မအေးသောင်း တဲ့။
ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။
ဘယ်သူများလဲလို ့
စုံစမ်းလိုက်တော့
အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။
ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ
ကြာ ကြာလှပေါ့။
ခင်ဗျာ အခုမှ ပေါက်ရရှာ။
အရွယ်တော်တဆိတ်ဟိုင်းကာမှ
ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့
မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။
ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး
တစ်ယောက်နဲ ့ဆွေးနွေးတော့
ဟိုတုန်းက မအေးသောင်းက
ဟော့ရှော့တွေ ဝတ် ဆိုသကိုး။
ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့
အကြည်ဓါတ်ပါတဲ့ မျက်နာလေးက
ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။
အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့
မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့
လူပျိုကြီးရဲ ့နှလုံးသားကို
အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ ဆိုပဲ။
အော် မအေးသောင်း ရယ်။
ခင်ဗျာ့မလည်း
လူပျိုကြီးကိုမှ လုပ်ရက်သဗျာ။
အေးလေ။
ပြီးတော့ မအေးသောင်း ဖွဲ ့ကဗျာလေးတွေကလည်း
ကောင်းလှသဗျာ။
မအေးသောင်း ကဗျာခေတ်လို ့ကို
ပြောရတော့မလိုပါပဲ။
အေးဝတ်ရည်သောင်း ဘဝမှာ
စီးရီးစ်လည်းထုတ်ခဲ့ဖူးတယ်။
ရုပ်ရှင်လည်းရိုက်ခဲ့ဖူးတယ်။
လူသိခဲ့တယ် ဆိုတဲ့ အနေအထားလောက်ပဲ
ဖြစ်ခဲ့တာပါ။
အခု မအေးသောင်း နာမည်နဲ ့ကျမှ
ဖေ့စ်ဘုတ်တစ်ခွင်လုံး ဝုန်းဒိုင်းတွေကျဲနေရလောက်အောင်
မအေးသောင်း ခေတ်ဖြစ်သွားရတာ
နာမည် တစ်ခုရဲ ့ပါဝါ လည်းပါသလို
မြန်မာဆန်ဆန် ရိုးရိုးဖက်ရှင်လေးတွေရဲ ့
စွဲဆောင်နိုင်မှုကလည်း အရေးပါခဲ့ပါကြောင်း
မအေးသောင်း အကြောင်း တစေ့တစောင်း
တင်ပြလိုက်ရပါတယ်ဗျာ။

ဟုတ်ကဲ့…ကျွန်တော် အေးဘလက်သောင်း ပါ ခင်ဗျာ။

( အေးဘလက်သောင်း )

ဟိုတုန်းက အေးဝတ်ရည်သောင်း။

အခု…မအေးသောင်း။

 

About black chaw

black chaw has written 332 post in this Website..