သွားဝုန်းလို့ကောင်းတဲ့..တစ်ခုတည်းသောနေရာလေး… Yangon Water Boom

Mon LayJuly 22, 20178min3025

#Yangon  Water  Boom‍♂️

#Thar Kay Ta

Water boom ဖွင့်နေတာတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ကိုယ်ကတော့ ဒီတစ်ခေါက်မှပဲရောက်ဖြစ်တော့တယ်။လူညှိုတာမရတာနဲ့..တကယ်တန်းသွားတော့လည်းသယ်ရင်း၃ယောက်ထဲရယ်ပါ။ ၃ယောက်ထဲဆိုတော့ပျော်ဖို့ကောင်းပါ့မလားလို့စိုးရိမ်နေခဲ့တာ..နိုးနိုးနိုး..အရမ်းပျော်ဖို့ကောင်းတာ..လျှောက်ပတ်ဆော့ရင်းနဲ့သိလာခဲ့ရတယ်။ ပြောမပြတတ်အောင်ပျော်ဖို့ကောင်းတာ။ ရေဆိုလာထားအာဘွားသမား

တွေအတွက်ကတော့ ရှယ်ပဲပေါ့(ကိုယ်လေ)

ကိုယ်တွေအိမ်ကနေထွက်လာခဲ့ကြတာတော့ မနက်၁ဝခွဲ၊ ဟိုရောက်တော့ ၁၁နာရီကျော်နေပြီ။ ဒီထက်ခပ်စောစောလေး သွားနိုင်ရင်တော့ ပိုကောင်းတယ်။

#ဘယ်မှာရှိတာလဲ

ရှုခင်းသာပန်းခြံ၊ ယမုံနာလမ်းမကြီး ဒေါပုံမြို ့နယ်မှာရှိပါတယ်။

#ဝင်ကြေး

ခုလိုမိုးတွင်းမှာဆိုတော့ ၂ယောက်သွားရင်၂ယောက်ဖရီးရပါတယ်။

Tue – Fri (20,000ks), Sat – Sun & public holiday (25,000 ks), Monday ကတော့ပိတ်တယ်။ဒီဈေးက ဇူလိုင်လကုန်အထိပဲနော်..နောက်ထပ်လည်းAmazing Saleတွေလာဦးမယ်တဲ့။

#ဘယ်အချိန်သွားလို့ကောင်းလဲ

တစ်နှစ်ပတ်လုံးသွားလို့ကောင်းတယ်။ မွန်လေးကတော့မိုးတွင်းပဲကြိုက်လို့မိုးတွင်းပဲသွားလိုက်တာ အသားမဲမှာကြောက်လို့လေ..နေပူရင်။

#အထူးသတိပြုချက်

အထဲကိုအပြင်က အစားအစာနဲ့ရေသယ်ဆောင်ခွင့်မပေးပါ။ အထဲမှာအကုန်ရှိတယ်လေကွယ်။အလေးခံပြီးဘာလို့သယ်မတုန်း။ Locker ကောင်းကောင်းရှိတယ်။ အထဲမှာသုံးဖို့စားဖို့အတွက် အပြင်မှာထဲက Deposit တင်ခဲ့ဖို့လိုပါတယ်။ လက်ပတ်နီနီ(သို့) ပြာပြာလေးပေးလိမ့်မယ်။ Splash bandလေ။ အဲတာမပျောက်စေနဲ့နော်။ အဲလက်ပတ်လေးနဲ့ ထပ်ကစားတာကော၊ စားတာတို့၊ ငွေထပ်ဖြည့်တာတော့လုပ်ရတာမို့ပါ။ ရေကစားကွင်းဆိုတော့ ရေကူးဝတ်စုံပဲဝတ်ဖို့လိုပါတယ်။ ပြီးတော့ slide တွေစီးတဲ့အခါ သူတို့ပြောထားတဲ့အတိုင်း လက်တို့၊ခြေထောက်တို့ကို လုပ်ပါ။  ဒါပေမဲ့ Safety တော့တော်တော်ကောင်းတယ်။ အနားမှာ safety guard တွေထားထားပေးတော့ ဘယ်လောက်စိတ်ချရလဲ။ Water Boom ကကြော်ငြာထားတဲ့ General Restrictions လေးကိုတော့ ပုံထဲမှာကြည့်ပေးနော်။

