မအေးသောင်း ခေတ်…။
မအေးသောင်း တဲ့။
ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။
ဘယ်သူများလဲလို့ 
စုံစမ်းလိုက်တော့
အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။
ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ
ကြာ ကြာလှပေါ့။
ခင်ဗျာ အခုမှ ပေါက်ရရှာ။
အရွယ်တော်တဆိတ်ဟိုင်းကာမှ
ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို့ 
မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။
ဒီနေ့ မအေးသောင်း ချစ်ခင်သူ လူပျိုကြီး
တစ်ယောက်နဲ့ ဆွေးနွေးတော့
ဟိုတုန်းက မအေးသောင်းက
ဟော့ရှော့တွေ ဝတ် ဆိုသကိုး။
ဒင်းရဲ့ အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ့ 
အကြည်ဓါတ်ပါတဲ့ မျက်နာလေးက
ဟော့ရှော့တွေနဲ့ မလိုက်ဖက်ဘူး ဆိုပဲ။
အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ့ 
မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ့ ရတော့
လူပျိုကြီးရဲ့ နှလုံးသားကို
အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ ဆိုပဲ။
အော် မအေးသောင်း ရယ်။
ခင်ဗျာ့မလည်း
လူပျိုကြီးကိုမှ လုပ်ရက်သဗျာ။
အေးလေ။
ပြီးတော့ မအေးသောင်း ဖွဲ့ ကဗျာလေးတွေကလည်း
ကောင်းလှသဗျာ။
မအေးသောင်း ကဗျာခေတ်လို့ ကို
ပြောရတော့မလိုပါပဲ။
အေးဝတ်ရည်သောင်း ဘဝမှာ
စီးရီးစ်လည်းထုတ်ခဲ့ဖူးတယ်။
ရုပ်ရှင်လည်းရိုက်ခဲ့ဖူးတယ်။
လူသိခဲ့တယ် ဆိုတဲ့ အနေအထားလောက်ပဲ
ဖြစ်ခဲ့တာပါ။
အခု မအေးသောင်း နာမည်နဲ့ ကျမှ
ဖေ့စ်ဘုတ်တစ်ခွင်လုံး ဝုန်းဒိုင်းတွေကျဲနေရလောက်အောင်
မအေးသောင်း ခေတ်ဖြစ်သွားရတာ
နာမည် တစ်ခုရဲ့ ပါဝါ လည်းပါသလို
မြန်မာဆန်ဆန် ရိုးရိုးဖက်ရှင်လေးတွေရဲ့ 
စွဲဆောင်နိုင်မှုကလည်း အရေးပါခဲ့ပါကြောင်း
မအေးသောင်း အကြောင်း တစေ့တစောင်း
တင်ပြလိုက်ရပါတယ်ဗျာ။
ဟုတ်ကဲ့…ကျွန်တော် အေးဘလက်သောင်း ပါ ခင်ဗျာ။
( အေးဘလက်သောင်း )
ကုလားဆင်မျက်နှာလေး.. ဗမာဆန်ထားတာက စားသွားတယ်ထင်ပါတယ်..။
အသက်ဘယ်လောက်ရှိပြီလည်းမသိ..။ . လွန်ခဲ့တဲ့.. ၁၅နှစ်လောက်ကတည်းက.. မင်းသမီးဖြစ်နေတာလို့.. မှတ်မိတယ်..။
Was this answer helpful?
LikeDislike@ kai !!!
ပြီးခဲ့တဲ့ မေ ၂၇ မှာ ၃၃ နှစ်ပြည့်သွားပြီတဲ့
သူကြီးရေ။
Was this answer helpful?
LikeDislike၃၃နှစ်ရှိနေပြီလား..
ရုပ်လေးကတော့ မထင်ရ…။
ဘယ့်နှာ.. နာမည်ကြီးက.. အေးသောင်း ဖြစ်နေသလဲဆိုပြီး.. ဖဘမှာ ခဏခဏတွေ့နေတာ ဘယ်သူလည်း.. သတိမထားမိ..။
နောက်မှ.. မိန်းမဆန်တဲ့.. ၀တ်ရည်ကိုဖြုတ်ထားပြီး ခေါ်တာမှန်းသိတယ်..။
ကြည့်ရတာ.. အေးသောင်းဆိုတဲ့ ယောက်ျားနာမည်နဲ့.. ရုပ်ကလေးနဲ့.. အသက်နဲ့.. အကုန်ပေါင်းပြီး… ဆန်းပေသည့်လှရာသော်ဖြစ်သွားသလားမသိ..။
Was this answer helpful?
