ကိုယ့်နှလုံးသား ဒီ ငရုတ်သီးလေး စားမိသလို (၂) – Red Hot Chili Spicy Pepper (2)

ဇီဇီJune 29, 20173min105933

:k:

ငရုတ်သီး ကိစ္စလေးပဲ ရေးမလို့ပါ။

(ဟွာ၊ သိပြီးသားလူတွေကတော့ သည်းခံပေါ့နော့။ ဆရာလုပ်တာဟုတ်ဖု၊ ကွကိုယ်လည်း အရင် က လည်တယ်တယ်မို့ ချက်စားကောင်းမှန်းမသိ အစိမ်းမစားကောင်းမှန်းမသိ ဖြစ်ဖူးလို့ သိသလောက်လေး ပြောပြောမှာ)

ကိုယ်က အစပ်/ငရုတ်သီး ကြိုက်သမား ဆိုတော့ လေ့လာထားရတာ။

ဘာရယ်မဟုတ်၊ အသည်းကင်ဆာတို့ အစာအိမ်ရောဂါတို့ တရားခံက သူထဲက ပါတဲ့ မှို လို့ လက်ညှိုးထိုးကြတာများတော့ ကြည့်စားရတာတယ်။

သတိနဲ့ စားရတယ်ရယ်။

 

ချက်နည်း၊ ထောင်းနည်းတွေ ပြောမှာလည်းမုန့်ဘူး။ အာ့ဒါ နောက်တစ်ပတ်အတွက် သတင်းစာအတွက် ဟောင်ကောင်က လူဂျီး တာဝန်။ အာဟိ။

:k:

ကိုယ်က ငရုတ်သီး အကြောင်းလေးပဲ ပြောပြမှာ။

ပျမ်းမျှခွဲလိုက်ရင် …

.

.

ဒါက Fresh မျိုးတွေ…

.

.

ငရုတ်သီး စိမ်း

 

.

.

.

မိုးမျှော်၊ ကုလအော် ဘာညာ စသည်မျိုးတွေကိုပြောတာ။

မီးကင်ပြီး မီးပြပြီးမှ (ဘိုက်နာမစိုးလို့) ပုဇွန်ခြောက် ကြက်သွန်ဖြူ နဲ့ ထောင်းစားစား၊ ဆီးဖြူ၊ မရမ်း၊ သရက်တွေထောင်းရင် ထည့်ထောင်းထောင်း၊ စားရတာ။

ချဉ်စပ်အရသာ လတ်လတ်ဆတ်ဆတ်အတွက်ဆို သံပုရာသီးနဲ့ ဒီငရုတ်သီးစိမ်းကို ထည့်တည်တာမျိုး ရတယ်။

ပုဇွန်ခြောက်ကြော်တို့ ဘာတို့မှာ ထည့်ကြော်တတ်ပေမဲ့ အရမ်းမွှန်လို့ ကြော်ခဲကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မစပ်တဲ့ ငရုတ်သီးစိမ်း အကြီး

မစပ်သော ငရုတ်သီးစိမ်းအကြီး

 

 

 

 

 

 

 

 

 

.

.

.

ငါးဖယ်တို့ ပုစွန်ခြောက်တို့နဲ့ အစာသွတ်ချက်ကြတယ်။

မစပ်စေချင်တဲ့ အစိမ်းကြော်၊ ကန်စွန်းရွက်ကြော်တွေမှာ ဟင်းပွဲလှရုံ မွှေးရုံ ထည့်ကြော်ကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်ပွ

 

ငရုတ်ပွ

 

 

 

 

 

 

.

.

.

အစိမ်း အဝါ အနီ လိမ္မော် (၄) ရောင်လောက်ရှိတယ်။

မွှေးတယ်။မစပ်ဖူး။

ဒါကိုလည်း အစာသွတ်ချက်တယ်။

အသားနဲ့ ကြော်စားတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Modified လုပ်ပြီးသား…

.

.

ငရုတ်သီး အစိမ်းမှုန့်

 

ငရုတ်သီး အစိမ်းမှုန့်

 

 

 

 

 

 

 

.

.

.

ကျနော်တို့ အခေါ် အရောင်တင်မှုန့်လေ။

ဟင်းချက်အတွက် အရောင်အတွက် သုံးတယ်။

ဒါက ရှင်းတယ်လေ နော့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီးခြောက်

ငရုတ်သီးခြောက်

 

 

 

 

 

 

 

.

.

.

ငရုတ်သီးကို အခြောက်လှန်းပြီး အခြောက်တောင့်အတိုင်း ရောင်းကြတာ။

မှိုကင်းတာရွေးပြီးမှ တခြားအဆင့်တွေ ဖြစ်အောင် ချက်စေချင် စားစေချင်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အကြမ်းဖတ်

 

ငရုတ်သီး အကြမ်းဖတ်

 

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက်ကို ကြိတ်ထားတဲ့ဟာပြောတာ။

အခြောက်လှမ်းရုံ လှမ်းထားတာမို့ မချက်ပဲ ဒီတိုင်း ထောင်းစားလို့ အသုပ်ထဲ ထည့်စားလို့ မရဘူးရယ်။

ငါးနီတူခြောက်တို့ ငါးခြောက်တို့ ကြော်ရင် ဖြစ်ဖြစ်၊ ဟင်းအနှစ်ဖြစ်ဖို့ ဆီသတ်တဲ့ထဲ ဖြစ်ဖြစ် ထည့်ချက်ရတာ။

ငံပြာရည်ဆီသတ်ချက်ချက်ရင်လည်း ဒါသုံးလို့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အလှော်မှုန့်

ငရုတ်သီး အလှော်မှုန့်

 

 

 

 

 

 

 

.

.

.

ကျနော်တို့ မုန့်ဟင်းခါးထဲမှာ ထည့်စားကြတဲ့ အမှုန့်၊ ငရုတ်သီးခြောက်ကိုလှော်ပြီး အမှုန့်ကြိတ်ထားတာမို့ အကျက်မှုန့်လို့လည်း ခေါ်တယ်။။

ငပိရည်ထဲလည်းထည့်ကျိုကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အကြော်မှုန့်

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက် ကို ဆီ နဲ့ ကြော်ပြီး ဆီစစ်ပြီး အမှုန့်လုပ်ထားတာကိုပြောတာ။

အသုပ်ထဲ ထည့်သုပ်သုပ်၊ ထမင်းနဲ့ နယ်စားစား၊ စားလို့ရပြီ။

ငရုတ်သီးဆားထောင်းကိုလည်း ဒီအမှုန့်နဲ့ပဲထောင်းရတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီးတောင့်ကြော်

ငရုတ်သီးတောင့်ကြော်

 

 

 

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက်ကို ဆီနဲ့ကြော်ပြီး ဆီစစ်ထားတဲ့ဟာ။

အိမ်မှာတင်ပဲ ငရုတ်သီးခြောက် မှိုကင်းတာရွေးပြီး ဆီနဲ့ကြော် ဆီစစ်ပြီး ပုလင်းထဲထည့်ထားသင့်တယ်။

ထမင်းသုပ်တို့ အသုပ်စုံတို့နဲ့ တွဲစားလို့ရတယ်။

အသုပ်လေးစားလိုက် အခြောက်တောင့်ကြော်လေး ကိုက်လိုက်စားလို့ရတယ်။

ငရုတ်သီးဆားထောင်းကို ညက်အောင်ထောင်းနိုင်ရင်လည်း ဒီ အတောင့်ကို ထောင်းစားလို့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး ဆော့တို့ အနှစ်တို့ကတော့ ရှင်းတာမို့ မပြောတော့ဘူးး!

.

.

 

 

Photos credit to Original Uploader and Internet

33 comments

  • ဦးကျောက်ခဲ

    June 29, 2017 at 4:29 pm

    ကုသလတွေ ပဲဟင်းနဲ့စားတဲ့ “ဆားနယ် ငရုတ်သီးတောင့်ကြော်” ဆိုတာရှိသေးတယ် …
    ထိုင်းမှာတော့ ဈေးတွေက ငရုတ်သီးဒိုင်ကို သွားရင် အရွယ်စုံ အရောင်စုံ အမျိုးစုံ …
    ငရုတ်သီး အချိုကနေ “အဖေစားရင် သားပါစပ်တဲ့ ငရုတ်သီး” အထိ ရတယ် …
    အစပ်ဆုံး ငရုတ်သီးကတော့ အိန္ဒိယပြည် အာသံ မဏိပူရဘက်ကလာတဲ့ …
    “Bhut Jolokia” လို့ ဆိုကြတာပဲ … မြန်မာအခေါ် “အာဝါးသီး” “ကုသလအော်သီး” တဲ့ …
    နီပေါဘက်က Jolokia လည်း စပ်တာပဲ … မဟီကိုဘက်က ငရုတ်သီးလည်း စပ်သတဲ့ … :k:

    • ဇီဇီ

      June 30, 2017 at 8:07 am

      ဟာ။
      အဲဒါမိုးလည်း ကြိုက်တယ်။
      ထမင်းနဲ့ နယ်စားလို့ ကောင်းတယ်။
      ဘယ်လိုလုပ်မှန်းမသိလို့သာရယ်။

      မြန်မာငရုတ်သီးစိမ်း မွှေးတာကို အရမ်းကြိုက်တာ။
      စလူး က ငရုတ်သီးစိမ်း အနီတွေ စပ်ပါရဲ့ မမွှေးဘူးးရယ်။

      :k:

  • surmi

    June 29, 2017 at 4:37 pm

    အာဝါးသီးများဘယ်လောက်စွမ်းလဲဆိုရင် တစ်တောင့်ဆို ငါးပိရည်တစ်ခွက်ဘဲ ။
    စပ်သလားမမေးနဲ့ နောက်ဘဝအထိစပ်သွားမယ် :mrgreen:
    သူတင်မဟုတ် သူ့အရွက်ကတောင်ပူရှိန်ရှိန်းမို့ ရခိုင်ကြက်သောက်ဆမ်းဟင်းထဲထည့်ချက်တာဆိုဘဲ

    • ဦးကျောက်ခဲ

      June 29, 2017 at 4:42 pm

      သူငယ်ချင်းမ တစ်ယောက်က အဲသည့် “အာဝါးသီး” ကို …
      ၂-၃ တောင့် မီးကင်ပြီး ငပိရည်ဖျော်ထဲ ထည့်စားတာ …
      အဲဒါနဲ့ … “နင့်အိမ်သာထဲ မီးသတ်ဆေးဗူး ဆောင်ထားပါလား” လို့…
      အကြံကောင်းပေးမိတာ တစ်လလောက် စိတ်ကောက်သွားသဗျ … :k:

    • ဇီဇီ

      June 30, 2017 at 8:08 am

      မြန်မာ မိုးမျှော်ထက် စပ်သလား

      🙄

  • အောင် မိုးသူ

    June 29, 2017 at 4:57 pm

    အစပ်မပါရင် မစားတတ်သူမို့ ငရုတ်သီးမှန်သမျှ အကုန်ကြိုက်ပါတယ်။

  • အောင် မိုးသူ

    June 29, 2017 at 4:58 pm

    ငရုတ်ပွသီးတော့ သိပ်မကြိုက်ဘူး ငရုတ်သီးမှုန့်စားချင်ရင်တော့ ကွကိုယ် ထောင်းစားလိုက်တယ်။ ကျိတ်စက်လေးတွေရှိရင် အဆင်ပြေပါတယ်။

    • ဇီဇီ

      June 30, 2017 at 8:10 am

      ဟုတ်ပါ့။
      မမဂျီးက ငရုတ်သီးခြောက်အတောင့်ကို ဝယ်ပြီး ရွေးပြီး
      ကြော် ထားတယ်။
      ပြီးရင် အတောင့်ကြော်ကို တစ်ပုလင်း၊ အကြော်မှုန့်ကို တစ်ပုလင်း ထားတယ်။
      အလှော်မှုန့်တွေကို မယုံဘူးး
      ဟီးဟီးး

      :k:

  • aye.kk

    June 29, 2017 at 8:04 pm

    မိုးမျှော်ငရုတ်သီးလေး
    မီးကင်ပြီးငါးပိရည်ချိုနဲ ့စားရတာ
    သိပ်နှစ်သက်တယ်။

    • ဇီဇီ

      June 30, 2017 at 8:12 am

      ဟုတ်ပါ့။
      တီအေးရယ်။
      ကျနော်က ငရုတ်သီးအရမ်းကြိုက်တော့ အမျိုးစုံကို လုပ်စားချင်တာ။

      🙂

  • padonmar

    June 29, 2017 at 8:56 pm

    ငရုပ်သီးနဲ့ မှို (Mushroon မဟုတ်) Aflatoxin အကြောင်း ကတော့ တခါလောက် ရေးမယ် စိတ်ကူးမိတယ်။
    ဆေးပညာရှုဒေါင့်က မဟုတ်ဘဲ ကုန်သည်လောက က အကြောင်း။
    ဝါးခယ်မက ထွက်တဲ့ ငရုပ်သီးခြောက်အကြောင်း ရေးဖို့ ကြံတာ နှစ်ပေါက်နေပြီ။ လက်ထဲ Keyboard မရောက်သေး(ကလောင်မဟုတ်)

    • Mr. MarGa

      June 30, 2017 at 2:21 am

      ဒေါ်လေးရေ အဲ့ဒါတော့ စိတ်ဝင်စားသဗျ
      ရေးဖြစ်ရင် ပြောပေးပါ :mrgreenn:

    • ဇီဇီ

      June 30, 2017 at 8:13 am

      ရေးပါ အာတီဒုံရေ။
      ကျနော်က ကြိုက်တော့ ရှောင်ရန်ကိစ္စ မှတ်ထားရတယ်။
      ကျနော်ကို ဗေဒင်တိုင်း ဟောတာ ငရုတ်သီး ရှောင် တဲ့။
      ဟိ။

      :mrgreenn:

  • ငရုတ်သီးနဲ့ ငါးပိမပါရင် ထမင်းမစားတတ်ဘူးရယ်

    ငရုတ်သီးစိမ်းလေးတွေကို ညှပ်ပြီး ငါး (သို့) ပုစွန်နဲ့ ငါးပိချက် ချက်စားတာ အကြိုက်ဆုံးပဲ…

    အရောင်တင်မှုန့်ကျတော့ စမီးတို့ဘက်မှာ ငရုတ်သီးအစိမ်းမှုန့်လို့ ခေါ်တယ်.. ငရုတ်သီးအပုတောင့်ကို အခြောက်လှမ်းပြီး ကြိတ်တာ.. ဈေးဆိုင်သွားရင် ငရုတ်သီးအစိမ်းအပုမှုန့် လို့ ပြောဝယ်ရတယ်.. အရှည်တောင့်ကိုလည်း ကြိတ်တာရှိတယ်ထင်တယ်…

    ဟင်းထဲထည့်ချက်ဖို့ ထောင်းတဲ့ ငရုတ်သီးတောင့်ကို ဆားနဲ့ ကြက်သွန်ဖြူထည့်ပြီး အညာထောင်းလိုထောင်းရင် အကျက်မှုန့်ကို ထောင်းတာထက် ပိုကြိုက်တယ်..

    ငရုတ်သီးအရှည်တောင့်ကို ဆီနဲ့ကြော်တာ.. လှော်တာလည်း ကြိုက်တယ်.. ဒါမယ့် အညှော်မခံနိုင်ပုစ်..

    ကျန်တာတေတော့ သိပ်မကြိုက်ပုစ် :mrgreen:

    • ဇီဇီ

      July 6, 2017 at 3:33 pm

      “ဟင်းထဲထည့်ချက်ဖို့ ထောင်းတဲ့ ငရုတ်သီးတောင့်ကို ဆားနဲ့ ကြက်သွန်ဖြူထည့်ပြီး အညာထောင်းလိုထောင်းရင် အကျက်မှုန့်ကို ထောင်းတာထက် ပိုကြိုက်တယ်..”

      အာ့မိုးထောင်းရင် အကြော်တောင့်ကိုပဲ ထောင်းလို့ ပြောချင်တာ။
      ဟီးဟီး
      ဟင်းထဲထည့်ချက်ဖို့ ထောင်းတာက အခြောက်တောင့်ရယ်။

      :k:

  • kai

    July 1, 2017 at 4:00 pm

    တော်တော်များများ လိုက်စားကြည့်နေတာမှာ.. အစပ်ဆုံးက ကယ်ရိုလိုင်းနားရီပါ..။
    စပ်ပေ့ဆိုတဲ့.. Bhut Jolokia (Ghost Pepper)ထက်ပိုစပ်တယ်..။ အစပ်ကို.. Scoville heat units (SHUs) အစပ်စကေး နဲ့ ပြရာမှာ. Bhut Jolokia (Ghost Pepper) က.. ကမ္ဘာ့အစပ်ဆုံး ၂ပါတ် ၉ ရောက်သွားပြီ..။