ကစားနည်းတွေကိုသိသလောက်လေးအတွေ့အကြုံလေးနဲ့ပြန်ရှယ်ပေးမယ်နော်။

#အထဲမှာဘာတွေရှိလဲ

အဲ့မှာခဏတာအပန်းဖြေတည်းခိုဖို့ Bungalow ပုံစံလေးနဲ့ Gazebo (နားနေဆောင်) ပုံစံလေးတွေဆိုပြီး ၂မျိုးရှိပါတယ်။ သီးသန့်အပန်းဖြေမယ်လို့စဉ်းစားထားရင်တော့ ကြိုက်နှစ်သက်ရာကိုငှားရမ်းနိုင်ပါတယ်။ ဈေးတွေ ကတော့ Gazebo က ကြားရက်ဆို (၁၅,၀၀၀)ကျပ်နဲ့ ပိတ်ရက်၊အစိုးရရုံးပိတ်ရက်ဆိုရင်တော့ (၂၅,၀၀၀)ကျပ်ပါ။ တစ်နေ့လုံးစာပေါ့။

#စားကြမယ်

ကန်တင်းလည်းရှိတယ်။ စားသောက်တန်းဆိုတာလည်း စားကောင်းပြီးသန့်ရှင်းနေတာပဲ။ ဂျပန်စာလား၊ တရုတ်စာလား၊ ပင်လယ်စာလား အစုံပဲ။ ကိုယ်တွေကတော့ ပင်လယ်စာ အစပ်ထမင်းနဲ့ တုံ့ယမ်းနဲ့စားခဲ့ကြတယ်

#Dome

လုုံခြုံစိတ်ချမှုတွေနဲ့ အတူ မိုးပေါ်ကိုခုန်ပျံတက်သွားချင်တဲ့လူတွေအတွက်ပါ။ ခါးပတ်ပတ်ပေးတယ်။ လက်မှာ ကြိုးတွေချည်ပြီး စက်နဲ့ လူကိုအပေါ်ကိုမ.ခေါ်သွားပေးတယ်။ အောက်ကိုကျလာရင်အရမ်းကိုအသည်းယား စရာကောင်းတဲ့ဖီလင်လေးကိုခံစားရတယ်။ မွန်လေးတို့စီးတုန်းကတော့ သူက၅၀%ရှိတော့ (၂၅၀၀) နဲ့စီးခဲ့ရတယ်။

#Free Fall Slides & Speed Slide

အမြင့်ပေ ၁၅ မီတာလောက်ရှိတဲ့အပေါ်ကနေအောက်ကို ရေတွေနဲ့လျှောစီးချရတာမျိုးပါ။ ကိုယ်ကတော့ အစိမ်းရောင်ပဲစီးခဲ့တယ်။ သူကအသက်သာဆုံးဖြစ်မယ်ထင်လို့လေ။ သူများတွေကတော့ အကုန်သူကိုစီးနေကြတာပဲ.တဝုန်းဝုန်းနဲ့..အရမ်းပျော်နေကြတာ။

#Octopus

သူကတော့ racing mat လေးနဲ့ ၁ရမီတာ အမြင့်ရှိတဲ့slide ကိုလျှောစီးရတာမျိုုးပါ. ကို်ယ်တော့ကြောက်လို့မစီးခဲ့ဘူးရယ်။ ကိုယ်ကသာကြောက်တာ..ကိုယ့်ထက်ငယ်တဲ့ ကလေးတွေဆိုတာ racing mat တွေသယ်ပြီး တဝုန်းဝုန်းနဲ့လျှောစီးနေကြတာ.သူတို့ကိုကြည့်ပြီးကိုယ်ပါအပျော်တွေကူးတယ်

