ဘမျိုးဘိုးတူ ဘေးထိုင်ဘုတော ