သူကြီးနဲ့ ငြင်းကြမယ်

padonmarJune 27, 20171min47845

အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။
ဘဝတွေကူးသွားတဲ့အခါမယ်.. အဲဒီသိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားသလဲ ဆိုတာလည်း သိချင်လို့..။
စိတ်ကော၊ရုပ်ကော ဖြစ်ရပ်ပျက်ဆိုတော့

ဦးနွေဦး ပို့စ်ထဲ သူကြီးက အဲသလိုမေးတော့
ကိုယ်တယောက်တည်း ဒီလက်ပေါက်ကပ်တဲ့ သူကြီးနဲ့ သူများပို့စ်နဲ့ မဆီမဆိုင်အပြန်အလှန်ငြင်းမယ့်အစား
အဖော်အပေါင်းနဲ့ ငြင်းရအောင် ပို့စ်အဖြစ်တင်ပါတယ်။
(သူကြီးဆီက ပွိုင့်ရအောင်ရောပေါ့.ဒါမှ ကိုဘလက်ကို မြန်မြန်ကျော်မှာ)
စိတ်ဝင်စားရင် လာမန့်ပြီး မုန့်ဖိုးပေးပါ။

(၁) နွေဦး says:

“အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။”
ဆိုတာ နည်းနည်းတော့ရှင်းရခက်ပေမဲ့ အလွယ်ပြောရရင် မီးသီး တလုံး မှာ မီးလင်းအောင် လျှပ်စစ်ဓါတ် ဝင်တယ် ။ပြီး မီးပိတ်သွားတယ်. လျှပ်စစ်ဓါတ် က မကျန်ဘူး.. ဒါပေမဲ့ မီးသီးပူပြီး ကျန်နေတယ်..။
အဲလိုမျိုုးဘဲ လူတွေမှာ စိတ် နဲ့ စေတသိတ် ဆိုတာ ရှိတယ် စိတ်က လျှပ်စစ်ဓါတ်လို ဖြစ်ပြီး ပျက်တယ် ။စေတသိတ် က ပူပြီးကျန်တဲ့အပူလိုမျိုးလေ.. အဲဒါကို ဖြန့်ကျက်တွေးပါ.. မရှင်းက အဘိဓမ္မာ စာအုပ်ကြီး ကိုင်ရှင်းနိုင်တဲ့ အမတော်တို့နဲ့ ဆွေးနွေးပေတော့..

(၂) ကျမအဖြေ
မှတ်တာနဲ့ ဉာဏ် ကိုခွဲ ပြောချင်တယ်။
မှတ်တယ်ဆိုတာ သညာ လို့ခေါ်တယ်။
အကြောင်းအရာ တခုကို စသိခါစ/စမြင်ခါစ/စကြားခါစ/စနံခါစ/စစားခါစ/စထိခါစ မှာ ဘာမှန်း မသိသေးဘူး။
အဲဒါလေးက ဘာလို့ သိသွားပြီးရင် နောင်မြင်/ကြား/နံ/စား/ထိ/သိ တဲ့အခါ အရင် ကြုံဖူးတယ် ဆိုတဲ့ သညာလေးက ပြန်ပေါ်လာတယ်။
အထပ်ထပ် ကြုံလာတဲ့အခါ ခိုင်မြဲတဲ့ သညာ ဖြစ်လာတယ်။
အလွန်ခိုင်တဲ့ သညာက နောက်နောက် ဘဝတွေထိ မှတ်မိသွားတယ်တဲ့။
ဘာနဲ့ သယ်သွားလဲ ဆိုတော့
စိတ်တခုဖြစ် တခုချုပ်သွားပေမယ့် သူ့ထဲက သတ္တိတွေကို လက်ဆင့်ကမ်းပေးသွားပါတယ်။
အားနည်းတဲ့ သတ္တိတွေက လျော့ပါး ပျောက်သွားပေမယ့် အားကောင်းတဲ့ သတ္တိတွေက ထင်ထင်ရှားရှား ကျန်ခဲ့ကြတယ်။
အကျိုး မပေးဘဲပျောက်သွားရင် အဟောသိကံပေါ့။
(စာထဲက စာတွေ မရွတ်ဘဲ ဖြေကြည့်တာ ဆိုတော့ ဟာကွက် ရှိကောင်း ရှိမယ်။။ စစ်ကူခေါ်တယ်။ ထောက်ကွက်တွေ ပေါ်လာရင် ဝင်ဖြေထားပေးကြ၊ ကျမက အားတော့မှ ကြည့်နိုင်မှာ၊ ဘယ်သူမဆို ကူဖြေလို့ရတယ်နော်။ )

45 comments

  • ဦးကျောက်ခဲ

    June 27, 2017 at 10:30 pm

    အဘိဓမ္မာကို ပါဠိအနက်ဖွင့်လို့ပဲ နားလည်တယ် …
    အဲသည့်တော့ ဘာမှ မမန့်တတ် …
    အဘိဓမ္မာငြင်းရင်းနဲ့ အဖိုးကြီးတွေ နပန်းထလုံးတာတော့ မြင်ဖူးတယ် … :k:

  • padonmar

    June 28, 2017 at 12:15 am

    ဦးကျောက်ရေ
    သိတာတွေသာ ဝင်ပြောလေ။
    လူဝင်စား အကြောင်းလိုဟာမျိုး။
    မှတ်ဉာဏ်တွေ ဘဝကူးတာ ပါကြောင်း သက်သေ။

    • ဦးကျောက်ခဲ

      June 28, 2017 at 2:46 pm

      လူဝင်စားတာ နဲ့ မှတ်ဉာဏ်တွေ ဘဝကူးတာ ဆက်စပ်မှုရှိတယ် …
      အတော်များများသော လူဝင်စားတွေက အသိဉာဏ်မြင့်ခဲ့သူတွေချည်း …
      နောက်ပြီး အရွယ်ကောင်းမှာ ကွယ်လွန်ခဲ့သူတွေများတယ် …
      လွန်ခဲ့တဲ့ဘဝမှာ မပြီးပြတ်ခဲ့တာတွေ ဆက်လုပ်ဖို့ထင်ပါရဲ့ …
      “God’s Army” က ဂျော်နီနဲ့ လူသာက အကောင်းဆုံး သက်ရှိ သက်သေတွေပါ…
      .
      နာမ်ကိမ်းတာ – ထုံကူးတာတွေကျတော့ အဘိဓမ္မာနဲ့ ကျေနပ်အောင် ရှင်းလို့ရမယ်မထင်…