LikeDislike၄၀ နားတော့နီးပြီထင်တာဘဲ။ ကိုယ်တွေလဲတခါတခါ နောက်ကျ ကျန်ခဲ့တယ် မတင် ညွန့်လဲ မသိလိုက် မအေးသောင်းလဲ မသိလိုက်လို့ Back date နဲ့ ပြန်ရှာကြည့်ရတယ်။ သီချင်းလေးတွေမှာ သရုပ်ဆောင်တာတော့ လှသား။
Was this answer helpful?
LikeDislike@ ဦးလေးမန်း !!!
ပြီးခဲ့တဲ့ မေ ၂၇ မှာ ၃၃ နှစ်ပြည့်သွားပြီ ခင်ဗျ။
Was this answer helpful?
LikeDislikeကျေးဇူးပါ ကိုဘလက်ရေ ဘိုထီးအခွေမှာ သရုပ်ဆောင်ထားတဲ့နှစ်နဲ့ မှန်းကြည့်မိတာ အတော်လွဲသွားတယ် သမီးကြီး အားနာစရာ။
Was this answer helpful?
LikeDislikeပန်းချီဆွဲတာ ဘယ်သူဖြစ်မလဲမသိ
မနှင်းသောင်းလား
မအေးသောင်းလားးး
Was this answer helpful?
LikeDislike@ surmi !!!
သိတော့ဘူးဗျ။
တစ်ယောက်တော့ ပန်းချီဆွဲတာ
သတိထားမိတယ်။
Was this answer helpful?
LikeDislikeအကြီးမ ဆွဲတာ…။ အကြီးမကို ပိုကြိုက်ခဲ့တာ…။ ပိုထက်လို့…
ခုတော့.. ဘယ်ဆီကို မင်းရောက်နေလဲ တောင် မသိတော့ဘူး…
Was this answer helpful?
LikeDislikeအကြီးမ အင်္ဂလိပ်မှာ.. တဲ့..။ ယောက်ျားယူပြီး.. ဘိလပ်စစ်ဒဇင် ဖြစ်နေပြီထင်တယ်….။
Was this answer helpful?
LikeDislikeသူ့ “စန်း” ကလည်း အံ့ဩဖို့ အကောင်းသား …
ဟိုးတုန်းကတော့ ကိုယ်တွေလည်း အမှုမဲ့ အမှတ်မဲ့ …
ခုတော့ ဖွဘုတ်ဘော်ဒါတွေတင်သမျှ ဝင်ကြည့်ပြီး ဂလုရတော့တယ် … ဂေ့
Was this answer helpful?
LikeDislike@ ဦးကျောက်ခဲ !!!
ဇွန်သဉ္ဇာ တို့ ဇာဇာထက်တို့ လို အဖေါ်အချွတ်တွေ
လုလု လို ခတ်ပါးပါး ဆက်စီပုံတွေ ကြားထဲက
မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေနဲ့  လူကြိုက်များလာတာကိုတော့
အသိအမှတ်ပြုရမယ်ဗျ။
Was this answer helpful?
LikeDislikeအဆီတဝင်းဝင်းနဲ့ ဝက်သားပေါင်းတွေချည်းဆိုတော့ လုံလုံခြုံခြုံ ငါးရံ့+ရဲယိုရွက် ဖက်ထုပ်ပေါင်းလေး ဘုန်းပေးချင်ကြမှာပေါ့လေ ။

ပြောရရင် သူကလေး စက်ဆီကျတုန်းကလည်း အာရုံမကျဘူး … ။
မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေနဲ့မှ သူနဲ့ လိုက်ဖက်တယ်ဆိုတာ သဘောမျှပါကြောင်း…
Was this answer helpful?
LikeDislikeအေးသောင်း
တခေတ်ထ၊တခဏ။
Was this answer helpful?
LikeDislike@ aye.kk !!!
အားလုံးဟာ ခဏလေးပါပဲ ခင်ဗျာ။
Was this answer helpful?
