မအေးသောင်း ခေတ်…။

black chawJune 25, 20171min363143

မအေးသောင်း တဲ့။
ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။
ဘယ်သူများလဲလို ့
စုံစမ်းလိုက်တော့
အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။
ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ
ကြာ ကြာလှပေါ့။
ခင်ဗျာ အခုမှ ပေါက်ရရှာ။
အရွယ်တော်တဆိတ်ဟိုင်းကာမှ
ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့
မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။
ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး
တစ်ယောက်နဲ ့ဆွေးနွေးတော့
ဟိုတုန်းက မအေးသောင်းက
ဟော့ရှော့တွေ ဝတ် ဆိုသကိုး။
ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့
အကြည်ဓါတ်ပါတဲ့ မျက်နာလေးက
ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။
အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့
မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့
လူပျိုကြီးရဲ ့နှလုံးသားကို
အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ ဆိုပဲ။
အော် မအေးသောင်း ရယ်။
ခင်ဗျာ့မလည်း
လူပျိုကြီးကိုမှ လုပ်ရက်သဗျာ။
အေးလေ။
ပြီးတော့ မအေးသောင်း ဖွဲ ့ကဗျာလေးတွေကလည်း
ကောင်းလှသဗျာ။
မအေးသောင်း ကဗျာခေတ်လို ့ကို
ပြောရတော့မလိုပါပဲ။
အေးဝတ်ရည်သောင်း ဘဝမှာ
စီးရီးစ်လည်းထုတ်ခဲ့ဖူးတယ်။
ရုပ်ရှင်လည်းရိုက်ခဲ့ဖူးတယ်။
လူသိခဲ့တယ် ဆိုတဲ့ အနေအထားလောက်ပဲ
ဖြစ်ခဲ့တာပါ။
အခု မအေးသောင်း နာမည်နဲ ့ကျမှ
ဖေ့စ်ဘုတ်တစ်ခွင်လုံး ဝုန်းဒိုင်းတွေကျဲနေရလောက်အောင်
မအေးသောင်း ခေတ်ဖြစ်သွားရတာ
နာမည် တစ်ခုရဲ ့ပါဝါ လည်းပါသလို
မြန်မာဆန်ဆန် ရိုးရိုးဖက်ရှင်လေးတွေရဲ ့
စွဲဆောင်နိုင်မှုကလည်း အရေးပါခဲ့ပါကြောင်း
မအေးသောင်း အကြောင်း တစေ့တစောင်း
တင်ပြလိုက်ရပါတယ်ဗျာ။

ဟုတ်ကဲ့…ကျွန်တော် အေးဘလက်သောင်း ပါ ခင်ဗျာ။

( အေးဘလက်သောင်း )

ဟိုတုန်းက အေးဝတ်ရည်သောင်း။
အခု…မအေးသောင်း။

 

43 comments

  • kai

    June 25, 2017 at 10:49 am

    ကုလားဆင်မျက်နှာလေး.. ဗမာဆန်ထားတာက စားသွားတယ်ထင်ပါတယ်..။
    အသက်ဘယ်လောက်ရှိပြီလည်းမသိ..။ . လွန်ခဲ့တဲ့.. ၁၅နှစ်လောက်ကတည်းက.. မင်းသမီးဖြစ်နေတာလို့.. မှတ်မိတယ်..။

  • black chaw

    June 25, 2017 at 11:05 am

    @ kai !!!
    ပြီးခဲ့တဲ့ မေ ၂ရ မှာ ၃၃ နှစ်ပြည့်သွားပြီတဲ့
    သူကြီးရေ။

    • kai

      June 25, 2017 at 12:42 pm

      ၃၃နှစ်ရှိနေပြီလား..
      ရုပ်လေးကတော့ မထင်ရ…။
      ဘယ့်နှာ.. နာမည်ကြီးက.. အေးသောင်း ဖြစ်နေသလဲဆိုပြီး.. ဖဘမှာ ခဏခဏတွေ့နေတာ ဘယ်သူလည်း.. သတိမထားမိ..။
      နောက်မှ.. မိန်းမဆန်တဲ့.. ဝတ်ရည်ကိုဖြုတ်ထားပြီး ခေါ်တာမှန်းသိတယ်..။

      ကြည့်ရတာ.. အေးသောင်းဆိုတဲ့ ယောက်ျားနာမည်နဲ့.. ရုပ်ကလေးနဲ့.. အသက်နဲ့.. အကုန်ပေါင်းပြီး… ဆန်းပေသည့်လှရာသော်ဖြစ်သွားသလားမသိ..။ :k:

  • ဦး လေး မန်း

    June 25, 2017 at 11:05 am

    ၄ဝ နား​တော့နီးပြီထင်​တာဘဲ။ ကိုယ်​​တွေလဲတခါတခါ ​နောက်​ကျ ကျန်​ခဲ့တယ်​ မတင်​ ညွန်​့လဲ မသိလိုက်​ မ​အေး​သောင်​းလဲ မသိလိုက်​လို့ Back date နဲ့ ပြန်​ရှာကြည်​့ရတယ်​။ သီချင်​း​လေး​တွေမှာ သရုပ်​​ဆောင်​တာ​တော့ လှသား။

    • black chaw

      June 25, 2017 at 11:26 am

      @ ဦးလေးမန်း !!!
      ပြီးခဲ့တဲ့ မေ ၂ရ မှာ ၃၃ နှစ်ပြည့်သွားပြီ ခင်ဗျ။

      • ဦး လေး မန်း

        June 26, 2017 at 3:15 am

        ​ကျေးဇူးပါ ကိုဘလက်​​ရေ ဘိုထီးအ​ခွေမှာ သရုပ်​​ဆောင်​ထားတဲ့နှစ်​နဲ့ မှန်​းကြည်​့မိတာ အ​တော်​လွဲသွားတယ်​ သမီးကြီး အားနာစရာ။

  • surmi

    June 25, 2017 at 11:16 am

    ပန်းချီဆွဲတာ ဘယ်သူဖြစ်မလဲမသိ
    မနှင်းသောင်းလား
    မအေးသောင်းလားးး :mrgreen:

    • black chaw

      June 25, 2017 at 11:41 am

      @ surmi !!!
      သိတော့ဘူးဗျ။
      တစ်ယောက်တော့ ပန်းချီဆွဲတာ
      သတိထားမိတယ်။

      • Kaung Kin Pyar

        June 30, 2017 at 5:11 pm

        အကြီးမ ဆွဲတာ…။ အကြီးမကို ပိုကြိုက်ခဲ့တာ…။ ပိုထက်လို့…
        ခုတော့.. ဘယ်ဆီကို မင်းရောက်နေလဲ တောင် မသိတော့ဘူး…

        • kai

          July 1, 2017 at 5:14 pm

          အကြီးမ အင်္ဂလိပ်မှာ.. တဲ့..။ ယောက်ျားယူပြီး.. ဘိလပ်စစ်ဒဇင် ဖြစ်နေပြီထင်တယ်….။ :k:

  • ဦးကျောက်ခဲ

    June 25, 2017 at 12:05 pm

    သူ့ “စန်း” ကလည်း အံ့ဩဖို့ အကောင်းသား …
    ဟိုးတုန်းကတော့ ကိုယ်တွေလည်း အမှုမဲ့ အမှတ်မဲ့ …
    ခုတော့ ဖွဘုတ်ဘော်ဒါတွေတင်သမျှ ဝင်ကြည့်ပြီး ဂလုရတော့တယ် … ဂေ့ :k:

    • black chaw

      June 25, 2017 at 4:00 pm

      @ ဦးကျောက်ခဲ !!!
      ဇွန်သဉ္ဇာ တို ့ဇာဇာထက်တို ့လို အဖေါ်အချွတ်တွေ
      လုလု လို ခတ်ပါးပါး ဆက်စီပုံတွေ ကြားထဲက
      မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေနဲ ့ လူကြိုက်များလာတာကိုတော့
      အသိအမှတ်ပြုရမယ်ဗျ။

      • ဦးကျောက်ခဲ

        June 25, 2017 at 4:18 pm

        အဆီတဝင်းဝင်းနဲ့ ဝက်သားပေါင်းတွေချည်းဆိုတော့ လုံလုံခြုံခြုံ ငါးရံ့+ရဲယိုရွက် ဖက်ထုပ်ပေါင်းလေး ဘုန်းပေးချင်ကြမှာပေါ့လေ ။ :k:
        ပြောရရင် သူကလေး စက်ဆီကျတုန်းကလည်း အာရုံမကျဘူး … ။
        မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေနဲ့မှ သူနဲ့ လိုက်ဖက်တယ်ဆိုတာ သဘောမျှပါကြောင်း… :k:

  • aye.kk

    June 25, 2017 at 1:59 pm

    အေးသောင်း
    တခေတ်ထ၊တခဏ။

    • black chaw

      June 25, 2017 at 4:01 pm

      @ aye.kk !!!
      အားလုံးဟာ ခဏလေးပါပဲ ခင်ဗျာ။

  • kai

    June 25, 2017 at 2:10 pm

    ဖိုင်ဟောင်းတွေထဲ မွှေတာ.. ပုံတချို့တွေ့..။
    ဆိုတော့.. ဒွေး, ဆုံးတုံးကပုံတောင်ပါသေး..။ ကျန်ပုံတွေကိုတော့.. ဒီဝက်ဘ်ဆိုက်ရဲ့ မီဒီယာဖိုင်ထဲမှာကြည့်တော်မူကြဗျို့..။ :k:

    =

    =

  • သင့်အေးရိပ်

    June 25, 2017 at 8:46 pm

    ကျနော် ငယ်ငယ်ကတည်းက
    သရုပ်ဆောင် လုပ်နေတာ မှတ်မိတယ်။
    မအေးသောင်းက သရုပ်ဆောင်တာကတော့
    အထူးကြီး မကောင်းလှ။ အကြိုက်ကြီးထဲ မပါတဲ့မမ။

    ကျနော်က ဖွေးဖွေး သရုပ်ဆောင်တာကိုက လွဲရင်
    ကျန်တာ ကြည့်/ အရသာ မရှိသလို ဖြစ်နေတော့တာကိုး။
    :k:

    • black chaw

      June 25, 2017 at 9:08 pm

      @ သင့်အေးရိပ် !!!
      လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့ဗျာ။

    • ဦး လေး မန်း

      June 26, 2017 at 3:18 am

      ဟင်​ ဒီ​ရောဂါ ​ပျောက်​သွားပြီလို့​အောင်​း​မေ့​နေတာ။

  • တောတွင်းပျော်

    June 25, 2017 at 11:23 pm

    ဪ …
    မအေးသောင်း … မအေးသောင်း
    လူတကာရူးမှတော ့
    ဒီဒကာလည်း ထူးပြီးမနေချင်တော ့ဘူးကွယ်
    အိုးကွယ် … ကိုယ်ပါလိုက်ပြီး ရူးပါရစေကွဲ ့

    • black chaw

      June 26, 2017 at 5:15 am

      @ တောတွင်းပျော် !!!
      လူတွေ…
      အထူးသဖြင့် ယောက်ျားတွေကို
      စွဲဆောင်ဖို ့ဖေါ်ချွတ်ပြနေစရာမလိုဘူးဆိုတဲ့
      အချက်ကို သတိထားမိစေတယ် ဗျ။

  • weiwei

    June 26, 2017 at 10:11 am

    ရုံးမှာ ဦးအေးသောင်းဆိုတဲ့လူရှိတယ် ..
    အခု မအေးသောင်းဆိုတော့ အဲ့လူကြီးမျက်နှာပဲမြင်ယောင်ပြီး ရယ်ချင်မိတယ် ..

  • black chaw

    June 26, 2017 at 12:03 pm

    @ weiwei !!!
    အဲဒါ ကျော်ဟိန်းကွက်နင်းတာလို ့ထင်မိသဗျ။
    ဗဒင်၊ ဗိုက်ကြီး၊ ဗအေး စသည်ဖြင့်
    လူတွေခေါ်ရမှတ်ရလွယ်ပြီး စီးစီးပိုင်ပိုင် ရှိတဲ့
    နာမည်မျိုးတွေ ကျော်ဟိန်းက သူ ့ဇာတ်ကောင်နာမည်
    မှည့်လေ့ရှိတယ် မဝေရေ။ အခု မအေးသောင်း လိုပေါ့။

  • •*¨နန်းတော်ရာသူ •*¨

    June 26, 2017 at 5:44 pm

    အူးဘလက်ရေ သူ့ကို ၃၇၊၈လောက်ရှိပြီထင်နေတာ
    ၃၃ဆိုတော့ အံ့ဩသွားတယ်
    ကိုယ်တွေငယ်တည်းကပေါ်နေတာမို့ပါ

    • black chaw

      June 27, 2017 at 3:04 pm

      @ နန်းတော်ရာသူ !!!
      ၂၀၀ဝ ခုနှစ်က ၁၆ နှစ် လောက် ဆိုတော့ ဖြစ်နိုင်ပါသဗျာ။

  • ဂျစ်စူ

    June 26, 2017 at 11:16 pm

      
      

