ဆင်းတုလက်ဆောင် Buddha Statue Souvenir

padonmarJune 28, 20171min57418

တချိန်က မိတ်ဆွေ အိမ်မှာ သူ့အဖေစုဆောင်းထားတဲ့ ဆင်းတုတော် အမျိုးမျိုးကို ဖူးတွေ့ရပြီး အားကျမိပါတယ်။
ရောက်လေရာမှာ အခွင့်သင့်ရင် ဆင်းတုတော်တွေ ဝယ်ယူ စုဆောင်းသလို မိတ်ဆွေတွေဆီက လက်ဆောင်တွေကလည်း ဆင်းတုတော်တွေ ဖြစ်နေတတ်ပါတယ်။
မြဘုရား ပုံတူပလပ်စတစ် ဆင်းတု၊ကမာကူရဘုရားပုံတူသံဆင်းတု ၊မဟာမြတ်မုနိပုံတူ ခရစ်စတယ် မီးလင်းဆင်းတု (ဒါပေမယ့် တရုတ်လုပ်ထင်ပါတယ်) အမျိုးမျိုးပါပဲ။


ဒီဆင်းတုကတော့ ရွှေရောင်ပါ။

ထိုုင်ဝမ် သမဏသုခတောရ ဖားအောက်ကျောင်းမှာ ထိုင်ဝမ်လူမျိုးဆရာတော် ဦးသောပါက လှူထားတဲ့ ဆင်းတုတော် အမျိုးမျိုး အရွယ်ရွယ်အစားစားထဲက မည်သူမဆို ကြိုက်ရာ ပင့်ဆောင်ပူဇော်ခွင့် ရှိပါတယ်
(အလွန် သပ္ပါယ်ပါတယ်)

ဒီလို အလှူတွေ လက်ခံရတာ အလွန် ဝမ်းမြောက်ပါတယ်။
ကိုယ်လည်း သူများကို (သိသူကိုဖြစ်စေ၊မသိသူကိုဖြစ်စေ) ပူဇော်လိုသူတိုင်းကို ဆင်းတုတော်တွေ လှူဒါန်းနိုင်တဲ့ ဒါနရှင် ဖြစ်ခွင့်ရချင်ပါတယ်။

လက်ဆောင် ဆင်းတုတွေကို ကြည့်ပြီး သူများတိုင်းပြည်မှာ ဒီလို ဆင်းတုတွေ ရောင်းပြီး တိုင်းပြည်ဝင်ငွေ ရှာတတ်တာ သဘောကျမိပါတယ်။
ဆင်းတု အရွယ်သေးသေးကို ဘူးလှလှလေးနဲ့ ထည့်ရောင်းတော့ အလွယ်တကူ သယ်နိုင် လက်ဆောင် ပေးနိုင်ပါတယ်။

အခုချိန်မှာ မက်နေမိတဲ့ အိပ်မက်ကတော့ မျက်နှာတော် ထူးခြားသပ္ပါယ်ပြီး ဖူးမျှော်သူကို မဟာကရုဏာတော်နဲ့ ပြုံးကြည့်နေဟန်ရှိတဲ့ ဘုရားကြီးရဲ့ ပုံတူ ပလာစတာဆင်းတုတော်လေးတွေ လုပ်ပြီး ဘုရားကြီးပြုပြင်ထိန်းသိမ်းရေး ရံပုံငွေ ရှာနိုင်ဖို့၊ ပူဇော်ပင့်ဆောင်ချင်သူတွေကို လှူနိုင်ဖို့ ပါပဲ။


တချိန်ချိန်တော့ အိပ်မက်တွေ အကောင်အထည်ပေါ်လာကောင်းပါရဲ့။

18 comments

  • padonmar

    June 28, 2017 at 10:28 pm

    ဘုရားမှာ အလှူခံ ဖြတ်ပိုင်းလေးပဲ ပြပြီး အလှူခံမယ့်အစား ဘုရားနဲ့ ပတ်သက်တဲ့ Souvenir တွေကို လူလိုချင်အောင် လုပ်ပြပြီး ရောင်းကြရင် ကောင်းမလားလို့ ဒီပို့စ်ကို တင်ပါတယ်။

