အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၅) – ပါမောက္ခမျိုးကျော်မြင့်

kaiJune 26, 20172min1652

Adjective clauses လေးတွေအကြောင်း အတော်စုံစုံလင်လင်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာ adjective clauses လေးတွေနဲ့ ဆက်နွယ်နေတဲ့ adjective phrases လေးတွေအကြောင်းဖော်ပြလိုပါတယ်။ ဦးစွာပထမ Sentence, Clause, phrase တို့ ကွာခြားချက်ကို နားလည်သဘောပေါက်သွားအောင် ရှင်းပြလိုပါတယ်။

sentence ဆိုတာကြိယာပါတဲ့၊ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုတခုပေါ့နော်။ ဥပမာ-“I am an NLD supporter.”ဆိုတဲ့ စကားစုလေးမှာ “be”ကြိယာလည်း ပါတယ်။ အဓိပ္ပါယ်ကလဲ ပြီးပြည့်စုံနေတာဖြစ်သည့်အတွက် ဝါကျတခု တနည်းအားဖြင့် sentence လို့ သတ်မှတ်နိုင်ပါတယ်။ အဲ although I am an NLD supporter ဆိုတဲ့ စကားစုလေး ကြတော့ ကြိယာ “be”ပါနေသော်လည်း အဓိကမပြည့်စုံတော့ sentence လို့သတ်မှတ်လို့မရပါ။ မြန်မာလို NLD ကိုထောက်ခံအားပေးသူဖြစ်နေသော်လည်း ဆိုပြီး ရပ်ထားလိုက်တော့ တိုးလို့ တန်းလန်းကြီး၊ ဘာကိုဆိုလို ချင် မှန်း မသိတော့ clause တခုလို့သာ သတ်မှတ်ရပါတယ်။ ဒီတော့ clause ဆိုတာ ကြိယာပါသော်လည်း အဓိပ္ပါယ်မပြည့်စုံသေးတဲ့ စကားစုလေးကို ခေါ်တာပေါ့။ အထက်ပါ clause လေးရဲ့ နောက်မှ            Adjective clauses လေးတွေအကြောင်း အတော်စုံစုံလင်လင်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာ adjective clauses လေးတွေနဲ့ ဆက်နွယ်နေတဲ့ adjective phrases လေးတွေအကြောင်းဖော်ပြလိုပါတယ်။

ဦးစွာပထမ Sentence, Clause, phrase တို့ ကွာခြားချက်ကို နားလည်သဘောပေါက်သွားအောင် ရှင်းပြလိုပါတယ်။ sentence ဆိုတာကြိယာပါတဲ့၊ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုတခုပေါ့နော်။ ဥပမာ-“I am an NLD supporter.”ဆိုတဲ့ စကားစုလေးမှာ “be”ကြိယာလည်း ပါတယ်။ အဓိပ္ပါယ်ကလဲ ပြီးပြည့်စုံနေတာဖြစ်သည့်အတွက် ဝါကျတခု တနည်းအားဖြင့် sentence လို့ သတ်မှတ်နိုင်ပါတယ်။ အဲ although I am an NLD supporter ဆိုတဲ့ စကားစုလေး ကြတော့ ကြိယာ “be”ပါနေသော်လည်း အဓိကမပြည့်စုံတော့ sentence လို့သတ်မှတ်လို့မရပါ။ မြန်မာလို NLD ကိုထောက်ခံအားပေးသူဖြစ်နေသော်လည်း ဆိုပြီး ရပ်ထားလိုက်တော့ တိုးလို့ တန်းလန်းကြီး၊ ဘာကိုဆိုလို ချင် မှန်း မသိတော့ clause တခုလို့သာ သတ်မှတ်ရပါတယ်။ ဒီတော့ clause ဆိုတာ ကြိယာပါသော်လည်း အဓိပ္ပါယ်မပြည့်စုံသေးတဲ့ စကားစုလေးကို ခေါ်တာပေါ့။ အထက်ပါ clause လေးရဲ့ နောက်မှ   I also respect the soldiers who serve the country rather than the generals. ဆိုတဲ့ ဝါကျလေးကပ်ပေးလိုက်သည့်အခါ အဓိပ္ပယ်ပြည့်စုံသွားတာပေါ့။ ဒါမှ  “Although I am an NLD supporter,  I also respect the soldiers who serve the country rather than the generals.”ဆိုတဲ့ ဝါကျလေးတစ်ခုရရှိသွားတာပေါ့။

