Seafood ကို အစုံလုပ်စား – KZ’s ထမင်းဆိုင်

ဇီဇီJune 27, 20172min62520

သတင်းစာ အတွက် ဟိုနေ့ကမှ တဂျီးက ပြာယာယာလာတောင်းးတာ။
ကိုယ့်မလည်း ပြင်ထားတာ ဘာမှမရှိတော့ ဟိုးဟိုး ပဝေသနီထဲက မန့်တွေထဲက ပြန်နှိုက်၊ ခုတလော မန့်တွေထဲက ပြန်နှိုက်နဲ့ ပင်လယ်စာ တစ်ပတ်စာ ဖြစ်သွားရောလေ။

ကိုကိုကျောက် ချက်နည်းလေး ပုံ ရရင် ပေးပါအု။

:k:

~~~~~~~~~~~~~~~~~~~~~~~

 

ဝက်/ကင်းမွန် ပင်စိမ်းချက် (မရိုစီကျော်ရည်)

  • ဝက်ကြိတ်သားး၊ကင်းမွန်၊ ပုစွန်ရေဆေးပြီး စစ်ထားရန်၊
  • ဒယ်အိုးထဲ ဆီပါရုံထည့်
  • ကြက်သွန်ဖြူ ငရုပ်သီးစိမ်းအနီတောင့်ရောထောင်း၊
  • ဆီပူလာရင်မီးလျှော့ ဆီသတ်ပြီး ဆီသတ်တဲ့အထဲကို ပဲငံပြာရည်အကြည်+အနောက်၊သကြားးး၊ခရုဆီ၊ငံပြာရည်ထည့်၊ဝက်ကြိတ်သားထည့် ၊
  • အသားတွေလိတ်သွားရင်ကင်းမွန်နဲ့ပုစွန်ထည့်မွှေ
  • ရေနည်းနည်းထည့်ပြီး မီးနဲနဲတင်ပြီးကျက်လောက်တဲ့အနေအထားရောက်ရင် မိးပိတ်ပြီးဖက်ကပေါင်းရွက်အုပ်ရန်။
  • ဖက်ကပေါင်း အရွက်မရှိရင် ရှိတဲ့ပင်စိမ်းအုပ်ချက်နိုင်ပါကြောင်း
  • အချဉ်ကြိုက်ပါက မီးပိတ်ပီးမှ သံပုရာရည်ညှစ်ပါရန်

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဂဏန်းချဉ်စပ် (မရိုစီကျော်ရည်)

  • ဂဏန်းးကိုကြိုက်သလိုဖဲ့ပါ၊ လက်မဒေချိုးးပါ၊ ထုပါ၊
  • ကြက်သွန်ဖြူ+နီ+ငရုပ်သီးထောင်း ဆီသတ်ပါ၊
  • စပါးလင်ပါးပါးလှီးထားတာထည့်ပါ
  • ဆီသတ်နံ့မွှေးးလာပီဆိုရင် ဂဏန်းထည့်ပါ
  • မွှေလို့နှံ ့ပီဆိုရင် အဖုံးခဏအုပ်ထားပါ ။
  • ရေထည့် အရသာထည့်
  • ငရုပ်သီးစိမ်းးလှီးထည့် ပြန်အုပ်ထားပီးး ဟင်းဆူလာပြီဆို အရသာမြည်းး
  • မဆလာ တို့ ရှမ်းနံနံတို့ အုပ် မီးပိတ်၊
  • သံပုရာရည်ထည့် ပီးးးပန်းကန်ထဲထည့် စားလို့ရပါဘီရှင်

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ရေခူသုပ် (မစင်ဒီ)

  • ရေခူက ငန်နေတယ်ဆိုရင် ဆားရေနဲ့ ၁၅မိနစ်လောက်စိမ်ထားပါ။ အငန်တွေထွက်သွားပါလိမ့်မယ်
  • ပြီးရင် ရေနွေးပွက်ပွက်ဆူနဲ့ ဖျောလိုက်ပါ ( ပြုတ်ရင် ထုတ် ထုတ် ထုတ် ထုတ်မဖြစ်ဘူး)
  • ပြီးရင်အနေတော်လှီး ခရမ်းချဉ်သီးလှီးထည့် ..
  • မြေပဲဆံထောင်းထည့်၊ နှမ်းထည့်၊ သံပုရာရည်နည်းနည်းညှစ်ထည့်၊
  • သကြားနည်းနည်းထည့် ( အချိုမှုန့်အစား)
  • ဆီချက်ထည့်သုတ်ပြီး နောက်ဆုံးမှာ ကြက်သွန်နီကြော်ဖြူးပြီးစားရုံပဲ…
  • ဒါကတစ်မျိုး..