  • နွေဦး

    June 28, 2017 at 3:14 pm

    သညာ ဆိုတာက စေတသိတ်ပါ..
    စိတ်အားလုံးနဲ့တွဲပြီးဖြစ်နိုင် လို့ သဗ္ဗစိတ္တ….
    ကျွန်တော်ပြောခဲ့တဲ့ အပူလေးကျန်တယ် ဆိုတာ စေတသိတ်ရဲ့ စွမ်းအားပါ..
    စိတ်ဆိုတာ ခံစားချက်မရှိပါဘူး.. ဖြစ်တယ် တည်တယ် ပျက် တယ်.. တစက္ကန့်ရဲ့ ကုဋေ တစ်သိန်းပုံတစ်ပုံဘဲ သက်တန်းရှိတယ်တဲ့
    ခုခေတ်အတိုင်းအတာနဲ့တွက်ရင် အလွန်နည်းတဲ့ကိန်းပါ..
    အဲလို စိတ် နဲ့အတူ စေတသိတ် တွေကလဲ တွဲပြီး ဖြစ်တယ်တဲ့ သက်တမ်းကလဲ အတူတူပါဘဲတဲ့..
    စိတ် က ဖြစ်ပြီး ပျက်သွားပြီးတဲ့အခါ ဘာမှ မကျန်ခဲ့ဘူး ဒါပေမဲ့ စေတသိတ်က သူ့အမျိုးအစားလိုက် သတ္တိတွေ ကျန်ခဲ့ပါတယ်.
    ဗုဒ္ဓရဲက အဘိဓမ္မာမှာ ခေတ်ရှေ့မှာခုထိရှိနေသေးတဲ့ စိတ် စေတသိတ် နဲ့ ဝီထိ တို့ရဲ့ အကြောင်းက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်.. သိပ္ပံနည်းနဲ့ ယှဉ်ပြီး တွေးခေါ်စဉ်းစားရင် သဘောပေါက် အလွန်လွယ်ပါတယ်..ဒါ့ကြော်င့ အနောက်တိုင်းသားတွေ အဘိဓမ္မာ လေ့လာရင် ဗုဒ္ဓဘာသာဖြစ်ကုန်ကြတာပေါ့..

    • kai

      June 28, 2017 at 4:25 pm

      အနောက်တိုင်းသားတွေ.. အဘိဓမ္မာကိုလေ့လာတယ်ဆိုတာထက်.. ဟိန္ဒူယောဂကျင့်စဉ်။ ကသိုဏ်းကျင့်တာတွေမှာ..အဘိဓမ္မာထက်ပို.. အသေးစိတ်ပါပြီးသားပါ..၊
      သူတို့က.. လက်တွေ့ကျကျ.. စမ်းသပ်ခန်းထဲထည့်ပြီး. ဦးနှောက်ကို.. စကင်နာ်တွေ..ဆင်န်ဆာတွေတပ်..။ လျှပ်စစ်ှစီးနှုန်း။ ကြိမ်နှုန်းတွေတိုင်း.. ။ ရောင်ခြည်စစ်စက်တွေနဲ့.. စစ်..။
      အဟမ်း.. တော်တော်.. တော်တော့်ကို သိကုန်ပါကြောင်းရယ်..။ :k:

      • padonmar

        June 28, 2017 at 9:44 pm

        ရုပ်ကိစ္စမဟုတ်တာကို စက်တွေနဲ့ စစ်ပြီး ကောက်ချက်ချတိုင်း မှန်တယ် ပြောရမလား သူကြီးရဲ့။
        …………
        (အနောက်တိုင်းသားတွေ အဘိဓမ္မာ လေ့လာရင် ဗုဒ္ဓဘာသာဖြစ်ကုန်ကြတာပေါ့.)
        .အဘိဓမ္မာလေ့လာပြီးတော့ မသိဘူး။
        တရားအားထုတ်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်တာတော့ အများကြီး တွေ့ဖူးတယ်။

        • kai

          July 1, 2017 at 4:54 pm

          ဆဲလ်ဖုံးကနေ ..ဖဘကြည့်ကြည့်..အင်တာနက်တက်တက်.. ဘယ်မှာဝါယာကြိုးပါလို့လဲ..။
          အဂ င်္ ါဂြိုလ်ကနေ.. ကမ္ဘာကို ဓာတ်ပုံရိုက်ပို့နေတာမှာ. ဘယ်မှာ လေထုရှိလို့လဲ..။
          သဘောက.. သိပ္ပံတိုးတက်လာမှုအရ.. . ဒစ်ဂျစ်တယ်လောကဆိုတာဟာ.. ရုပ်မဟုတ်ဖူးအမတော်ရဲ့..။
          လူနဲ့ တော်တော်နီးစပ်တယ်.. ရုပ်နဲ့နာမ်ပဲ..။ ရုပ်က.. ကွန်ပြူတာ..ဆာဗာ .. လက်ကိုင်ဖုံးရဲ့.. Hardware မာထည်တွေ..။
          ဒီအတိုင်းစက်ရုံထုတ်ဆို.. ကြေး.. ရွှေ.. ပလပ်စတစ်.. ဆီလိကွန် အစိုင်အခဲကြီးတခုပဲ..။
          ဘက်ထရီအားသွင်းဦး.. ဘာမှမလုပ်.. မဟုတ်..။
          အဲ.. သူ့အထဲ.. OSဖြစ်တဲ့.. Android တို့.. Windows တို့.. iOS တို့ Software ထည့်ပေးရတယ်.။
          ထည့်ပေးရင်.. နည်းနည်းလှုပ်တော့လာပြီ.. ဒီလောက် အသုံးမကျသေး..။ လူဆို.. ကလေးပေါက်စလိုပဲ..ရှိသေးဦးမယ်..။
          ကိုယ်အလိုရှိရာ.. အသုံးတည့်ရာ.. App တွေထည့်မှ လိုချင်တာခိုင်းလို့ရလာတာ..။

          ပြောချင်တာက.. ဒစ်ဂျစ်တယ်လောကနဲ့.. လူ့လောက ယှဉ်တွေးကြည့်လို့ တော်တော်ကို နီးစပ်ရလာပြီဖြစ်တဲ့ခေတ်..။ ဒီခေတ်သိပ္ပံကို.. ထေရာဝါဒဘုန်းတော်ကြီးများ.. ၉၉.၉ ရာခိုင်နှုန်းမသိ..။ သဘောမပေါက်..။

          ဆိုတော့..
          ဘာသာကြီး ၄ခု… ခရစ်ယန်၊ အစ္စလမ်၊ ဂျူး၊ ဗုဒ္ဓဘာသာတွေမှာ.. ကမ္ဘာ့လူဦးရေတိုးသလောက် မတိုးပဲ..လျှောလျှော့လာတာက.. ဗုဒ္ဓဘာသာ..။
          သဘောက.. ဗုဒ္ဓဘာသာကနေ.. တခြားဘာသာကိုပြောင်းတာက.. တခြားကနေဗုဒ္ဓဘာသာကို.. လာတာထက်ပိုများတယ်..။
          ဗုဒ္ဓဘာသာလို့ဆိုရာမှာ. မြန်မာပြည်က.. ထေရာဝါဒမဟုတ်..။ မဟာယာန..။