    စကားအတင်းစပ်.. မြန်မာပြည်ကိုလာဆုံး.. အဲဒီအစပ်ဆုံးတခု.. Bhut Jolokia (Ghost Pepper) ထင်တယ်.. အမှုန့်ဗူးလေးယူလာသေးတယ်..။
    ရွာသူားတွေနဲ့ တွေ့ဆုံပွဲမှာ.. စားပွဲပေါ်တင်ထားတဲ့.. ဗူးသေးသေးလေးလေ..။
    ဘယ်သူမှစိတ်မဝင်စားသမို့.. အမတော်မမကောက်သိမ်းထားပုံရတာ.. အဲဒါ ကမ္ဘာ့အစပ်ဆုံးငရုပ်သီးမှုန့်ပြောမှ.. ဘာလုပ်လိုက်တယ်.. မသိ..။

    ဆိုတော့..
    အခုအိမ်မှာ ကယ်ရိုလိုင်းနားရီပါအမှုန့်ဝယ်ထားတယ်..။
    မုန့်ဟင်းခါးစားရင်.. အမှုန်လေး.. ၂မှုန်..၃မှုန်လောက်ထည့်လိုက်ရင်.. ပွဲပြတ်..။

    https://www.cayennediane.com/hottest-peppers/
    #1 – The Carolina Reaper 2,200,000 SHU
    As of August, 2013, Guinness World Records stated that Smokin’ Ed’s Carolina Reaper® is officially the world’s hottest chile pepper. Originally named the “HP22BNH7”, bred by cultivator Ed Currie, who runs PuckerButt Pepper Company in Fort Mill, South Carolina.

    • surmi

      July 3, 2017 at 11:20 pm

      သဂျီးပြထားတဲ့ပုံထဲကအသီးမျိုးရန်ကုန်မှာရပါ့ဗျာ ။
      အာဝါးသီးဆိုတာ အဲ့ဒါမျိုးပေါ့ ။
      အခု အိမ်မှာတောင်ဝယ်ထားသေးရဲ့ ။
      ကွန်မန့်မှာဓတ်ပုံတင်မရလို့ ရရင်ပြလိုက်ချင်သေးးးး :mrgreen:
      အတောင့်ကြီးရင် တစ်တောင့် တစ်ရာတဲ့။
      နဲနဲငယ်ရင် တစ်ရာဖိုး ၂ တောင့်

      • kai

        July 4, 2017 at 9:26 am

        ကယ်လိုရိုင်းနားရီပါ ဆိုရင်တော့.. အမေရိကား မှာ တတောင့် ၁ဒေါ်လာလောက်ရနိုင်မယ်..။ ဒါတောင်သွင်းဈေး..။
        သူတို့ရောင်းတာ.. Carolina Reaper Powder 7.5 Oz = $67.95 +$5.49 shipping. No tax

        https://www.walmart.com/ip/Carolina-Reaper-Powder-7-5-oz/937603833?wmlspartner=wlpa&selectedSellerId=1743&adid=22222222227069577595&wmlspartner=wmtlabs&wl0=&wl1=g&wl2=c&wl3=177059020275&wl4=pla-281162527173&wl5=9031144&wl6=&wl7=&wl8=&wl9=pla&wl10=114430134&wl11=online&wl12=937603833&wl13=&veh=sem

        • surmi

          July 4, 2017 at 11:07 am

          ဟုတ်မဟုတ် ဓတ်ပုံကို ဖွဘုတ်ချက်ဘောက်စ်ကပို့ထားပေးမယ်
          ပုံစံကတော့အတော်လေးတူသားဗျ ။

      • kai

        July 4, 2017 at 9:47 am

        ရန်ကုန်မြို့လည်မှာ.. အဲလို ချဲလင့်န် လုပ်ချင်သား..။
        ဗမာတွေအစပ်စားနိုင်သမို့.. ဆုကြေးတော့ လျှော့ရမယ်ပေါ့..။
        https://www.youtube.com/watch?v=G_WU7fB_OQk

        • ဇီဇီ

          July 6, 2017 at 3:34 pm

          အို။
          ပြိုင်ချင်စမ်းပါတယ်လေ။

          :k:

        • ဦးကျောက်ခဲ

          July 6, 2017 at 3:45 pm

          ဟိုး … ဖဆပလ ရောင်စုံသူပုန်လို့ခေါ်တဲ့ ခေတ်ကပေါ့…
          မွန်ပြည်နယ် သံဖြူဇရပ်နားမှာ ဈေးဝယ်ခရီးသွားတစ်ယောက်ကို ဓားပြတိုက်ပါသတဲ့ ။ အဲသည့်ခရီးသွားကလည်း ရှိသမျှလေး ချမ်းသာပေးဖို့ တောင်းပန်တော့ ၊ ဓားပြခေါင်းဆောင်က ခရီးသွားကို သူဝယ်လာတဲ့ ငရုတ်သီးမှုန့် တဆယ်သား ကုန်အောင်စားပြရင် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုလို့ စားလိုက်တာ သူ့ကိုလမ်းမှာတွေ့တဲ့ ရွာသားတွေက အတော် နှာနှပ်ယူလိုက်ရတယ်ဆိုပဲ …
          သတင်းဟောင်းတစ်ခုမှာ ဖတ်ဖူးတာ … :k:

  • kai

    July 1, 2017 at 4:22 pm

    မက်ဆီကန်တွေက မြန်မာတွေ/အေရှန်းတွေထက် ငရုပ်သီးပိုစားပြီး.. အမျိုးပိုစုံစုံရှိတယ်လို့.. ထင်တယ်..။
    tabasco က သူတို့လက်ထွက်တခုပါ..။
    ဆိုတော့.. မက်ဆီကန်ဆိုင်သွားရင်.. သေချာပေါက် ရှိတဲ့ ငရုပ်သီးတမျိုးက.. Jalapeno မြန်မာလိုအသံထွက်ရင် ..ဟလပီညို
    တဲ့..။
    ကင်ပြုတ်ဖုတ် ကျော်လှော်ပေါင်း မျိုးစုံလုပ်စားကြတာမှာ.. နာမယ်ကြီးတာက.. Jalapeno
    ဘေကွန်လေးပါတ်ပြီး.. ဟလပီးညိုတခြမ်းမှာ.. ချိစ်တွေအသားတွေထည့်သိပ်ထားပြီး.. ကင်တာ..။
    မြန်မာမှုပြုနိုင်ရင် ကောင်းမယ်ထင်တာပဲ..။ :k:
    https://www.bettycrocker.com/recipes/bacon-wrapped-jalapeno-poppers/e2d02568-8d4d-4072-b32a-8445e5558480
    Ingredients

    12
    wooden toothpicks
    4
    oz (half of 8-oz package) cream cheese, softened
    2
    tablespoons chopped fresh chives or finely chopped green onions
    6
    jalapeño chiles (2 to 3 inch), halved lengthwise, seeded
    4
    slices bacon SAVE $
    Order Ingredients Powered by Chicory
    Steps
    1
    Heat oven to 375°F. Line cookie sheet with foil or cooking parchment paper. Soak toothpicks in small bowl of warm water to prevent burning.
    2
    In small bowl, mix cream cheese and chives. Spoon mixture evenly into chile halves.
    3
    Cut each bacon slice crosswise into thirds. Wrap 1 piece of bacon around each stuffed chile half; secure with soaked toothpick. Place on cookie sheet.
    4
    Bake 25 minutes or until bacon is crispy and chiles are tender. Serve warm.

    • ဇီဇီ

      July 6, 2017 at 3:37 pm

      အစကဗျ။
      အစပ်နဲ့ ချိ(စ) အရသာကို ဘယ်လိုမှ စိတ်ထဲက တွဲကြည့်လို့မရဘူးး
      ဘယ်ကလာ။
      တွဲစားကြည့်ရင် တမူထူးခြားပြီး စားကောင်းတယ်ဗျ။။
      လိုက်ဖက်တဲ့ စားနေကျအတွဲမျိုးပေါ့။
      ဥမပါ
      ပီဇာ က တော့ပင်းတွေ
      ကိုးရီးယား ချိ(စ)နဲ့ ငရုတ်ဆီ ခေါက်ဆွဲ

