K POPER ဆိုသည်မှာ

A mar nyoAugust 4, 20171min27210

KPoer ဆိုသည်မှာ အစချီရရင်ဖြင့် korea အဆိုတော် အသံမကောင်း သော်လည်းရုပ်ရည်လေး
ကြည့်ကာ”အချစ်ကလေး အသဲကလေး” ခေါ်ကာလူအမြင်ကပ်ခံ နေရသော မိန်းကလေးများသည်သာ။
Kpoper ဖြစ်ဖို့ဆိုသည်မှာ တော်ရုံအရည်အချင်းဖြင့် မရပေ။ ကိုယ်နားမလည်
သော စာသားများကို လိုက်အော်နိုင်ရမည်။ တစ်အိမ်လုံးမှ ချီးမွမ်းထောမနာသံများကိုလည်း သည်းခံ
နိုင်ရမည်။ ထို့ပြင်ကိုယ့် Idolသီချင်းလေးများ(သို့မဟုတ်) ဇာတ်ကားလေးများလာလျှင်
လည်း အကိုမောင်တွေရှေ့တွင် ယောက်ဖလေး၊မိဘများရှေ့တွင် သမက်လေးစသည်ဖြင့် မိတ်ဆက်ပေးနိုင်သော
အရှက်မရှိအရည်အချင်းများလည်းရှိရန်လိုသေးသည်။ ကိုယ့်လိုKpoperမဟုတ်သော သူငယ်ချင်းများ၏ နင်လည်းဒါနဲ့သေမှာပဲဆိုသော
သာယာနားပျော်ဖွယ်ကောင်းသော အသံလေးများကိုပါ သည်းခံနိုင်ရမည်။ ကိုယ့်Idol သတင်းများ
ကိုလည်း အချိန်နှင့်တပြေးညီရယူနိုင်ရမည်။ ဒါမှကိုယ့်Idol လေးများ၏ အနုပညာလှုပ်ရှားမှု့များ
ကို တစ်ချိန်တည်းအားပေးနိုင်ပြီး ဟောAblum အသစ်ထွက်တော့မည်ဆိုတဲ့သတင်းလေးများရရင်
ငွေကြိုစုနိုင်ရမည်။မုန့်ဖိုးလေးများမစုနိုင်ပါက အဖေ၊အမေထံမှ ကျောပြင်ဗျောတင်ခံကာ အခွေဝယ်နိုင်ရမည်။
Youtubeမှာ သီချင်းအသစ်တင်လျှင် ဘေအကုန်ခံပြီးစဆုံးကြည့်နိုင်ရမည်။ဒါမှ ကိုယ့်
Idolလေးများ viwerတက်မည်ကိုး။ vlive တွင်လည်း liveလွင့်လျင် ဘေကုန်ခံကာကြည့်နိုင်ရမည်။
ကိုယ်Idolလေးများ မကောင်းပြောသော facebook pageများ၊ လူများကိုလည်း ကတ်ကတ်လန်ရန်တွေ့နို်င်ရမည်။
လိုအပ်ပါက report လေးပါကျွေးနိုင်ရမည်။ စသည့်စသည့် အရည်အချင်းလေးများအပြင် အများတကာ
အမြင်ကပ်ခံရသောဘဝ၊ ကိုရီးယား အဆိုတော်ကြိုက်တာသည်ပင် သုံးစားမရဘဲ အိမ်မှာအားအားယားယား ထိုင်နေတတ်သူများလို့ သာထင်ကြသည်။
ထိုသို့မဟုတ်သောသူများရှိသော်လည်း အများစုက ကျောင်းသူလေးများမိုလို့ အောင့်သက်သက်နှင့်သာလက်ခံထားရသည်။
Kpoper ဖြစ်ခြင်းကြောင့် ကောင်းကျူ ိးများလည်းရှိသည်။ Idolလေးများကြောင့် ကိုရီးယားစာသင်ဖြစ်ခြင်း ဘယ်လိုပဲဆိုဆို
ဘာသာစကားတစ်ခုသင်ဖြစ်ခြင်းကြောင့် နောင်တစ်ချိန်တွင်အသုံးဝင်လာနိုင်သည်။ Kpoper များကမ္ဘာအနှံ့ရှိခြင်းကြောင့်
globalသူငယ်ချင်းများရှိခြင်း၊ ကိုယ့်Idolလေးပဲ မျှော်ကြည့်နေသောကြောင့် ရည်းစားထားသွားမှာကို
မပူရခြင်း၊ထားလည်းကိုယ်က နောက်ထပ်အသစ်သစ်လေးများကို အားပေးခြင်းကြောင့်သာဖြစ်နိုင်သည်။
အမေများအနေနှင့်လည်း သမီးလေးများက Kpoperဖြစ်နေလျှင် စိတ်သာချလိုက်ပါ။
သမီးလေးအပြင်မှာ ရည်စားနဲ့လျောက်သွားမှာ မပူရတဲ့အပြင် မဟုတ်တရုတ်ကောင်လေးတွေနဲ့ တွေ့ဖို့ဆိုတာပိုတောင်ဝေးစွ Idol
လေးမှမဟုတ်ရင် အကုန်ဖွဲစကွဲဖြစ်နေလို့ ပူစရာမလိုပါ။ ဒါ့အပြင် လိုင်းပေါ်ကတခြားကောင်မလေးများလို ရည်းစားနှင့်ပျက်၍
လက်ကို ဓါးနှင့်လှီးတာထက်စာရင်တော့ သမီးလေးရဲ့ Idol လေးများအကြောင်း တစ်နေ့တစ်မျု ိးမရိုးရအောင် ပြောနေခြင်းက
သာမည်ထင်သည်။ Face book ပေါ်တွင်တစ်နေ့တစ်မျ ို း မရိုးရအောင် တင်နေလို့ မျက်စိနောက်တာကတစ်ပိုင်းပေါ့နော်။
Idolလေးများအကြောင်းကိုသာ အဆက်မပြတ်စုံစမ်းနေသောကြောင့် လိုင်းပေါ်တွင်ရှိနေသော်လည်း စိတ်ချ ရသည်။
ဒါကြောင့် မေမေများအနေနှင့် သမီးလေးkpoperဖြစ်နေပါက စိတ်ချပြီးဂုဏ်ယူလိုက်ပါ။ကျွန်မသည်လည်း Kpoper တစ်ယောက်ပါ။