  • kai

    June 28, 2017 at 3:51 pm

    အမှတ်မမှားရင်.. အဘိဓမ္မာက.. ဗုဒ္ဓရဲ့ နှုတ်တော်ထွက်မဟုတ်ဖူး.. လို့စ်..။
    အနည်းဆုံးတော့ရှင်သာရိပုတ္တရာက.. ကြားခဲ့တာကို.. တဆင့်ပြန်ပြောတာလို့.. ထေရာဝါဒတွေက မှတ်တမ်းထားကြပြီး… တကယ်မူရင်းသမိုင်းဆရာတွေကတော့.. အဘိဓမ္မာကျမ်းတွေက.. ပထမသံဃာယနာတင်တာမှာမပါဘူးလို့ဆိုပါတယ်..။
    သဘောက.. ထပ်တိုး..ထပ်ဖြည့်..။

    အဲလိုဆိုလို့.. မှားတယ်လို့.. လုံးဝမဆိုလို..။ ဗုဒ္ဓမပွင့်မှီကထဲက.. ယောဂကျင့်ကြတဲ့ ဟိန္ဒူတွေမယ်.. အဲဒီစဉ်းစားတွေးခေါ်တာတွေရှိပြီးသားပါ..။

    ဆိုတော့..
    ဥပါဒ်ဌီဘင်.. ဖြစ်ရပ်ပျက်မှာ.. ပျက်ပြီးမှ.. နောက်ကို ပြန်သွားလို့မရတဲ့ ရုပ်/စိတ်ကို.. သတိထားမိမယ်ထင်ပါတယ်..
    သတ္တိပြောပြော..။ ဝီထိပြောပြော..။ စေတသိတ်ဆိုဆို..။ ရုပ်ရောနာမ်ရော..ဥပါဒ်ဌီဘင်. ဖြစ်ပြီးတာနဲ့ ပျက်.. အနိစ္စသဘောအရ.. ကိစ္စကချောပြီးသား..။
    သဘောက.. ဟိန္ဒူ( ထေရာဝါဒ) ရဲ့ သီအိုရီအရ.. အချိန်( Time)သည် .. ရှေ့သို့သာသွားသည့်ကိန်းသေ.. အချိန် ကို.. နောက်ပြန်ဆုတ်လို့မရ..။

    ဆိုတော့..
    အတိတ်ဆိုတာဟာ.. လက်ရှိဘဝရဲ့.. သညာဆိုဆို.. မှတ်ဉာဏ်ပြောပြော.. မီမိုရီထဲက.. ပြန်ခေါ်တဲ့… Visual World ဖန်တီးရုပ်ယောင်သာဖြစ်တယ်လို့.. ၊
    ရုပ်နာမ်နဲ့.. တကယ်ကြီး.. ပြီးခဲ့တဲ့ အတိတ်ဆိုဆို. ဘဝဆိုဆို.. နောက်ခေတ်အချိန်ကို ရောက်နေတာ.. သွားနေတာမဟုတ်တာမို့..
    သဘောက.. မူလရုပ်စိတ် ပစ္စုပ္ပန်ရဲ့.. Bias ရှိခြင်း.. လွှမ်းမိုးခြင်း.. ပါကိုပါတယ်..လို့..။

    ဒါက.. ပထမထောက်ချက်..။ ဆွေးနွေးငြင်းခုန်ကြည့်စေလိုပါကြောင်း..။ :k:

    • padonmar

      June 28, 2017 at 9:14 pm

      ဒီမယ်သဂျီး
      (လူမမြင်ဖူးခင်ကသာ သူကြီးကို ကြောက်တာ၊ လူမြင်ဖူးတော့ သူကြီးကတော်ပဲ ကြောက်တော့တယ် :D)
      -တဆိတ်ရှိ အဘိဓမ္မာ ဘုရား မဟောဘူး ဆိုတဲ့ ဆီသည်မလက်သုတ် အငြင်းဟောင်းကြီး ပြန်ဆွဲမလာပါနဲ့။ (ဒါက ရန်တွေ့တာ )
      -အရစ်စတိုတယ် တို့ အာခိမိဒီး တို့ လီယိနာဒိုဒါဗင်ချီ တို့ ဆိုတာတွေရော တကယ် ရှိခဲ့တယ်လို့ ဘာနဲ့ သက်သေပြမတုံး။
      အခုတောင် တယ်လီဖုန်းထွင်တာ ဂရေဟမ်ဘဲလိ မဟုတ်ဘူး ဆိုလား ပြောနေကြပြန်ပြီ။
      -အဘိဓမ္မာကို ဘုရားဟောဟော မဟောဟော ၊လေ့လာကြည့် ၊ကျင့်ကြံ အားထုတ်ကြည့်။
      (ကိုယ်ဉာဏ်မမီတိုင်းလည်း မမှန်ဖူးချည်း မထင်နဲ့)
      ………………………………
      {အတိတ်ဆိုတာဟာ.. လက်ရှိဘဝရဲ့.. သညာဆိုဆို.. မှတ်ဉာဏ်ပြောပြော.. မီမိုရီထဲက.. ပြန်ခေါ်တဲ့… Virtual World ဖန်တီးရုပ်ယောင်သာဖြစ်တယ်လို့.. ၊}
      အဲဒါ အတိတ် ဓမ္မာရုံ လို့ ခေါ်တယ်လေ။ ကိုယ့်ရဲ့ မနောဒွါရ ခေါ်တဲ့ စိတ်မှာ အတိတ်က သိဖူးတဲ့ အာရုံတွေ ပြန်ထင်လာ တွေးမိတာကို ဓမ္မာရုံ လို့ ခေါ်တယ်။
      ……………..
      { မူလရုပ်စိတ် ပစ္စုပ္ပန်ရဲ့.. Bias ရှိခြင်း.. လွှမ်းမိုးခြင်း.. ပါကိုပါတယ်..လို့..}
      အဲဒါ မငြင်းဘူး။
      ပစ္စုပ္ပန်က အားအကောင်းဆုံး။
      (သူကြီးက ငြင်းဆိုတိုင်း ငြင်းရမှာလား၊ အဲဒါပေမယ့် သူက ဘာထောင်ချောက် ဆင်ထားလဲ မသိဘူး။ အရပ်ကတို့ ပစ်မထားကြနဲ့နော်)

      • kai

        July 1, 2017 at 5:05 pm

        အဲလိုဆိုလို့.. မှားတယ်လို့.. လုံးဝမဆိုလို..။ ဗုဒ္ဓမပွင့်မှီကထဲက.. ယောဂကျင့်ကြတဲ့ ဟိန္ဒူတွေမယ်.. အဲဒီစဉ်းစားတွေးခေါ်တာတွေရှိပြီးသားပါ..။