  • ဦးကျောက်ခဲ

    June 28, 2017 at 11:35 pm

    ကုသိုလ်ရေးအတွက်တော့ ကောင်းပါတယ် …
    ရံပုံငွေ ရှာဖို့အထိဆိုရင်တော့ အလုပ်ဖြစ်ပါ့မလား စိုးရိမ်မိတယ်…
    ဆင်းတု ၅၀ဝ ကို ပူဇော်မည့်သူ ဘယ်လောက်ကြာအောင် စောင့်ရမလဲ …
    နဝကမ္မလှုလိုက်တာ ပိုအလုပ်ဖြစ်မလား မသိ … စဉ်းစားကြည့်တာပါ …

    • padonmar

      June 29, 2017 at 8:34 pm

      နယ်က ဘုရားလိုမှာတော့ ဆင်းတု ၅၀ဝ ရောင်းရဖို့ အကြာကြီး ဖြစ်နိုင်တာပေါ့။ဒါပေမယ့် ကိုယ့်မြို့သားတွေကို ယုံတယ်လေ။
      ရန်ကုန်လို မဟာမြတ်မုနိလို နေရာမှာတော့ အကြာကြီး မရောင်းရလောက်ပါဘူး။
      သီရိလင်္ကာဆို စွယ်တော်စေတီလား မဟာစေတီလားမသိဘူး။ စေတီပုံ လုပ်ရောင်းတာ အိမ်မှာ ရှိတယ်။
      ရွှေတိဂုံပုံတူစေတီ ပလာစတာရုပ်လေးဆို တိုးရစ်တွေလည်း ဝယ်မှာပဲ။
      (မောင်ဂီလား သူကြီးလာ မသိ အဲဒါမျိုး ရေးဖူးတယ်)

  • သင့်အေးရိပ်

    June 29, 2017 at 6:56 am

    အိပ်မက်တွေဆီ မရပ်မနား သွားနေတဲ့သူအတွက်တော့ အိပ်မက်တွေ အကောင်အထည် ပေါ်လာဖို့ သိပ် မခက်ခဲဘူးထင်တာပါပဲ။
    အမြန် အကောင်အထည် ပေါ်ပါစေလို့လည်း ဆန္ဒပြုပါတယ်။

    ဘုရားအကြောင်း တွေးလိုက်မိရင်
    ဘုရားရဲ့ အေးချမ်းတည်ငြိမ်ပြီး ကြည်ညိုဖွယ်အဆင်းရယ်။

    ဘုရားနဲ့ ဆန့်ကျင်ဘက် မာန်နတ်ရဲ့ ခက်ထန်ကြမ်းတမ်း ဆိုးသွမ်းဆူပွက်မှုရယ်ကို
    ယှဉ်လျက် မြင်ရတဲ့ ပန်းချီတွေ ပန်းပုတွေဆို သိပ်သဘောကျမိတာပဲ။ လက်ရာ ကောင်းလေ ထိုင် ငေးနေမိလေ။
    😆

    • padonmar

      June 29, 2017 at 8:38 pm

      တီဒုံ့ အိပ်မက်တွေကတော့ တကယ် မရပ်မနားပဲ။
      စာကြည့်တိုက်လေး လုပ်ချင်တာ အနှစ် ၄ဝ လောက်မက်ပြီး ဖြစ်ခွင့်ရပြီ။
      ဝါးခယ်မအစားအစာရောင်းပွဲ လုပ်ပေးချင်တဲ့ အိပ်မက်တော့ အနှစ် ၃ဝလောက် အကြာမှာ အကောင်အထည်ပေါ်ခဲ့တယ်။

      ကောနေတဲ့ ချောင်းလေး တူးချင်တဲ့ အိပ်မက်လည်း ၅နှစ်လောက်မှာ စနိုင်ခဲ့တယ်။
      တနေ့တော့ ဒီ အိပ်မက်လည်း ……………

  • Shar Thet Man

    June 29, 2017 at 12:49 pm

    ရှိခိုးကန်တော့လိုက်ပါတယ်

  • ဇီဇီ

    June 29, 2017 at 1:18 pm

    ဟီးဟီးး
    ကျနော်ကလေ တလွဲကြီးပါ တီဒုံ။
    အိမ်က ဘုရားစင်ကိုလည်း စိတ်တိုင်းကျ ဆင်းတုတော် တစ်ဆူပဲထားချင်တာ။
    အာ့ကြောင့် ကျနော်က ဘုရားဆင်းတုတော် လက်ဆောင်ရမှာကို အနေခက်တာရယ်။
    ဘယ်နား ပူဇော်ထားရမယ်မသိ။ သိမ်းထားလို့ကောင်းလား မသိမ်းကောင်းလား မသိ။ ဘယ်လို ထားရမယ် မသိတာ။
    အဲ့ ဂျပန်ဘုရားကြီး အရုပ်ဆို ရှိုးကေ့(စ) ထဲမှာ တင်ထားမိတယ်။
    ကိုယ် ကိုးကွယ်နေကျ ဆင်းတုတော်ပုံဆိုရင်တော့ ဒီလို ထားရဲမယ်မထင်မိဘူးး။
    အဲလို စိတ်တွင်းက အခက်အခဲလေးတွေ နည်းနည်းရှိတယ်။

