အလွဲတချက် အသဲရက်စက်တယ်

ကြေးမုံဂျီး ရေရေလည်လည် တင်းနေသည်၊ သူ့အား ငမိုက်သား ကြောင်ကြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟု စော်စော်ကားကား နှိမ့်ချပြောဆို ခဲ့သောကြောင့်ဖြစ်၏။ ကြေးမုံဂျီးကား နှယ်နှယ်ရရမဟုတ် သွားလေသူ သမဒဂျီး ချီးမြှောက်ခဲ့သော မုံးဝန်းမြန်မာဂိုဏ်း၏ တပ်ချုပ်ဖြစ်သည်။ ဟူးကောင်းတောင်ကြားရှိ ကျားမျိုးတုန်းအောင် တရုတ်ပြည်သို့ အိပ်စ်ပို့လုပ်ခဲ့သောကြောင့် ကျားကြီးဟုလဲ အမည်နာမတွင်၏။ ထိုသို့သောသူအား မြန်မာပြည်တွင် လူမျိုး၁၃၅မျိုးသာရှိကြောင်း၊ မုံးဝန်းမြန်မာဆိုသည်မှာ သွားလေသူ ဘပြောင်ဂျီး မဲရအောင် တီထွင်ဖန်တီးခဲ့သည့် လူအုပ်စုတစုသာ ဖြစ်ကြောင်း၊ သောင်းဂဏန်း အနည်းငယ်သာရှိသဖြင့် ၎င်းဂိုဏ်းချုပ်အဆင့်သည် ရက်ကွက်အုပ်ချုပ်ရေးမှုးနှင့်ညီကြောင်း သို့သော် တရုတ်မကြိုက်သည်ကို သိသွားမည်စိုးရွေ့ ဟန်မပျက် ဖောရှောလုပ်နေရကြောင်း ကြောင်ဝံကြီးချုပ် ဦးကြောင်ကြီမှ ပမာမခန့် ပြောခဲ့လေသည်။ ကြေးမုံဂျီးတပည့်များကြား ကလားသိုက် ကျားဝင်ကိုက်သလို ဆူညံပွက်သွားရာ၊ စကပ်လှန်ပြသူ၊ စပ စပ၊ ဖလမ ပြောသူများနှင့် ပွဲတော်တမျှ စည်ကားနေပေတော့သည်။
ကြေးမုံဂျီး၏အဖိုး ပထမမုံးဝန်းဗမာဂျီး
တရုတ်မကြိုက်သူ ကြောင်ကြီးကား ပြတာကြည့်လိုက်၊ ပြောတာနားထောင်လိုက်၊ ရေးတာဖတ်လိုက်နှင့် လျှာကြီးသပ်ခါ သွားရေတမြှားမြှား ဖြစ်နေပေတော့သည်။ မုံးဝန်းမြန်မာဂိုဏ်းမှလည်း ဂိုဏ်းချုပ် အိမ်တွင်မရှိခိုက် ငါးကြော်အလစ်ဝင်နှိုက်သည်ဟု ကန့်ကွက်စာထုတ်သည်။ ဟုတ်၏ ကြေးမုံဂျီးကား အိမ်တွင်မရှိ သစ်နှင့်ကျောက်စိမ်း မှောင်ခို အဖမ်းအဆီးများသောကြောင့် ကိုယ်တိုင် အပြင်ထွက် ကြီးကြပ်နေရပေသည်။ ကြာင်ကြီး မဖြုံမှန်း သိသည့်အခါ သူ့သခင်မထံ တိုင်တန်းလေသည်။ “ကြောင်ကြီးသခင်မ ဘွားဒေါ်ဂျီးရှင့် သာမီးဂို ငကြောင်ဂျီး စော်ဂါးသွားပါဒယ် (ပါးစပ်နဲ့ပါ)၊ လုကြောင်ကို ဝ စပဖဲ၊ ဒင်းကိုသတ် အရပ်ဝေပေးပါ။ ပုံ – မုံးဝန်းမြန်မာဂိုဏ်းချုပ် ကြေးမုံဂျီး”။ ကိုယ့်လူနာနာထောင်း သူ့လူသာယာကြောင်း ပေါ်လစီနှင့် ဘွားဒေါ်ခမြာ မနေသာပြီ၊ စကားနဲရန်စဲ ခလေးအငိုတိတ်စေရန်ကြောင်ကြီးအား ချက်ခြင်း တောင်းပန်စာရေးခိုင်းတော့သည်။ ဘွားဒေါ်က အကောင်းပြောသော်လဲ ကြောင်ကြီးတမျိုးကြားသည်။ ကြောင်ကြီးကား ရုပ်မာသူတည်း၊ ကလေကဝတည်း၊ ၂ဗူးကြီးတည်း… ဆင်ခြင်တုံမဲ့သူတည်း။