        အေ့ပါ်မှာ.. အဲလိုကြီးရေးထားတယ်လေ.. အမတော်ရဲ့..။
        ဆိုတော့.. အတိတ် ဓမ္မာရုံ က.. ပစ္စုပ္ပန်အားအကကောင်းဆုံးတွေနဲ့.. ဖန်တီးပုံဖေါ်တဲ့.. Virtual World လို့.. သတ်မှတ်ချင်ပါတယ်..။
        အဲဒီ Virtual World ဟာ.. တကယ်ဖြစ်ခဲ့တဲ့ အတိတ်မဟုတ်ပဲ.. ဤသို့ဖြစ်ကောင်း၏… ဖြစ်ခဲ့၏ လို့. ပစ္စုပ္ပန်လူကတွေးတော ဖန်တီးလိုက်တဲ့.. ဖန်တီးဘဝသာဖြစ်ပါတယ်..။

        ဥပမာ..။ “ကျွီ….. ဝုန်း..” ဆိုတဲ့ ကားတိုက်သံလို့ယူဆရနိုင်တဲ့ အသံကို အခန်းထဲကလူ ၅ယောက်က ကြားလိုက်ရတဲ့အခါမှာ.. အဲဒါဘာဖြစ်သွားသလဲလို့.. ကို မေးကြည့်..။ သူတို့ဘဝအတွေ့အကြုံအရ.. အမျိုးမျိုးပုံဖေါ်ပြောကြမှာပဲ..။
        အဲဒီအထဲ.. တိုက်ရိုက်နီးပါးမှန်နေမှာရှိသလို.. ကားဆိုတာတောင် မမြင်ဖူး..မသိဖူးတဲ့သူအတွက်ကတော့.. တခြားစီကြီးကို.. ပြောချင်ပြောမှာပါ…။
        အဲလို. ဖန်တီးရုပ်ယောင်ကမ္ဘာ..။ :k:

  • မဟာရာဇာ အံစာတုံး

    June 28, 2017 at 4:21 pm

    ဒါ​တွေက မသိချင်​​လေ .. ​ကောင်​း​လေပဲ။
    အများကြီး နက်​နဲတယ်​။ အားကြီး ကျယ်​ပြန့်​့တယ်​။

    သံသရာမှာ မ​ရေတွက်​နိုင်​တဲ့ ဘဝ​ပေါင်​းများစွာ။ သေခဲ့ဖူးတဲ့ ​နေရာချင်​း​တောင်​ ထပ်​​နေတဲ့ ကိစ္စမှာ တစ်​ဘဝ တစ်​ဘဝ မှတ်​ဉာဏ်​​တွေကိုသာ သယ်​သယ်​ လာရရင်​ဖြင်​့ ထားစရာ ​နေရာ​တောင်​ ရှိပါ့မလား မသိ။ ဒါ​တွေကိုသာ ဆက်​စပ်​ပြီး ​တွေး​နေရင်​ ရူး​တောင်​သွားနိုင်​တယ်​။

    ကုသိုလ်​နဲ့ အကုသိုလ်​ က​တော့ သယ်​လာလို့ရတယ်​။ ကုသိုလ်​ တစ်​ခုက သူ့အကျိုးသူ ​ပေးမယ်​။ အကုသိုလ်​ တစ်​ခုကလည်​း သူ့အကျိုးသူ ​ပေးမယ်​။ ဗြဟ္မာ ဖြစ်​သွားတဲ့ ကုသိုလ်​ကံ အဟုန်​ ကုန်​သွား​တော့ ဝက်​ ဖြစ်​ရမယ်​့ အကုသိုလ်​ကံက ဝင်​လာတယ်​။ ဒီ​နေရာမှာ ဗြဟ္မာဖြစ်​တုန်​းက မှတ်​ဉာဏ်​နဲ့ အစွမ်​း​တွေ ပါမလာဘူး။

    ဒီ​တော့ ​သေတဲ့အခါ မှတ်​ဉာဏ်​ သယ်​၊ မသယ်​​တော့ မသိဘူး။ ကုသိုလ်​နဲ့ အကုသိုလ်​ ​တော့ သယ်​သွားမှာ အမှန်​ပဲ။ ​ဗြဟ္မာပြည်​မှာ တဝင်​းဝင်​း၊ ဝက်​ စားကျင်​းမှာ တမြုံ့မြှုံ့ … ဆိုတာကို ကြည်​့​တော့ ​သေရင်​ ကိုယ်​့​နောက်​ ဘာမှမပါဘူး။ ကုသိုလ်​နဲ့ အကုသိုလ်​ပဲမှာမှာ ဆိုတာ ထင်​ရှားတယ်​။

    ဒီ​တော့ ဒကာ​တော်​ သဂျီးမင်​း​ရေ …
    စားချင်​တာ စား၊ ​ခေါင်​း​တော့ လာမစားနဲ့ ..
    ဒိုးခပါပဲကွာ ….။

    • kai

      June 28, 2017 at 4:42 pm

      အဲဒါကိုရင်က.. “သံသရာမှာ မ​ရေတွက်​နိုင်​တဲ့ ဘဝ​ပေါင်​းများစွာ” ဆိုတာကိုယုံတာကိုး..။
      တကယ့် သိပ္ပံနည်းကျကတော့.. လူဦးနှောက်တခုဟာ.. အနှစ်၅၀ဝ အလွန်ဆုံးကို မှတ်သားထားနိုင်တဲ့.. မီမိုရီ စပေ့စ်ရှိတယ်…တဲ့..။

      အဘိဓမ္မာအရလည်း.. သေခါနည်းဇောကျတယ်..။ ပြီးတော့.. ဟိုမှာဖက်ဘဝတိုတာမှာ.. လောက်လန်းသဖွယ်.. အဆက်အပြတ်မရှိသွားပြီတွယ်.. ပဋိသန္ဓေတည်တယ်… တဲ့..။
      ဘယ်လိုလုပ်.. ဟိုး..ဟိုးဘဝမဆိုနဲ့.. လက်ရှိ.. မကြွခါနီးဘဝက.. အဖြစ်တွေကိုတင်.. မီမိုရီတွေ။..မှတ်ဉာဏ်တွေကို.. သယ်လာဖို့.. စွမ်းအင်.. ရှိမှာလည်း..။
      ဒါတွေ… ဒါတွေ.. ဘယ်နေရာမှာ မှတ်ထား(သိမ်းထား)မှာလည်း..။

      အဟမ်း.. အဟွတ်…။ :k:

      • padonmar

        June 28, 2017 at 9:18 pm

        ဒါ့ကြောင့်လည်း အားမကောင်းရင် မေ့ကုန်တာပေါ့။
        အဖန်ဖန် အထပ်ထပ် အာသေဝန တပ်မှ မမေ့တာ။
        ဘယ်နှစ်ကြိမ် ထပ်ထပ် သိနေမှ နောင်ဘဝတွေ ထိပါမယ်ဆိုတာ တယောက်နဲ့ တယောက်လည်း မတူ၊ ပုံသေနည်း မရှိ။
        ကိုယ်မသိတိုင်း သူများ မသိလို့ မထင်နဲ့။

    • padonmar

      June 28, 2017 at 9:15 pm

      ပြောပလိုက် မောင်အံ။
      ဒို့က ကုသိုလ်တွေ သယ်သွားမှာ လို့။
      သူကြီးကတော့…..