LikeDislikeဖိုင်ဟောင်းတွေထဲ မွှေတာ.. ပုံတချို့တွေ့..။



ဆိုတော့.. ဒွေး, ဆုံးတုံးကပုံတောင်ပါသေး..။ ကျန်ပုံတွေကိုတော့.. ဒီဝက်ဘ်ဆိုက်ရဲ့ မီဒီယာဖိုင်ထဲမှာကြည့်တော်မူကြဗျို့..။
=
=
Was this answer helpful?
LikeDislikeကျနော် ငယ်ငယ်ကတည်းက
သရုပ်ဆောင် လုပ်နေတာ မှတ်မိတယ်။
မအေးသောင်းက သရုပ်ဆောင်တာကတော့
အထူးကြီး မကောင်းလှ။ အကြိုက်ကြီးထဲ မပါတဲ့မမ။
ကျနော်က ဖွေးဖွေး သရုပ်ဆောင်တာကိုက လွဲရင်

ကျန်တာ ကြည့်/ အရသာ မရှိသလို ဖြစ်နေတော့တာကိုး။
Was this answer helpful?
LikeDislike@ သင့်အေးရိပ် !!!
လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့ဗျာ။
Was this answer helpful?
LikeDislikeဟင် ဒီရောဂါ ပျောက်သွားပြီလို့အောင်းမေ့နေတာ။
Was this answer helpful?
LikeDislikeသြော် …
မအေးသောင်း … မအေးသောင်း
လူတကာရူးမှတော့ 
ဒီဒကာလည်း ထူးပြီးမနေချင်တော့ ဘူးကွယ်
အိုးကွယ် … ကိုယ်ပါလိုက်ပြီး ရူးပါရစေကွဲ့ 
@ တောတွင်းပျော် !!!
လူတွေ…
အထူးသဖြင့် ယောက်ျားတွေကို
စွဲဆောင်ဖို့ ဖေါ်ချွတ်ပြနေစရာမလိုဘူးဆိုတဲ့
အချက်ကို သတိထားမိစေတယ် ဗျ။
Was this answer helpful?
LikeDislikeရုံးမှာ ဦးအေးသောင်းဆိုတဲ့လူရှိတယ် ..
အခု မအေးသောင်းဆိုတော့ အဲ့လူကြီးမျက်နှာပဲမြင်ယောင်ပြီး ရယ်ချင်မိတယ် ..
Was this answer helpful?
LikeDislike@ weiwei !!!
အဲဒါ ကျော်ဟိန်းကွက်နင်းတာလို့ ထင်မိသဗျ။
ဗဒင်၊ ဗိုက်ကြီး၊ ဗအေး စသည်ဖြင့်
လူတွေခေါ်ရမှတ်ရလွယ်ပြီး စီးစီးပိုင်ပိုင် ရှိတဲ့
နာမည်မျိုးတွေ ကျော်ဟိန်းက သူ့ ဇာတ်ကောင်နာမည်
မှည့်လေ့ရှိတယ် မဝေရေ။ အခု မအေးသောင်း လိုပေါ့။
Was this answer helpful?
LikeDislikeအူးဘလက်ရေ သူ့ကို ၃၇၊၈လောက်ရှိပြီထင်နေတာ
၃၃ဆိုတော့ အံ့သြသွားတယ်
ကိုယ်တွေငယ်တည်းကပေါ်နေတာမို့ပါ
Was this answer helpful?
LikeDislike@ နန်းတော်ရာသူ !!!
၂၀၀၀ ခုနှစ်က ၁၆ နှစ် လောက် ဆိုတော့ ဖြစ်နိုင်ပါသဗျာ။
Was this answer helpful?
LikeDislike
Was this answer helpful?
LikeDislike@ ဂျစ်စူ !!!
ဘာတွေရေးထားတာလဲဗျ
ဖတ်မရဘူး
Was this answer helpful?
LikeDislikeသူ အစက ဝသေးတယ် ထင်တယ်.. diet plan တွေဘာတွေ လုပ်တယ်.. သူ့ဂရုထဲမှာ ရုံးက အစ်မတစ်ယောက်ရှိလို့ ပြောတာ ကြားဖူးတယ်..