#Aqualoop

သူကတော့ slide အမျိုးအစားတစ်ခုပါပဲ။ ဒါပေမဲ့အပိတ်ပေါ့နော်။ အပေါ်ကနေဝုန်းဆိုပြီးလျှောကျပြီးရင်အပေါ်တက်ပြီးအရှိန်လေးနဲ့လျှောစီးရတဲ့slide ပါ။ အမြင့်မကြောက်တဲ့သူတွေအတွက် စီးသင့်တဲ့အပြင် တကယ်အတွေ့အကြုံရမယ့်slideပါ။ လန်းတယ်ပေါ့နော်။

#Python Slide

ဒါလေးကတော့ ပိုက်ခေါင်းတွေထဲslide စီးတာပါ။ ၂ယောက် (သို့) ၄ယောက်စီးမှရပါတယ်။ ကိုယ်တွေသွား

တုန်းက ၃ယောက်ဆိုတော့ အဲ့မှာရှိတဲ့ အစောင့်က လိုက်စီးပေးပါတယ်။ ဘောပေါ်တက်ထိုင်ပြီး slide ခေါင်း

အတိုင်းစီးသွားရတာ..အသည်းကိုအေးရော။ အော်ကြတာလဲပြဲနေတာပဲ။ ၃မိနစ်လောက်တော့ကြာတယ်။

#Tornado

သူလေးကလည်း water boomထဲမှာ နာမည်အကြီးဆုံးပါ။ နည်းနည်းတော့ဆောင့်ပေမယ့် စီးရတဲ့အချိန်ကနည်းလို့ဖီလ်က အောက်ရောက်တော့ဘာမှန်းတောင်မသိလိုက်ဘူး။ မွန်လေးဆိုရင် အဝါရောင်tube ကြီးထဲကနေပြုတ်ကျသွားမယ်ထင်တာ။ နိုးနိုး…လုံးဝ Security ကောင်းတာနော်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတာ။ အပေါ်ကော အောက်တွေမှာရော လူတွေထားထားပေးပါတယ်။

#Kiddy Pool

ကလေးကန်လေးထဲမှာလည်း မွန်လေးတို့ဝုန်းခဲ့ကြသေးတာ။ ကလေးတွေအကြိုက် ရေပန်းလေးတွေ၊ လျှောတွေ၊ မှိုပွင့်လေးတွေနဲ့ ကလေးကောလူကြီးပါ..အကြိုက်တွေ့မှာပါ။

#Lazy River

သူကတော့ ချောင်းလေးထဲမှာ ဘောလေးနဲ့ Tubing လုပ်ရတာမျိုးပါ။ လာအိုမှာ စီးခဲ့တဲ့tubing တောင်သတိရမိပါသေးတယ်။ အေးအေးလေးနဲဲ့ငြိမ့်ငြိမ့်လေးပါ။ Slide ကြမ်းကြမ်းတွေစီးပြီးရင်တော့ ဒါလေးနဲ့သက်သက်သာသာ ပြန်အနားယူလို့ကောင်းတာပေါ့။

#Water House

သူလေးကတော့ ကလေးတွေအတွက် slide သေးသေးတွေ ရှိသလို..လူကြီးတွေအတွက် slide ခပ်မြင့်မြင့်ဆန်းဆန်းတွေလည်းရှိပါတယ်။ စီးရတာလည်းမိုက်တယ်။ စီးတဲ့အခါ လက်ကိုပိုက်ထားပါနော်.ဘောင်တွေနဲ့ထိရင်မနာအောင်ပါ။ ပြီးတော့ ရုတ်တရက်ပျော်သွားနိုင်တဲ့ ရေပုံးလေးတွေလည်းရှိနေရော။အဲ့ရေပုံးတွေကပြည့်သွားရင် အောက်ကိုလောင်းချတော့ အသဲကိုအေးသွားရော..ရုတ်တရက်အပျော်လေးရလိုက်သလိုမျိုးပေါ့နော်။ Idea လေးတော်တော်ကောင်းတယ်လို့တော့မွန်လေးပြောချင်တယ်။