  • aye.kk

    June 28, 2017 at 4:42 pm

    အံစာတုံးပြောတာအန်တီသဘောကျတယ်
    သိလား?
    ခေါင်းစားရရင်တော့ဒုက္ခအမှန်ပါပဲ။

    • padonmar

      June 28, 2017 at 9:40 pm

      အေးကေ
      သူကြီးကို ကူငြင်းပေးနော်.
      ခေါင်းစားချင်စားပစေ။
      အမြီးမစားနဲ့။

      • aye.kk

        June 29, 2017 at 2:38 pm

        အစ်မ
        padonmar
        ပေးတဲ့အကြံကောင်းတယ်။

  • သင့်အေးရိပ်

    June 28, 2017 at 7:40 pm

    သိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားနိုင်မလဲတော့ မသိ။

    အခုဘဝတောင် တစ်ခါတစ်လေ မနက်က ဘာဟင်းနဲ့ ထမင်းစားခဲ့လဲဆိုတာကို ညနေမှာ ပြန်စဉ်းစားမရလောက်အောင် မေ့တတ်ဖူးတယ်။
    မှတ်ဉာဏ်ချွတ်ယွင်းမှုနဲ့ ပတ်သက်တဲ့ ရောဂါ အနုစားတစ်ခုပဲလားတော့မသိ။

    လိုက်မမှီ

    • padonmar

      June 28, 2017 at 9:28 pm

      အဲဒါ စားနေချိန်မှာ စိတ်က တခြားတွေးနေလို့ပါ။
      စားတိုင်း သတိထားစားရင် မနက်နဲ့ ညလောက်သာမက လွန်ခဲ့တဲ့ အနှစ် ၂ဝ က သူငယ်ချင်းနဲ့ အတူသွားစားခဲ့တဲ့ ထမင်းကို ဘာဟင်းနဲ့ စားခဲ့တယ် ဆိုတာပါ သတိရပါလိမ့်မယ်။
      (မနေ့က ၅တန်းဆရာမနဲ့ သွားတွေ့တာ ကျောင်းကထိန်မှာ ဆရာမက ပေါင်မုန့်နဲ့ နွားနို့တိုက်ကြောင်း ဆရာမရော တပည့်တွေပါ ပြန်ပြောမိကြတယ်။ ဒါ သတိထားခဲ့ကြလို့ မှတ်ဉာဏ်ထဲ စွဲလောက်အောင် ထင်ရှားသွားလို့ အနှစ် ၄ဝ ကို မှတ်မိကြတာ)
      အတိတ်က ပေါင်မုန့်လည်း ပါမလာဘူး။နွားနို့လည်း ပါမလာဘူး။
      ဆရာမလည်း ပါမလာဘူး။
      တပည့်လည်း ပါမလာဘူး။
      ဖြစ်တည်ပျက် ခဲ့ပြီ.
      မှတ်မိခြင်း သတ္တိကတော့ ပါခဲ့တယ်။

    • kai

      July 1, 2017 at 4:41 pm

      မှတ်ဉာဏ်ကို ဦးနှောက်ထဲမှာသိမ်းတယ်..။
      ဘယ်လိုသိမ်းသလဲ.. ဘယ်မှာသိမ်းသလဲ.. ဘယ်နည်းနဲ့သိမ်းသလဲ.. အတိအကျကို.. သိပ္ပံနဲ့သိကုန်ပြီ..။
      MIT researchers have shown, for the first time ever, that memories are stored in specific brain cells. By triggering a small cluster of neurons, the researchers were able to force the subject to recall a specific memory. By removing these neurons, the subject would lose that memory.

  • နွေဦး

    June 29, 2017 at 12:26 pm

    ကဲ..ဒီမှာ သဂျီး..
    အဘိဓမ္မာ ဘုရားဟော မဟုတ်ဘူး / ဟုတ်တယ် ဆိုတာ သက်သေမရှိလို့ အလျှော့ပေးလိုက်မယ်..
    ဓမ္မစင်္ကြာ ဘုရားဟောမဟုတ်ဘူးလို့ ငြင်းမလား..
    သစ္စာလေးပါး ကိုကော လက်ခံပါသလား..
    ဒုက္ခ ဆိုတာရယ်
    ဒုက္ခဖြစ်ကြောင်းဆိုတာရယ်
    ဒုက္ခ မဖြစ်စေတဲ နည်းလမ်းရယ်
    ဒုက္ခ ငြိမ်းရာ ရယ် ဆိုတာတွေကို
    ဗုဒ္ဓ ကိုယ်တိုင် ရှာတွေ့ခဲ့တယ် ဆိုတာရယ်
    ဗြဟ္မာဏဝါဒ က ဆင်းသက်လာတာ မဟုတ်ဘူး ဆိုတာကိုကော လက်ခံပါသလား..
    အဲဒါကို လက်ခံတယ်ဆိုရင်
    ဗုဒ္ဓဘုရားရဲ့ အဘိဓမ္မာ အခြေခံက
    ဓမ္မစင်္ကြာနဲ့ အနတ္တလက္ခန သုတ်တွေ ဆိုတာ ပြောပြချင်လို့..

    • kai

      July 1, 2017 at 4:32 pm

      ဓမ္မစင်္ကြာကိုသေသေချာချာနားလည်သဘောပေါက်ရင်.. အဘိဓမ္မာက.. ဘုရားဟောမဟုတ်ဖူးလို့.. သိမှာပဲလို့… သိ..။ :k:

  • ဇီဇီ

    June 29, 2017 at 1:45 pm

    ပို့(စ) ရော မန့်တွေရော အားလုံး ဖတ်သွားတယ်လို့။

    :k:

  • Shar Thet Man

    June 29, 2017 at 2:54 pm

    ဟုတ်တယ်မွန်လေးဖတ်ဖူးတာလဲအဲလိုပဲ..မှတ်ထားတဲ့အရာတွေကိုသညာလို့ခေါ်ပြီး နောက်နောင်ဘဝတွေကိုယူဆောင်ပေးနိုင်စွမ်းရှိတယ်..ပန်းချီဆွဲပါရမီပါသလိုပေါ့ အရင်ဘဝကအထုံပါလာတာ ခုဘဝအထိပဲလေ

