ငါ့ဟာလာမထိနက်

အယာတိုလာ မာမွတ်ခိုမ် သူ့ကိုယ်သူ ရွာသူကြီးဟု လွန်စွာ ဂုဏ်ယူသည်။ ဟေ့ တမိုးအောက် တယောက်ထွန်း ပြိုင်သူဆို ဗိုလ်မထားတဲ့ ငါဟဲ့သူကြီး ဟု မကြာမကြာ လက်မောင်းခတ် ကြွေးကြော်သည်။ အထူးအာဏာရ သူကြီးမင်းဖြစ်ရွေ့ နှစ်လုံးပြူးကြီးလည်း ရှိသည်၊ ထိုနှစ်လုံးပြူးကြီးအား သဂျီးဂတော် ဒေါ်ညိုလက် ဝကွပ်အပ်ထားပြီး အမြဲတစေ တိုက်ချွတ်ဆေးကြောစေသည်။ တနေ့သော် ရွာထဲ လိုအပ်သည်များ ညွှန်ကြားရန် ကွင်းဆင်းစစ်ဆေးသည်တွင် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ တွေ့မြင်ခဲ့ရာမှ ဇာတ်လမ်း အစပြုလေသည်

လှေသူကြီး အမ်တီဝေ ပါလား နေကောင်းတယ်နော်…. ရေငုပ်င်္ဘောဒီဇိုင်း အင်ဂျင်နီယာ တီဝေအား နှုတ်ဆက်နေသံဖြစ်သည်။ အလို.. သူကြီးဆိုပါလား။ မျက်နှာမသာမယာနှင့် ရှေ့ဆက်စနည်းနာဦးမှ…။ ကေသုံးလုံးမိုတယ်လ်နား အရောက်.. မိုတယ်လ်ပိုင်ရှင် အင်း(Inn)သူကြီး လေမားမားခများ ဓမာရုံအတွက် အလှူငွေ ထည့်ပါအုံး… ဟွန့် ဒီမှာလည်း သူကြီးတယောက်။။ ဟောဟိုမှာ ခလေးတသိုက် ကစားနေတာ တဘောင်စနည်း နာဦးမှ။ ရွာသား အလိင်စက် ခလေးဗိုလ်လုပ် ထုပ်စည်းတိုးတမ်း ကစားနေသည်။ ဟေ့ မငြင်းနဲ့ မကစားချင်ထွက်၊ စကား နားထောင်ရမယ် ငါ ခေါင်သူကြီး။ အလိုလေး ဒီမှာ ပိုဆိုးနေပါလား။ မဖြစ်ဘူး အိမ်ပြန်လေမှ..။ ရှေ့မှာ အလှူ.. အိမ်အတွက် ပါဆယ်ဆွဲဦးမှ တွေးရင်း ချက်ပြုတ်နေရာ နောက်ဖေးလှစ်ခနဲ ဝင်တော့ နောက်ကျောပေးထိုင် ဟင်းအိုးမြည်းနေသည် ကင်းကောင်အား ကကြောင်မှ အိုးသူကြီးဟု ပရောပရီလုပ်နြေပန်သည်။ တော်ပြီ ဟင်းမစားရလည်း နေပစေတော့၊ လခွမ်း။။

လမ်းတွင်… ငါတို့ စစ်သားတွေဟာ ရှေ့တန်းမှာ… စကားဖောင်ဖောင် ဝိုင်းဖွဲ့ပြောနေသော အသံများ လေထဲ ပျံ့လွင့်လာသည်။ အော် ရွာကနေ တပ်ထဲဝင်သွားတဲ့ ငရဲဆီတောင် ခွင့်ပြန်လာမှကိုး။ စစ်ဗိုလ်ဆိုတာ မင်းတို့နားလည်အောင် ဇာတ်စကားနဲ့ပြော စစ်သူကြီးပေါ့ကွာ။ တိန်… သွားနှုတ်ဆက်မည့် ခြေလှမ်းများ တုံ့ကနဲဆိုင်းသွားသည်။ ဒင်းလည်း သူကြီးပေကိုး.. အဟင့်။ ဒီလောက်တောင် ကြီးချင်နေမှ ရွာထဲက မသွားဘူး၊ ယာထဲ ဖြတ်ပြန်မယ်။ ဒေါကြီးမောကြီးနှင့် တနေရာအရောက် တောင်သူကြီးဘဝ လွတ်လပ်ပေစွဟု ကြူးရင့်ကာ တဒုံးဒုံးနှင့် အားပါးတရ ထုနေသော နူးဘာဂီ…။ မကြားလိုပါ မကြားလိုတော့ပါ… သဂျီးမာမွတ်ခိုမ် နားပိတ်လျက် ထွက်ပြေးရပြီ။