ထို့ကြောင့် ကြောင်ဝန်ကြီးချုပ်ရာထူး ငှဲ့လျက် ရှေ့မျက်နှာနောက်ထား တောင်ပန်းရတော့သည်။ လူကိုယ်တိုင် တောင်ပန်းချင်သော်လည်း မဖွယ်မရာ ပြုကျင့်သည်၊ ညစ်ညမ်းသည်နှင့် ပိုမိုဆိုးရွားမည် စိုးသောကြောင် ခိုင်းသည့်အတိုင်း စာထဲတောင်ပန်း ရတော့သည်။ စာကား စိုစိုရွှဲလျက်… ပြွတ် ဖတ်….. ရေးရင်း ထွက်သောအသံဖြစ်သည်။……. (နှာရည်ပါ၊ မစိုးရိမ်နက်)။ စာအိတ်ကို အလွယ်ရသည့် ကော်ရည်နှင့်ပိတ်ရွေ့ အားခြင်းစာပို့ရန် စိုင်းပြင်းရတော့သည်။ သိတဲ့အတိုင်း စာရေးပြီးတော့ အားကုန်နေပြီ၊ ချက်ခြင်းပို့ရန် ဖြစ်သော်လည်း တရေးမှေးလိုက်သည်မှာ နိုးလာတော့ စာတိုက်ဖွင့်ချိန်လွန်သွားပြီ။ နောက်တနေ့မနက် စာတိုက်ကြီးသွားရာ ဝိုင်ဘီအက်စ် ဘတ်စ်ကားက မလာ၊ လာတော့လဲ လူပြွတ်သိပ်ကျပ်နေလို့ မတိုးနိုင်၊ ရပြန်တော့လည်း အဆင့်ဆင့်စီး…။ စာတိုက်ရောက်တော့ စာရေးမ အဟောက်အဟမ်းခံပြီး အမြန်ချောပို့ ဝယ်ရသည်။ ဒါတောင် စာတိုက် စာရေးမက မုံးဝန်း ဂိုဏ်းချုပ် မကြားဖူးဘူး၊ သိုင်းဝတ်ထုထဲကလားနှင့် မယုံသင်္ကာ ဖြစ်သောကြောင့် တော်ရှင်းယူရသည်။