  • surmi

    June 29, 2017 at 4:38 pm

    မိုက်သကွာ !!
    သဂျီးအသံပျောက်သွားဘီ
    အာတီဒုံကွ !!!
    :mrgreen:

    • padonmar

      June 29, 2017 at 8:28 pm

      ကဆာမိ
      တောင်ကျောင်ဘုန်းကြီး နဲ့ မြောက်ကျောင်းဘုန်းကြီးကို ကပ္ပိယကျောင်းသားတွေ မြှောက်ပေးသလိုတော့ မလုပ်နဲ့နော်။
      တော်တို့ သဂျီးက သတင်းစာထွက်ရက်မို့ အသံတိတ်နေတာ။

    • ကထူးဆန်း

      June 29, 2017 at 10:10 pm

      ဒုံး ဒုံး အန်တီဒုံ …

      🙂 🙂 🙂

    • နွေဦး

      July 1, 2017 at 11:11 am

      နောင်ဆို သူကြီးမအားတဲ့ ရက် ကိုမှတ်ပြီး ငြင်းကြမယ်..

  • padonmar

    June 30, 2017 at 1:55 am

    ပေါ်တော်မူ ကထူးဆန်း ညကြီးမင်းကြီး ကိုယ်ထင်ပြသည်

  • Mr. MarGa

    June 30, 2017 at 2:19 am

    မှတ်ဉာဏ်၊ အမှတ်သညာဟာ လေ့ကျင့်ယူရင် ရနိုင်တယ်ဆိုတဲ့ အသိကလွဲ
    ကျန်တာ သေချာမသိ
    မန့်တွေ ဝင်ဖတ်ပြီး သဂျီး ခံနေရတာတွေ့လို့ လက်ခုပ်ဝိုင်းတီးပေးသွားပါကြောင်း
    :kwi:

    • kai

      July 1, 2017 at 4:37 pm

      ကွန်ပြူတာဆိုတဲ့ ဒစ်ဂျစ်တယ်လောကမှာ.. .. ဝိုင်ယာလက်နဲ့.. ပို့တဲ့ဒေတာတွေက.. ထိတွေ့ကိုင်တွယ်မရ.. ရုပ်မရှိ.. နာမ်လို့.. အန်တီဒုံကို ရှင်းပြလိုက်ပါလား..။ ဒီလိုလေးတွေ.. သွားနေပါတယ်လို့စ်..။

      ခံနေရသူ စစ်ကူလေးတော့ပေးပါလေ..။ :k:

      • နွေဦး

        July 3, 2017 at 10:57 am

        မရှင်းမရှင်း မတတ်တတတ်နဲ့ ဝင်ညင်း အုံးမယ်..
        မတတ်ဘူးလို့ပြောထားတော့ ညင်းမေးမေး တယ်လို့ ယူဆရင်လဲ ရတယ်နော..
        တယ်လီ ပသီ ဆိုတာ အဲလို လှိုင်းတွေကို ဥဏှောက်က ထုတ်ပြီး တခြားဥဏှောက် က လက်ခံ ဘာသာပြန် ပေးတာမျိုးလား..
        ဥဏှောက်က ထုတ်တဲ့ လှိုင်း တွေ က ဒီဂျစ်တယ်လို 0-1 ဆိုတဲ့ ဖွင့်ပိတ် သင်္ကေတ နှစ်ခုထဲနဲ့ သွားတာလား.. 16 bit တို့ 32bit တို့ 64bit တို့လို အတွဲတွေ ဘယ်လိုတွဲသလဲလို့..
        ဟိုလေ.. အဘိဓမ္မာ က စိတ် တို့ စေတသိတ်တို့ ဝီထိ တို့က အဲလိုတွေ နဲ့ ဆင်တူရိုးမှာတွေများ ဖြစ်နေသလားလို့..

        • kai

          July 3, 2017 at 3:34 pm

          မေးမှကောင်းတာ..။ ဖြေတဲ့ကျုပ်လည်း သိပ်မသိသမု့ိ.. သိသူတွေသိသလောက်ဝင်ဖြေ.. မေးရင်းနဲ့.. ဖတ်သူတွေ.. တခုခုကျန်ရစ်တာပေါ့..။

          ဆိုတော့..
          အဘိဓမ္မာအရ.. စိတ်ရော၊ရုပ်ရောက.. ဥပါဒ်၊ ဌီ၊ ဘင်..။ ဖြစ်တယ်..။ တည်တယ်။ ပျက်တယ်တဲ့..။
          အဲဒီမှာတင် ဘိုင်နရီ သုံညနဲ့တစ်၊ အဖွင့်နဲ့ အပိတ်မဟုတ်ပဲ.. ၃ ခုဖြစ်နေပြီ..။
          ဥပမာ။ -1, 0, 1 ဖြစ်မလားပဲ..။ ဒါတောင် ရုပ်တခုမှာ..။
          ရုပ်နဲ့ ဆက်စပ်ဖြစ်နေတဲ့ နာမ်(စိတ်) က.. ရုပ်တခုဖြစ်တိုင်း. သူကလည်း ၁ရခု ဖြစ်တယ်တဲ့..။
          ဥပါဒ်၊ ဌီ၊ ဘင်..။ အတွဲ .. ၁ရခုပေါ့..။
          ဆိုတော့.. သချ်ာလို.. ပါမြူတေးရှင်း၊ ကွန်ဘိုင်နေးရှင်းနဲ့ တွက်ရင်ကို.. ဖြစ်နိုင်ချေတွေ တော်တေ်ာများလာတယ်..။
          May be… အခုခေတ် စီပီယူကို ကျော်ပြီး.. ကွမ်တမ်ဖက်ကို ပိုနီးစပ်သွားမလားပဲ..။
          အဲဒါကြောင့်.. လူဦးနှောက်က.. 486 cpu လောက်ပဲ တွက်ချက်မှုစွမ်းရည်ရှိတဲ့ ကွန်ပျူတာ အလုံး မီလီယံချီ တပြိုင်ထဲ အလုပ်လုပ်နေတာနဲ့ တူတယ်လို့.. ဆိုသူလည်းဆိုကြသဗျ..။

          ပြောချင်တာက…
          အဘိဓမ္မာအရဆို.. လူနဲ့ .. ဒစ်ဂျစ်တယ်လောကဟာ.. တူသလိုလိုနဲ့.. မတူသေးကြောင်း..။
          အဘိဓမ္မာမှားသလား.. သိပ္ပံက မှားသလားတော့ မသိ..။ :k:

          IBM Unveils a ‘Brain-Like’ Chip With 4,000 Processor Cores | WIRED
          https://www.wired.com/…/ibm-unveils-a-brain-like-chip-with-4000-processor-cores/
          Aug 7, 2014 – The human brain is the world’s most sophisticated computer, capable of learning new things on the fly, using very little data. … TrueNorth comes packed with 4,096 processor cores, and it mimics one million human neurons and 256 million synapses, two of the fundamental biological …

