သာဂိ၊ဂွက်ထော်၊ဒေါ်ဘုမ၊ဘကြီးအောင်နှင့် ရစ်ချက်၊ဦးဝမ်ချူး၊ ကလျာလှနေခြည်တို့ အသံများ

kaiMarch 27, 20101min1724

မြန်မာပြည်တွင်းက အသံတွေကို မြန်မာပြည်ပြင်ပရောက်နေသူတွေ နားထောင်စေချင်မိပါတယ်။
အသံတွေဆိုရာမှာ နိုင်ငံရေးလုပ်နေသူတွေရဲ့အသံတွေထက် သာမန်လူထုအသံဖြစ်စေချင်တာပါ။
အဲဒီတော့..မီဒီယာတခုအနေနဲ့ မြန်မာလူထုကို မေးခွန်းလေးတွေ မေးထားချင်ပါတယ်။ ပြည်တွင်းကလူတွေအဓိကထားဖြေစေချင်တာပါပဲ။

ပြသနာတခုက အခုလ၂၉ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်(ဒီချုပ်)က အပြီးသတ်ဆုံးဖြတ်ရမယ်ဆိုပါတယ်။
သာဂိတို့ ဒေါ်ဘုမတို့ ဘကြီးအောင်တို့ အသံတွေ ၊သာမန်တောနေရွာနေ လူထုကြီးရဲ့အသံတွေနားထောင်ဖို ့ဒီချုပ်အနေနဲ့ အချိန်လောက်လောက်ငှငှ မရထားပါ။
မြို့နေ ရစ်ချက်၊ စီးပွားရေးသမားကြီး ဦးဝမ်ချုး၊ အနုပညာရှင် ကလျာလှနေခြည်တို့အသံနားထောင်ဖ်ု့ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အကျယ်ချုပ်ကျနေဆဲပါ။

အချိန်မလောက်ချက်က အခုမေးခွန်းတွေတောင် သေသေချာချာ စဉ်းစားဖို့ အချိန်မရှိပါဘူး။ အဲဒီလောက်ဖြစ်နေတာပါ။
သေရေးရှင်ရေး ကိစ္စတခုကို အချိန်တိုတိုနဲ့ ဆုံးဖြတ်ရင် မှားတတ်ပါတယ်..။

ဒီတော့ အခုလိုအချိန်မှာ…မေးမဲ့မေးခွန်းတွေက…

ကိုသာဂိခင်ဗျား…
ရွေးကောက်ပွဲဟာ ဖြစ်ကိုဖြစ်လာမှာပါ။ ရွေးကောက်ပွဲမှာ အဓိက အုပ်စု၃ခုပဲရှိပါမယ်။ လက်ရှိအစိုးရ၊ တတိယအင်အားစု၊ အတိုက်အခံ ရယ်လို့ဖြစ်ပါမယ်။
ဘယ်အုပ်စုကို မဲပေးဖို့ ဆုံးဖြတ်ထားပါသလဲ။

ဟုတ်ကဲ့..ဒေါ်ဘုမခင်ဗျား။ အခု လောလောဆယ်၊ရွေးကောက်ပွဲကြီးကို ဘယ်လိုမြင်ပါသလဲ။ ရွေးကောက်ပွဲပြီးလိ့ နောက်အစိုးရတက်လာရင် ဘယ်လိုတွေဖြစ်မယ် မြင်ပါသလဲ။
ကုန်ဈေးနှုန်းတွေ ကျလာမယ်။ လျှပ်စစ်မီးတွေ။ပုံမှန်ရလာမယ်၊ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေအဆင်ပြေလာမယ်ထင်မြင်ပါသလားခင်ဗျား

