ယိုင်နဲ့ခြင်းမှသည် ခိုင်ခံ့ခြင်းဆီသို့. . .

july 2 ရက်နေ့။
မကွေးကနေ ကံပြားလမ်းဆုံ->
ကံပြားလမ်းဆုံကနေ
မြို့သစ်မြို့ဘက် ဆက်မောင်း->
အမြန်လမ်း မိုင်တိုင် ၂၂ဝကို
ဖြတ်တက်။ နေပြည်တော်ကို ဝင်။
ပြီးမှ ရန်ကုန်ကို တန်းတက်။

အဲ့ခရီးစဉ်မှာ. . .
မကွေး-နေပြည်တော်လမ်းကနေ
ဖြတ် မောင်းရာမှာ. . .
ဘာ မြင်ခဲ့လဲ ဆိုတော့. . .
အန္တရာယ် အငွေ့အသက်တွေ။

လုံခြုံစိတ်ချရခြင်း အလျဉ်း မရှိတဲ့
အကွေ့အကောက်
လမ်းအခြေအနေတွေပါ။

မကွေး-ကံပြား အထိက . . .
လမ်း ကောင်းမှကောင်း။ မြေပြန့်လမ်း။
ကံပြားကနေ မြို့သစ်မြို့အထိကလည်း မြေပြန့်လမ်းပဲမို့/ လမ်းကလည်း
အထိုက်အလျောက်ကျယ်ပြီး
ညက်ညောနေတော့ အဆင်ပြေပါရဲ့။

မြို့သစ်နဲ့ နေပြည်တော်အမြန်လမ်း
ကြားက တောင်ကြောအထပ်ထပ်ကြား ရောက်ချိန်မှာတော့ လမ်းက ကျဉ်းသွားတာမှ ကားနှစ်စီး မျက်နှာချင်းဆိုင်မိရင် အရှိန်လုံးဝ သတ်ပြီး လမ်းဘေးချ
ရှောင်တိမ်းရရော။

ဒီအထိ ပြသနာ မရှိပေမယ့် . . .
လမ်းကလည်းကျဉ်း
အကွေ့လည်းဖြစ်
ကုန်းတက်/ကုန်းဆင်းနေရာလည်း
ဖြစ်ချိန်မှာ. . .
လမ်းဘေးမှာက ချောက်ကမ်းပါး။

မတော်တဆ အရှိန်လွန်သွားတာနဲ့
အောက်ဘက်က သစ်တောထဲ
ထိုးကျသွားမှာ။ နက်ရှိုင်းလိမ့်မယ်လို့ ထင်ရတဲ့ သစ်တော ချောက်ကမ်းပါးတွေ။

အဲ့လို အကွေ့တွေမှာ အရှိန်လွန်ပြီး
ကျ,မသွားအောင်. . .ချောက်ကမ်းပါး
အစွန်းကို ကာရံထားပေးတာက. . .
လက်ကောက်ဝတ်လောက်တောင်
မတုတ်/မခိုင်တဲ့ ဝါးလုံးလေးတွေ။

ကားတစ်စီးရဲ့ အရှိန်ကို ဟန့်တားနိုင်ဖို့ မပြောနဲ့ စက်ဘီးတစ်စီး အရှိန်လွန်လာရင်တောင် အောက်ထဲ မကျအောင်
ထိန်းမပေးနိုင်တဲ့ အကာအရံ။

အန္တရာယ်များပါတယ်။
အဲ့လို အန္တရာယ်များတဲ့ အကွေ့တွေ
အတက်အဆင်းတွေ အများကြီး
တွေ့ခဲ့ရတော့မှ. . .
ဟိုးးးတလောက ညမိုးချုပ်ကြီး . . .
အဲ့လမ်းကနေပဲ-မကွေးကနေ
နေပြည်တော်ကို
မှောင်ကြီးမည်းမည်းထဲ
မောင်း တက်ခဲ့ဖူးတာကို
ပြန်တွေးမိပြီး ကြက်သီးထမိတယ်။

အဲ့တုန်းကတော့ ညဘက်မို့
ဘေးဘယ်/ညာက
ချောက်ကမ်းပါးတွေဟာ
ဘယ်လောက် အနက်ရှိတယ်ဆိုတာ
မမြင်လိုက်တာ၊။

အခုလို နေ့ခင်းဘက်
မောင်းကြည့်တော့မှ လုံခြုံစိတ်ချစွာ
မောင်းနှင်နိုင်ဖို့. . .
လမ်းအဆင့် မြှင့်တင်ပေးဖို့
တော်တော်ကို လိုအပ်နေသေးတဲ့
လမ်းပါလား လို့ မြင်မိပါတယ်။

ပေါ့တီးပေါ့ဆ မောင်းရင်တော့
အန္တရာယ်ဟာ စက္ကန့်ပိုင်းအတွင်း
ကိုယ့်ကို စိစိညက်ညက်
ချေပစ်လိုက်နိုင်ပါတယ်။

သတိကပ်ပြီး ကိုယ့်အရှိန်ကိုယ်သိ/
ကိုယ့်လမ်းကြောင်း
ကိုယ်သိထားရင်တော့
အန္တရာယ်ကို သိရှိ/ရှောင်ရှားနိုင်မှာပါ။

လမ်းပန်းဆက်သွယ်ရေး
ကဏ္ဍဘက်ကို ငွေတွေ ပိုသုံးပြီး
ဦးစားပေး လုပ်ကိုင်ပေးနေတဲ့
Dအစိုးရလက်ထက်မှာ. . .
ဒီလိုလမ်းအခြေအနေတွေကနေလည်း မကြာခင် ပိုကောင်းလာလိမ့်မယ်
လို့တော့. . .
.
.
.
.
.
.
.
.
.
.
ယုံကြည်ထားပါကြောင်း။

 

————————-

သင့်အေးရိပ်
July – 3 /2017

 

 

 

 

 

ဝါးလုံးတန်း အကာအရံနဲ့ အကွေ့အဝိုက်ဘေးက ချောက်ကမ်းပါး

 

 

 

ညာဘက်ရော ဘယ်ဘက်ပါ။ အန္တရာယ်ရှိတဲ့ ချောက်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

24 comments

  • ဦးကျောက်ခဲ

    July 3, 2017 at 6:07 pm

    ချောက်ကမ်းပါးတွေဘေးမှာ အရံအတား Guardrail တွေ ခံထားနိုင်ရင် အကောင်းဆုံး…
    ဒါပေသည့် ကိုယ်တို့မြန်တျန့်တွေက လူပြတ်ရင် အိမ်ကိုဖြုတ်သယ်မှာ … :k:

    • သင့်အေးရိပ်

      July 3, 2017 at 9:09 pm

      သူကြီး လာတော့မယ်
      ”စနစ်ကြောင့် မဟုတ်”လို့ ကြွေးကြော်ပြီးတော့. . .
      :k:

  • kai

    July 4, 2017 at 9:35 am

    ကိုရင် အသက်နဲ့ရင်း ကားမောင်းနေတာမှာ.. အစိုးရကို အခွန်ဘယ်လောက်ဆောင်ဖူးလဲ..။ ဆောင်ပြီးပြီလဲ..။
    ကားပိုင်ရှင်ကရော..။ တရက်..တလ..တနှစ် ဘယ်လောက်များ အစိုးရကိုပေးဖူးလဲ..။

    ဆိုတော့..
    အစိုးရကရော..။
    ကားတွေ..ယာဉ်ပိုင်ရှင်တွေ… ဓာတ်ဆီ၊ဒီဇယ်ဆီတွေ… စတဲ့ ကား(ယာဉ်နဲ့ဆိုင်တဲ့) လုပ်ငန်းတွေကနေ..အခွန်ငွေဘယ်လောက်ရသလဲ..။
    ရတဲ့ အခွန်ငွေကို.. ၁ဝပုံပုံ..။
    ၃ပုံကို.. လမ်း..တံတား.. စတဲ့ယာဉ်အန္တရာယ်ကင်း.. အဆင်ပြေဖို့အတွက်.. လုပ်ပေးရကြောင်း..။
    ♫ ♫ ∮
    ဘယ်သူမဆို.. ♫ ♬ ♪
    ကိုယ်တန်ရာပဲ… ရမယ်..။♭♫ ∮ ♪
    :k:

    • သင့်အေးရိပ်

      July 4, 2017 at 10:58 am

      အခွန်မဆောင်ဘူးလို့တော့ မသိပဲ
      ရမ်းသမ်းမပြောကြေး။
      :k:
      ကျနော့်လစာထဲကနေ ဝင်ငွေခွန်လည်း ဆောင်ပါတယ်။ လမ်းတွေပေါ် တက်တာနဲ့ လမ်း တံတားကြေးလည်း ပေးပါတယ်။ မပေးပဲ မောင်း ပြေးတာ တစ်ခါမှ မရှိ။ :k:

      လကုန်လို့ လစာထုတ်ရင် ဝင်ငွေခွန်(PIT)+
      လူမှုဖူလုံရေး(SSB)+အသက် အာမခံကြေး
      စသည်ဖြင့် အဖြတ်ခံနေပါကြောင်း။
      😆

      ယာဉ်ပိုင်ရှင်အနေနဲ့လည်း နံပါတ်ပြား
      တရားဝင် တပ်ပြီ ဆိုတာနဲ့ကို
      အခွန်တွေ နင့်နေအောင် ပေးပြီးပြီ ဖြစ်ပါတယ်။
      ဒါက သူတို့အပိုင်း။

      ကိုယ့်အပိုင်းကိုတော့ ကိုယ် တာဝန်ယူပါတယ်။
      နိုင်ငံသားတစ်ယောက်အနေနဲ့ ဆောင်ရမယ့်အခွန်တွေကို ထမင်းဆိုင်မှာ ထမင်းဝယ်စားတာကအစ ဝင်ငွေခွန် လမ်းတံတားကြေး စသည်ဖြင့်
      အကုန်လုံး ဆောင်ပါကြောင်း။

      အဲ့ဒါတောင် စိတ်ချ လုံခြုံရတဲ့လမ်းနဲ့ မတန်သေးရင်တော့ မတတ်နိုင်။
      :k:

      • kai

        July 4, 2017 at 12:06 pm

        ကိုရင်တယောက်ထဲ ဆောင်နေလို့မရဘူးလေ..။
        ရှိသမျှ နိုင်ငံသားအကုန်က.. ပုံသဏ္ဍန်မျိုးစုံနဲ့… ဆောင်ရမှာ..။ အဲဒီဆောင်ငွေကို.. ၃ပုံပုံ..။ တပုံကို.. အင်ဖ/ာစ/ပ်ချာဘာညာသုံး။ တပုံကို.. ဝန်ထမ်းတွေလစာ၊ တပုံကို စုဆောင်းပြီး တခြားလိုတဲ့ဘက်ဂျက်တွေမှာချ..။ စသဖြင့်ပေါ့..။
        တကယ်က.. အခွန်ဆောင်နေရတယ်ဆိုတာထက်… ကိုယ့်ကိစ္စတွေကို.. ကိုယ်ကမအားလို့.. လူငှားလုပ်ခိုင်းတယ်မှတ်ပါ..။
        ကိုယ်က.. ငှားပြီး.. ခိုင်းထားတဲ့သူနာမယ်က.. အစိုးရ…တဲ့..။ :v

        • နွေဦး

          July 4, 2017 at 12:37 pm

          သူကြီးပြောသလို ကိုယ့်အလုပ် လူငှား ခိုင်းသလို သဘောထားပြီး အခွန်ဆောင်တာတော့ ဟုတ်ပါရဲ့ ..
          အရင် လူငှားတွေလို မဖြစ်အောင် တော့ သတိထားရမှာဘဲ..
          ကြောက်ေနေရမဲ့ လူငှားတော့ မလိုချင်ဘူး..
          ကိုယ်နိုင်ရမဲ့သူဘဲ ရချင်တာ..