10 comments

  • kai

    August 5, 2017 at 1:43 pm

    MPopper ရောမလုပ်ချင်ဖူးလား..။
    မဖြစ်လည်း.. MSinger သာလုပ်လိုက်တော့..။ လုပ်မယ်ဆို ဖြစ်မှာပါပဲ..။ :k:

    • A mar nyo

      August 8, 2017 at 2:53 pm

      သူများပဲညံသလားသူကြီးရယ် သူကြီးပြောတာနားမလည်

      • kai

        August 13, 2017 at 3:57 pm

        M ဆိုတာ မြန်မာကို ပြောတာပါ…။
        Japan ခေတ်စားတော့.. J တွေ နာမယ်ကြီး..။
        Korean တွေချမ်းသာလာတော့.. K တွေ ဟော့လာ…။

        • A mar nyo

          August 15, 2017 at 3:31 pm

          MSingerတော့မလုပ်ပါရစေနဲ့သူကြီးရယ် ကိုယ့်အသံသာယာလွန်းလို့အိမ်မှာတောင်သီချင်းမဆိုတာကြာပေါ့

  • သင့်အေးရိပ်

    August 8, 2017 at 11:34 am

    ကျနော်ဖြင့် ကိုရီယားဖက်ရှင် ဂီတ ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ အတော် ဝေးနေတယ်။
    အလုပ် အခြေအနေအရ အချိန်မရတာလည်း ပါရဲ့။ စိတ်တော့ ဝင် ဝင်စားမိ။
    :k:

    • A mar nyo

      August 8, 2017 at 2:53 pm

      ဇာတ်လမ်းတွဲကောင်းကောင်းဇာတ်ကားကောင်းကောင်းရယ်လို့မထွက်သေးဘူး ဂီတကတော့ ထွက်တော့ထွက်ပါရဲ့အကိုတို့မကြိုက်တဲ့idolတွေလောက်ပဲထွက်တာ

  • manawphyulay

    August 15, 2017 at 2:44 pm

    ကိုရီးယားတွေက K အတော်သုံးတယ်နော် အဆိုတော်အဖွဲ့တွေ ပြောပါတယ်။

    • A mar nyo

      August 15, 2017 at 3:34 pm

      သိပ်တော့မသုံးကြပါဘူးနောက်idolအဖွဲတွေရော soloတွေရောEXOကတော့အရင်ကKနဲ့Mဆိုပြီးခွဲထားပေမဲ့အခုတော့EXOပဲသုံးတော့တယ်

  • Shar Thet Man

    August 21, 2017 at 5:37 pm

    ဟုတ်ပါ့အမှန်ပဲ….ရယ်ဖို့လည်းကောင်းတယ်

    • A mar nyo

      August 21, 2017 at 5:41 pm

      ဒါတောင်ကျန်ခဲ့သေးတယ်အစ်မရဲ့ တချို့များကိုယ့်idolရဲ့ဘယ်နေရာမှာမှဲ့ရှိတယ်ဆိုတာကသိတယ် မယုံလို့မေးပြီးပြီသိတယ်တော့ idolတွေနဲ့ပတ်သက်လို့သိချင်ရင်fanတွေကိုသာမေးမသိတာမရှိဘူး

Leave a Reply