မြန်မာဝတ်စုံဆိုတာ သူ့လိုပုံစံလေးနဲ့မှ လှတာ.. အေးမြတ်သူဝတ်တုန်းကလည်း လှတာပဲ..
တစ်နေ့ မအေးသောင်း ဖြစ်ရမည်. ဟိဟိ
Was this answer helpful?
LikeDislike@ လုံမလေးမွန်မွန် !!!
ဖြစ်ရမှာပေါ့ မအေးမွန် ရယ်။
Was this answer helpful?
LikeDislikeအော်..နာမည်ကြီးချင်ရင်ဂလိုပဲနော်…ကို အေးဘလက်သောင်းကြီးမွှေနိုင်တာလည်းချီးကျူးပါတယ်
ပုံ။ အေးကြီးမိုက်သောင်း

Was this answer helpful?
LikeDislike@ အေးကြီးမိုက်သောင်း !!!
နာမည်လေး က ချစ်စရာလေး ။
Was this answer helpful?
LikeDislikeဟိုနေရာလည်း မအေးသောင်း …
ဒီနေရာလည်း မအေးသောင်း …
ခများတို့ ဂွဇက်မှာလည်း မအေးသောင်း နေပါပြီကော ….
အောင်မာ … ရေးတဲ့လူကတောင် သူ့ကိုယ်သူ အေးဘလက်သောင်း လေး ဘာလေးနဲ့ .. ဟေဟေ့ ..
Was this answer helpful?
LikeDislike@ အံစာတုံး !!!
မအေးသောင်း အကြောင်း လာမပြောနဲ့ 
မကြားချက်ဘူး
ဒါပဲ။
Was this answer helpful?
LikeDislikeဗမာက.. ဗမာအ၀တ်အစားနဲ့မှ လိုက်တယ်..။

နားနဲ့မနာ.. နာချင်တာနဲ့နာ..
ဗမာအမျိုးသမီးတွေက.. ရင်သေး.. တင်ကြီးသဗျ..။
ဆိုတော့…
ဘယ်လ်ဂျီယံသူက.. ဗမာအ၀တ်ကောက်ဝတ်တော့.. ရင်ထွား.. ခါးအလျှားတိုတော့ အကျီ င်္က.. ဟနေ..။
တင်ပဆုံရိုးသေးတော့.. ခါးသေးတာမပေါ်.. အဲလိုတွေဖြစ်ကုန်ရော..။ မျက်နှာက ဘယ်လောက်လှလှ.. တကိုယ်လုံးကျ.. စံချိန်ကျရော..။
သဘောက.. မြန်မာအမျိုးသမီးသည်.. မြန်မာအ၀တ်အစားနှင့်.. ဆက်စ်စီအဖြစ်ဆုံး..။
Was this answer helpful?
LikeDislikeမှန်၏ … သာမန် မြန်တျန့်လေဒီတွေကို ဖော်ရိန်နာများ မှတ်ချက်ပေးတာက…
“အရပ်အမောင်း စံချိန်မမှီ … အောက်ပိုင်း ဖရိန် စံလွန်သော်လည်း… အပေါ်ပိုင်းကတော့ အောင်မှတ်တောင်မရတဲ့ ။ အသားအရည်နဲ့ မျက်နှာကျကတော့ ကုသလနဲ့ စိန စပ်ကျထားသလား မှတ်ရတယ် … မျက်လုံးမျက်ဖန်လှပြီး ညိုဝါဝင်းပါသတဲ့”
“ပြည်ကြီးက စိနတွေကျတော့ ခါးရှည် အောက်ပိုင်းတို ခြေသလုံးတုတ် အသားအရည် ဖြူဖတ်ဖြူရော် ၊ ရေရှည် သုံးစားလို့မကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ” ဆိုပဲ
Was this answer helpful?
LikeDislikeတဂျီးးး
လက်ခံတယ်ဗျ။
ဘယ်လူမျိုး ဖြစ်ဖြစ်ခည။
သူတို့ ရိုးရာအဝတ်အစားနဲ့သာ အလိုက်ဆုံး ခည။
ရိုးရာဝတ်စုံက များသောအားဖြင့် ဖုံးတန်တာ ဖုံး ဖော်တန်တာ ဖော်ပေးပြီးသာရယ်။
Was this answer helpful?
