ကာချုပ်ကို ဌာနဆိုင်ရာ ညွှန်ချုပ်နဲ့ အရပ်သား ရုံးထုံးစံမှာ အဆင့်တူလို ရန်ကုန်ဝန်ချုပ်ကွီးဖြိုး ပြောတာကို တုံ့ပြန်တဲ့အထဲက အလုပ် သဘာဝခြင်းမတူလို့ ဖွဲ့စည်းပုံခြင်းလည်း မတူနိုင် (ဝါ) စစ်တပ်ဖွဲ့စည်းပုံသည် အရပ်သား ဌာနဆိုင်ရာ ဖွဲ့စည်းပုံထက် ပိုမြင့်သယောင် ပြောဆိုမှုကို ဆွေးနွေးချင်တယ်။ ကနဦးအနေနဲ့ အရပ်ဖက်နဲ့စစ်ဖက် သဘောသဘာဝခြင်း မတူတာ ငြင်းစရာမရှိ။ မတူလို့လဲ စစ်တပ်ကို ဘယ်နိုင်ငံမှာမှ မြို့ထဲအဝင်မခံ၊ စစ်တန်းလျားမှာသာ နေစေတယ်။ မြို့ထဲ ခွင့်ပြုချက်မရဘဲ မဝင်ရ။ စစ်အုပ်ချုပ်ရေးမှာတော့ အဲဒါတွေ အားလုံးပျက်ပဲ။ လက်နက်ကိုင်ခြင်း အတူတူ ရဲနဲ့စစ်တပ်တောင် အရပ်သားနဲ့ ရောထွေးဆက်ဆံ နီးစပ်မှုခွင့်ပြုထားခြင်း ကွဲပြားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယူအက်စ်မြို့ကြီးတခုမှာ အဓိကရုဏ်းနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် သံချပ်ကာကား အသုံးပြုမယ်လုပ်တာ စစ်တပ်ဆန်လွန်းတယ်၊ မြို့ပြလူမှုအဖွဲ့အစည်းအတွက် မသင့်လျော်လို့ ဆုံးဖြတ်ပြီး ပြန်ရုပ်သိမ်းရတယ်။ မြန်မာပြည်မှာတော့ စစ်တပ်မရှိ မဖြစ်သယောင် ဇွတ်အတင်း လုပ်ထားတာမို့ စစ်တပ်ဖွဲ့စည်းပုံကပဲ အရပ်သားထက် ပိုမြင့်သယောင် မျက်စေ့လည်ကုန်တယ်။ မတူတာနှစ်ခု မနှိုင်းယှဉ်တာ အကောင်းဆုံးပါ သို့သော် လက်တွေ့မှာ စစ်သားကို မိုးကျရွှေကိုယ်တော်ဇာတ်သွင်းတဲ့အခါ သူတို့မူလ ရာထူးရဲ့ တဆင့်မြင့်၊ နှစ်ဆင့်မြင့်နဲ့ အရပ်သားအုပ်ချုပ်ရေးထဲဝင် ဗိုလ်ကျအနိုင်ကျင့်တာ မထူးဆန်းသယောင် ဖြစ်သွားပါရော။

စစ်တပ်သည် ထူးခြားလို့ သီးခြားဖွဲ့စည်းပုံရှိတယ် အမြင်ကို ကြည့်ရအောင်၊ ဘာတွေထူးခြားသလဲ… (၁) လူအင်အား၊ ၃သိန်းရှိတယ် ပြောတယ် အဲဒါ ဖွဲ့စည်းပုံ အင်အားပါ။ တပ်ရင်းတခု အင်အားပြည့် ၇၇၇ ယောက် ဆိုပေမဲ့ တကယ်တမ်း သုံးရာ၊ လေးရာနဲ့ ဖွဲ့ထားတာ အများသိနေတဲ့ကိစ်စ။ ဒီနေ့လို ဗိုလ်တရာ တပ်သားငါးဆယ်နဲ့ ပွယောင်းယောင်း စစ်တပ် မပြောနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့ထားတဲ့ မဆလခေတ် စစ်တပ်မှာတောင် တပ်ရင်းတရင်း အင်အားပြည့်ဖို့ ခဲယဉ်းတယ်။ အင်အားပြည့်ပြမှ နှစ်စဉ် အသုံးစားရိတ် ဘတ်ဂျက်မှ တောင်းလို့ကောင်းမည်လေ။ စစ်တပ်ငွေစာရင်းကို အစိုးရစစ်ခွင့်မရှိတော့ ဘာမှ မတတ်နိုင်။ အင်အားများလို့ chain of commend အမိန့်ပေးစနစ် ရှည်တယ်ဆိုရင် သူ့လို အလားတူ အင်အားများတဲ့ အရပ်သား ဌာနတွေ ဘယ်လိုလုပ်မလဲ။ ပညာရေး၊ ကျန်းမာရေး၊ ရဲ တပ်ဖွဲ့ တခုခြင်းစီမှာ ဝန်ထမ်းအင်အား သိန်းချီပါမယ်။ သူတို့ကိုလဲ စစ်တပ်လိုပဲ ဖွဲ့စည်းပုံ ပြင်သင့်တယ်။ (၂) နိုင်ငံအတွက် အရေးပါတယ်။ စစ်တပ်မရှိတဲ့ နိုင်ငံသာရှိတယ် ပညာရေး၊ ကျန်းမာရေး၊ ရဲ ဌာန မရှိတဲ့ တိုင်းပြည်ရယ်လို့ မရှိ။ ဘယ်သူ ပိုအရေးကြီးသလဲ.. ငါ့စကားနွားရ ကတ်ပြောကြေးဆိုလျင် ပြောတာပါ။ (၃) ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု။ ဒါလဲ အန်အယ်လ်ဒီ အစိုးရ ဘတ်ဂျက်မှာ ကာကွယ်ရေး ကျန်းမာရေး ပညာရေး ပြည်ထဲရေး အသုံးစားရိတ်များ ထိပ်ဆုံးကပါ။ (၄) စစ်သား ပင်ပန်းဆင်းရဲလို့ အသက်အန်ဒရယ် ရှိလို့တော့ လာမပြောနဲ့၊ တပ်ထဲဝင်ကထဲက ကိုယ့်သဘောနဲ့ကိုယ်။ အရပ်ဖက်ထက်ပိုတဲ့ ခံစားခွင့် ရထားပြီးပြီ။ စစ်သား ပင်ပန်းဆင်းရဲသလို တောနယ်တွေသွား တာဝန်ထမ်းရသူ အရပ်ဖက်ဝန်ထမ်းများလဲ အဆင်မပြေကြပါဘူး။