စာရေးတောင်းပန် နှာရေးဗျောင်းစံ


 
ကြေးမုံဂျီးကား လည်တစန့်စန့်နှင့် စာမျှော်နေပေသည်။ တရက်လည်း မလာ၊ နှစ်ရက်လဲ မလာ.. ဒီမှာ သစ်ကုလားအုပ် လည်ပင်းဖြစ်နေပြီ၊ ပြန်မတောင်းပန်မခြင်း အိမ်ပြင်မထွက်ဝံ့။ လူတွေ၏ အကြည့်ကို သူဘယ်လို ရင်ဆိုင်ရမလဲ။ တနေ့က အပြင်ထွက်တော့ လူတွေက.. ဧည့်စာရင်း မစစ်တော့ဖူး ဆိုတာ ဟုတ်လား ဥကဌ၊ ရက်ကွက်ထဲ မြောင်းပိတ်တာ လာကြည့်ပါဦး၊ ဓမာရုံ ရံပုံငွေ ရှင်းတမ်းထုတ်ဦးလေ စသဖြင့် ပြောင်ပြောင်တမျိုး၊ တီးတိုးတဖုံ ပြောကုန်ကြပြီ။ စာရမှ သူ့သိပ်ခါ ပြန်ဆည်နိုင်ပေမည်။
ဂျလောင် ဂျလောင်.. အိမ်ရှေ့ ခေါင်းလောင်းသံနှင့်အတူ စာဗျို့စာ… စာရောက်လာပြီ။ အမြန်ချောပို့သမားကား စိုင်းစိုင်းထက်ပင် ကြည့်ကောင်းသည်ဟု စိတ်ဝယ်ထင်မိသည်။ စောရီးဗျာ အိမ်လိပ်စာ ရှာမတွေ့လို့ နောက်ကျသွားတယ်။ လမ်းထိပ်ကွမ်းရာဆိုင်မေးမှ ရပ်ကွက်ဥကဌအိမ်မှန်းသိတယ်။ လမ်းဘေးအမှိုက်တွေလဲ ရှင်းပါဦး မြင်မကောင်းဘူး။ ကြေးမုံဂျီးခ တင်းသွားသည်မှာ ချက်ခြင်းပင် သကောင့်သားမျက်ခွက် ဗေလုဝထက် ဆိုးတယ် ပြောင်းသွားလေသည်။ နဂို စိတ်ကူးထားသော လဖက်ရည်ဖိုး ပေးရန်ဝေးစွ၊ စောင့်ကြီးအောင့်ကြီးနှင့် စာလက်ခံယူပြီး အိမ်တံခါး ဂျောင်းကနဲ စောင့်ပိတ်လိုက်သည်…။
 
စာဖတ်လေပြီ…. “ခြစ်ကြေးကြေး… ကြောင်တောင်ပန်းပါတယ်၊ မထိန်းနိုင်လို့ ဖြစ်သွားတာပါ။ မယုံလျင် စာကို သေချာကြည့်ပါ၊ ကိုယ့်ရင်တွင်းဖြစ် တွေ့ပါမယ်။ ကိုယ်သိပ်ပင်ပန်းနေပြီ၊ ကျေနပ်ပါတော့။ လူခြင်းတွေ့ချင်တယ်၊ မီးပြတ်တဲ့ည ရှန်ဂရီလာဟိုတယ်မှာ တွေ့ရအောင်။ မှုံကြီး စိတ်ကြိုက်ဖြစ်စေ့မယ်။ အခြစ်များစွာနှင့် ကြောင်ကြောင်”။ ကျောက်စိုင်ကျောက်ခဲသို့ တင်းမာနေသော ကြေးမုံဂျီးဒေါသ အရည်ပျော်သွားပြီ၊ ဖတ်ရင်း ဖတ်ရင်း ပြုံးလာသည် ပျော်လာသည် နောက်ဆုံး ထကမိသည့်အထိပင်…။ ချက်ခြင်းပင် ကြောင်ကြီးထံ မက်ဆေ့ချ် ပို့လိုက်သည်၊ ကြောင်ကြောင် ခွင့်လွှတ်ပါတယ်။ ဒီည မီးပျက်မယ်၊ စောင့်နေမယ်နော်။ ကြောင့်ရဲ့ခြစ်ကြေးမုံ…။
 
