လူ…။

black chawJuly 3, 20171min31318

လူဟာလူပဲ…။
ဟိန္ဒူ ကိုးကွယ်လည်း လူပဲ…။
အစ္စလမ် ကိုးကွယ်လည်း လူပဲ…။
ခရစ်ယာန် ကိုးကွယ်လည်း လူပဲ…။
ဗုဒ္ဓ ကိုးကွယ်လည်း လူပဲ…။
ကိုယ့်ကိုယ်ကို ကိုးကွယ်လည်း လူပဲ…။
အသားမည်းလည်း လူပဲ…။
အသားဖြူလည်း လူပဲ…။
အရပ်ပုလည်း လူပဲ…။
အရပ်ရှည်လည်း လူပဲ…။
ဆင်းရဲလည်း လူပဲ…။
ချမ်းသာလည်း လူပဲ…။
မအေးသောင်းလည်း လူပဲ…။
မတင်ညွန် ့လည်း လူပဲ…။
လူကို
ကိုးကွယ်တဲ့ ဘာသာတံဆိပ်ကပ်ပြီး
သတ်ဖြတ်နေသူတွေဟာ
လူ မဟုတ်ဘူး…။
လူကို
လူလို မမြင်တတ်ရင် လူမဟုတ်ဘူး…။
လူဟာ လူပဲ…။

(BC)

18 comments

  • သင့်အေးရိပ်

    July 3, 2017 at 11:00 pm

    ဦးဝီရသူလည်း လူပဲ။
    ရဟန်း မဟုတ်ဘူး။
    :k:

    • kai

      July 4, 2017 at 9:27 am

      တကယ်ကတော့.. ဗုဒ္ဓလည်း လူပဲ..။ ဂျီးဇက်စ်ခရိုက်စ်လဲလူပဲ..။ မိုဟာမက်လဲလူပဲ..။ အဲလိုသိသင့်လှတယ်..။ :k:

    • black chaw

      July 4, 2017 at 11:59 am

      @ သင့်အေးရိပ် !!!
      သူကြီးပြောသလိုပါပဲဗျာ။

  • ဦးဦးပါလေရာ

    July 3, 2017 at 11:58 pm

    လူတွေကို သွေးခွဲချင်ရင် အရင်ဆုံး လူညံ့တွေဖြစ်အောင်လုပ်ရတယ်..
    လူညံ့တွေများမှ သွေးခွဲလို့လွယ်တယ်..
    ….
    လူတွေကို စည်းလုံးစေချင်ရင် –
    အရင်ဆုံး လူတော်တွေဖြစ်အောင် လူတော်တွေများအောင်လုပ်ရမယ်..
    ဘယ်သူတွေကအဓိကလုပ်ရမလဲဆိုတော့
    လူတော်တွေက အဓိကလုပ်ရမှာပေါ့…

    ကျုပ်တို့ လူတော်တွေဖြစ်ကြစို့ ကိုချောရေ…

    • ကထူးဆန်း

      July 4, 2017 at 11:56 pm

      အားလုံး လူတော်တွေဖြစ်နေရင် လောကကြီး ပ ျင်းစရာကြီးလားလို့
      သူကြီးနေတဲ့ တိုင်းပြည်လည်း လက်နက်တွေ မရောင်းရဘဲ မွဲနေလောက်တယ်
      မြန်မာတွေလည်း ဖွဘုတ် ကြီးထဲ ပ ျင်းစရာကြီးဖြစ်နေမယ် … 🙂 🙂
      ကန့်လန့်ကြီးတွေးကြည့်တာ … :):)

  • ဂျစ်စူ

    July 4, 2017 at 11:03 am

    ထင်တော့ ထင်သားပဲ
    လူတွေပဲ ဖြစ်မှာပါလို ့

    • black chaw

      July 4, 2017 at 12:01 pm

      @ ဂျစ်စူ !!!
      ကျေးဇူးဗျာ။

  • နွေဦး

    July 4, 2017 at 12:05 pm

    လူ ကလူလိုကျင့်မှ လူဖြစ်တယ်..
    လူက လူလိုတွေးမှ လူဖြစ်တယ်
    လူက လူလိုနေမှ လူဖြစ်တယ်
    လူလို ကျင့်ဖို့
    လူလိုတွေးဖို့
    လူလိုနေဖို့
    လူဆိုတာကို ဘာနဲ့ ဘောင်ကွပ် ပေးသလဲ…

    • black chaw

      July 4, 2017 at 12:52 pm

      @ နွေဦး !!!
      ကွန်းမန် ့လေးဝင်ရေးသွားတာ
      ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • aye.kk

    July 4, 2017 at 1:12 pm

    လူဟာ,လူလို
    သိဖို ့ရာလွယ်တယ်မထင်နဲ ့။
    (မိုကုတ်ဆရာတော်ဘုရားကြီး၏ဆုံးမဩဝါဒကထာ)

    • black chaw

      July 4, 2017 at 4:47 pm

      @ aye.kk !!!
      ဟုတ်။
      ကျေးဇူးပါအစ်မရေ ။

  • ဦးကျောက်ခဲ

    July 4, 2017 at 2:19 pm

    အသွေးအရောင် အယူဝါဒတွေက လူတွေကို လူးဖြစ်အောင် လုပ်နေတာ…

    • black chaw

      July 4, 2017 at 4:48 pm

      @ ဦးကျောက်ခဲ !!!
      ကျေးဇူး ကိုကျောက် ။

  • Shar Thet Man

    July 4, 2017 at 3:51 pm

    ဟုတ်တယ်လူကလူပဲ..အဲဒါကိုမနာလိုအူတိုစိတ်တွေထားတဲ့သူကရှိသေး

  • black chaw

    July 4, 2017 at 4:49 pm

    @ Shar Thet Man !!!
    ကျေးဇူး ဗျ။

  • manawphyulay

    July 12, 2017 at 1:53 pm

    လူဟာ လူပေမယ့် လူပီသဖို့က ပိုအရေးကြီးတယ်လို့ မနော မြင်မိပါတယ်ရှင်။

  • ko six

    July 22, 2017 at 9:53 am

    လူတော့လူပဲ
    အဲ
    မနော ဖြစ်နေတာကျ ဘိုပြောရပ

Leave a Reply