  • နောက်တစ်မျိုးက ကြက်သွန်စိမ်း ငရုတ်သီးစိမ်း ခရမ်းချဉ်သီး ရှောက်ရွက်နဲ့သုတ်တာ ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂုံး/ကမာ ဘဲဥကြော် (ဦးကျောက်ခဲ)

  • ဂုံး သို့မဟုတ် ကနုကမာ ပန်းကန်လုံး တစ်လုံးစာကို ရေဆေးပြီး ဆန်ကာလေးနဲ့စစ်ထား…
  • ဘဲဥ ၂-လုံးလောက်ကို ငံပြာရည် တစ်ဇွန်း ပြောင်းဖူးမှုန့် တစ်ဇွန်း ငရုပ်ကောင်း သဘောလောက်နဲ့ သမအောင် ခေါက်ထား ။
  • ဘဲဥခေါက်ထားတာ အမြှုပ်ထွက်ပြီး ပွလာရင် ခရုတွေထည့် မွှေ ၊
  • သမသွားရင် ကျူးဆိုင် သို့မဟုတ် ကြက်သွန်မြိတ် ၃-ပင်လောက် ခပ်ကြမ်းကြမ်းလှီးထားတာကိုထည့်မွှေ ။
  • ပြီးရင် မကပ်တဲ့ ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး မီးအေးအေးနဲ့ အချပ်လိုက်ဖြစ်အောင် ကြော်ပါလေ
  • (ကြော်ပြီးပြီးချင်း ပူပူနွေးနွေးကို သန့်စင်ထားတဲ့ ပဲပင်ပေါက် ပန်းကန်ထဲ အပေါ်ကထပ်တင်လိုက် ၊ ပဲပင်ပေါက် သဘောလောက် နွမ်းသွားရင် ရှယ်ပဲ) ။
  • ငရုတ်ဆီအချဉ်နဲ့ အတော်လိုက်တယ်
  • ငွေဆောင်မှာ စားခဲ့တာက ယောက်သွားနဲ့ကြော်တာ ၊ သဘောလောက်တော့ မာတာပေါ့ ။ ယောက်သွားနဲ့ကြော်ရင် ကော်မှုန့် တဝက်လောက် လျှော့ထည့်ပါ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုဇွန်ကော်ကြော် (မသဲနုအေး)

  • ပုဇွန်ကို အခွံချွတ်
  • ကြက်သွန်နီကို ပါးပါးလှီး ဆီသတ်
  • ပုဇွန်ထည့်
  • ငြုတ်ကောင်း ဆား ဟင်းခပ်မှုန့်ထည့်ကြော်
  • ကြက်သွန်ဖြူမိတ်ထည့်
  • ကြက်ဥခေါက် ထည့်မွှေ
  • ခြောက်သွားရင်ဆီနဲနဲထည့်မွှေ
  • ကော်မှုန့်များများကိုရေနဲ့ဖျော်
  • ခရုဆီ ဆား သကြား ဟင်းခပ်မှုန့် ငြုတ်ကောင်းထည့်ဖျော်
  • ရရင် ပုဇွန်ကြော်နေတာထဲလောင်းထည့် အချပ်လိုက်ကလေးဖြစ်အောင် ဖိဖိကြော်ပေး
  • ညိုလာရင်နောက်တဖက်လှန်
  • အကြော်တွေအကုန်ကျက်အောင်ဇွန်းဖင်နဲ့ဖိဖိကြော်ပေး
  • ၂ ဖက်လုံးညိုရင်ပန်းကန်ထဲထည့်
  • ခရမ်းချဉ်သီး သခွားသီးပါးပါးလှီးထားတာနဲ့တွဲဖက်ပေး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးခေါင်း ဂျူးမြစ် ပဲပု ခမ်းချဉ်သီး အင်းရိုးရာချက် (မဘုတ်)

  • ငါးကို ဆားနယ်ထားပြီး ကြော်ထားချင်ကြော် မကြော်ချင်လည်းရတယ်
  • ငါးသား ဘာနဲ့ချက်ချက် ကောင်းတယ်
  • ကြက်သွန်ဖြူနီ ခရမ်းချဉ် ခပ်များများ ကို ဆီသတ် ပြီး
  • ငါးအသား ထည့်
  • ပြီး တာနဲ့ ရေနွေးထည့်ဆူ ပြီး အချိုငံမြည်း
  • ပဲပုပ်စေ့ တစ်ဇွန်း လောက် ရယ်
  • ဂျူးမြစ် ခပ်ကြမ်းကြမ်း လှီး ထားတာရယ်
  • ငရုတ်သီးစိမ်း ခပ်များများ