      • နွေဦး

        July 3, 2017 at 11:08 am

        ပြီးတော့ ကွန်ပြူတာမှာ အင်ပွတ် ကိစ္စ ကြည့်ရအောင်..
        ကီးဘုတ် နဲ့ အင်ပွတ် လုပ်တယ် စကင်နာနဲ့ အင်ပွတ်လုပ်တယ်မိုက်ကရိုဖုန်းနဲ့ အင်ပွတ်လုပ်တယ်..
        ရုပ်ကို လျှပ်စစ်လိုင်းပြောင်းပြီး ဒစ်ဂျစ်တယ် ပြောင်းတာ ဆင်ဆာတွေနဲ့ ပြောင် တာမဟုတ်လား..
        လူမှာလဲ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ခန္ဓာ အပြင် စိတ် ကနေလဲ အင်ပွတ်လုပ်တယ်လေ..
        ရုပ်တခုကို မျက်စေ့နဲ့ မြင်ပြီး စိတ်ထဲ ရောက်အောင် လုပ်တာ ပြီးတော့ မှတ်တာတွေကို အဘိဓမ္မာ မှာ အတော် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ခဲ့ တာ နှစ် အတော်ကြာခဲ့ပြီနော..
        သူကြီးရဲ့ ကွန်ပြူတာနဲ့ ဒစ်ဂျစ်တယ် ဆိုတာက ရာစုနှစ် တခုတောင် မကြာသေးဘူးလေ.. အဲဒါရှာတွေ့တဲ့သူက ဘာကို အခြေခံပြီး တွေ့တယ်ဆိုတာ ပြောပြ ရှင်းပြထားတာလေး သိချင်လို့စ်…

        • kai

          July 3, 2017 at 3:47 pm

          မူလ ကွန်ပျူတာက အဖွင့်အပိတ်၊ 01 ပဲ..။
          ဒါကို.. ထရမ်စစ္စတာနဲ့စလုပ်ခဲ့တယ်..။ ထရမ်စစ္စတာဆိုတာက.. ခြေ၃ချောင်းရှိတဲ့.. လျှပ်စစ်ပစ္စည်းလေး..။ စလုပ်တော့.. လေဟာနယ်ဖန်ပြွန်ကြီးနဲ့.. ဧရာမပစ္စည်းကြီး..။
          သူ့အလုပ်က.. အဖွင့်နဲ့ အပိတ်။ ဆိုတော့.. ဒါကို… သုံည (အပိတ်)၊ တစ်(အဖွင့်) လို့.. စက်ထဲဘာသာပြန်လိုက်ပြီး.. အလုပ်လုပ်ခိုင်းတာပဲ..။ ဒီခေတ်ကျ.. ထရမ်စစ္စတာကို.. အနုမြူစိတ်ကလေးတခုစာလောက်အထိခြုံယူနိုင်သွားပြီ..။
          စီပီယူတခုမှာ.. ထရမ်စစ္စတာ မီလီယံပေါင်းများစွာရှိတယ်..။
          A အေ ဆိုတဲ့ စလုံးရေးချင်ရင်.. 01000001
          B ဆို.. 01000010
          စသဖြင့်… တကမ္ဘာလုံး ရှိရှိသမျှတွေကို.. ဒစ်ဂျစ်တယ်နဲ့ ပြောင်းလို့ရသွားသပေါ့..။

          အဘိဓမ္မာက.. မြင်ကြည့်..လေကန်ဝေဖန်ပြီး.. လက်တွေ့စမ်းသပ်ခန်းထဲထည့်မရပဲ. ဂမ္ဘီရတွေနဲ့ဖြစ်ကျန်ခဲ့..။
          အနောက်တိုင်းကတော့.. လက်တွေ့ကျကျ.. လုပ်လိုက်သမို့.. အခုသုံးနေတဲ့… ကွန်ပြူတာ အင်တာနက်အပါအဝင်. လက်ကိုင်ဖုံးများရဲ့..လောကသစ်ကြီးမြင်ရ..။

          ဆိုတော့…
          မြန်မာတွေ.. ဟိန္ဒူတွေ.. ဓာတ်လုံး၊ အဂ္ဂိယဆိုပြီး.. ဖိုထိုး.. ပြဒါး၊ သံသေတယ်ရှင်တယ်လုပ်နေချိန်မှာ.. အနောက်တိုင်းက.. အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်၊ ရွှေ ( Au)၊ မာကျူရီ (Hg) ဆိုပြီး.. လက်တွေ ဓာတုဗေဒပညာရပ်တွေနဲ့.. လူတွေအကျိုးပြူ လုပ်သွား.. တက္ကသိုလ်ပညာတွေဖြန့်ဖြူးသွားသလိုပေါ့..။ :k:

        • နွေဦး

          July 4, 2017 at 11:43 am

          တွေးစရာ ဗဟုသုတ တွေရလို့ ကျေးဇူးတင်ပါတယ်သူကြီး..

      • padonmar

        July 4, 2017 at 8:02 pm

        ကွန်ပူတာနဲ့ ဒစ်ဂျစ်တယ်တော့ နားမလည်လို့ မသိဘူး။
        ဒီပုံထဲကတော့ ရုပ်တွေလေ သူကြီးရဲ့။
        အိတ်စရေး တို့ ဂါမာရေး တို့ အက်တမ်တို့ ဆိုတာ ရုပ်တွေပေါ့၊
        ရတမြူ အဏုမြူ ပရမာနုမြူ စတာတွေက အစကတည်းက ပါဠိစကားတွေလေ။
        (ငြိမ်နေရင် သူကြီးတလှည့်နိုင်သွားပြီလို့ ထင်နေကြမှာ စိုးလို့၊ အရှုံးတော့ မပေးနိုင်ဘူး)

