အထင်သေးခြင်း၊အချင်းချင်းကင်းဝေးကြပါစေ

aye.kkJuly 2, 20171min1934

ကိုယ့်မှာသူတစ်ပါးကိုအထင်သေးတဲ့စိတ်ထားရှိခဲ့ရင်

ကိုယ့်ကိုယ်သူတစ်ပါးကပြန်အထင်သေးတာခံရမယ်ဆိုတာ

သေချာသလောက်ပါပဲ။

အထင်သေးတဲ့စိတ်ကလေးက

မှန်နေတဲ့တရားကိုအမှားတရားဖြစ်စေပါတယ်။

သူတစ်ဖက်သားကို၊ကိုယ့်အနေနဲ ့အသေအချာမသိနားမလည်ပါပဲ

အထင်သေးမိတယ်ဆိုပါလျှင်၊သူတော်ကောင်း,မိတ်ဆွေကောင်းအဖြစ်ကနေ

မိတ်ဆွေဖြစ်ခွင့်လည်းဆုံးရှုံးသွားစေပါတယ်။

လူလူချင်းအထင်သေးခြင်းကင်းဝေးမှသာစိတ်ချမ်းသာမှုရရှိစေနိုင်မှာပါ။

အထင်သေးခြင်း၊အချင်းချင်းကင်းဝေးကြပါစေ။။။

 

 

 

 

 

4 comments

  • ဦးကျောက်ခဲ

    July 2, 2017 at 2:41 pm

    ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးလို့မရတာမို့ …
    ဘယ်သူ့ကိုမှ အထင်မသေးပါဘူး အန်တီအေးရေ …
    သစ်ငုတ်မြင့်တုံ … မြက်မြင့်တုံ ၊ လူတိုင်းမှာ သူ့အစွမ်းနဲ့သူ ရှိကြစမြဲပါ …

  • aye.kk

    July 2, 2017 at 2:48 pm

    မှန်ပါတယ်
    တူမောင်ကျောက်ခဲရေ ့။

  • သင့်အေးရိပ်

    July 2, 2017 at 8:47 pm

    အထင်သေးခြင်းဟာလည်း ရှိတာထက် နည်းပြီး ထင်တဲ့အထင်မို့ အမှန် မဟုတ်သလို/
    အထင်ကြီးခြင်းဟာလည်း ရှိတာထက် များပြီး ထင်တဲ့အထင်မို့ အမှန် မဟုတ်။

    ဆိုတော့
    ကိုယ့်ကိုယ်ကို ကိုယ်တိုင်က
    အထင် သေးခြင်း/ ကြီးခြင်း မဖြစ်မိအောင်လည်း
    နေနိုင်အောင် ကြိုးစားပြီး . . .

    သူတပါးကိုလည်း အထင်ကြီးခြင်း သေးခြင်း ကင်းတဲ့ ပကတိ အချင်းအရာကို မြင်ပြီး အသိအမှတ်ပြုနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။

  • Shar Thet Man

    July 3, 2017 at 12:46 pm

    ဟုတ်ပါတယ်..မွန်လေးရေးတဲ့ပို ့စ်တွေဆို အနီတွေချည်းပဲ..ဘယ်သူမှန်း သိပေမဲ့ မပြောချင်ပါဘူး

Leave a Reply