  • နံနံ အုပ် ပြီး နွမ်းရင် မီးဖိုပေါ်က ချ စားလို့ ရပါပြီ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စေတီခရုပြုတ် (မသင်ဇာမြင့်)

  • ခရုတွေ ရေစင်အောင် ဆေးထား
  • အိုးထဲကို ကြက်​သွန်​ဖြူ/နီ/ဂျင်​း ထောင်းထားတာ ဆီသတ်
  • ပဲငပိ ဆီတိုဟူး ဆား အချိူ ထည်​့ ​
  • ​မွှေးလာရင်​ ခရုထည်​့
  • ​ရေလိုသ​လောက်​ထည်​့ပြီး ကျက်​ရင်​
  • ဆူးပုတ်​ကြီးခပ်​ ရှမ်​းနံနံ ​ဗမာနံနံ ဖက်​ဖယ်​ရွက်​ထည်​့
  • ငရုပ်​သီးစိမ်​း ခပ်​ပြီး စားရုံပဲ။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

20 comments

  • ဦးကျောက်ခဲ

    June 27, 2017 at 2:27 pm

    အာဟိ … ကနုကမာ လတ်တာမတွေ့လို့ ဒီရက်ထဲ ကြော်မစားဖြစ်သေးဘူး…
    ကြက်သွန်ဖြူ/နီ စပါးလင်ကို အရောင်တင်မှုန့်နဲ့ ဆီသတ် … သကြားနဲနဲ စွက်…
    ပြီးရင်သန့်စင်ထားတဲ့ ခရု သို့ ယောက်သွားထည့် ၊ ခရုဆီထည့်မွှေ …
    ငရုတ်သီးစိမ်းထည့် ပင်စိမ်းရွက်ကလေးအုပ်လိုက်ရင် …
    စားကောင်းတဲ့ အလွယ်ချက် ဟင်းတစ်ခွက်ရပါပြီ … :k:
    .
    ခရု ကင်/ချက်/သုတ်/ကြော်/ဟင်းရည် နည်းတွေက များသလားမမေးနဲ့…
    ပါရဂူဘွဲ့ယူဖို့ ကျမ်းပြုပြီး စာတမ်းတင်ရင် ရလောက်တယ်… :k:

    • ဇီဇီ

      June 27, 2017 at 2:28 pm

      အာ့ဒါ ဆို ပို့(စ) ရေးးး
      ဟိ။
      စိမ်းလပ်ဖီ

      :k:

      • ဦးကျောက်ခဲ

        June 27, 2017 at 2:39 pm

        ရေးရတာက ကိတ်မချိဘူး … ဓာတ်သေရိုက်ရတာက ကိတ်ချိဒယ်
        လောလောဆယ် … အထောင်းပို့စ် ရေးမလားလို့ …
        ပုဇွန်ခြောက်/ငါးခြောက်/အသား/မရမ်းသီး/မကျည်းသီး/ဇီးဖြူသီး…
        ယိုးဒယား သင်္ဘောသီးထောင်းက အဆစ်…
        သောကြာလောက်မှ တင်လိုက်မယ်… :k:

        • ဇီဇီ

          June 27, 2017 at 2:42 pm

          ယေ့ယေ့ယေ့ ပျော်ဖီယေ။
          အထောင်းကို ချဉ်ရည် ပို့(စ) နဲ့ တွဲမယ်ယေ။
          ဟိ

          :k:

  • သင့်အေးရိပ်

    June 27, 2017 at 2:43 pm

    ဂဏန်းက လွဲရင် ကျန်တာ အကုန် သွားရည်ကျ
    စားပါအုန်းမည် ကြိုးကြိုးစားစား စားပါအုန်းမည်။
    :k:

    • ဇီဇီ

      June 29, 2017 at 1:52 pm

      နိ က ဘာလို့ ဂဏန်းမကြိုက်တာလား??

      :k:

      မျိုးတူ ဘေးတိုက်သွားမျိုးမို့လားး
      နာကတော့ ဇာတ်တူသားကြိုက်တယ်။

      ဟိ

      :k:

  • ခရုစားချင်တာ..
    အဲ့ခရုတွေက မြောင်းထဲတွေ့ရတဲ့ခရုနဲ့ တူတူပဲလား..
