“မလိုစကောင်း လိုစကောင်း”

တစ်ရက်က လက်ဖက်ရည်သောက်ကြရင်း အောင်မောင်းရယ် ကျနော်ရယ်ကတစ်ဖက် နောက်ကိုစိန်မောင်တို့ ကိုသောင်းဝေတို့အပါအဝင်လေးယောက်ကတဘက်နဲ့ အငြင်းအခုံလေးတစ်ခုဖြစ်ကြပါတယ်။ စတာကတော့ ကျနော်တို့ အလုပ်အတွက်အင်တာဗျူးထိုင်ကြတဲ့အကြောင်းပြောတာကနေစတာပါ။
သူတို့ကကျနော်နဲ့အောင်မောင်းကို မင်းတို့ company သမားတွေအလုပ်ကိုရှုပ်တယ်ပေါ့ လူတစ်ယောက်အလုပ်ပေးဘို့ကို ဟိုမေးဒီမေး ဟိုစာရွက်တောင်းဒီစာရွက်တောင်းနဲ့ပေါ့။
သူတို့ကတော့ လူတစ်ယောက်မှာ အောင်လက်မှတ်ရှိဘို့မလိုဘူးတို့လုပ်ငန်းအတွေ့အကြုံဆိုတာသင်ယူရင်ဖြစ်ဖြစ်ကြာလာရင်ဘဲဖြစ်ဖြစ်အလွယ်တကူရနိုင်တယ်လို့ပြောတာကိုကျနော်တို့ကလက်မခံတာပါ။
သူတို့က အလုပ်လျှောက်လာလျှောက်တယ်ဆိုရင် အောင်လက်မှတ်တို့ထောက်ခံစာတို့မလိုဘူးပေါ့ ဒါတွေမပါလည်းတတ်ချင်တတ်မှာဘဲ လက်မှတ်ရှိလဲမတတ်တဲ့ကောင်တွေအများကြီးပေါ့။
နောက်အတွေ့အကြုံမရှိသေးရင်လဲ ဘာမှကိစ္စမရှိဘူးနောက်ကြာလာရင်တတ်သွားမှာဘဲလို့အလွယ်ပြောပါတယ်။
အရေးကြီးတာကတော့ ရိုးသားတဲ့လူရဘို့ဘဲလိုတယ်တို့ပြောတာကို ကျနော်နဲ့အောင်မောင်းကလက်မခံတော့ ထုံးစံအတိုင်းငြင်းကြတာပေါ့။
ကျနော်တို့တတွေက ငယ်သူငယ်ချင်းတွေလဲဖြစ်တော့ တစ်ယောက်တစ်ယောက် ပြောမနာဆိုမနာလဲဖြစ်ပြန်တော့ အားမနာတမ်းငြင်းကြတာပါ။
အဲဒီအခါမှာ ကျနော်က ဒီအဖြစ်အပျက်လေးကို သူတို့ကို အရင်ဆုံးပြောပြလိုက်ပါတယ်။

(တစ်ခါကလို့ဘဲပြောလိုက်ပါတော့ မယ် ရုံးကိစ္စလေးရှိတဲ့အတွက် လ.၀.က လို့ခေါ်ကြတဲ့လူဝင်မူ့ကြီးကြပ်ရေးရုံးကိုရောက်သွားပါတယ်။
ကျနော်ဦးစီးမှူးနဲ့တွေ့ဘို့စောင့်နေတုန်းစားပွဲတစ်ခုမှာ အသက်အတော်ကြီးကြီး လူကြီးတစ်ယောက်နဲ့စားပွဲမှာထိုင်နေတဲ့ယူနီဖောင်းဝတ်စာရေးမလေးရယ်
ဘေးမှာမတ်တတ်ရပ်နေတဲ့ ယူနီဖောင်းဝတ်ကောင်လေးရယ်သုံးယောက်သားအခြေအတင်ပြေနေတာကို သေချာမကြားရပေမယ့် ပြဿနာ တက်နေတယ်ဆိုတာတော့
့မြင်တာနဲ့သိနိုင်ပါတယ်။ကျနော်လဲစပ်စုချင်တာနဲ့ရှေ့နည်းနည်းတိုးထိုင်ပြီး နားစိုက်ထောင်လိုက်တော့မှာ