        • kai

          July 5, 2017 at 5:49 am

          အမတော်ကရုပ်ကိုမြင်တာကိုး..။ အဲဒီထဲကလွဲပြီ..။
          ဆိုပါတော့.. A ဆိုတဲ့.. စာလုံးတလုံးကို.. နယူးယောက်ကနေ.. ရန်ကုန်က ဆဲလ်ဖုံးကိုင်ထားသူဆီကို.. အင်တာနက်ကနေ.. ဘယ်လိုပို့လိုက်တာလဲ …
          A ဆိုတဲ့.. စာလုံးကြီးကို.. ရွေ့ယူလာတယ်လို့.. ထင်လို့လား..။
          ဘိုင်နရီမှာရှိတဲ့… 01000001 ဆိုတဲ့သဘောကို.. ရန်ကုန်က.. ဆဲလ်ဖုံးထဲကကြည့်နေသူရဲ့.. OS, Android က.. လက်ခံရရှိပြီး.. A အဖြစ်ဘာသာပြန်ပေးလိုက်တာဖြစ်ပါတယ်…။ အဲဒီ 01000001 ကလည်း.. လှိုင်းအနိမ့်အမြင့်.. နိမ့်ရင် 0, မြင့်ရင် 1 ဆိုပြီး.. မြင့်လိုက်နိမ့်လိုက်.. လှိုင်းသဘောကိုပဲ.. လက်ဆင့်ကမ်းပေးလိုက်တာပါ..။ လှိုင်းက.. တခါနိမ့်မယ်..။ တခါမြင့်မယ်..။ နောက် ၅ခါ ဆက်နိမ့်နေ(တန်းနေ) မယ်..။ နောက်ဆုံး. တခါမြင့်မယ်..။
          နာမ်နဲ့ သဘောခပ်ဆင်ဆင်ပေါ့..။ ကိုင်လို့မရ..။ ထိလို့မရ..။ ဖမ်းထားလို့မရ..။ ဖြစ်စဉ်သဘောလေးကို လက်ဆင့်ကမ်းလိုက်တာပါ..။
          ဒီအတိုင်းပဲ.. အရောင်တွေ..။ အရုပ်တွေ၊ ဓာတ်ပုံတွေ.. ဒဒ်ဂျစ်တယ်နည်းပညာနဲ့ ပို့/ယူကြတာပါပဲ..။
          ဥပမာ။ အနီရောင်ဆိုတဲ့ သဘောကိုပို့မယ်ဆို.. ဟက်ဆာဒက်ဆီမယ်မှာ.. #FF0000 တဲ့..။

          သေသေချာချာ.. အဘိဓမ္မာနဲ့.. ယှဉ်တွဲလေ့လာရင်တော့.. စိတ်ဝင်စားစရာအသစ်တွေ့မလားပဲ..။ :k:

        • kai

          July 5, 2017 at 6:06 am

          “မင်္ဂလာပါ” ကို ဘိုင်နရီနဲ့ ရေးရင်…
          00011001 00000010 01100100 00011100 00101100 00010101 00101011

          အဲဒီဘိုင်နရီစာလုံးတန်းလေး ကိုယ့်လက်ကိုင်ဖုံးမှာလာပေါ်ရင်.. ဘာဘာ ဘာမှန်းမသိ..။ သုံညနဲ့တစ်တွေလို့.. သိယုံ..။
          အဲ..။ မြန်မာ ဇော်ဂျီဖွန့်င်နဲ့လဲ ပြန်ရေးလိုက်ရော..။ “မင်္ဂလာပါ” ဆိုတာလေးပေါ်လာတယ်..။

          အဲဒါကို ဖတ်တဲ့သူက.. ဆိုင်ရာ..ဆိုင်ရာ… ဘဝအတွေ့အကြုံ…။ အသက်..။ ဘာသာရေး..။ လူ့စိတ်ခံစားချက်အရ.. ” ချစ်ရွှင်သနား. တည်ကြား၊ ကြမ်းကြုတ်. စက်ဆုပ်ကြောက်ရွံ့. ရဲဝံ့အံ့ဩ. နောအရသာ” အရ ဘာသာပြန်ခေါင်းထဲထည့်..ခံစားမှုတွေဖြစ်..။ တချို့က.. စိတ်ကြည်နှုးတယ်..။ တချို့က မုန်းတယ်..။ တချို့.. ကြမ်းကြုတ်တယ်.။ တချို့က.. ကြောက်ရွံ့တယ်..။

          အဘိဓမ္မာနဲ့ ဆိုတာထက်.. ပဋိစ္စ သမုပ္ပါဒ်နဲ့.. ပစ္စုပ္ပန်ထဲထည့်.. ယှဉ်တွေးရင်.. တွေး..တွေးသလောက်အများကြီး… ရမယ်..။ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို.. လူတွေဘဝ..ဘဝ(သေပြီး/မသေမှီ) ထဲသွားထည့်တွေးရင်.. တွေးသလောက် ဝေးမယ်..။ :k:

  • weiwei

    July 4, 2017 at 1:24 pm

    အကုန်လုံး ဖတ်သွားတယ်။ ဝင်တော့ မငြင်းရဲဘူး။
    ကိုယ့်ဉာဏ်နဲ့လိုက်မမှီတာတွေကို ယုံကြည်သင့်တဲ့သူကပြောလာရင် အဲဒီအတိုင်းပဲ ယုံကြည်ထားလိုက်တယ်။

  • CharTooLan

    July 6, 2017 at 2:46 pm

    post ရော comment တွေရောဖတ်ပီး ဉာဏ်တိန်လွန်းတော့ ရူးချင်တွားဒယ် 😀
    ဇဂါးအတင်းစပ် လွန်ခဲ့တဲ့နှစ်တွေဆီက အူးကြောင်ရယ် အောင်ပုရယ် အံတီဆူးရယ် လွမ်းထှာ

    • weiwei

      July 11, 2017 at 4:27 pm

      ဦးကြောင်ကြီး မရှိရှာတော့ဘူး .. အောင်ပုကတော့ သူ့လူသိသွားတာနဲ့ ပြေးရော .. အံတီဆူးကလဲ ဖဘမှာပဲ တစ်ခါတစ်ရံတွေ့ရတော့တယ် ..

  • manawphyulay

    July 12, 2017 at 2:09 pm

    တီဒုံရယ်.. ငြင်းဖို့နေနေသာသာ ဉာဏ်မှီအောင် မနည်းလိုက်နေတယ်။ ဒီတော့ ဘေးကနေပဲ ဖတ်မှတ်သွားတော့မယ်နော်…

  • Ma Ma

    July 15, 2017 at 6:27 pm

    သိပ္ပံပညာကြီးက နိဗ်ဗာန်ကို ရှာတွေ့ပြီတဲ့(ဝင်ရောက်ဆေးထိုးသွားသည်။ )

    • kai

      July 17, 2017 at 2:15 pm

      အခုခေတ်သိပ္ပံက.. မဟာစည်ဆရာတော်ခေတ်က သိပ္ပံအဆင့်မဟုတ်..။ အဆ သောင်းသိန်းချီ ပြတ်ခဲ့ပြီ..။
      ထာဝရဘုရားသခင် God ကိုတောင် အံတု.. မရှိပါဘူးပြောနိုင်ပြီမို့.. အင်း.. နိဗ္ဗာန်က စကားထဲတောင်မထည့်..။
      နောက် အနှစ် ၂ဝကနေ.. ၅ဝကြားထဲလောက်ဆို.. ကိုးကွယ်ရာ.. ဘာသာတရားအားလုံး.. အနိစ္စမှာသေချာသလောက်ပါ..။

Leave a Reply