LikeDislikeရှင်းသွားတာဘဲ မရှင်းရင် စာရီခြုံကုလားမတွေမျက်လုံးထဲမြင်ကြည့် ကွက်စတိရယ် :P:
Was this answer helpful?
LikeDislikeမအေးသောင်းဆီ ဒီ တစ်ပတ်မှ သွားကြည့်ရတယ်။
ကိုယ့် အူးလေးတွေ အကိုတွေ အပြောများလွန်းလို့။
Was this answer helpful?
LikeDislike@ ဇီဇီ !!!
ကွန်းမန့် လေးအတွက်ကျေးဇူးပါ ဇီဇီရေ ။
အကိုတွေ မောင်တွေ တူတွေ အပြောများလို့ မအေးသောင်းလေး ပြေးကြည့်မိတယ်။
ချစ်စရာလေး၊
အခု သူဘာကြောင့် ပြန်စန်းပွင့်လာတယ်ဆိုတာကို ဝေဖန်ကြတာ ကိုယ်လုံးလေးနဲ့ မြန်မာဆန်ဆန် အ၀တ်လေး လိုက်လို့၊မျက်နှာလေးက လှလို့ ဘာညာဘာညာ ဘလာဘလာတွေ ပြောကြတယ်။
သူ့ဓာတ်ပုံလေးလှရုံ သူ့ အ၀တ်အစားလှရုံ သူ့ကိုယ်လုံးလေးလှရုံထက် တင်တဲ့ ပုံနဲ့ လိုက်ဖက်တဲ့ စာသားလေးတွေရယ် သူ့ပရိသတ်ကို တုံ့ပြန်တဲ့ reply comment လေးတွေရယ်က သူ့ကို နာမည်တက်အောင် လုပ်ပေးတယ်လို့ မြင်တယ်။
အခြား မော်ဒယ်တွေ မင်းသမီးတွေလည်း တင်နေတာပဲလေ။ သူ့လိုမှ ကျားမ အရွယ်စုံ ချစ်စရာ မဖြစ်သွားတာပဲ။
(မနှိုင်းသင့်ဘူး ထင်ချင်ထင်ကြမယ်။ ကျမကတော့ FB ထဲ ကျမသွားသွားကြည့်နေမိတဲ့ မျောက်မလေး မေရီကို သတိရတယ်။သာမာန် ဗီဒီယိုဖိုင်ကြည့်ရင် အ၀တ်အစားဝတ်ပေးထားတဲ့ မျောက်ကလေးလို့ပဲ မြင်မှာ၊ဒါပေမယ့် သူ့ မွေးစားအမေရဲ့ ဗီဒီယိုဖိုင်နဲ့ လိုက်ဖက်တဲ့ အရေးအသားလေးတွေကြောင့် မျောက်မလေး မေရီဟာ လူချစ်လူခင်များပြီး ရုပ်သံသတင်းထဲတောင် ဗျူးယူရတဲ့ အဖြစ်ရောက်သွားတယ်၊)
မအေးသောင်းကလေးကိုလည်း သူ့အလှ သူ့ကိုယ်လုံး သူ့စန်းမှာ တင် ရပ်မထားကြပါနဲ့၊
သူ့ဦးနှောက် သူ့အရေးအသား သူ့ပရိသတ်ပေါ် လေးစားမှု လေးတွေပါ မြင်ပေးကြပါလို့။
Was this answer helpful?
LikeDislikeအမတော်ပြောလိုက်မှ.. အမြင်တမျိုးရတယ်..။
ဟုတ်ပ..
ရေးလာသမျှ ကော်မန့်တွေကို .. အကုန်ဖတ်ပြီး.. ပြန်သင့်သူကို ပြန်နေတာရယ်..။ ပြန်စာတွေရယ်က..” စန်း” ကိုလုပ်ယူသွားတာပေါ့..။
ပြောသာပြောတာ .. ဒီဓလေ့က.. ဂဇက်ထဲကျ.. ရှိပြီးသား..။
ဥပမာ..။ ကိုဘလက်ပေါ့…။
Was this answer helpful?
LikeDislikeအဲ့ဒါကြောင့်
အေးဘလက်သောင်း ပါဆို။
Was this answer helpful?
LikeDislike@ padonmar !!!
ဟုတ်တာပေါ့ အစ်မရေ ။
Was this answer helpful?
LikeDislike