ဟိုဖက်က ဆေးလိပ်ကြီးခဲထားတဲ့ဘကြီးအောင်ကို မေးချင်ပါတယ်။ ဘကြီးအောင်ခင်ဗျား။
အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဖြစ်နေတာကို ဘယ်လို မြင်ပါသလဲ။ ဘယ်လိုဖြစ်ချင်ပါသလဲ။ ဘကြီးအောင် အသက်အရွယ်နဲ့ဆို ရှေးက တွဲရေးခွဲရေး၊ ဖဆပလ ကွဲပြဲအုပ်စုတွေအကြောင်း ကြားဖူး၊ ပါခဲ့ဖူးမှာမို ့ နိုှုင်းယှဉ်ပြစေလိုပါတယ်။

ရစ်ချက်ကိုလည်း မေးစရာရှိပါတယ်။
အခု မြန်မာပြည်အပြင်က မီဒီယာတွေ။ လူတွေကို ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုသုံးသပ်ပါသလဲ။ တတိယအင်အားစုကို ဘယ်လိုထင်ပါသလဲ။ လုထုဥိးစိန်ဝင်းစာတွေကို ဘယ်လိုထင်ပါသလဲ

ဥိးဝမ်ချူးခင်ဗျား၊ အခုလို အောင်မြင်တဲ့ စီးပွားရေးသမားတယောက်ဟာ မီဒီယာမှာ ပွင့်ပွင့်လင်းလင်းပြောလို့မရတာ သဘာပေါက်ပါတယ်။ စီးပွားရေးသမားဆိုတာ ဘယ်အစိုးရတက်တက် တွဲလုပ်ရတယ်မဟုတ်ပါလား။ အဲဒီတော့ နောက်တက်လာမဲ့ အစိုးရကို ဘယ်လိုအစိုးရဖြစ်မယ် ထင်ပါသလဲ။ ဘယ်သူတွေက အသာစီးနဲ့ ကစားလာမယ်ထင်ပါသည်း။
တက်လာနိုင်တဲ့ အုပ်စုတွေရော မြင်မိပါသလား။

နောက်ဆုံးမေးခွန်းကတော့ အောင်မြင်တဲ့ အနုပညာရှင် ကလျာလှနေခြည် အတွက်ပါ။
အခုဆက်ဆံနေရတဲ့ စစ်တပ်နဲ့ သူ့အသိုင်းအဝိုင်း အတွင်းရေးတွေအကြောင်း သိနားလည်တဲ့သူတယောက်အနေနဲ့ ဘာတွေဖြစ်လာမယ် ထင်ကြေးရှိပါသလည်း။ ကြားပါသလဲ။

အားလုံးကိုကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေ ကိုယ်တိုင် အဲဒီဘဝတွေထဲဝင်ရောက်ခံစားပြီးလည်း ဖြေထားပေးကြစေလိုပါတယ်ခင်ဗျား။
မြန်မာပြည်ပြင်ပမှာနေတဲ့ သူတယောက်အနေနဲ့ မဖြေကြပါနဲလို့…။

4 comments

  • timothy

    April 5, 2010 at 4:22 pm

    This election is non-inclusive, purposed-built to guarantee only one thing. The Junta`s hold on power will be legalised after election. MP will be bribed, coerced, and forced into military fold in legalised manner so no one can blame military even it declared martial law to quell the public discontent. Most of the MP elected will be cronies and supporters of Junta. The Junta had legalised the 2008 constitution hurriedly while we were busy supporting victims of the cyclone Nargis carnage. It is no more than act of a great thief 2008. There is no such thing as improvement of public life. They will further dip in the yolk of Military brutality. You might hear that parliament had rubber-stamped the declaration of martial law by military and abolishing of parliament. Butchering and killing of demonstrators will be legalised by parliament when it reconvened. The Generals will receive wild applauds and standing ovations for achieving cold murders of 10,000 demonstrators or so. No one in parliament will dare to speak out against the crime against humanity. Instead Generals will be praise in the name of saviours of mother nation. I hope I had dispelled the illusions in some sector of public who were dizzy in the smoke screen painted by the master tactician/ murderer Than Shwe. Comments are welcome.