    • black chaw

      June 27, 2017 at 3:07 pm

      @ ဂျစ်စူ !!!
      ဘာတွေရေးထားတာလဲဗျ
      ဖတ်မရဘူး

  • သူ အစက ဝသေးတယ် ထင်တယ်.. diet plan တွေဘာတွေ လုပ်တယ်.. သူ့ဂရုထဲမှာ ရုံးက အစ်မတစ်ယောက်ရှိလို့ ပြောတာ ကြားဖူးတယ်..
    မြန်မာဝတ်စုံဆိုတာ သူ့လိုပုံစံလေးနဲ့မှ လှတာ.. အေးမြတ်သူဝတ်တုန်းကလည်း လှတာပဲ..
    တစ်နေ့ မအေးသောင်း ဖြစ်ရမည်. ဟိဟိ

    • black chaw

      June 27, 2017 at 3:06 pm

      @ လုံမလေးမွန်မွန် !!!
      ဖြစ်ရမှာပေါ့ မအေးမွန် ရယ်။

    • black chaw

      June 27, 2017 at 8:21 pm

      @ အေးကြီးမိုက်သောင်း !!!
      နာမည်လေး က ချစ်စရာလေး ။

  • မဟာရာဇာ အံစာတုံး

    June 28, 2017 at 3:39 pm

    ဟို​နေရာလည်​း မ​အေး​သောင်​း …
    ဒီ​နေရာလည်​း မ​အေး​သောင်​း …
    ခများတို့ ဂွဇက်​မှာလည်​း မ​အေး​သောင်​း ​နေပါပြီ​ကော ….
    ​အောင်မာ … ​ရေးတဲ့လူက​တောင်​ သူ့ကိုယ်​သူ အေးဘလက်​​သောင်​း ​လေး ဘာ​လေးနဲ့ .. ​ဟေ​ဟေ့ ..

  • black chaw

    June 28, 2017 at 4:16 pm

    @ အံစာတုံး !!!
    မအေးသောင်း အကြောင်း လာမပြောနဲ ့
    မကြားချက်ဘူး
    ဒါပဲ။

  • kai

    June 28, 2017 at 4:53 pm

    ဗမာက.. ဗမာအဝတ်အစားနဲ့မှ လိုက်တယ်..။
    နားနဲ့မနာ.. နာချင်တာနဲ့နာ..
    ဗမာအမျိုးသမီးတွေက.. ရင်သေး.. တင်ကြီးသဗျ..။
    ဆိုတော့…
    ဘယ်လ်ဂျီယံသူက.. ဗမာအဝတ်ကောက်ဝတ်တော့.. ရင်ထွား.. ခါးအလျှားတိုတော့ အကျီ င်္က.. ဟနေ..။
    တင်ပဆုံရိုးသေးတော့.. ခါးသေးတာမပေါ်.. အဲလိုတွေဖြစ်ကုန်ရော..။ မျက်နှာက ဘယ်လောက်လှလှ.. တကိုယ်လုံးကျ.. စံချိန်ကျရော..။

    သဘောက.. မြန်မာအမျိုးသမီးသည်.. မြန်မာအဝတ်အစားနှင့်.. ဆက်စ်စီအဖြစ်ဆုံး..။

    • ဦးကျောက်ခဲ

      June 28, 2017 at 5:10 pm

      မှန်၏ … သာမန် မြန်တျန့်လေဒီတွေကို ဖော်ရိန်နာများ မှတ်ချက်ပေးတာက…
      “အရပ်အမောင်း စံချိန်မမှီ … အောက်ပိုင်း ဖရိန် စံလွန်သော်လည်း… အပေါ်ပိုင်းကတော့ အောင်မှတ်တောင်မရတဲ့ ။ အသားအရည်နဲ့ မျက်နှာကျကတော့ ကုသလနဲ့ စိန စပ်ကျထားသလား မှတ်ရတယ် … မျက်လုံးမျက်ဖန်လှပြီး ညိုဝါဝင်းပါသတဲ့”
      “ပြည်ကြီးက စိနတွေကျတော့ ခါးရှည် အောက်ပိုင်းတို ခြေသလုံးတုတ် အသားအရည် ဖြူဖတ်ဖြူရော် ၊ ရေရှည် သုံးစားလို့မကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ” ဆိုပဲ :k:

    • ဇီဇီ

      June 30, 2017 at 1:16 pm

      တဂျီးးး
      လက်ခံတယ်ဗျ။
      ဘယ်လူမျိုး ဖြစ်ဖြစ်ခည။
      သူတို့ ရိုးရာအဝတ်အစားနဲ့သာ အလိုက်ဆုံး ခည။
      ရိုးရာဝတ်စုံက များသောအားဖြင့် ဖုံးတန်တာ ဖုံး ဖော်တန်တာ ဖော်ပေးပြီးသာရယ်။

      :k:

      • CharTooLan

        July 6, 2017 at 1:42 pm

        ရှင်းသွားတာဘဲ မရှင်းရင် စာရီခြုံကုလားမတွေမျက်လုံးထဲမြင်ကြည့် ကွက်စတိရယ် :P:

  • ဇီဇီ

    June 30, 2017 at 1:15 pm

    မအေးသောင်းဆီ ဒီ တစ်ပတ်မှ သွားကြည့်ရတယ်။
    ကိုယ့် အူးလေးတွေ အကိုတွေ အပြောများလွန်းလို့။

    :k:

    • black chaw

      July 3, 2017 at 1:27 pm

      @ ဇီဇီ !!!
      ကွန်းမန် ့လေးအတွက်ကျေးဇူးပါ ဇီဇီရေ ။

  • padonmar

    July 5, 2017 at 9:44 pm

    အကိုတွေ မောင်တွေ တူတွေ အပြောများလို့ မအေးသောင်းလေး ပြေးကြည့်မိတယ်။
    ချစ်စရာလေး၊
    အခု သူဘာကြောင့် ပြန်စန်းပွင့်လာတယ်ဆိုတာကို ဝေဖန်ကြတာ ကိုယ်လုံးလေးနဲ့ မြန်မာဆန်ဆန် အဝတ်လေး လိုက်လို့၊မျက်နှာလေးက လှလို့ ဘာညာဘာညာ ဘလာဘလာတွေ ပြောကြတယ်။
    သူ့ဓာတ်ပုံလေးလှရုံ သူ့ အဝတ်အစားလှရုံ သူ့ကိုယ်လုံးလေးလှရုံထက် တင်တဲ့ ပုံနဲ့ လိုက်ဖက်တဲ့ စာသားလေးတွေရယ် သူ့ပရိသတ်ကို တုံ့ပြန်တဲ့ reply comment လေးတွေရယ်က သူ့ကို နာမည်တက်အောင် လုပ်ပေးတယ်လို့ မြင်တယ်။
    အခြား မော်ဒယ်တွေ မင်းသမီးတွေလည်း တင်နေတာပဲလေ။ သူ့လိုမှ ကျားမ အရွယ်စုံ ချစ်စရာ မဖြစ်သွားတာပဲ။
    (မနှိုင်းသင့်ဘူး ထင်ချင်ထင်ကြမယ်။ ကျမကတော့ FB ထဲ ကျမသွားသွားကြည့်နေမိတဲ့ မျောက်မလေး မေရီကို သတိရတယ်။သာမာန် ဗီဒီယိုဖိုင်ကြည့်ရင် အဝတ်အစားဝတ်ပေးထားတဲ့ မျောက်ကလေးလို့ပဲ မြင်မှာ၊ဒါပေမယ့် သူ့ မွေးစားအမေရဲ့ ဗီဒီယိုဖိုင်နဲ့ လိုက်ဖက်တဲ့ အရေးအသားလေးတွေကြောင့် မျောက်မလေး မေရီဟာ လူချစ်လူခင်များပြီး ရုပ်သံသတင်းထဲတောင် ဗျူးယူရတဲ့ အဖြစ်ရောက်သွားတယ်၊)
    မအေးသောင်းကလေးကိုလည်း သူ့အလှ သူ့ကိုယ်လုံး သူ့စန်းမှာ တင် ရပ်မထားကြပါနဲ့၊
    သူ့ဦးနှောက် သူ့အရေးအသား သူ့ပရိသတ်ပေါ် လေးစားမှု လေးတွေပါ မြင်ပေးကြပါလို့။

    • kai

      July 6, 2017 at 7:27 am

      အမတော်ပြောလိုက်မှ.. အမြင်တမျိုးရတယ်..။
      ဟုတ်ပ..
      ရေးလာသမျှ ကော်မန့်တွေကို .. အကုန်ဖတ်ပြီး.. ပြန်သင့်သူကို ပြန်နေတာရယ်..။ ပြန်စာတွေရယ်က..” စန်း” ကိုလုပ်ယူသွားတာပေါ့..။
      ပြောသာပြောတာ .. ဒီဓလေ့က.. ဂဇက်ထဲကျ.. ရှိပြီးသား..။
      ဥပမာ..။ ကိုဘလက်ပေါ့…။ :k:

      • black chaw

        July 6, 2017 at 8:45 am

        အဲ့ဒါကြောင့်
        အေးဘလက်သောင်း ပါဆို။

  • black chaw

    July 6, 2017 at 5:01 am

    @ padonmar !!!
    ဟုတ်တာပေါ့ အစ်မရေ ။

Leave a Reply