“မင်းတု့ိဟာက ကွာ လူကိုယ်တိုင် အရှင်လတ်လတ်ကြီးလာနေရဲ့သားနဲ့ အသက်ရှိထင်ရှားရှိကြောင်းထောက်ခံစာလိုသေးလားကွာ “လို့ မတ်တတ်ရပ်နေတဲ့လူကြီးကပြောတော့
ထိုင်နေတဲ့ကောင်မလေးက ” လေးလေး ရဲ့ကိစ္စ အားလုံးပြီးဘို့ဆိုတာ ဒီထောက်ခံစာပါမှဖြစ်မှာမို့လို့တောင်းရတာပါ”လို့ပြောတော့
” မင်းတို့သက်သက်မယ့်ရစ်တာပါကွာ လိုချင်တာကိုပွင့်ပွင့်လင်းလင်းသာပြော “လို့လေသံခပ်မာမာနဲ့ပြောတော့
ရပ်နေတဲ့ကောင်လေးက လဲနည်းနည်းတော့ဒေါသဖြစ်သွားတဲ့လေသံနဲ့ “ဒီမယ်ဦးလေး ထင်တာစွတ်တင်မနေနဲ့ အရှင်းဆုံးပြောရင် လိုအပ်တဲ့စာရွက်စာတမ်းမပြည့်စုံရင်ကျနော်တို့က ဘာမှဆက်လုပ်ပေးလို့ ရမှာမဟုတ်ဘူး “လို့ခပ်မာမာပြောလိုက်တော့ ဦးလေးကြီးက ကျနော်တို့ဘက်လှည့်ပြီး ” ဒီမယ်ဗျာ လူကိုယ်တိုင် မသေလို့လာနေတာတောင်သက်ရှိထင်ရှားရှိကြောင်းထောက်ခံစာတဲ့ဗျား သက်သက်ရစ်တာ”လို့ အကူညီတောင်းသလိုလို တိုင်တည်သလိုလို နဲ့လေသံအကျယ်ကြီးလဲပြောလိုက်ရော
ရုံးခန်းထဲကနေ အရာရှိလို့ယူဆရတဲ့ ရုပ်ရည်ခပ်သန့်သန့်နဲ့လူလတ်ပိုင်းတစ်ယောက်ထွက်လာပါတယ်။
သူက ပထမဆုံး သူ့ဝန်ထမ်းတွေကို အကျုးိအကြောင်းမေးပါတယ်။
နောက်ဦးလေးကြီးဘက် လှည့်ပြီး “ဦးလေးကျနော်ကိုသိလား “လို့ခပ်ပြုံးပြုံးမျက်နှာပေးနဲ့မေးပါတယ်။
“မသိဘူး”သို့လေသံခပ်ပြတ်ပြတ်နဲ့ပြောပါတယ်။သူကစိတ်တိုနေတာကိုး။
သူ့ရုံးကဝန်ထမ်းတွေဘက်လှည့်ပြီး “ခင်ဗျားတို့ကျနော်ကိုသိလား”လို့လှည့်မေးတော့ “သိပါတယ်ဆရာ”လို့လဲဖြေလို်က်ရော
ဦးလေးကြီးဘက်ကိုလှည့်လို့ “ကဲလေးလေးရေ ကြားတဲ့အတိုင်းပါဘဲ လေးလေးကို ကျနော်တို့ရုံးကလူတွေကမသိသလို ကျနော်ကိုလည်းလေးလေးမသိဘူးလေ
ဒါကြောင့်ရုံးကိစ္စဆောင်ရွက်တဲ့အခါမှာ လေးလေးနောက်ထပ်လူကိုယ်တိုင်လာစရာမလိုအောင် လေးလေးကိုသိတဲ့လူကနေ ဟုတ်ကြောင်းမှန်ကြောင်းစာရွက်ကလေး
ယူခိုင်းရတာပါ။နို့မဟုတ်ရင် ရုံးကိစ္စရှိတိုင်းလေးလေးထပ်ခါထပ်ခါလာနေရင်ပင်ပန်းမှာစိုးလို့ပါ လေးလေး လိုချင်တာမြန်မြန်လေးရအောင်လေးလေးကလဲ ကျနော်တို့လိုအပ်တာလေးကို
