ထရပ်ကားတစ်စီး (သို့) Truck


ကိုရီးယားမှာ လူသတ်သမားတစ်ယောက်ကို ဖမ်းမိပြီတဲ့ အဲ့သည်လူသတ်သမား လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးမှ သတ်တာဆိုပဲ။ လူအားလုံးကို သူ့ကိုမုန်းကြတာ အခုတော့ဖမ်းမိသွားပြီတဲ့။ ဒါလည်း သူ့အလုပ်မဟုတ်ပါဘူးလေ။ သူ့အလုပ်က သူ့ကုန်တင်ကားလေးနဲ့ ကုန်တွေတင်မယ်။ သူ့အမေနဲ့သူ့သမီးလေးအတွက်ပိုက်ဆံရှာမယ်။

သူ့သမီးလေးကလည်း မွေးရာပါနှလုံးမကောင်းရှာဘူး သူ့အမေဆီက ရခဲ့တဲ့ အမွေတွေပေါ့ သူ့အမေလည်း ဒီရောဂါနဲ့ပဲ သူနဲ့သူ့သမီးလေးကို ထားသွားခဲ့တာလေ။ သူ့သမီးလေးအတွက် ရုန်းကန်ရမှာပေါ့။

ဆိုးလိုက်တဲ့ကံကြမ္မာက သူ့သမီးလေးဆီထပ်ရောက်လာပြီ။ နှလုံးအစားထိုးရမယ်တဲ့။ အလှူရှင်လည်းအဆင်သင့်။အဆင်သင့်မဖြစ်တာက ငွေ ဆရာဝန်ပြောလိုက်တဲ့စကားက ခွဲစိတ်ဖို့လိုတဲ့ငွေကို ခင်ဗျား မရရအောင်ရှာခဲ့ပါတဲ့။ သူ့သမီးလေးအသက်ရှင်ဖို့ သူငွေလိုတယ်။ ငွေချေးလုပ်ငန်းတွေ သူလိုက်ချေးတယ်။ ရသမျှ ရှာတယ် ဒါပေမယ့် ခွဲစိတ်ဖို့လိုတဲ့ငွေက မပြည့်ပါဘူး။ သူဘာလုပ်ရမလဲ….။

လောင်းကစားမမက်တဲ့သူ လောင်းကစားသူငယ်ချင်းတစ်ယောက်ဆီမှာ ငွေချေးတယ်။ ပိုက်ဆံတွေပွာပေးမယ်ဆိုတာနဲ့ သူလိုက်သွားမိတယ်။ ယုတ်မာတဲ့ သူ့သူငယ်ချင်းက တစ်ဖက်လှည့် သူ့ငွေတွေကိုလိမ်တယ်။ လောင်းကစားအခန်းထဲ လူယုတ်မာကိုလိုက်ရင်း ဂိုဏ်ခေါင်းဆောင်တစ်ယောက် လူသတ်နေတဲ့အခန်းထဲသူရောက်သွားတယ်။

ကံဆိုးလိုက်တာ။ သူ့ကိုမသတ်ဘဲ လူသေအလောင်းတွေကို လက်စဖျောက်ပေးမယ်ဆိုရင် အသက်ချမ်းသာပေးရုံမက ခွဲစိတ်ဖိုးပါ သူ့ကိုပေးမယ်တဲ့။ သူမလုပ်လည်း သေရမှာ။ ဒီလိုနဲ့ သူအရဲစွန့်ခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင် သူ့ထရပ်ကားပေါ်ကို လူတစ်ယောက်ကို သူကယ်လိုက်မိတယ်။ အဲ့သည်လူကတော့……………………………………………..။

Truck (2008)

စိတ်လှုပ်ရှားဖွယ်ရာ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို ညွှန်းပေးလိုက်ရပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
အောင်မိုးသူ

12 comments

  • Shar Thet Man

    July 3, 2017 at 12:35 pm

    ဘာများလဲလို့..ကောင်းမယ်လိုတော့ထင်တာပဲ

  • သင့်အေးရိပ်

    July 3, 2017 at 1:33 pm

    ကြည့်ပြီးတာ တစ်ပါတ်လောက် ရှိပေါ့။
    ကွီးယားကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အဆုံးထိ
    ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ် အားကြီးအောင် ဆွဲဆောင်သွားနိုင်ပေမယ့်. . .

    ဇာတ်သိမ်းပုံကိုတော့ မကြိုက်ဘူးဟ။
    ဟတ်ထိပြီး မကျန်ခဲ့။

  • ဦးကျောက်ခဲ

    July 3, 2017 at 1:39 pm

    ဟမ်း … ကွီးယားဓာတ်ရှင် ကေပေါ့ ၊ ကွီးယားနဲ့ပက်သက်ရင် ဟန်းဖုန်းတောင်မီသုံးဘူး …
    ….
    စ’ မိရင် ဖြတ်လို့မရ … အတော်စွဲတယ်ဆိုပဲ …၊ သင်းတို့က အတော် ပရိုကျနေဘီ… :k:

  • kai

    July 3, 2017 at 4:06 pm

    လင်ခ့်လေးဘာလေးပေးမှ.. ဟန်မယ်ပေါ့…
    ဘယ့်နှာ..။
    နောက်ဆို.. kodi မီဒီယာဆာဗာကို ရန်ကုန်မှာထိုင်ထားပြီး.. အကုန်ရှယ်ကြည့်ရမယ့်ပုံ..။

  • နွေဦး

    July 4, 2017 at 11:58 am

    မြန်မာလို ပြောသလားဗျ..
    ကျော်က ကွီးယား လိုတတ်ဘု..

  • ဇီဇီ

    July 6, 2017 at 3:58 pm

    အဲထဲက လူဇိုးမင်းသား ကားတားစီးတဲ့ တစ်ယောက်က မမဂျီး ကြိုက်တဲ့ မင်းသား ဂျင်ဂူးး
    ဟိ

    :k:

  • manawphyulay

    July 12, 2017 at 2:00 pm

    အဲဒီလို ကားတွေ မကြည့်ချင်ဘူး။ နှလုံးမချမ်းမြေ့ဘူးလို့မြင်မိလို့။

Leave a Reply