    :mrgreenn:

    • padonmar

      June 29, 2017 at 8:42 pm

      တကယ် ကိုးကွယ်ပူဇော် ဂုဏ်တော် ရည်မှန်းဖို့က တဆူဆို အကောင်းဆုံးပါ။
      တကယ်တော့ တီဒုံက ရှေးဟောင်းပစ္စည်း စုသလို စုချင်တာ။
      (ငယ်ငယ်က တံဆိပ်ခေါင်းစုတယ်။ ဇီးထုပ် တံဆိပ်စုတယ်။စာအုပ်စုတယ်။ အကို ဝမ်းကွဲတယောက်က ဆေးတံ၊မီးခြစ်၊အရုပ်၊စာအုပ် အစုံစုတယ်။ သူ့ဓာတ်ကူးတာ)
      ရှိခိုးကန်တော့ဖို့က ဘုရားကောျင်းဆောင်က ဉာဏ်တော်အမြင့်ဆုံး အဆူကို ဖူးပြီး ကန်တော့လိုက်တာပဲ။
      ရှင်းလင်းနေတဲ့ ဘုရားကျောင်းဆောင်ကိုလည်း သဘောကျပါတယ်။

  • ဝါသနာကိုယ်စီပေါ့လေ…တချို့ဆိုထွက်ရပ်ပေါက်တွေ..နတ်မျိုးစုံတွေပါစုဆောင်းပူဇော်နေကြသေးတာကိုး
    ဟောင်ကောင်ကပိုက်ဆံပေးဝယ်ပြီးပင့်လာတဲ့ကြေးဆင်းတုတော်လေးလည်း
    သူငယ်ချင်းဦးဇင်းတည်တဲ့ဘုရားမှာ ဋ္ဌာပနာဖို့လှူလိုက်တယ်…အိမ်ကဘုရားစင်မှာတော့နှစ်ဆူပဲရှိတယ်..
    တစ်ဆူက လူပျိုဘဝက ကိုယ်တိုင်ဝယ်ပြီးပူဇော်ခဲ့တဲ့ ကြေးသွန်းဆင်းတုတော်နဲ့
    အိမ်ထောင်ကျတော့ မိန်မဝယ်ပြီးပူဇော်ထားတဲ့ သစ်သားဆင်းတုတော်ပဲ

    • padonmar

      June 29, 2017 at 8:43 pm

      ဝါသနာပါ ဦးမိုက်၊
      လက်ဆောင် ပေးဖို့လည်း အသုံးတဲ့ပါတယ်။

  • အောင် မိုးသူ

    June 29, 2017 at 5:00 pm

    ဆင်းတုတော်တွေလှူရင်လည်း ရိုးရှင်းတဲံသင်္ဃန်းလေးနဲ့ ဆင်းတုတော်သာ လှူစေချင်မိတယ်။

    • padonmar

      June 29, 2017 at 8:46 pm

      ဟုတ်တယ်။
      ဆင်စီးမြင်းရံတွေလည်း မပါစေချင်ဘူး။
      အခု ရိုက်ပြထားတာ ဈေးမကြီး၊ရိုးရှင်းတဲ့ ပုံတော်တွေပါ။
      တချို့ လက်ဆောင်ရတဲ့ ဆင်းတုက တန်ဆာပလာတွေနဲ့၊
      ၊ဈေးကြီးတာနဲ့ ကြည်ညိုဖွယ် မဖြစ်တာ တွေ ရိုက်မပြထားဘူး။