နောက်ဆုံး Phrase ဆိုတာကတော့ ကြိယာလုံးဝမပါတဲ့ စကားစုလေးများကို ဆိုလိုပါတယ်။  phrase  အမျိုးမျိုးရှိပါတယ်။ on the tree ,in the garden ,at school စသဖြင့် in,on,at တို့နဲ့စတဲ့  prepositional  phrases လေးတွေရှိပါတယ်။ the young man, the beautiful girl, the dignified old man ဆိုတဲ့ နာမ်အဓိကထားတဲ့ noun phrases လေးတွေလည်း ရှိပါတယ်။ ယခုလမှာတော့ adjective phrase လေးတွေကို အထူး ပွဲထုတ်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ adjective phrase ဆိုလို့ ၂ မျိုး ၂ စားသာ ရှိပါတယ်။ present participle phrase လို့ခေါ်တဲ့ အလွယ်တကူမှတ်ဖို့လွယ်တယ်  – Ving phrase နဲ့  past participle phrase  လို့ခေါ်တဲ့ ကျောင်းသူကျောင်းသားအများသိကြတဲ့ Ved/en phrase ပါ။ ဥပမာ  “The man walking to the park is my friend ” ဆိုတဲ့ ဝါကျလေးတွေမှာ   walking to the park   ဆိုတာ Adj phrase ဖြစ်ပါတယ်။ The man ဆိုတဲ့  ကတ္တားကို အထူးပြုထားတာမို့ Adj phrase လို့ခေါ်ရတာပါ။ The man ဆိုတော့ ဘယ်သူ့ဆိုလိုမှန်းသိနိုင်ဖို့မလွယ်ပါ။ walking to the park ဆိုတော့မှ ပန်းခြံဆီကို လှမ်းလျှောက်နေတဲ့သူကို ဆိုလိုပါသလားဆိုပြီး အဓိပ္ပါယ် ရှင်းသွားပါတယ်။ ဒါကြောင့် Adj phrase လို့ သတ်မှတ်နိုင်ပါတယ်။

ဒီ Adj phrase ဘယ်ကလာရတယ်ဆိုတာ သဘောပေါက်သွားအောင် မူလဝါကျလေးကို ပြန်ပြီးလေ့လာကြရအောင်။ The man walking to the park  is  my friend ဆိုတဲ့ ဝါကျလေးဟာ “The man is my friend . The man is walking to the park” ဝါကျ ၂ ခုကို ပေါင်းလိုက်တာပေါ့။ “The man is my friend . The man is walking to the park ” လို့ ဝါကျ ၂ ခု သီးသီး သန့်သန့်ရေးလဲရတာပါပဲ။ ဒါပေမယ့်ရုပ်ဆိုးတာပေါ့နော်။ Adj phrase ဆိုပြီး ပေါင်းရေးလိုက်တဲ့အခါ လှပတဲ့ဝါကျလေးတစ်ခု ရလာတာပေါ့။ မိန်းခလေးတစ်ယောက်လိုပေါ့။ အိပ်ရာထကာစမှာတော့ ဘယ်အရမ်းကြီးလှပါ့မလဲ။  မိတ်ကပ်လေးတွေ နှုတ်ခမ်းနီလေးတွေနဲ့ ပြုပြင်လိုက်တော့ မင်းသမီးတောင်ရှုံးရတယ်မဟုတ်လား။ ဒီသဘောပါပဲ။