ခုဖြစ်နေတာ တပ်ချုပ်ရာထူးကို ညွှန်ချုပ်လို့ပြောတာ နှိမ်တယ်ထင်တယ်၊ အကြောင်းခံက စစ်တပ်ရာထူးသတ်မှတ်ပုံက ရှည်တယ်၊ အရပ်ဖက် ဌာနဆိုင်ရာ သတ်မှတ်ပုံက တိုနေတယ်။ အရပ်ဖက်ဌာနအားလုံးကို ဝန်ထမ်းဖွဲ့စည်းပုံ ပြင်ရန် မဖြစ်နိုင်ဆိုလျင် စစ်တပ်နဲ့ အင်အား၊ အရေးပါမှု၊ အသုံးစားရိတ် တူညီတဲ့ ကျန်းမာရေး ပညာရေး ရဲဌာနတွေကို ဒီလို ဖွဲ့စည်းပုံပြင်လိုက်။ ကျန်းမာရေးဦးစီးဌာနတွေကိုပေါင်း ပညာရေးဆိုလဲ ဦးစီးဌာနတွေပေါင်း ဒါဆို တဌာန အင်အားသိန်းချီပြီ။ ပြီးလျင် ညွှန်ချုပ်အထက် ဒုညွှန်ချုပ်မှုးကြီးနဲ့ ညွှန်ချုပ်မှုးကြီး နှစ်ဆင့်ထပ်တိုး… ဝန်ကြီးနဲ့ ဒုဝန်ကြီးကို သူတို့လက်အောက်မှာထား။ ကာချုပ်နဲ့ဒုကာချုပ်အောက် ကာကွယ်ရေးဝန်ကြီး နေရသလိုပေါ့။ ရဲလည်း ထိုနည်း၎င်း၊ ရဲချုပ်မှုးကြီးရာထူး ထပ်ထွင်၊ ပြည်ထဲရေးဝန်ကြီးကို သူ့လက်အောက်ထား။ အသစ်ထွင်တဲ့ ချုပ်မှုးကြီးတွေကို အရပ်သားထဲကခန့်။ ဒါဆိုရင် ၉၀% တပ်ကလာတဲ့ ဌာနဆိုင်ရာ ညွှန်ချုပ်တွေကို ထိန်းပြီးသား ဖြစ်သွားမယ်။ တပ်ချုပ်ကြီးလည်း သိပ်ခါမကျတော့ဘူး။ သူ့အဆင့် ညွှန်ချုပ်ထက် မြင့်သွားပြီ။ ဟုတ်တယ်နော် သူလည်း သူစိတ်ကြိုက် ဖွဲ့စည်းပုံရှိလျင် ကိုယ်လည်း ကိုယ့်စိတ်ကြိုက် ဖွဲ့နိုင်ရမှာပေါ့။