        • kai

          July 4, 2017 at 2:14 pm

          Case by case!
          ကိုယ်က ထိုက်သင့်တဲ့.. ပေးသင့်ပေးထိုက်တဲ့.. အခွန်ဆောင်ရမှာက တပိုင်း..
          အရင်လူငှားတွေလို.. ဖြစ်/မဖြစ်ကတပိုင်း..။

          ကြောက်ေနေရမဲ့ လူငှားဖြစ်မှာစိုးလို့.. ဖြစ်နေလို့.. အခွန်မဆောင်ဆိုတာက.. လူလည်လုပ်တဲ့.. အကြောင်းပြချက်သာဖြစ်ကြောင်း..။ :k:

      • kai

        July 7, 2017 at 6:29 am

        အမေရိကားတခွင်ပြဲစင်အောင် ကားလျှောက်မောင်းရင်.. ဘာတွေတွေ့ရသလဲဆိုတော့…
        ဥပမာ.. ကယ်လီဖိုးနီးယားပြည်ထားပါတော့..
        အိမ်နားကနေ.. ပစိဖိတ်သမုဒ္ဒရာဖက်ဆင်းတဲ့အခါ.. စင်တာမော်နီကာတောင်တန်းဆိုတာကြီးကို ဖြတ်ထွက်ရတယ်..။
        လမ်းကတောင်တက်/တောင်ဆင်းလမ်း..။ ကွေ့ကာဝိုက်ခါနဲ့.. မောင်းရတာမှာ.. ညဆိုလမ်းမီးမရှိပေမယ့်… ချောက်ဘေးမှာ အကာတွေအထပ်ထပ်.. ရောင်ပြန်တွေလှလှနဲ့.. နောက်ကားကျော်ချင်ကျော်လို့ရအောင်.. တချက်တချက်.. ရှေ့အနှေးကားခဏဖယ်ဖို့.. ၂လမ်းသွားလေးတွေတောင်ပေးထားသေး..။ အေးဆေးမောင်းလို့ရတယ်..။ ချောထွက်သွားရင်တောင်.. အကာသွားတိုက်မှာကိုး..။
        ကားအသွားအလာသိပ်မများပေမယ့်.. ပြည်နယ်က ငွေရှိချမ်းသာတယ်..။ ဆိုင်ရာ မြို့နယ်က.. ချမ်းသာတယ်.. ဆိုတာမို့.. စိတ်ချ လုံခြုံရတဲ့လမ်းဖြစ်အောင်လုပ်ပေးထားနိုင်တာပေါ့..။

        ဆိုတော့..
        ရဲလိုးစတုန်းဆိုတဲ့ နေရှင်နယ်ပါခ့်က ဝါယိုးမင်းပြည်နယ်မှာရှိတာ..။
        အဲဒါ အဲဒီကမ္ဘာကျော် ရေပူစမ်းတွေရှိရာ ကားမောင်းတော့.. အဲဒီပြည်နယ်ကို ..အရှေ့ဖက်ကနေဝင်လာတာ.. ချောက်တွေလမ်းဘေးမှာရှိရက်နဲ့.. ဘာအကာမှမရှိတာတွေ အများကြီး..။ ပြုတ်ကျ.. အသက်တောင်ဘယ်နားကထွက်မယ်မသိ…။
        ပါခ့်ထဲမှာလည်း.. တော်တော်များများ.. ဒီအတိုင်း..။ မတော်ကားချော်ဆင်းသွားရင်.. ဘေ့စ်ဖျော်ရည်ထဲစိမ်ပြီးသားနဲ့.. ကားရောလူရောပျောက်သွားမှာကို.. အန္တရာယ်သတိပေးဆိုင်းဘုတ်လောက်ပဲထားတာ..။
        ပြည်နယ်က.. မချမ်းသာသမို့.. ဘာမှလုပ်မပေးနိုင်..။

        ပြောရရင်.. ကယ်လီဖိုးနီးယားမှာ.. ပြည်နယ်ခွန်ဆောင်ရတာက.. အမေရိကပြည်တခုလုံးထဲ အများဆုံးထဲပါတယ်..။
        ကြားထဲ.. မြို့နယ်ခွန်တွေကလည်းရှိသေး..။

