ဘဝအမောတွေကို ရယ်မောခြင်းဖြင့် ခဏတာ မေ့ကြည့်ပါ (၁)

ဆုိးဆုိးSeptember 2, 20107min996

>>>> (၁) နေရာ … စိတ္တဇဆေးရုံ
>>>>
>>>> ဆေးရုံအုပ်…. “မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
>>>> နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့
>>>> ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
>>>> လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်”
>>>>
>>>> နောက်တစ်နေ့ ….
>>>> နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
>>>> ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
>>>> လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
>>>> ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
>>>> ပြောလိုက်သည်မှာက
>>>> “မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ” ဟူတည်း။
>>>>
>>>> (၂)
>>>> ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။
>>>> တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက
>>>> ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း
>>>> အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊
>>>> ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
>>>>
>>>> ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်
>>>> “ဆရာမ
>>>> ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက
>>>> “ကလေးမရအောင်
>>>> ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။
>>>>
>>>> (၃)
>>>> တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
>>>> ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
>>>> မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့
>>>> လူ၁၁ယောက်ကို
>>>> ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့
>>>> ယောကျာ်းတွေက
>>>> လက်မလွှတ်ချင်ကြဘူး။ က “အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။
>>>> ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ
>>>> အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက
>>>> ရိုးနေပါပြီ.. “လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော
>>>> ယောကျာ်းတွေ
>>>> အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..
>>>>
>>>> (၄)
>>>> လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ” လို့ ပြောလို့
>>>> အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
>>>> ၁ဝနှစ်နဲ့
>>>> ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့
>>>> မေးတော့ တရားသူကြီးက ” ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို
>>>> စော်ကားတဲ့အတွက်
>>>> ပြစ်ဒဏ် ၁ဝနှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်”
>>>> လို့
>>>> ပြောလိုက်သတဲ့။
>>>>
>>>> (၅)
>>>> တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
>>>> နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
>>>> ပထမ အကြီးအကဲ ” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
>>>> ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”
>>>> ဒုတိယ အကြီးအကဲ ” တကယ်လို့ ငါသာ ၅၀ဝတန်နှစ်ရွက် ပစ်ချလိုက်ရင်
>>>> လူနှစ်ယောက်ပျော်ရမယ်”
>>>> တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁ဝတန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
>>>> ပျော်ရမယ်”
>>>> သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
>>>> ပြောလိုက်သတဲ့…
>>>> “အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး
>>>> ပျော်ကြမှာပဲ” ဟူတည်း။
>>>>
>>>> (၆)
>>>> တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့
>>>> ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့
>>>> မြေပဲဆံတွေကို
>>>> ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက်
>>>> ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက “အေး.. အဘွားလဲ အသက်ကြီးတော့
>>>> မဝါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ
>>>> စုပ်စားနိုင်တော့တယ်ကွဲ့” ဟူတည်း။
>>>>
>>>> (၇)
>>>> ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
>>>>
>>>> “ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ်
>>>> ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ” လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
>>>>
>>>> “ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ” ဟူတည်း။
>>>>
>>>> (၈)
>>>> တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
>>>> နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
>>>> စောင့်နတ်က
>>>> ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက်
>>>> စဉ်းစားပြီး
>>>> (၁) နေ့တိုင်း ရေသောက်ရပါစေ
>>>> (၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
>>>> (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
>>>> လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ……
>>>> ——–
>>>> ——–
>>>> ——–
>>>> ——–
>>>>
>>>> အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။
>>>>
>>>>
>>>> (၉)
>>>> တရုတ်နဲ့ ဂျပန်
>>>>
>>>> ကမာ္ဘစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက်
>>>> အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်က
>>>> ပြောပြဖူးတယ်။
>>>> ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီး ဘတ်စကက်ဘောသမား “Yao
>>>> Ming”ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကို ဘယ်တော့မှ လက်မခံပါဘူးတဲ့။
>>>> ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့ နာမည်ကြီး တရုတ် မင်းသမီး”Zhang
>>>> Ziyi
>>>> ”
>>>> ရောလို့ ကျွန်မ မေးတော့ အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ
>>>> မကြိုက်တဲ့အကြောင်း
>>>> သူပြောပြတယ်။
>>>>
>>>> နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမာ္ဘကျော်