    သေပြီးသားလား .. ရှင်နေသေးလား
    ဘယ်မှာဝယ်လို့ရလဲဟင်.. :mrgreen:

    • ဇီဇီ

      June 29, 2017 at 1:53 pm

      စမီးလေး စိတ်ထိန်းးးး
      မြောင်းနဲ့က ခရုနဲ့ မတူဖု။
      ဖြေတာနှေးနေလို့ ခွါများ စားနေဖီလားမသိရယ်။

      :k:

      • ဟိ. မစားရသေးပုစ်. ကံကောင်းလို့..
        အာ့ဒေ ဘယ်နားဝယ်လို့ရလဲ..
        ဟိုရက်က တစ်ချိန်လုံးစားပြတဲ့ ထိုင်းကတစ်ယောက် live မှာ အဲဒါတွေ စားပြနေတယ်..

  • ခရုကလွဲအကုန်ကြိုက်ပါတယ်…
    စိတ်ထဲတမျိုးဖြစ်တာနဲ့ မစားဖြစ်တာတွေက..ခရု၊ ပုရစ်၊ ဖါး၊ကြွက်၊ ခွေး၊ ကြောင်…အဲ..အဲ..မြွေ (လင်းမြွေသားတော့
    မြည်းကြည့်ဖူးတယ်) :k: :k: :k: :k: :k:

    • ဇီဇီ

      June 29, 2017 at 1:54 pm

      မိုက်မိုက်ရယ်။
      ပင်လယ်ခရုတွေကတော့ စားကောင်းပါတယ်။
      ဟိ

      ခွေး ကြောင် မြွေ တော့ ကျနော်လည်းမစားဖူး
      (သိသိဂျီးနဲ့ မစားဖူး)

      :k:

  • aye.kk

    June 27, 2017 at 3:53 pm

    ဂဏန်း
    ဆီထမင်းကြော်
    အဖေ့ရိုးရာအစားစာ
    သတိရတယ်
    ခုလိုမိုးရာသီမှာ
    အဖေကမကြာခဏလုပ်ကျွေးတတ်လို့ပါ။
    ဂဏန်းနဲ ့ကောက်ညှင်းဆီထမင်းထိုးပြီးစားရတာနှစ်သက်တယ်။

    • ဇီဇီ

      June 29, 2017 at 1:55 pm

      ခုမှ ကြားဖူးတယ် တီအေး

      :mrgreenn:

  • Shar Thet Man

    June 27, 2017 at 4:32 pm

    စားချင်လိုက်တာ သွားရေတောင်ကျတယ်…

    • ဇီဇီ

      June 29, 2017 at 1:57 pm

      ဟီးဟီးဟီးး

      :k:

  • Kaung Kin Pyar

    June 27, 2017 at 5:09 pm

    ချက်မတတ်တဲ့အထဲမယ် ရေစာတွေ ပါတယ်.. :k: ။ ပုဇွန်တောင် အကျက်မြန်လို့သာ…။ ဂဏန်းတို့ ဂုံးတို့က ရှာရခက်တာလဲ ပါ….။ မမဂျီးပိုစ့်မြင်တော့လဲ ချက်ကြည့်ချင်သား…။ ကြိုးစားကြည့်အူးမေ….။

    • ဇီဇီ

      June 29, 2017 at 1:59 pm

      စမီးရယ်။
      မမဂျီး အတိုင်းဖဲ။
      ပုဇွန်ပဲ လုပ်တတ်တာ။
      ကျန်တာ ပင်ပန်းလို့။
      ဂုံးဆို ခွါပြီး ရေခဲရိုက်ထားတဲ့ အထုတ်ဝယ်ပြီးမှ ပြုတ်သုပ်တာရယ်။

      :k:

  • padonmar

    June 27, 2017 at 10:46 pm

    ရွှေခယ်သူက ပုဇွန်ကလွဲရင် ဘာမှ မကြိုက်။

    • ဇီဇီ

      June 29, 2017 at 2:00 pm

      ကျော် က စားရင်း ပင်လယ်စာ ကို တအားကြိုက်မိ။
      အဲ ရေချိုစာလည်း မလွတ်ပါဘူးလေ။
      ဟီးဟီး

      :k:

  • manawphyulay

    July 12, 2017 at 2:27 pm

    အင်း ဝက်သားမစားတော့ ကြက်ကင်းမွန်ပဲ လုပ်စားတော့မယ်နော်…….

    ကျန်တာအကုန်သရေကျတယ်။ ဒါပေမယ့် ဂုံးတို့ဘာတို့တော့မကြိုက်ဘူး။

Leave a Reply