        နေသူတွေ.. အခွန်များများဆောင်တော့.. ပြည်နယ်မှာငွေရှိ..။ ငွေရှိတော့.. လုပ်ပေးနိုင်သပေါ့..
        တိုက်ရိုက်ကို အချိုးကျပါတယ်..။
        အမေရိကားက… တချို့သူဌေးကြီးတွေကျ.. သူတို့ပိုင်လမ်းအဖြစ်.. အစိုးရဆီလျှောက်ပြီး.. ကိုယ့်နာမယ်တပ်.. စာရိပ်စိုက်ပြင်ပေးတာလည်းရှိတယ်..။
        ပျံလန်နေတာပေါ့…။ ကုသိုလ်ဘယ်လောက်ရမလည်းတွေးကြည့်ပေါ့..။

        မြန်မာပြည်သားတွေက.. မဆလရဲ့ ဆိုရှယ်လစ်စနစ်အောက်ကြီးလာ..မွေးလာသူတွေအခြေခံစိတ်ရိုင်းရှိသမို့.. ဘာမဆို အစိုးရကလုပ်ပေးရမယ်ချည်းမှတ်တာ..။
        ကျုပ်လည်း ပါခဲ့ဖူးတာပဲ..။
        ငွေပိုလေးများရှိရင်.. ဒါမျိုးတွေမှာ လှူရပေးရ.. မြုတ်နှံရမယ်ဆိုတာထက်.. အဝါပုဂ္ဂိုလ်တွေညာချလေမိပြီး.. နောင်ဘဝအတွက်ချည်း စိတ်ကူးငွေလှူတာကိုး..။
        ဒီလိုနဲ့.. တော်ကြီးဘုန်းတွေနဲ့.. ဘုရားကြီးက သူဌေးဖြစ်..။ အမျှ.. သာဓု.. ။

        ကိုရင်သူရ.. နောက်နောင်.. အလှူငွေကို တည့်မတ်မှန်ကန်စွာ… လှူနိုင်ပါစေသတည်း..။ သာဓု..။ အမျှ..။ :k:

  • နွေဦး

    July 4, 2017 at 11:40 am

    မြန်မာစကား
    သစ်မရခင် ဝါးပေါင်းကွပ် တဲ့
    ဝါးပေါင်းကွပ် ဆိုတာ ပေါင်းပြီး ဝါးကြတာကို ပြောတာမဟုတ်ပါဘူး..
    ဒါပေမဲ့ သူတို့က အဲလို ဘာသာပြန်ကြသလား..

    • သင့်အေးရိပ်

      July 4, 2017 at 9:58 pm

      အခု အစိုးရမှာ အရင် အဘတွေလို ပိုးစိုးပက်စက်
      ဝါးနိုင်တဲ့ အရည်အချင်းကြီး ရှိမနေပါဘူးဗျာ။ :k:

  • ကထူးဆန်း

    July 4, 2017 at 11:37 pm

    အဲ့လမ်းဖြတ်ခ တစ်ပြားမှ ဆောင် ရသည်မထင် … 🙂 🙂 ဖြတ်တဲ့ ကားလဲ မရှိသလောက်
    အခု အစိုးရ သဘောကောင်းချက် .. ရှိတဲ့လမ်းကြေးတွေဖြုတ် …ကြည့် ရတာ ချေးလို့ ရတဲ့ ပို်က်ဆံတွေ နဲ့လမ်းတွေဖောက်မယ်ထင်ပါ့ ..
    လမ်းကြေးတွေ ဖြု တ်လိုက်လို့လဲ ကုန်ဈေးနုုန်းတွေက က ျတာမဟုတ် ..လူပြိန်းကြိုက်အောင်လုပ်တော့ လမ်းခတော့ လမ်းတော်တော်များများမဆောင်ရတော့ဘူး ..အတင်းကောက်တဲ့ မြို့ဝင်ကြေးဘဲ ပေးရတဲ့ နေရာပေးရတုန်း
    ဖြစ်သင့်တာက ကောက်လို့ ရတဲ့ လမ်းကြေး လေလံပစ်တဲ့လမ်းကြေး မှန်မှန်ကန်ကန် နဲ့ အစိုးရ အိပ်ထောင် ထဲ ရောက်အောင်ဝင်အောင် လုပ်ရမှာပါ ..