  • Bagyi

    April 5, 2010 at 11:46 pm

    ဘကြီးပြောရရင် ဂျီစီဘီအေတွေ ဟုမ်းမရှုးတွေ၊ ၉၁ဌာနအုပ်ချုပ်ရေးတွေ ဘာတွေလုပ်နေကြလုပ်နေကြဖြစ်ပေမဲ့ နောက်ဆုံးရည်မှန်းချက်က လွတ်လပ်ရေးပဲ။
    လွတ်လပ်ရေးအရယူရတာပဲ။
    ကြားထဲ မကွဲမပြဲကြပဲ စည်းစည်းလုံးလုံးဆုံးဖြတ်တာမှန်သမျှ ကောင်းတယ်။
    ဂျီစီဘီအေခေတ်ကလို လွှတ်တော်ဝင်ချင်တဲ့သူနဲ့ မဝင်ချင်တဲ့သူကွဲတာမျိုးမရှိတာ ကောင်းတယ်။
    NLDမှန်တယ်။
    ဝင်ပြိုင်လဲခွက်ခွက်လန်အောင်ရှုံးမှာပဲ။အခုကသိက်ခါရှိတယ်

  • လူငယ်

    April 12, 2010 at 12:41 pm

    တွေးမိရင် ရင်နာစရာကောင်းတဲ့နိုင်ငံရေးအုပ်ချုပ်မှုပါ ထောင့်စေ့အောင်တွေးလေ ပိုပြီးရင်နာရလေပါပဲ
    အောက်ခြေလူတန်းစားအကျိုးဆိုတဲ့ စကားလုံးမျိုးကို နားမလည်ပဲနဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေကိုယ်တိုင်
    ပိုက်ဆံရရင်ပြီးရောဆိုတဲ့ စကားလုံးမျိုးကို ပေါ်ပေါ်ထင်ထင်သုံးနေကြပါပြီ
    ပွင့်ပွင့်လင်းလင်း ထပ်ပြောရရင် တစ်ခါတုန်းက တိုက်ပွဲဝင်ခဲ့ပါတယ်ဆိုတဲ့ တစ်ချို့ဘုန်းတော်ကြီးတွေတောင်
    ကိုယ့်အကျိုးကိုယ်ကြည့်ပြီး လိုက်နေကြပါပြီ
    စိတ်တိုင်းကျဖန်တီးချယ်လှယ်နေတဲ့ စနစ်မို့ ကိုယ့်ကိုကိုယ် ငရဲကျနေတယ်လို့ သာ မှတ်ပြီး
    ဖြေသိမ့်လိုက်ကြပါတော့

  • yannaingech

    May 4, 2010 at 1:30 pm

    ကိုသာဂိ………….တတိယအင်အားစု
    ဒေါ်ဘုမ………….ဘယ်သူတက်တက်မတက်တက်..စက်ရုံတွေပြီးရင်မီးရမယ်..မီးရရင်..စီးပွားရေးကောင်းမယ်…စီးပွားရေးကောင်းရင်…ကုန်ဈေးနှုန်းကျမယ်
    ဘကြီးအောင်…….ဝင်မယ်ဆိုရင်တော့ မဲပေးမယ်…သူမဝင်တော့လည်း…တခြားသူတွေပေးရမှာပေါ့
    ရစ်ချက်…………..မြန်မာပြည်အပြင်မှာတော့ …မုန်တိုင်းတွေထန်လွန်းပါတယ်ဗျာ…ဒီလူတွေမလည်း…နှစ်ပေါင်းများစွာကြာတာတောင် သွေးဆူနေကြတုန်းပဲ
    ဦးဝမ်ချူး………….ပထမဆုံးတစ်ဆက်ကိုတော့ သိပ်ကြီးမျှော်လင့်မထားပါဘူး…နောက်နှစ်ဆက်..သုံးဆက်လောက်မှ…
    ကလျာလှနေခြည်….အနိစ္စသဘောကို သူတို့အံတုနိုင်မယ်မထင်ပါဘူး

Leave a Reply