ဒီနေရာမှာ “be”  ကြိယာနဲ့နာမ်စား pronoun ကို ဖြုတ်ပစ်လိုက်တာသတိပြုမိပါလိမ့်မယ်။ ဝါကျ ၂ခုကို ၁ခု တည်းဖြစ်သွားအောင်  Adj phrase လေးသုံးပြီး ဆက်ပေးချင်ရင် “be ” ကြိယာနဲ့ နာမ်စား(သို့မဟုတ်)နာမ်ကို ဖြုတ်ကိုဖြုတ်ရမယ်။ အထက်က ဝါကျ ၂ ခုကို Adjective clause လေးကိုသုံးပြီး    “The man who is walking to the park is my friend .” လို့လည်း ရေးနိုင်ပါတယ်။ ပိုပြီးသဘောပေါက်သွားအောင် Adjective clause နဲ့  Adjective phrase လေးတွေပါတဲ့ ဝါကျ ၂မျိုးစလုံးကို ယှဉ်ပြီး ကြည့် လိုက်ပါ။

The man  who is  walking to the park is my friend.
The man walking to the park is my friend.

၂ မျိုးစလုံး ကောင်းပါတယ်။ လှပသပ်ရပ်ပါတယ်။ ဘယ်ဝါကျ ပိုကောင်းသလဲလို့တော့ မေးစရာမလိုပါ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ အချို့က ဆံတိုလေးမှ ချစ်စရာလေးပေါ့။ အချို့ကြတော့ ဆံရှည်လေးမှ အိန္ဒြေရတယ်တဲ့ ။ ဒီသဘောပါပဲ။ ကိုယ်နှစ်သက်ရာကို အသုံးပြုပါ။ ၂ မျိုးစလုံးသုံးတတ်အောင်သင်ဖို့က ဆရာရဲ့တာဝန်ပါ။ Adjective phrase နောက်တစ်မျိုးကို past participle phrase လို့လဲ ခေါ်တယ်။ Ved/en phrase လို့လည်း ခေါ်ပါ တယ်။ ဥပမာ –
“The man selected to represent us is my friend ” ဆိုတဲ့ ဝါကျလေးမှာ Selected to represent us ဆိုတဲ့စကားစုလေးဟာ Adjective phrase လေးဖြစ်ပါတယ်။ The man ဆိုတဲ့ ကတ္တားကို အထူးပြုနေတဲ့အတွက် adj phrase လေးဖြစ်ပါတယ်။ The man ဆိုတာ့ ဘယ်သူ့ကိုဆိုလိုမှန်းမသိနိုင်ပါ။ ဒါပေမယ့် selected to represent us ဆိုတဲ့ Adj phrase လေးပါတော့ အော် “ငါတို့ကို ကိုယ်စားပြုမဲ့လူ “ကိုဆိုလို ပါလားဆိုပြီး ရှင်းသွားပါတယ်။

ဒီနေရာမှာ  “The man was selected  to represent  us . He is my friend .” ဆိုပြီး ဝါကျအဖြစ်လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် Adjective phrase  လေးကို သုံးပြီး    “The man selected to represent us is my friend .” လို့ရေးလိုက်တော့ ခန့်ညားလှပသွားတာပေါ့။ “be”ကြိယာနဲ့ နာမ်စား pronoun ကိုဖြုတ်ပစ်လိုက်ရတာလည်း သတိထားမိကြပါလိမ့်မယ်။ Adjective phrase ကို မသုံးချင်သူများ၊ Adjective clause သုံး ပြီး ဝါကျ ၂ ခုကို ဒီလိုဆက်လို့ရသေးတာ သတိပြုမိကြပါ။ “The man who was selected to represented is my friend .” Adj Clause ပဲဖြစ်ဖြစ် Adj phrase ပဲဖြစ်ဖြစ် မိမိနှစ်သက်ရာကိုသုံးပြီး လှလှပပ ခန့်ခန့်ညားညား ရေးတတ်ပြောတတ်ကြပါစေ။

2 comments

  • သင့်အေးရိပ်

    June 28, 2017 at 7:42 pm

    အခုရော စာအုပ်အဖြစ် ထုတ်ပြီးတာများ ကြားမိပြီလားဟင်

Leave a Reply