#Wave Pool

သူကတော့ ပင်လယ်တုတို့၊ လှိုင်းတုတို့ဆိုပြီးနာမည်ကြီးပါတယ်။ သူ့ကိုလည်းဆော့ဖို့ life jacketလေးတွေပေးထားပါတယ်။ အရမ်းအနက်ကြီးမဟုတ်ပေမဲ့ ဝတ်စီးရင်တော့ ကောင်းတာပေါ့။ တကယ့်ပင်လယ်ထဲမှာ လှိုင်းလေးစီးသလိုခံစားရသွားစေမှာပါ။

#Family Boomerango Slide

သူလည်း ပိုက်ခေါင်းထဲလျှောစီးတာပဲ။ ထူးခြားတာက သူကပိုက်ခေါင်းကနေထွက်တာနဲ့ထောင်ထားတဲ့နံရံ

အမြင့်ကြီးပေါ်ရောက်ပြီး အဲကမှတစ်ဆင့်ပြန်လျှောကျတဲ့နည်းပါ။ အရမ်းမိုက်တယ်။ မကြာဘဲနဲ့ အသည်းအေးအေးစီးရလို့ပါပဲ။

ကဲ..အလုပ်တွေကိုတစ်ပတ်တာလုံးပင်ပင်ပန်းပန်းလုပ်နေရတဲ့မွန်လေးလိုလူကတော့ water boom ကိုတစ်

ခေါက်ရောက်တာနဲ့အရမ်းကိုပျော်သွားခဲ့ရပါတယ်။ လူ၃ယောက်ထဲသွားဝုန်းကြတာတောင် ဒီလောက်ပျော်ဖို့ကောင်းနေတာ..အဖွဲ့အင်အားတောင့်ရင်ပိုတောင်ပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်။ ၂၅၀၀ဝနဲ့စီးခဲ့ရတာတန်ပါတယ်။ ကိုယ်သွားဖူးတဲ့နိုင်ငံခြားကစားကွင်းလို အများကြီးမရှိပေမဲ့ ဆောက်ထားပုံတွေက နိုင်ငံခြားအဆင့်မှီပါတယ်။ ထပ်သွားဖို့လည်းရှိပါတယ်လို့။

ပုံတွေကတော့ Action camera နဲ့ iphone 7နဲ့ရိုက်ထားတာပါ။

Aciton camera ကတော့ Fashion La Princesse Online Shop ကနေဝယ်ထားတာပါ။ ကိုယ်သုံးရတာ

တော်တော်လေးအဆင်ပြေတယ်။

အများကြီးပျော်နိုင်ကြပါစေ။

 

 

 

 

 

5 comments

  • Shar Thet Man

    July 26, 2017 at 4:49 pm

    Water boom ကိုထပ်ရောက်ရဦးမှာပေါ့နော်

  • •*¨နန်းတော်ရာသူ •*¨

    July 30, 2017 at 4:42 pm

    ပျော်စရာကောင်းတဲ့ပုံလေးတွေအပြင် သျှားသက်မာန်ပုံလေးတွေလည်း လှပါတယ်

  • manawphyulay

    July 31, 2017 at 4:56 pm

    ဈေးနှုန်းလေးကလည်း သာမန်သူတွေအတွက် မသွားနိုင်တဲ့ဈေးနှုန်းလေးပါပဲ… ကိုယ်တွေ ရေကောက်တဲ့သူအတွက်တေ့ အဆင်ပြေပါ့မလား…..

  • Shar Thet Man

    August 3, 2017 at 1:00 pm

    ပုံလေးတွေလှတယ်ပြောလို့ကျေးကျေးပါ

  • Shar Thet Man

    August 3, 2017 at 1:01 pm

    ဘာလဲရေကောက်တဲ့သူဆိုတာ

Leave a Reply