ခေးခို နိုင်မကျင့်နက်

မင့်ဟာ တမင်ခွတိုက်တာပဲ၊ မဖြစ်နိုင်ဘူး ထင်ရင် တမျိုးပြောင်း စဉ်းစားမယ်။ ဖွဲ့စည်းပုံမတူဘူး၊ အင်အားခြင်းကွာတယ် ဆင်နဲ့ဆိတ် ဖင်ပိတ်ငြင်းမယ် ဆိုပါစို့။  မြင်သာတဲ့ ဥပမာပေးမယ်။ ဗုဒ်ဓဘာသာမှာ ကဗာလုံးဆိုင်ရာဂိုဏ်းချုပ် မရှိဘူး။ နိုင်ငံအလိုက် သာသနာအကြီးအကဲပဲရှိတယ်။ မြန်မာပြည်မှာဆို မဟနဥကဌ ဆရာတော်ကြီးပေါ့။ ကက်သလစ်မှာ တကဗာလုံးနဲ့ဆိုင်တဲ့ ဗာတီကန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးရှိတယ်။ ပရိုတက်စတင့်မှာဆိုလဲ အင်္ဂလီကန်သာသနာပိုင်ရှိတယ်။ မွတ်ဆလင်မှာဆိုလဲ ရှီအာနဲ့ စွန်နီ ဂိုဏ်းလိုက်လို့ အီရန်နဲ့ဆော်ဒီမှာ ဆိုင်ရာ သာသနာပိုင်ရှိမယ်။ (သဘောကို နားထောင်၊ ဘာသာရေး ဆွေးနွေးတာမဟုတ်)။ မြန်မာပြည်မှာရှိတဲ့ သူတို့ဂိုဏ်းချုပ်တွေသည် ဒေသဆိုင်ရာ ဘာသာရေး အကြီးအကဲအဆင့်။ လက်ရှိ မြန်မာပြည် ကက်သလစ် ဂိုဏ်းချုပ်ကတော့ ပုပ်ရဟန်းမင်းထက် တဆင့်ပဲနိမ့်တဲ့ ကာဒီနယ်လ်ဘုန်းကြီးလို့ သိထားတယ်။ သူ့အယင် ဂိုဏ်းချုပ်သည် ဘိရှော့ပ်အဆင့်ထင်တယ်။ ပြောချင်တာ မြန်မာပြည်ထက် ခရစ်ယာန်၊ မူဆလင် သာသနာများသည် လူအင်အား၊ ငွေကြေး ပိုင်ဆိုင်မှု ပိုများလို့ ပုခုံးခြင်းယှဉ်လို့ မရဆို တရားပါမလား။ သာသနာဆိုတဲ့ အရည်အသွေးနဲ့ တိုင်းတာမှသာ မဟနဥကဌသည်၎င်း အခြားဗုဒ်ဓဘာသာနိုင်ငံ သာသနာပိုင်များသည်၎င်း အခြားဘာသာ သာသနာပိုင်များနဲ့ တန်းတူရည်တူ ရှိပါမယ်။ အဆင့်မတူလို့ နာတယ်ထင်ရင် သာသနာပိုင်း အခြင်းခြင်း မတွေ့နဲ့၊ စစ်ဝန်ထမ်းလည်း အရပ်ဖက်ဝန်ထမ်းထဲ ဝင်မရှုပ်နဲ့၊ ကိုယ့်ဟာကိုယ်နေ။

အလားတူစွာ စစ်တပ်အကြီးအကဲနဲ့ အရပ်ဖက်ဝန်ထမ်း အကြီးအကဲသည် နိုင်ငံ့ဝန်ထမ်းတာခြင်း တူတယ်မြင်တတ်ဖို့လိုတယ်။ ကွီးဖြိုး ပြောတဲ့ စစ်ဖက် အရပ်ဖက် ဆက်ဆံရေး ဒီမိုကရေစီစနစ်မှာ မရှိသည် အမှန်ပဲ။ စစ်တပ်အုပ်ချုပ်စဉ် စစ်အစိုးရလက်ထက် ဟုတ်လိမ့်မယ်။ အရပ်သား အုပ်ချုပ်ရေးမှာ အဲဒီ ဆက်ဆံရေးကို ဆက်ရမှာ မဟုတ်၊ ဖျက်ရမှာ။ ငါတို့ အလယ်အလတ် အဆင့်က မင်းတို့ ထိပ်ဆုံးအဆင့်နဲ့ တူတယ်လုပ်ထားတဲ့ စစ်တပ် ဗိုလ်ကျစိုးမိုးမှုကို ဖျက်သိမ်းပစ်ရမှာ။ အဲလိုမှမဟုတ် စစ်တပ်သည် ပိုထူးခြားတယ် ပိုမြင့်တယ် ထင်လျင် ဒီမိုကရေစီ ဘယ်လောက် လိုချင်တယ်ပြောပြော၊ အမေစုကိုချစ်တယ် ဘယ်လောက်အော်အော် လိုချင်တဲ့ပန်းတိုင် အရပ်သားအုပ်ချုပ်ရေးစစ်စစ် ဘယ်တော့မှ မရနိုင်ဘူး။ ဘီလူးစည်း လူ့စည်း နားလည်လျင်၊ သူ့တန်ဖိုး ကိုယ့်တန်ဖိုး သိလျင် ပြီးပါတယ်။ မပြည့်တဲ့ရေအိုးသာ ဘောင်ဘင်ခတ်တာ။ ဆိုရိုးစကားရှိသလို ကြီးသူအားထား၊ ငယ်သူသနား၊ တန်းတူလေးစား စိတ်ထားနိုင်ဖို့ (အထူးသဖြင့် စစ်တပ်) လိုအပ်ပါကြောင်း….။

ကြီးၿဖဳိး ကြီးၿဖဳိး ဒုံး ဒုံး……

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 628 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ……….. ဟတ်ချိုး ဟတ်ချိုး