တန်ဖိုးနည်း

ko sixJuly 27, 20171min1984

တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ်
ပြီးတော့
တန်းဖိုးနည်း အစားစာ
တန်ဖိုးနည်း အသွားအလာ
တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့
တန်ဖိုးနည်း ရောဂါကို
တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့
တန်ဖိုးနည်း အဖော်အချွတ်တွေမှာ
တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့
တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ်
တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ
တကယ်က
တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ်
တန်ဖိုးနည်း နားတွေ
တန်ဖိုးနည်း မျက်စိတွေ
တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍
တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ်
ဆိုတော့ကာ
အရေးကြီးတာ
တန်ဖိုးနည်း အိ်မ်ယာ မဟုတ်
တန်ဖိုးနည်း အစားစာ မဟုတ်
တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ်
အမှန်က
တန်ဖိုးနည်း ရှင်သန်နေရလည်း
တန်ဖိုးနည်း မသေဆုံးသွားဖို့က အဓိကပါ ကိုယ့်လူရယ်။
ကိုစစ်(ရူပဗေဒ)

4 comments

  • သင့်အေးရိပ်

    July 28, 2017 at 5:59 pm

    ဒါ တန်ဖိုးနည်း ကဗျာတော့ မဟုတ်ဘူး
    :k:

  • ko six

    July 28, 2017 at 7:27 pm

    ဟုတ်ကဲ့ ဆရာသင့်

  • •*¨နန်းတော်ရာသူ •*¨

    July 30, 2017 at 4:26 pm

    တန်ဖိုးနည်းပေမယ့် ကိုယ်တန်ဖိုးထားရင် တန်ဖိုးရှိတာလေးတွေလည်းရှိတတ်ပါတယ်

  • manawphyulay

    July 31, 2017 at 4:00 pm

    တန်ဖိုးဆိုတာ ကိုယ်တိုင်က သတ်မှတ်တာဖြစ်တော့ ကိုယ့်ပေါ်ပဲမူတည်ပါတယ်….
    တန်ဖိုးနည်းလို့ မသုံးနှုန်းပဲ တန်ဖိုးသင့်ဆိုရင် ပိုကောင်းမလားပဲ….
    ဟီး တန်ဖိုးနည်းအိမ်ရာလေးတော့ မျှော်လင့်မိသား….

Leave a Reply