ကူညီပေးလိုက်ပါ” လို့ လေသံအေးအေးလေးနဲ့ပြောလိုက်တဲ့အခါ “စောစောက ဒီလိုပြောလိုက်ရင်ပြီးရော” လို့ခပ်ဆောင့်ဆောင့်လေသံလေးနဲ့ပြောလိုက်ပေမယ့်ကျေနပ်သွားပုံတော့
ရပါတယ်။အဲဒီအခါကျမှ “ဒီဝန်ထမ်းလေးတွေက အသစ်လေးတွေဆိုတော့လုပ်ငန်းအတွေ့အကြုံမရှိကြသေးလို့ပါ”လို့ပြောရင်းသူ့ရုံးခန်းထဲပြန်မဝင်ခင်လေးမှာ
” နောက်ဒီလိုပြဿနာမျုးိကြုံလာရင် မင်းတို့ဘာသာ မဖြေရှင်းနဲ့အတွေ့အကြုံရှိတဲ့ဝန်ထမ်းကြီးတွေကိုခေါ်ပေးလိုက်ပါ ကိုယ့်ရုံးကိုလာတဲ့သူကလဲတကယ်ကိုလိုအပ်လို့လာကြတာ
အဆင်မပြေဘူးဆိုရင် ကိုယ်ညံ့ရာတာကျတယ်”လို့ မတင်းမာလွန်းမလျှော့လွန်းသောလေသံနဲ့ ဆူတာလဲမဟုတ်ဖျောင့်ဖျတာလဲမဟုတ်တဲ့လေသံနဲ့ပြောသွားတာ ကျနော်တောင်တော်တော်လေး သူ့ဖြေရှင်းပုံကို သဘောကျသွားပါတယ်။)
အဲဒီမှာဘာသွားတွေ့လဲဆိုတော့ ထောက်ခံစာကိစ္စနဲ့လုပ်ငန်းအတွေ့အကြုံဆိုတာကိုပါ။
ဟုတ်ပါတယ် အလုပ် ကိစ္စတစ်ခုကြုံလာရင်ဒါကြီးကပါလာတာကိုးဗျ။
အလုပ်တစ်ခုလျှောက်မယ်ဆိုရင် အောင်လက်မှတ်တို့ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာတို့ ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာတို့တွေပါမှဖြစ်တာကိုးဗျ။
ဒါတွေကလဲ တကယ်မသိဘူးဆိုရင်လဲလုပ်မပေးတာများပါတယ်။
ကျနော်ပြောချင်တာကတော့အောင်လက်မှတ်ပါ။
တကယ်တမ်းတော့အောင်လက်မှတ်ဆိုတာသက်သေခံလက်မှတ်ပါဘဲ။
(အတုမရှိဘူးလားဆိုရင်လဲရှိချင်ရှိနိုင်ပါတယ်။မရှက်တတ်တဲ့သူတွေလုပ်ချင်လုပ်ကြမှာပေါ့နော်။)
ကျနော်ကားမောင်းတတ်တယ် ဆိုင်ကယ်မောင်းတတ်တယ် လေယာဉ်ပျံမောင်းတတ်တယ်ဆိုတာတွေတို့
ဘွဲ့ရပြီးသားပါတို့ ဒီပလိုမာရပြီးသားပါတို့ ကွန်ပြူတာရိုက်တတ်ပါတယ်တို့ ဘာတတ်ပါတယ်ညာတတ်ပါတယ်ဆိုတာ ပါးစပ်ကြီးနဲ့ပြောလိုက်ရုံနဲ့မှမပြီးတာဗျာ.။
သူပြောတဲ့အတိုင်းဟုတ်မဟုတ်ဆိုတာကို သူပြောတာတွေနဲ့သက်ဆိုင်တဲ့ဌာနတွေက တရားဝင်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေက သက်သေခံအနေနဲ့ပြမှာကိုးဗျ
ကားဆိုင်ကယ်မောင်းတတ်တယ် ဆို ကဲပြ သက်ဆိုင်ရာတရားဝင်ထုတ်ပေးထာတဲ့ “လိုင်စင်”