  • aye.kk

    June 29, 2017 at 8:21 pm

    မိတ်ဆွေဘကြိးအိမ်ကို
    အလယ်ရောက်တုန်းက
    ဘုရားဆင်းတုတော်တွေအများကြီးဖူးတွေ ့ရတာအားကျမိလို ့
    ဓတ်ပုံရိုက်လာခဲ့ပြီးfbမှာတင်ထားတယ်၊ကရုကမာနဲ ့လုပ်ထားတဲ့ဘုရား
    တစ်ဆူကိုသိပ်သဘောကျနှစ်ခြိုက်မိတယ်။
    မိတ်ဆွေဘဘကြီးရဲ ့သမီးဆီ
    ရောက်ပြန်တော့ရှေးဟောင်းဘုရားတစ်ဆူအပါဝင်
    ဘုရားဆင်းတုတွေတအားသပ္ပါယ်လို ့ဓါတ်ပုံရိုက်လာခဲ့ပြီး
    fbမှာတင်ထားတယ်။
    တာချီလိတ်ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းဆရာတော်
    မွေးနေ ့တိုင်း၊မြဘုရားဆင်းတုတော်မဲဖောက်ပေးတာ
    (၃)နှစ်ဆက်တိုက်ဘုရားမဲပေါက်လို ့အိမ်မှာပူဇော်ထားတယ်။
    ဘုရားဆင်းတုတွေဖူးရတာ၊သိပ်နှစ်သက်မိပါတယ်။
    အစ်မpadonmarဆန္ဒလည်းပြည့်ပါစေလို ့မေတ္တာပို ့သပါတယ်။
    နွေမိုးဆောင်းဘုရား

    • padonmar

      June 29, 2017 at 8:47 pm

      အေးကေ
      ဓာတ်ပုံ ပြန်ရှာတင်ပေးပါ။
      ကြည့်ချင်တယ်။
      ကျေးဇူးတင်ပါတယ်။

      • aye.kk

        June 29, 2017 at 10:29 pm

        အစ်မ
        padonmar
        တင်ထားလိုက်ပါပြီ။

  • ဟီး.. လက်ဆောင်ပေးဖို့ စဉ်းစားတဲ့အထဲ ဘုရားဆင်းတုကို ယောင်လို့တောင် မစဉ်းစားမိဘူး..

    အမှန်တော့ ဘုရားဆင်းတုတွေကို မြန်မာတွေက ဝယ်ခဲတယ် ထင်တာပဲ.. နိုင်ငံခြားသားတွေကျတော့လည်း decoration အနေနဲ့ သုံးတယ် ထင်တယ် (ထိုင်းတို့ ဘာတို့ မပါ) … တစ်ခါသား မြန်မာစာသွားသင်တဲ့ အော်ဇီအိမ်မှာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဧည့်ခန်းထဲက ခုံပေါ်မှာ တင်ထားတယ်… ကိုယ်မှာ စိတ်ထဲမကောင်း..

  • kai

    July 1, 2017 at 3:26 pm

    ပြောဖူးတာတခုကတော့.. မြန်မာတွေ.. ဗုဒ္ဓဂယာ ဒီလောက်တောင်သွားနေကြတာ..။
    တယောက်သွား.. မြေတဆုပ်.. ကျောက်တတုံး မြန်မာပြည်ကို ပြန်သယ်လာပြီး.. စေတီတည်ချင်တည်..။
    ဆင်းတုလုပ်ချင်လုပ်… လုပ်သင့်တယ်… လို့..။

    ဆိုတော့…
    ဆင်းတုအစား.. ဘီလူးရုပ်.. ဒါမှမဟုတ်.. ဘီလူးမျက်နှာဖုံးကို .. ဒါမှမဟုတ်.. ဇော်ဂျီ.. ဘိုးတော်.. ကိန္ဒရီ/ရာ.. နတ်.. နဂါး.. ဒါတွေကို.. အဆင့်အတန်းမြင့်မြင့်.. သေသေချာချာ လုပ်ရောင်းရင်…
    နိုင်ငံခြားသားတွေလည်းဝယ်..။ သူတို့အိမ်ဧည့်ခန်းမှာထားလည်း.. စိတ်မတိုရတော့ဘူးပေါ့..

    နောက်တာ.. တကယ်..။ :k:

  • manawphyulay

    July 12, 2017 at 2:05 pm

    တီဒုံရေ.. မနောလည်း အဲလိုလှူချင်မိပါတယ်။ ယခုအိမ်မှာ ကြွတဲ့ဘုရားတွေကတော့ သူများတွေ လှူဒါန်းတာတွေပဲ ပူဇော်ထားပါတယ်ရှင့်။

Leave a Reply