တွေ့ကြပြီ….၊ ရှန်ဂရီလာညမို့ ဟိုတယ် dining room ဝယ် ဖယောင်းတိုင်မီးလဲ့လဲ ကိုယ်စီနှင့် စိတ်လှုပ်ရှားဖွယ်အတိ။ ကြေးမုံဂျီးကား အေးသောင်းစတိုင် ဝတ်ဆင်လျက် ကြောင်သားစားရန် လာပေသည်။ ပစ်မှတ် တိုက်ရိုက်ထိပေသည်၊ မြန်မာဆန်ဆန် ဝတ်ထားသော ကြေးမုံဂျီးအား တွေ့လျင် ကြောင်ကြီးပါစပ်မှ မကြေးသောင်းဟု ယောင်ထွက်သွားမိသည် အထိပင်။ အလာပ သာလပ ပြောသည်မှာ လိုရင်း မရောက်နိုင်၊ အချိန်ကြာလွန်းသည် ထင်မိသည်။ အတန်ငယ်ကြာမှ… အနားကပ်ရွေ့ ပြောစရာရှိ မြန်မြန်ပြော စိတ်မရှည်တော့ဘူးနော်လို့ ကနွဲ့ကလျ ပြောလိုက်မှ…. ဒီလိုဗျာ၊ မီးပျက်တဲ့ည ရှန်ဂရီလာဟိုတယ်မှာ ချိန်းရတာ မြစ်ဆုံရေကာတာ စီမံကိန်း မရှိလည်း ကျနော်တို့တတွေ ပုံမပျက် စားနိုင်သောက်နိုင်တယ် ပြချင်လို့ပါ။ ကြေးမုံဂျီး ကိုယ်ကျိုးအတွက် မြစ်ဆုံ လော်ဘီလုပ်တာ ရပ်တန်းကရပ်ပါ… ဒါပါပဲ။ ကြေးမုံဂျီး စိတ်ဆိုးလိုက်သည်မှာ ဖလူးမ၊ ဂဒူးမ၊ စပ စပ အခါတသိန်း မိုးမွှန်အောင်ဆဲလျက် ငကြောင်ကြီး နင့်ကို ငါခွင့်မလွှတ်ဘူး၊ တရားစွဲမယ်၊ ထောင်ချမယ်။ သို့သော် နှောင်းခဲ့လေပြီ၊ ကြောင်ကြီးကား မခိုးမခန့်ရယ်လျင် ငျဲ ငျဲ ငျဲ ….. ဒီမက်ဆေ့ချ်လေးက ဘယ်သူပို့တာလဲ မသိညှော်.. မေ့နေရင် ဖတ်ပြမယ်… ကြောင်ကြောင် ခွင့်လွှတ်ပါတယ်တဲ့။။။။ အပွဲပွဲနွှဲခဲ့သမျ ကဗာပတ်လုပ်စားခဲ့သမျ ကြောင်နှင့်တွေ့မှခံရပြီ။ နှုတ်တရာ စာတလုံးမို့ တကွက်မှားသောကျား အစားခံရလေပြီ။ ထိုနေ့မှစရွေ့ ကျားဆရာကြောင်ဟု ဆိုရိုးစကား ပေါ်ထွန်းလာပေတော့သတည်း။ အီတွင် မဟုတ်တရုတ် ဇာတ်လမ်းပြီး၏။
 
ပုံပြောဆရာ ကြောင်ကြီး

7 comments

  • weiwei

    July 17, 2017 at 2:36 pm

    ကြောင်ကြာကြာ ရေမငုပ်ဘူးပေါ့လေ …. 🙂

  • ဇီဇီ

    July 17, 2017 at 3:32 pm

    ဟယ်။ မြန်ကျန့်ပြည်ကောင်းဇားရေးအတွက်
    ပြန်လာဘာ ကြောင်ကြောင်။

    :k:

  • manawphyulay

    July 17, 2017 at 3:43 pm

    ကြောင်ကြေးသောင်.. အဲ မွှားလို့..

  • CharTooLan

    July 18, 2017 at 10:22 am

    သေပီအောက်မေ့နေတာ စာတော့ပြန်ရေးနိုင်သေးတာဖဲ :P:

  • Shar Thet Man

    July 20, 2017 at 12:51 pm

    ပထမပုံတော့တော်တော်ကြိုက်တယ်ဟီး

Leave a Reply