် ့ကြည် ့လိုက်တယ်။
သူ ့မှာလည်း ဘာအကြံမှရှိထားပုံမရ။

ဒီအကောင်ကြီးကိုလည်း ဒီအတိုင်းထားလို ့မဖြစ်။ တာဝန်ရှိသူတွေသာ သိသွားရင် သစ်လုပ်ငန်းလိုင်စင်တောင် အသိမ်းခံရနိုင်တယ်။

အပြတ်သာ လက်စရှင်းရတော ့မယ်။
Anam က အရှည် ၁ဝ တောင်လောက်ရှိမယ် ့ သစ်ချောင်းတစ်ချောင်းကိုရှာ ထိပ်မှာ သူဆောင်နေကျ အသွား
၁ဝ လက်မလောက်ရှိမယ် ့ ဓါးမြောင်ကိုပူးချည်လိုက်တယ်။
အဲဒီအကောင်ကြီးရှိတဲ ့နေရာကို မနီးမဝေးခပ်မြင် ့မြင် ့ တနေရာကနေ ဓါတ်မီးထိုးကြည် ့လိုက်တော ့ ဒီကောင်ကြီး
သစ်ပင်တွေနဲ ့ငြိနေပြီး ငြိမ်နေတယ်။
ရုန်းကန်ထားရတာလည်း မောနေပုံရတယ်။
လက်တဖက်မှာတော ့ ကြိုးတင်းနေတဲ ့
steel ကြိုးတစ်ချောင်း …

8 comments

  • surmi

    June 24, 2017 at 7:23 pm

    ဝံ သည်းခြေလေးများရလိုက်သေးလား 🙂

    • တောတွင်းပျော်

      July 10, 2017 at 10:52 pm

      ရတယ် ဦးဆာရေ ့
      ဒါပေမယ် ့ အစုစပ်တွေများတော ့
      ဟိုလိုလို ဒီလိုလိုနဲ ့ နောက်ဆုံးတော ့ပျောက်သွားတာပဲ

  • ဦးကျောက်ခဲ

    June 24, 2017 at 9:19 pm

    ရွှေသတ္တုသိုက် မြေပုံဆိုလို့ “Gold” ဆိုတဲ့ ဓာတ်ရှင်တောင် သွားအမှတ်ရမိတယ် …
    ဟင်း … သူတပါးအသက်ကို စေ့စေ့ကြည့်ပြီး သတ်ရမှာတော့ ကျွတ်ဆင်ကြီး …
    သူသေ ကိုယ်ရှင် ဖိုက်တင်ချရရင်တော့ တမျိုးပေါ့ … :k:

    • တောတွင်းပျော်

      July 10, 2017 at 10:56 pm

      အဲဒီအလုပ်က အတော်ခက်ခဲတယ်ဗျာ …
      ကိုယ်ကလည်း ဒေါသထွက်နေချိန်မဟုတ်။
      သွေးအေးအေးနဲ ့ ရှင်းရမယ် ့ကိစ္စက
      ဘယ်လိုမှလည်း မုဆိုးစိတ်ဓါတ်လည်း မထားနိုင်

  • •*¨နန်းတော်ရာသူ •*¨

    June 25, 2017 at 12:01 am

    တော့်ကတောပျော်
    မသေးမျှင် အဲ မပြာယာမျှော်နေတယ်
    :mrgreen:

    • တောတွင်းပျော်

      July 10, 2017 at 10:57 pm

      မပျာယာကို ရာဇဝင်ထဲ
      အဲ … fb ထဲမှာ ထားခဲ ့ :k:

    • တောတွင်းပျော်

      July 10, 2017 at 10:58 pm

      နောက် တစ်ရက် နှစ်ရက်တောင် အိပ်လို ့မပျော်ဘူး ဦးမိုက်

Leave a Reply