ကျနော် ဘွဲ့ရပြီးသားပါ ဒီပလိုမာရပြီးသားပါ ကဲပြ မင်းပြောတဲ့ ကျောင်း မင်းပြောတဲ့ တက္ကသို်လ်ကထုတ်ပေးလိုက်တဲ့အောင်လက်မှတ်။
ကွန်ပြူတာရိုက်တတ်ပါတယ် ကဲပြော မင်းသင်ခဲ့တဲ့နေရာက ထုတ်ပေးလိုက်တဲ့ထောက်ခံစာ ……….ဆိုတောင်းရတော့တာဘဲ။
မပြနိုင်ရင် လောလောဆယ် မတတ်ဘူးလို့ဘဲဆုံးဖြတ်ရတော့မှာပေါ့ သူနဲ့ကိုယ်က အကြောင်းသိတဲ့လူတွေမှမဟုတ်တာကိုးဗျ။
ဒါတွေသာမလိုဘူးဆိုရင် သူပြောတဲ့အတိုင်းယုံလိုက်ရုံဘဲရှိတော့တာပေါ့။
ဒါတွေပြနိုင်မှမြင်ရမှသာ သူပြောတာမှန်တယ်ဆိုတာကို တစ်ဝက်ယုံရ မှာကိုး။
သူသင်ထားတာတော့ဟုတ်ပါတယ် တကယ်တတ်မတတ်ကတော့လုပ်ငန်းခွင်ထဲလက်တွေ့ချခိုင်းမှသာ အမှန်အတိုင်းသိလာရမှာကိုးဗျ။ဒါကြောင့်လဲဝန်ထမ်းတစ်ယောက်ကို တန်းပြီး အမြဲတန်းအဖြစ်မခန့်ဘဲ အစမ်းခန့်ကာလ သုံးလတို့ ခြောက်လတို့ဆိုတာပေါ်လာတာပေါ့နော်။
နောက်အခုကျနော်တို့ဆီမှာ နိုင်ငံတော်ကနေ မဟုတ်ဘဲထုတ်ပေးတဲ့ ပြင်ပကဖွင့်ထားတဲ့သင်တန်းတွေက ထုတ်ပေးတဲ့တစ်ချို့သောလက်မှတ်တွေကအောင်လက်မှတ်မဟုတ်ဘူး။
(ဥပမာ ကွန်ပြူတာအောင်လက်မှတ် ဆိုပါတော့ သူတို့ထောက်ခံပေးထားတဲ့သူက သူတို့ဆီကိုလာပြီး နာရီဘယ်လောက်လေ့ကျင့်သွားတယ်ဆိုတာကို ထောက်ခံပေးထားတာပါ)
ကဲဒီလောက်ဆိုရင်အောင်လက်မှတ်လိုမလိုဆိုတာကရှင်းနေပြီဘဲ လိုတယ်ပေါ့။
အဲဒီတော့ မေးလာမယ် အောင်လက်မှတ်မရှိဘဲ တတ်နေတဲ့သူတွေလဲရှိနိုင်တယ်ပေါ့။
ဒါလဲလက်ခံပါတယ် တစ်ချို့ဆို ကွန်ပြူတာလိုဟာမျိုး စာရင်းကိုင်ပညာလိုဟာမျိုး အချိန်မရလို့ဖြစ်ဖြစ် ငွေမတတ်နိုင်လို့ဖြစ်ဖြစ်ကျောင်းမှာ
သွားမသင်နိုင်ပေမယ့်တတ်တဲ့လူ နီးစပ်ရာလူကနေဆီကနေ သင်ရင်းတတ်သွားမျုးိလဲသေချာပေါက်ရှိနိုင်ပါတယ်။
ဒါမျိုးကတော့လူတစ်ယောက်က အောင်လက်မှတ်မပြနို်င်ပေမယ့်လည်းတစ်ကယ်တတ်ကျွမ်းလို့ လုပ်ငန်းခွင်ထဲမှာ အသုံးဝင်လာတယ်ဆိုရင်သူ့ရပိုင်ခွင့်တို့လုပ်ပိုင်ခွင့်တို့ကလည်း
တဖြည်းဖြည်းမြင့်လာမှသေချာပါတယ်။

လုပ်ငန်းအတွေ့အကြုံအကြောင်းပြောရင် ကျနော်အစိုးရဝန်ထမ်းအဖြစ်ရှိစဉ်ကပေါ့။
သစ်သား မီးခြစ်တွေလုပ်တဲ့စက်ရုံလို့ပြောပါတယ်။
အဲဒီထဲက ယမ်းစပ်ရတဲ့ဌာနမှာအကူအဖြစ်လုပ်နေတုံးကပါ။