>>>> တရုတ်မင်းသား “ဂျက်လီ”နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကို ဂျပန်သတင်းထောက်က
>>>> အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်က အဆိုတော်ကို “ကမာ္ဘစစ်တုန်းက
>>>> ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကို သတ်ခဲ့တယ်လို့ ပြောတယ်။
>>>> အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့က လိုက်ရေထားလို့လား” လို့ မေးတော့
>>>> အဆိုတော်က ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက
>>>> ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့
>>>> အခုလို ဖြေလိုက်ပါသတဲ့။ “ကမာ္ဘစစ်တုန်းက အမေရိကားစစ်သားတွေ
>>>> ဂျပန်အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က
>>>> အဲဒီမုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား” လို့
>>>> ပြန်မေးလိုက်မှ သတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော
>>>> ကြည့်နေကြတဲ့ ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း
>>>> တီးလို့ပေါ့။
>>>>
>>>>
>>>> (၁၀)
>>>> တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့
>>>> ဂျပန်လူမျိုးတို့ဟာ
>>>> သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
>>>> ဂျပန်လူမျိုးက “ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ
>>>> နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ
>>>> ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်” လို့ ပြောပြီး
>>>> သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ်
>>>> ပြိုင်ခိုင်းလိုက်တယ်။
>>>>
>>>> ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂ဝ လှမ်းပြီး
>>>> ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့
>>>> ပန်းသီးလေး
>>>> အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို
>>>> တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. “I am Hunter” ငါက မုဆိုးတဲ့။
>>>> ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅ဝလှမ်းပြီး ကိုယ်ကို
>>>> တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို
>>>> အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. “I am Bond” ငါက ဂျိမ်းစ်ဘွန်းတဲ့။
>>>>
>>>> နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး
>>>> ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။
>>>> တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ “I am
>>>> sorry”ငါဝမ်းနည်းပါတယ်တဲ့။
>>>>
>>>> (၁၁)
>>>> တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
>>>> ထာဝရဘုရား
>>>> သခင်ကို သွားတွေ့ကြသတဲ့။
>>>>
>>>> ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
>>>> မေးကြတော့တာပေါ့။
>>>>
>>>> ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
>>>>
>>>> `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမာ္ဘကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
>>>> စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
>>>> ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
>>>>
>>>> `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
>>>> ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
>>>>
>>>> တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
>>>> ကမာ္ဘ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
>>>>
>>>> ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။
>>>> ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။
>>>>
>>>> နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
>>>> သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
>>>> `ဘယ်တော့များမှ
>>>> ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
>>>>
>>>> မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
>>>>
>>>> `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ …. ။
>>>>
>>>> (၁၂)
>>>> တမလွန်ဘဝမှာ ဂျော့ဘုချ်ရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
>>>> အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
>>>> လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
>>>> အဲဒီမှာတော့ ဂျော့ဘုချ်က ယေရှုနားကို တိုးသွားပြီးတော့
>>>>
>>>> `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘဝမှာ သားတော်က ကံကောင်းခဲ့ပါသလား´
>>>> လို့မေးလိုက်တယ်။
>>>> ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
>>>> နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
>>>>
>>>> ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
>>>> ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
>>>> ကံကောင်းခဲ့တာပဲ ။
>>>> ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
>>>> ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
>>>>
>>>> နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
>>>> ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
>>>> ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
>>>> ယေရှုက
>>>> လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
>>>>
>>>> `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။
>>>>

မှတ်ချက်။  ။ သူငယ်ချင်း မျိုးလေးမေးလ်မှတဆင့် ရရှိခြင်းဖြစ်ပါသည်။

ရယ်မောခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ကျပါစေ။

6 comments

  • timothy

    September 2, 2010 at 3:31 pm

    You give me a hell of love. Thank you very much. Love and laughing make everyone healthy. Thank you.

  • chitpyae

    July 30, 2011 at 7:22 am

    ဟိဟိ …. ရယ်ရတာ မောတွားပီ .. တိုင်းကျူး 😛

  • MOEPWINTPHYU

    July 30, 2011 at 11:43 am

    ဟိဟိ ရယ်စရာကောင်းတယ် အိမ်သာအိုးတစ်လုံးဖြစ်သွားတဲသူကိုကြိုက်တယ်

  • Foolish Girl

    August 11, 2016 at 1:37 pm

    မြေပဲစားကြဦးမလား

Leave a Reply