    ပြီးခဲ့တဲ့လထဲ ရန်ကုန်.နေပြည်တော်ကနေ ပင်လောင်း လွိုင်ကော် အင်းလေး တက်သွားတာ ရန်ကုန် နေပြည်တော် အထိသာ လမ်းကြေးပေးရပြီး အင်းလေး ရောက်တဲ့ အထိ တစ်ပြားမှ ထပ်မပေးရ …လွိုင်ကော် အင်းလေး ၇၂ မိုင် မှာ တစ်ဝက်လောက် ကတော့ ကျောက်လမ်းဘဲ ရှိသေး … ဘယ်က ပိုက်ပိုက်နဲ့ လမ်းလုပ်မယ်တော့ မသိ

    ပုံထဲက အတိုင်းဆိုရင်တော့ အခြေအနေအများကြီးကောင်းပါတယ် ..မန္တလေး တောင်ကြီး ကို ရွာငံ လမ်းပို်င်းကတက်ရင် အရင်ကအဲ့တာထက်ဆိုးသေး ..လမ်းကက ျဉ်း ဘေးက ချောက် နဲ့ ..ခုလို လမ်းပုခုံးသားက မရှိ .. ခုုတော့အကြီးအက ျယ် လမ်းချဲ့နေလေရဲ့ ..တစ်ချိန် ဒီလမ်းလဲ ဒီလိုဘဲ ချဲ့ လာပါလိမ့်မယ်.. လောလောဆယ်တော့ အသုံး မများပါဘူး …

    • သင့်အေးရိပ်

      July 5, 2017 at 8:21 am

      မကွေးအထွက်-ကံပြားကနေ နေပြည်တော်ဘက် မောင်းလာရာမှာ အမြန်လမ်း(မိုင်တိုင် ၂၂၀)အတက်မှာ လမ်းကြေး စောင့်ကောက်တဲ့ဂိတ် ရှိပါတယ်။ ဒီတစ်ခေါက် သွားတာက ကားအသေးမို့ ၅၀ဝ ကောက်ပါတယ်။

      အရင်တစ်ခေါက်က Alphard နဲ့ သွားတာ တစ်ထောင် ကောက်ဖူးပါတယ်။ ကားကြီးရင် ကြီးသလို ၂၀၀/၂၅၀ဝလောက်ထိ ကောက်နေပါတယ် လေးလေးကထူးဆန်းရေ။

      လမ်းက သတိထားပြီး မောင်းရင်တော့ ဘာမှ မဖြစ်နိုင်ပါဘူး။ တချို့ ကသမ်းကရမ်း မောင်းတဲ့သူတွေအတွက်တော့. . . တော်တော် လုံခြုံမှု မဲ့ပါတယ်။

      • ကထူးဆန်း

        July 5, 2017 at 2:02 pm

        Right ,အဲ့ ဒါက အမြန်လမ်း အတွက် ကောက်တာ …

  • အတွေးလေး

    July 6, 2017 at 6:27 pm

    တဖြည်းဖြည်းနဲ့ ပြင်ွားမယ့်တော့ထင်မိတာပါ ပဲ ကျတော်တို့ပြင်ဦးလွင် မန္တလေးလမ်း ဆို ပြင်ထားတာ တော်တော်ကောင်းနေပြီ ?

    • သင့်အေးရိပ်

      July 10, 2017 at 1:42 pm

      ဟုတ်တယ် အတွေးလေးရေ။ တချို့နေရာတွေ အတော်ကောင်းနေပါပြီ။ ဒါမယ့် ခက်တာက ကောင်းတာကျ အသံ သိပ်မထွက်လာပဲ ဆိုးနေတာလေးတွေချည်း ပောကြတာ များနေတယ်။
      :k:

  • manawphyulay

    July 12, 2017 at 1:59 pm

    အင်း ဖေဖေဆုံးပြီးထဲက ခရီးေးမသွားဖြစ်တော့တာ အတော်ကြာပါပြီကော… လမ်းပန်းအခြေအနေလည်းမသိရတော့ ခုလိုဗဟုသုတလေးတွေ ဖတ်ရတဲ့အတွက် ကျေးဇူးပါ..