      ဆိုတော့ တဂျီးပြတဲ့ ငရုတ်သီးနဲ့ ချိ(စ) လည်း စားကောင်းမယ်ထင်။

      စမ်းမေဗျာ။

      :k:

  • သင့်အေးရိပ်

    July 2, 2017 at 8:56 pm

    ငရုပ်သီးစိမ်းကတော့ ကျနော်နဲ့ ညားနေသလားတောင် မှတ်ရတယ်။ ဈေးဝယ်တိုင်း မပါမဖြစ်။ ရခိုင်သွေး ပြတာ။ :k:

    ငရုပ်သီးစိမ်းကို ပြုတ်လိုပြုတ်/လှော်လိုလှော်ပြီး
    ကြက်သွန်ဖြူ/မျှင်ငပိနဲ့ ထောင်း/သံပုရာရည် ညှစ် စားတာ။ မကြာခဏ လုပ်စားဖြစ်တယ်။ ချက်သမျှ ဟင်းထဲလည်း ငရုပ်သီးစိမ်း ထည့်ဖြစ်တယ်။
    အမှုန့်တွေကတော့ မစားဖြစ်သလောက်နီးပါး။
    😆

    • ဇီဇီ

      July 6, 2017 at 3:37 pm

      ဘာမှမပါရင် ငရုတ်သီးစိမ်းတောင့်ကို ကိုက်စားတာပါဆို

      :k:

  • နွေဦး

    July 4, 2017 at 12:08 pm

    ငြုပ်သီး အစပ်စားရင် ကျန်းမာရေးအရ အဆီ ကျတယ် ဆီးချို သွေးချို မဖြစ်ဘူး..
    အဲ.. မှိုတက်နေတဲ့ ငြုပ်သီးခြောက်ကတော့ အသည်း ကို ထိချုက်နိုင်ပါတယ်တဲ့..

    • ဇီဇီ

      July 6, 2017 at 3:38 pm

      အဲဒီ မှိုကို ကြောက်လို့ အစိမ်းပဲ စားနေမိတယ်။
      :k:

  • hmee

    July 5, 2017 at 8:09 pm

    pepper green longhot လို့ ခေါ်တယ်။ နျပ်စားရတဲ့ မစပ်သော ငရုပ် အစိမ်းတောင့်လေးကို။ မနေ့ကတင် ပုစွန်ခြောက်နဲ့ နျပ်လိုက်သေးတယ်။

    • hmee

      July 5, 2017 at 8:15 pm

      ငရုပ်သီးမှုန့်ကလည်း chili powder ဆို အစပ်ပါတယ်။ pepper powder ဆိုတာဝယ်ရင် အရောင်ပဲ လုံးဝ မစပ်ဘူး။ ခေးမေ ဆိုတော့ pepper powder ပဲ သူံးတာများတယ်။

      • ဇီဇီ

        July 6, 2017 at 3:39 pm

        အဲလိုလား မွမှီ။
        ကျော် အခုမှ သိတယ်။
        ဟီးး
        ကျေးကျေးး
        အသိတစ်ခု တိုးပြန်ပြီ။

        🙂

  • CharTooLan

    July 6, 2017 at 1:55 pm

    ခေါင်းစဉ်ကိုဆုံးအောင်ဖတ်လိုက်တာ အနီရောင်လွှမ်းတဲ့ကာဗာဖိုတိုနဲ့ ကွီးနောင်ကိုသတိရပီး ဆီဗူးတောင်ခါချင်သွားတယ်
    ငရုတ်သီးဆိုတာကတေ့ာ ကျော်အရမ်းကြိုက်ပေမယ့် ကျော်နဲ့မထိုက်တဲ့စားစရာပါ :'( မျက်ရည်တွေရော နှပ်တွေပါထွက် အခန့်မသင့်ရင် ကျို့ထိုးမရပ်တော့ပဲ ရုပ်ပျက်ဆင်းပျက်စပ်တတ်လွန်းလို့ လူရှေ့သူရှေ့စားဖို့ဆိုရှောင်ပါတယ်

    • ဇီဇီ

      July 6, 2017 at 3:39 pm

      ရင်ထဲ ပူပြီး ဂယ် စပ်ထယ်။
      ဒါဘေမဲ့လည်း ရှောင်ဖို့ခက် ရှောင်ဖို့ခက်။
      ဟိဟိ

      :k:

Leave a Reply