ယမ်းစပ်တယ်ဆိုတာ ယမ်းရယ် ဖန်ကွဲပုလင်းကွဲမူံ့ရယ်ရေရယ် အခြားလိုအပ်တဲ့ဓါတုပစ္စည်းတွေကို သူ့အချိုးအတိုင်းစပ်ပေးရတဲ့ဌာနပေါ့။
အဲဒီအချိန်တုံးက ကျနော်တို့ဌာန ကို အင်္ဂျင်နီယာအသစ်နှစ်ယောက်ကလဲရောက်နေပါတယ်။တစ်ရက်ယမ်းစပ်မယ်လို့ပြင်ဆင်နေတဲ့အချိန်မှာ
နှစ်ပေါင်းများစွာ ယမ်းစပ်လာတဲ့ ဦးလေးတင်ကိုက ကျနော်ကို ဒီနေ့ယမ်းစပ်ရင်ရေလျှော့ထည့်ဘို့ပြောပါတယ်။
ကျနော်က ဘာလို့လဲဆိုပြီးမေးဆတ်ပြတော့ ကောင်းကင်ကို လက်ညိုှးထိုးပြပါတယ်။ဟုတ်ပါတယ် မိုးတွေသဲသဲမဲမဲရွာနေတာပါ။
အဲဒီအချိန် စောစောက အဂျင်္င်နီယာလေးတွေရောက်လာပြီး ထည့်မယ့်ပစ္စည်းတွေကိုပြန်ချိန်ရင်း ရေအလေးချိန်မှားနေတယ်လို့ပြောပါတယ်။
ကျနော်က ဦးလေးတင်ကို ကလျှော့ခိုင်းထားတယ်လို့ပြောတော့ သူတို့ခိုင်းတဲ့အတို်င်းထည့်ဘို့ပြောပါတယ်။
ကျနော်ကဦးလေးတင်ကိုကိုလည်းကြောက်ရတော့ သွားခေါ်ပြီးပြောတော့ လို်က်လာပြီး အဂျင်္င်နီယာကောင်လေးတွေကိုပြောတော့
အဲဒီထဲကတစ်ယောက် ကသူတို့က အရာရှိတွေပါ သူတို့ခိုင်းတဲ့အတိုင်းအတိအကျလုပ်ပါလို့ ခပ်မာမာပြောပါတယ်။
အဲဒီမှာဦးလေးတင်ကိုက ဆရာလေးတို့တာဝန်ယူနေမှတော့သူတို့ခိုင်းတဲ့အတိုင်းလုပ်ပေးလိုက်လို့ပြောပြီးထွက်သွားပါတယ်။
ဒါနဲ့ကျနော်လည်း သူတို့စာအုပ်ကြီးတဲ့မှာပါတဲ့အတိုင်းအတိအကျ ရေကိုချိန်ထဲ့ပေးလိုက်ပါတယ်။
နောက်ထုံးစံအတိုင်း စက်လည်လို့တော်တော်ကြာတော့ ဘေးယမ်းဌာနက အလုပ်ကြပ်လေးသိန်းအောင်လိုက်လာပါတယ်။
ဘေးယမ်းတွေက မစွဲဘူး ကျဲနေတယ်ဆိုပြီး လာပြောတာပါ။
အဲဒီတော့မှ အဂျင်္င်နီယာတွေ ပြာယာခပ်ကုန်ပါတယ်။
ဒါကလုပ်ငန်းအတွေ့အကြုံအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာကွာသွားတာကိုး။
နောက်တစ်ခုကတော့ ကျနော့်သူငယ်ချင်းတစ်ယောက်ပြောပြတာပါ။
တစ်ရက်သူ့ရုံးမှာ ဝန်ထမ်းကောင်မလေးနဲ့ ကုန်သည်တစ်ယောက်ဖုန်းနဲ့အပြန်အလှန်ပြောနေကြတာအကြာကြီးပါ။
ဟိုဘက်ကဘာပြောနေတယ်ဆိုတာ မကြားရပေမယ့် ကောင်မလေးကတော့ “မရဘူး အမ “တို့
“အမပြောတဲ့နေ့ကဘဲပို့လိုက်တာ ” တို့ ” မဖြစ်ဘူး အမ “ဆိုတာဘဲထပ်ခါထပ်ခါပြောနေတာ ဆယ့်ငါးမိနစ်လောက်ကြာတော့