ငါ့ဟာ

မဖြစ်ချေဘူး၊ ရွာသူားတွေ အမြန်ခေါ် အသိပေးလေမှ။ ဒူဝေ ဝေ ဝေ..။ ညေးတို့ ခေးတို့ …. ခေါ်တဲ့ အကြောင်းက…. ဂူတဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းရိုး ထုံးစံရှိသလား။ တရိစာန်ရုံမှာတော့ သုံးလေးကောင်မက တွေ့ဖူးတာပဲ၊ တောထဲတော့ မသိ။ ရှိတယ်သဂျီး တီဗွီမှာ တွေ့ဖူးတယ် … ပြန်ဖြေသံများ ကြွက်ကြွက်ဆူသွားသည်။ တိတ်စမ်း.. မေးတာ ကေသရာဇာခြင်္သေ့မင်း အုပ်စိုးတဲ့ တောထဲကဂူမှာ။ အမှန်တော့ သူလည်း မသိ၊ ကြားဖူးနားဝ ရမ်းတုပ်ခြင်းဖြစ်သည်။ အားလုံး အသံတိတ်သွားသည်.. မတော် နှစ်လုံးပြူးနဲ့ ထုတ်ပစ်လိုက်မှ။။ အိုက်လိုပဲ ရွာမှာ သူကြီးတယောက်ပဲ ရှိတယ်၊ အဲဒါ ငါဖဲ။ ပြီးတော့ သူကြီး ပီပီသသ ခေါ်ရမယ်၊ ပြောင်သလို ပျက်သလို သဂျီး သဂျီးနဲ့ ခေါ်တာ မကြိုက်ဘူး။ အားလုံး ကြားလား။ သဂျီး စကားလုံး စဖွသူ အူးတီစံကား ရှေ့ဆုံးတန်း ထိုင်လျက် မသိသယောင် မျက်လုံးလေး ကလယ်ကလယ်…။

စည်းဝေးပွဲ ပြီးပြီ၊ အခြားသူများ သူကြီးဂုဏ်ပုဒ် လုံးဝ (ဝလုံး) သုံခွင့်မရှိ၊ သုံးလျင် ထိပ်တုံးအခတ် ခံရမည်။ လုပ်ရဲလုပ်ကြ… မပြောသော်လည်း ပြောဘိသကဲ့သို့ ရှိသည်။ အားလုံး အတွေးကိုယ်စီနှင့် အိမ်ပြန်လာကြသည်။ မတူသောအတွေးနှင့် တွေးရမည်ဆိုသော သဂျီး  မြှောက်ပင့်ထားမှုကြောင့် အကြောင်းအရာတခုအပေါ် ရွာသူားများ ဖြန့်ကျက်တွေးသည်မှာ ကြာလှနေပြီ။ သူကြီး အစက ဘာလဲ၊ ဘာကြောင့် သူကြီးလို့ ခေါ်သလဲ။ ဟောင်ကောင်ပြန် ပညာရှိ မြေကြွက်ဦးကြောက်က အဖြေထုတ်သည်၊ သူကြီးဆိုတာ ကြီးလာလို့၊ ငယ်ရင် သူငယ်ဖြစ်မှာပေါ့စ်။ ဒါကြောင့် သူကြီး ငယ်ငယ်က သူငယ်ဖြစ်ဖူးရမယ်။ သူ့ငယ်နာမည် ဖြိုးဆိုလား။ တခါ ကူမြူနစ် ဖြစ်ဖူးရင် တသက်လုံး ကူမြူနစ်၊ သူငယ်ဖြစ်ဖူးသူလဲ အကျင့်ပြင်မရဘူး။ ဒီလိုနှင့် အရပ်ထဲ သတင်းပျံ့ကာ သဂျီးငယ်ငယ်က သူငယ်ဆိုပဲ။။။။

အီတွင် ရွာအရေး စိတ်မဝင်စား၊ သဂျီးခေါ်သည်ကိုပင် မလာအားသော ရွာသား အာဂ ရင်ခုန်သွားသည်။ ဟီဟိ စားရကံကြုံလို ဂျော်နီသားတွေ့ပြီ။ သဂျီးဂတော် ဒေါ်ညိုမရှိတုံး အိမ်သွားလည်ဦးမှ….။ ခိုင်မ်ရေ ခိုင်မ်…. ဖြစ်ချင်တော့ အူးခိုင်မ် ရေချိုးရင်းတန်းလန်း၊ ရေလဲပုဆိုးနှင့် ကိုယ်တွင် တဘက်ပတ် ထွက်လာသည်။ ညေး အာဂ .. ဘယ်ကလှည့်လာသလဲ၊ မာရဲ့နော်။ မာသမှ တောင်တောင်မြည်ဖဲ.. မယုံ စမ်းကြည့်လေ။ ကာမအာဂ ရွှတ်သလို နောက်သလိုနှင့် သဂျီးတကိုယ်လုံး စူးစူးရဲရဲကြည့် သွေးတိုးစမ်းသည်။ ဟား ဟား ဟား ထိုင်ဦးကွာ… ထိုစဉ် လေတိုက်သဖြင့် စားပွဲပေါ်ရှိ စာရွက် ပြုတ်ကျသည်တွင် သဂျီး နောက်လှည့် ကုန်းကောက်သည်တွင်…. ဟုတ်နေပါပြီ၊ ဟင်း ဟင်း.. ရေစိုကပ်နေသော သဂျီးနောက်ပိုင်းကို အံကြိတ် ကြည့်ရင်း ယင်းထသလို ကတုန်ကယင် တဆတ်ဆတ်တုံလာသည်၊ အာခေါင်ချောက်ကာ တံတွေးမျိုချရင်း မနည်းစိတ်ထိန်းနေရသည်။