    • သင့်အေးရိပ်

      September 23, 2017 at 1:41 pm

      ဟုတ်….
      ကျနော်ကတော့ ခရီးတွေ အသွားများတော့ တွေ့ရကြုံရတာတွေ များပြီး ပြောပြချင်တာတွေ များလာတယ်
      ဒါမယ့် စာရေးဖို့ အချိန်က မရ

  • တောတွင်းပျော်

    July 15, 2017 at 10:06 pm

    ကြုံတုန်း ဝင်ကြွားရအုံးမယ်။
    ကျနော်က တောသားဗျ။
    မလေးကို ပထမအခေါက် အောက်လမ်းကနေသွားတယ်။
    ထိုင်းနိုင်ငံထဲကို ပစ်ကပ်ကားတွေနောက် ငပိသိပ် ငချဉ်သိပ် မိုးကာအုပ်ခံပြီး
    စီးသွားရတာ။ ငြိမ် ့နေတာပဲ

    ထိုင်းနယ်စပ်ကနေ မလေးထဲကို ညပိုင်းမှာ ခိုးကူး။
    ဟိုအထဲရောက်တော ့ ကားသေးသေးလေးတွေနဲ ့လာကြိုတယ်။
    အဲ ့ တညလုံး မောင်းရောပေါ ့ဗျာ။
    မောင်းဆို တောရွာလမ်းလေးတွေကနေပေါ ့။

    အဲဒီမှာ ဘာစတွေ ့ဖူးသလဲဆို …

    နက်မှောင်လှတဲ ့ ကတ္တရာလမ်းမကြီးရယ် လမ်းအလယ်ခေါင်က
    ရောင်ပြန်ကြောင်မျက်လုံးနဲ ့ မျဉ်းဖြူ။
    ဘေးဝဲယာနှစ်ဖက်က အကာဘားတန်းကြီးတွေနဲ ့ တလက်လက်ရောင်ပြန်
    ပြားလေးတွေ။ လှချင်တိုင်း လှနေတော ့တာ။
    ကိုယ်က တောသားဆိုတော ့ ဒီလိုမမြင်ဖူးတဲ ့ အလှတွေကို ခံစားလိုက်တာ
    ပွဲစားအိမ်ရောက်သွားတာတောင် မျက်စိထဲက မထွက်။

    • သင့်အေးရိပ်

      September 23, 2017 at 1:58 pm

      နက်မှောင်လှတဲ ့ ကတ္တရာလမ်းမကြီးရယ် လမ်းအလယ်ခေါင်က
      ရောင်ပြန်ကြောင်မျက်လုံးနဲ ့ မျဉ်းဖြူ။
      ဘေးဝဲယာနှစ်ဖက်က အကာဘားတန်းကြီးတွေနဲ ့ တလက်လက်ရောင်ပြန်
      ပြားလေးတွေ။ လှချင်တိုင်း လှနေ…..

      အိုဘယ့် မြင်ကွင်း….
      အမြန်လမ်းမှာလည်း တချို့ လမ်းပိုင်းတွေမှာ အဲ့လောက်နီးနီး လှတော့ လှသား။
      ဒါမယ့် လမ်းတလျှောက်လုံး လှဖို့ကတော့ နောက် ဆယ်နှစ်လောက် စောင့်ရအုန်းမလားပဲ
      😆

  • ko six

    July 20, 2017 at 9:57 am

    ကောင်းသော
    ပို၍ကောင်းသော
    အကောင်းဆုံး?

  • Shar Thet Man

    July 21, 2017 at 1:08 pm

    ဟုတ်တယ်နော်…အဲ့လမ်းတွေကိုလည်းပြင်ပေးမယ့်သူရှိရင်ကောင်းမယ်

  • Shar Thet Man

    September 21, 2017 at 4:41 pm

    အဆင်ပြေလာမှာပေါ့ ကိုသင့်အေးရိပ်ရယ်..မျှော်ရတာပေါ့

    • သင့်အေးရိပ်

      September 23, 2017 at 1:35 pm

      ဟုတ်ပါ့ ဟုတ်ပါ့။
      မျှော်လင့်ရတာပေါ့ဗျာ။
      တစ်ခုပဲ….မမသျှားရေ…
      မျှော်လင့်တာတွေက မျှော်လင့်ထားချိန်မှာ ဖြစ်မလာပဲ….
      မမျှော်လင့်ထားတာတွေက ဖြစ် ဖြစ်လာနေတာ…
      😆

Leave a Reply