ကျနော်က ဖုန်းကို နောက်လုပ်သက်ရင့်တဲ့တစ်ယောက်ကိုပြောင်းကိုင်ခို်င်းလို်က်ပါတယ်။
အဲတော့မှ နောက်ဖုန်းကိုင်တဲ့သူက သူမှာတဲ့ကုန်ကို သူပြောတဲ့ ကားဂိတ်ကို အတိအကျပို့လိုက်တဲ့အကြောင်း။အဲဒီဂိတ်ကချက်ခြင်းတင်မပေးတာကိုတော့ ကားဂိတ်နဲ့ကုန်သည်နဲ့ရှင်းရမှာဖြစ်တဲ့အကြောင်း။နောက်ဒီရုံးမှာကုန်ရောင်းတဲ့အခါမှာ ဈေးတက်သွားရင်ထပ်မတောင်းသလို ဈေးကျသွားရင်လဲလျော့မပေးတဲ့အကြောင်း၊
ဒါပေမယ့်အကြောင်းအားလျှော်စွာ ဈေးကြီးမိသွားတဲ့ကုန်သည်မနစ်နာအောင်နောက်တကြိမ်ဝယ်တယ်ဆိုရင် သက်သာအောင် ဖန်တီးပေးတဲ့အကြောင်းရှင်းပြတော့ မှ ကိစ္စပြိးသွားပါတယ်။
အမှန်ကတော့ ကုန်သည်ကတမင်ညစ်တာပါ။သူဝယ်ထားတဲ့ကုန်ကို အရင်အကြွေးဟောင်းပေးမှ အကြွေးသစ်ထပ်ပေးမယ်လို့ပြောထားပြီးသားပါ။
သူကငွေပို့တာနောက်ကျတာရယ် ကားဂိတ်ကလဲ ကုန်များတော့ မတင်ဘဲထားလိုက်တာရယ်မှဆုံတဲ့အချိန်ဝယ်ထားတဲ့ကုန်ကဈေးကျသွားတော့ ကွိုင်တာပါ။
အတွေ့အကြုံရှိတဲ့ဝန်ထမ်းကတော့ သူ့သဘောထားကိုတန်းသိတာရယ်ဘယ်လိုပြေလည်အောင် ပြောရမယ်ဆိုတာ တန်းသိတော့ ချက်ချင်းပြီးသွားတာပေါ့။
တကယ်တော့လုပ်ငန်းအတွေ့အကြုံအပါအဝင်ဘယ်အတွေ့အကြုံမဆို နှစ်ကြာလေ အထိအတွေ့များလေ မတူညီတဲ့ အခက်အခဲတွေ့တွေလေပိုပိုသိလာလေ ပိုပိုအတွေ့အကြုံများလေဖြစ်ပါတယ်။
ဒါတောင်မှ ကို်ယ်နဲ့မဆိုင်တာလိုလို မခိုင်းရင်မလုပ်တဲ့ အလိုက်မသိတဲ့သူနဲ့ သိတတ်စွာလုပ်တတ်တဲ့ လူချင်းမှာကို နှစ်ကြာတာချင်းတူပေမယ့် သိတာခြင်းကွာတတ်ပါတယ်။
ကျနော်ငယ်ဆရာတစ်ယောက်က တော့ ” မန်းလေးကနေ ရန်ကုန်ကို မီးရထားနဲ့ခရီးသွားတယ်ဆိုပါတော့ တစ်ခေါက်ထဲရောက်ဘူးတဲ့လူနဲ့ ဆယ်ခေါက်သွားဘူးတဲ့လူ သိတာခြင်းကွာမယ် အေးဆယ်ခေါက်သွားဘူးတဲ့လူခြင်းတူရင်တောင် ရထားထွက်ကတည်းက အမြဲတမ်းအိ်ပ်လိုက်သွားတဲ့သူနဲ့ ပါတ်ဝန်းကျင်ကို တတ်နို်င်သလောက် ကြည့်ပြီး မှတ်ပြီးသွားတဲ့သူကပိုသာတယ်
ဒါအတွေ့အကြုံယူတယ်လို့ခေါ်တယ် အတိုချုပ်ပြောရရင် နှစ်ပိုကြာသူ အကြိမ်များသူက ယျေဘူယျအားဖြင့်သာမယ် အချိန်တူရင်လေ့လာသူကပိုသာမယ်”