ဒီအတိုင်းဝင်လုံးရင် ကြမ်းတယ်၊ ဇာတ်လမ်းလေးတော့ဆင်မှပါ။။ အိပ်ခန်းထဲ အဝတ်စားလဲနေသော သဂျီးအား.. အနော် သဂျီးကို ကြည်ညိုလွန်းလို့ အူးခြပါရစေ။ သဂျီးကား ရှားရှားပါးပါး သိတတ်လှသော အာဂအားကြည့် ပီတိဖြာသွားသည်။ ကန်တော့ရုံမက ခြေဆုပ်လက်နယ်ပါ ပြုပေးနေပြီ။ သဂျီးခိုင်မ် အတော်ပင် အားနာသွားမိသည်။ မငြင်းရက်တော့ သို့သော် လူလူခြင်း စိတ်ထား သူ့တွင် အပြည့်ရှိသည်။ အေးကွာ လုပ်လုပ်၊ နင်ပြီး ငါ့အလှည့်နော် အဲကြမှ ထွက်မပြေးနဲ့။ ဖျား ဖျျား… အာဂ ခေါင်းနားပန်းကြီးသွားသည်၊ နှစ်ဖက်ချွန်ကြီးလား။ ဒင်း ငါ့ထက် ဗလပိုတောင့်တယ်၊ အိပ်ခန်းက အသံလုံခန်း… ။ သဂျီး၏ ကျယ်ပြန့်ဖောင်းကားနေသော ရင်အုပ်၊ ကြွက်သားအမြှောင်းမြှောင်းထသော လက်မောင်းအိုး၊ 6pack ဝမ်းဗိုက်ကြွက်သားများ တခုခြင်းစီ နှိပ်နယ်ရင်း ငါတော့ မှားပြီ။ နွယ်ဗင်အပေါ် သစ်စာဖေါက်မိတာ မှားပြီ။ အခြစ်ရေ မောင့်ကို ကယ်ပါဦး။

ကိုယ်မှ ပေါင်ရင်းအရောက် သဂျီးတွန့်ကနဲ ဖြစ်သွားရင်း စိတ်ရှိလက်ရှိ တီးပေတော့ဟုု ပက်လက်မှ မှောက်လျက် ပြောင်းပေးသော်လည်း အာဂ ဒါတွေ မမြင်တော့ချေ၊ နားဝယ် ကြားနေသည်က “နင့်ပြီးငါ့အလှည့်”…..။ ဟွာ လေ သဂျီး.. အနော် သေးပေါက်လက်အူးမယ်၊ ထို့နောက် လက်သေချာဆေးခဲ့နော် ပြောသော စကားကိုပင် ပြန်မနေအား တချိုးထဲ လစ်တော့သည်။ လစ်သည်မှ ရွာသို့ပင် မပြန်… ရွာနှင့်ဝေးရာသို့….။

ကာမ နှာပွ အာဂ ဖွာခြ လေးမည်ရ အာဂ ဂဇက်ရွာတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပေပြီ။ ခေတ်စနစ်များလဲ ပြောင်းခဲ့ပေပြီ။ လွမ်းသူအတွက် အချိန်တာရှည်လွန်းလှသည်။ စာမလာ သတင်းမကြား မင်းတယောက် နေမှ ကောင်းရဲ့လား။ ။။။။။

7 comments

  • kai

    July 30, 2017 at 5:52 am

    ကကြောင်ပြောမှ.. သူကြီးဘယ်ကစ,သလဲ.. တွေးမိသွားတယ်..။
    ဆိုတော့..
    ရွာကလစ်သွားတဲ့ထဲ.. အူးတီစံလည်းပါတယ်..။
    တိတိကျကျဆို.. :k:

  • သင့်အေးရိပ်

    July 30, 2017 at 1:35 pm

    ငါဟဲ့ ခေါင်သူကြီး

  • •*¨နန်းတော်ရာသူ •*¨

    July 30, 2017 at 4:23 pm

    ဝင်ဖတ်မသွားပါကြောင်း

  • weiwei

    July 31, 2017 at 8:45 am

    သဂျီးကို အချစ်ဆုံးက ဦးကြောင်ကြီး … ကျီစယ်လို့ကို မဝနိုင်တာ ..

  • manawphyulay

    August 2, 2017 at 3:51 pm

    အင်း တဂျီးလည်း ခုနောက်ပိုင်း ရွာသူရွာသားမစာ်ကားတာနဲ့ သူ့အာဏာပါဝါ မပြနိုင်တာ ကြာပါ့။

    • manawphyulay

      August 2, 2017 at 3:52 pm

      မစည်းကားတာ ရေးတာ ဘယ်လိုဖစ်တွားပါလိမ့်
      ပြန်ပြင်ဖတ်ပေးစေလိုပါသည်….

Leave a Reply