လမ်းပေါ်မှာ

မြို  ့ထဲလမ်းမို ့ အရှိန်လျှော ့ပြီးမောင်းတုန်း
ရုတ်တရက် ..
ရှေ ့နားက ညာဖက်လမ်းသွယ်ကနေ ဆိုင်ကယ်တစ်စီး ကားရှေ ့ကိုဖြတ်ဝင်လာပြီး လမ်းမကြီးတိုင်း ကျနော ့ရှေ ့တူရှူကိုမောင်းသွားတယ်။ ဆိုင်ကယ်ပေါ်မှာက ၁၆/၁ရနှစ်အရွယ်
ကောင်လေး ၂ယောက်။
ဒီလမ်း ဒီလိုအထာကို သိထားတာမို ့ ကားကို ကမန်းကတန်း ဘယ်ဖက်တဖက်ယာဉ်ကြောပေါ်ဆွဲလိုက်ရတယ်။

ဒေါသက ရုတ်တရက် ငယ်ထိပ်ပေါ်တက်ပြီး Jamesbond လို
Transporter မင်းသားလို လုပ်ထည် ့လိုက်ရကောင်းမလား
တွေးမိသေးတယ်။
လုပ်လိုက်မိလို ့ကတော ့
ခုချိန် တောတွင်းပျော်တစ်ယောက် ငပိကြော်အရသာအကြောင်း
ကောင်းကောင်းရေးနေတတ်လောက်ပြီ။

အဲလိုကောင်လေး ၂ယောက် အကွေ ့ကအထွက်  အရှိန်မများခင်
ကိုယ်က ကိုယ် ့ကားအရှိန်နဲ ့ သူတို ့ကိုကျော်တက်လိုက်တယ်။
သူတို ့ကိုကျော်တက်ပြီးလို ့ မကြာခင်မှာပဲ
ူသူတို ့ဆိုင်ကယ်အရှိန်မြင် ့ပြီး ကျနော ့ကိုကျော်တက်သွားပြန်တယ်။ ကျော်ပါစေလေ …
ဂလောက်တောင်မှ အလျှင်လိုနေရင် ..

ဒီအချိန်မှာ ဆိုင်ကယ်နဲ ့ ကျနော ့ကားက ရှေ ့ဆင် ့နောက်ဆင် ့
ဖြစ်သွားနေပြီး သူတို ့နောက်ကနေ သတိထား ပုံမှန်အရှိန်လေးနဲ ့
လိုက်နေတုန်း …
ရုတ်တရက်ဆို အချက်မပြ ဘာမပြ ညာဖက်လမ်းသွယ်ထဲကို
ကွေ ့ချလိုက်ပြန်ရော …

တောက်စ်!
မိမဆုံးမ ဘမဆုံးမ စည်းကမ်းပျက်တွေ
ငါ ့ရွာမှာသာဆို လက်သီးစာမိတော ့မယ်။

တလောက ထားဝယ်ဖက်ဆင်းတော ့ကြားမိတာ …
ရေဖြူအထက်ဖက် မရမ်းချောင်းရွာမှာ
ဒီလိုပဲ …
ဆီဘောက်ဆာကားကြီး သူ ့အရှိန်နဲ ့သူပြေးနေတုန်း
ဘေးက ပန်းတက်သွားတဲ ့ ဆိုင်ကယ်က ကားရှေ ့ကို ဝိုက်ချလိုက်တာ ဆီဘောက်ဆာကြီးက ကြုံးသွားလေပေါ ့။
ရှေ ့ကဆိုင်ကယ်နဲ ့ လူ ပေ ၇၀/ ၁၀ဝ လောက် ဒရွက်ဆွဲပါပြီး
အေးချမ်းမေ ဖြစ်သွားရော …

× × × × × × × × × × × × × × × × × × × × × ×

မနေ ့က ဆိုင်ကယ်နဲ ့ပြန်လာတော ့ လမ်းမှာ ပြုံးချင်စရာ
အဖြစ်လေးတစ်ခု တွေ ့လိုက်ရတယ်။

ကျနော ့အရှေ ့လမ်းဘယ်ဖက်ခြမ်းက လမ်းကူးမယ် ့ပြင်နေတဲ ့
ခွေးတစ်ကောင်ကိုတွေ ့လိုက်မိတော ့ ဆိုင်ကယ်အရှိန်လျှော ့ပေးလိုက်တယ်။
ဒီကောင်
( မရိုမသေနော်  ခွေးမို ့လို ့ အကောင်လို ့ခေါ်တာ 😀 )
ကတ္တရာလမ်းပေါ်မတက်ခင် ခဏတုံ့ ့ဆိုင်းနေပြီး သူ ့ရဲ ့ညာဖက်ကို
အရင်လှမ်းကြည် ့လိုက်တယ်။ ဒီယာဉ်ကြောက သူနဲ ့အနီးကပ်ကိုး..
တောတွင်းပျော်က တစ်ဖက်က။
ဒီအချိန်ထိ သူတောတွင်းပျော်ကို မတွေ ့သေး။