လို့ပြောခဲ့ဘူးပါတယ်။
မှန်ပါတယ် ဒါကြောင့်လဲ လုပ်ငန်းအတွေ့အကြုံဆိုတာနှစ်ကြာတာနဲလဲအလိုလိုရှိမလာဘူးကိုယ်တိုင်လေ့လာမှ သင်ပေးလို့ရရင်လဲရနိုင်တာမဟုတ်ဘူး။
သင်ပေးလို့ရတယ်ဆိုတာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ လုပ်နည်းကိုင်နည်းဘဲသင်ပေးလို့ရမှာပါ။
တစ်ခုတော့ရှိပါတယ် အလုပ်အတွက်အင်တာဗျူးကြတဲ့အခါ တွေ့ရတဲ့ဆယ်မိနစ် ဆယ်ငါ့းမိနစ်လေးအတွင်းသိချင်တာလေးမေးရတာဆိုတော့ တကယ်ရိုးသလား မရိုးဘူးလားဆိုတာတော့ ကြာမှဘဲသိရမှာဘဲ ရိုးသားတဲ့လူကိုလိုချင်တာကတော့လုပ်ငန်းရှင်တိုင်းပါဗျာ……………………………………………………………………
လို့ကျနော်က အရှည်ကြီးပြောလိုက်ပါတယ်။
စိန်မောင်တို့ကိုကျနော်ပြောတာကိုလက်ခံလား လို့ မမေးခင် မေးလိုက်ပါအုံးမယ်
ခင်ဗျားတို့ကရော စိန်မောင်ဘက်ကလား ကျနော့်ဘက်ကလား ပြောစမ်းပါအုံး………………………………………….

One comment

  • zawana

    September 3, 2010 at 2:03 am

    ဟုတ်ပါတယ် … လုပ်ငန်း အတွေ့အကြုံကို ကြည့်ပြီးမှ ဒီလူဟာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်တတ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်တင့်အောင် နေတတ်သူ ဟုတ်၊ မဟုတ် ခန့်မှန်းနိုင်ပါလိမ့်မယ်။ ကျနော်ဖြေခဲ့ဖူးတဲ့ နိုင်ငံခြားက အင်တာဗျူးတစ်ခုမှာတော့ IQ Test ကို အရင် လုပ်ပါတယ်။ အဲဒီ မေးခွန်းတွေက အတန်းပညာ အခြေခံ ရှိတဲ့ လူတိုင်း ဖြေဆိုနိုင်တဲ့ မေးခွန်းတွေပါ။ ဒါပေမဲ့ ကျောင်းတွေမှာ တစ်ခါမှ မေးလေ့ မရှိတဲ့ မေးခွန်းမျိုးတွေပါ။ မှားမှန်ရောထွေး အမှန်ရွေး မေးခွန်းတွေပေါ့။ အဲဒီ အဖြေလွှာကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းကို တော်တော်များများ ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။ စာမေးပွဲတိုင်းကို အလွတ်ကျက် ဖြေဆိုလာတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေကို အဲလို မေးခွန်းလေးတွေနဲ့ ဘယ်သူက ကိုယ်ပိုင် အရည်အချင်း တကယ် ရှိမရှိ စုံစမ်းနိုင်ပါတယ်။

Leave a Reply