သူ ့ဖက်ယာဉ်ကြောရှင်းနေတော ့ လမ်းပေါ်တက်မယ် ့ဟန်ပြင်ပြီး
ဆန် ့ကျင်ဖက် ( တောတွင်းပျော်ရှိတဲ ့ဖက် )ကို လှမ်းကြည် ့တယ်။
ဆိုင်ကယ်စီးလာတဲ ့ တောတွင်းပျော်ကိုတွေ ့သွားပြီး ခဏရပ်နေလိုက်တယ်။ ဘေးချင်းယှဉ်လောက်ကျမှ ဒီကောင်တက်လာပြီး တဖက်ကို ကူးသွားရော …

တော်တော် လမ်းစည်းကမ်းနားလည်တဲ့အကောင်။

လမ်းပေါ်က ခွေးပါးဝတဲ ့အကောင်တွေ ရှိသေးတယ်။ ဒီကောင်တွေက လမ်းပေါ်တက်နှပ်နေပြီး ကားအနားရောက်လာမှ မထချင်ထချင်နဲ ့ ကားလွတ်ရုံတင်လေး
နေရာဖယ်တတ်တဲ ့အကောင်တွေ။
ဒါလည်း သည်းခံရတာပဲ 😀

× × × × × × × × × × × × ×

ပေါရာဏစကားမှာ ခွေးသေဝက်သေဆိုတာ
အသေဆိုးနဲ ့ ပိုးစိုးပက်စက်သေကြတာကို ပြောတာမဟုတ်လား ..

တကယ်တမ်းမှာက လမ်းပေါ်မှာ ခွေးသေဝက်သေ သေကြရတာက
ခွေးတွေထက် လူတွေက ပိုများသဗျ။
လူတွေမှာဆို နေ ့တိုင်းလိုလို လမ်းပေါ်မှာ ပိုးစိုးပက်စက်သေနေကြတာ။
ခွေးတွေအသေနည်းတာက လမ်းစည်းကမ်း ယာဉ်စည်းကမ်း လူတွေထက်ပိုနားလည်ပြီး လူတွေထက် ပိုလိုက်နာကြလို
့ ထင်ပါရဲ  ့။

တခါတခါ စဉ်းစားမိတာလေးက
ခွေးဥနှောက်ကို လူ ့ဦးခေါင်းထဲ ထည် ့ပေးရင် ကောင်းမလားလို ့ 😀😀😀

အဲလိုဆို အဆင်ပြေသွားမှာက …
ခွေးဟောင်သံတွေ မကြားရတော ့ဘူးပေါ ့နော် 😀😀😀

12 comments

  • သင့်အေးရိပ်

    July 14, 2017 at 9:11 am

    ကြံကြီးစည်ရာတွေ ရေးထားတာပါလား လမ်းတွင်းပျော်ရယ်
    :k:

    • တောတွင်းပျော်

      July 15, 2017 at 9:16 pm

      ကြံကြီး မစီရာပါဘူး ကိုအလင်းဆက်ရေ ..
      လမ်းပေါ်မှာ တကယ်ကြုံတွေ ့နေရတာတွေလေ

      • သင့်အေးရိပ်

        July 16, 2017 at 7:23 am

        ခွးဥနှောက်ကို လူ ့ဦးခေါင်းထဲ ထည် ့ပေးရင် ကောင်းမလားလို ့
        အဲလိုဆို အဆင်ပြေသွားမှာက …
        ခွေးဟောင်သံတွေ မကြားရတော ့ဘူးပေါ ့နော်
        ဆိုတာကို ကေပာတာ။
        :k:

    • တောတွင်းပျော်

      July 15, 2017 at 9:33 pm

      ပြီးခဲ ့တဲ ့ သင်္ကြန်ရက်ပိုင်းလောက်က
      ကျနော်တို ့ရွာနားမှာ ဒီလိုပုံစံမျိုးဖြစ်သွားသေးတယ်။
      တစ်ယောက်က ပွဲချင်းပြီး။ နောက်တစ်ယောက်က ကျောပြင်တွေ
      စုတ်ပြတ်သတ် … အခုတော ့ အသားနုတွေတက်နေပြီ။
      လမ်းအကွေ ့တစ်နေရာမှာ …
      ရှေ ့က ကားကြီးတစ်စီးပေါ်လာတော ့ ဟိုက်ဂျက်ကားလေးက
      ညာဖက်နည်းနည်းကပ်ပြီး နေရာပေးလိုက်တဲ ့အချိန်
      အမှတ်မထင် ကျော်တက်ရမယ် ့ အခြမ်းမဟုတ်ဘဲ ညာဖက်ကနေ ပန်းတက်လာတဲ ့ ဆိုင်ကယ်ကို ပွတ်ဆွဲမိသလိုဖြစ်သွားပုံရတယ်။
      ဆိုင်ကယ်ကလည်း အရှိန်မြျင် ့ပြီး ကျော်တက်ချိန်ဆိုတော ့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲကို တရှိန်ထိုးကျသွားတယ်။

      ကားမှာ cctv တပ်ထားတယ်လို ့ယာဉ်ပိုင်ရှင်က ပြောပေမယ် ့ ရဲတွေက ဖျောက်လိုက်ပုံရတယ်။ ကားပိုင်ရှင် ၁၀ဝ ကျော်လောက်ကုန်တယ်ကြားလိုက်ရသေးတယ်။ ရဲတွေ တီးထည် ့တာလေ။

  • Shar Thet Man

    July 14, 2017 at 4:42 pm

    ခုဆိုသေဆုံးတဲ့လူတွေတဖြည်းဖြည်းများလာတာတွေ့နေရပါတယ် စိတ်မကောင်းစရာတွေပါ

    • တောတွင်းပျော်

      July 15, 2017 at 9:39 pm

      ဖြစ်သမျှတွေတိုင်းမှာ တဖက်မဟုတ် တဖက်က
      စည်းကမ်းဖောက်တာတွေချည်းပါ။
      ကိုယ်စည်းကမ်းမရှိလို ့ ကိုယ်ခံရတာက ကိစ္စမရှိပေမယ် ့
      မဆိုင်တဲ ့လူတွေပါခံရတာက စိတ်မကောင်းစရာပါ။
      လယ်လလို ပြုပြင်ကြရမလဲ … စိတ်ဓါတ်တွေ

  • manawphyulay

    July 17, 2017 at 10:52 am

    ဒါတွေကတော့ ဘယ်သူမပြု မိမိမှုပါပဲ။ ဘယ်အရာမှ သတိကပ်ပြီး မနေကြတော့ အနစ္စသဘောတွေ အဖြစ်များလာတော့တာပါပဲ။

  • kai

    July 17, 2017 at 2:10 pm

    လမ်းပေါ်မှာသေတဲ့ အသက်တန်းတွေက.. တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေနိုင်တဲ့.. ကုန်ထုတ်စွမ်းအားထုတ် ..အသက်တန်းတွေများတာ သတိပြုမိတယ်..။
    တိုင်းပြည်အနာဂတ်ကျိုး.. အညွှန့်ပြတ်တာပေါ့…။

    အမျိုးသားရေးအသွင်ဆောင်.. လမ်း/ယာဉ်အန္တာရယ်ကင်းအောင် လုပ်သင့်ပြီ..။ :k:

  • ဦးကျောက်ခဲ

    July 17, 2017 at 6:08 pm

    ဆိုင်ကယ်ကတော့ စီးသူ အရှုံး …
    ကိုယ်မှား ကိုယ်ခံ ၊ သူများမှားလည်း ခံ …
    တော်ရုံ မစီးဘူး … ၉၆ ၉၃ ပလိုက်တယ် … :k:

    • သင့်အေးရိပ်

      July 18, 2017 at 10:52 am

      ဆိုင်ကယ်ကြောင့် ရှုံးရတဲ့ ကားသမားတစ်ယောက်အကြောင်းလေးလည်း ပြောပြချင်သေးတယ် ဦးကျောက်ရယ်

  • ဦး လေး မန်း

    August 1, 2017 at 4:54 am

    အထူးသဖြင်​့ အသက်​မပြည်​့​သေးတဲ့က​လေး​တွေ ဆိုင်​ကယ်​ကိုအရမ်​းကာ​ရောစီး​နေကြတာများတယ်​။ လမ်​းစည်​းကမ်​းဘာညာလဲ သိကြပုံမရဘူး။ မိဘနဲ့ပတ်​ဝန်​းကျင်​က ဝိုင်း​ထိမ်​း​ပေးကြဘို့လိုတယ်​။ လိုင်​စင်​မရှိဘဲ ​ပေးမစီးတာအ​ကောင်​းဆုံးပါဘဲ။

Leave a Reply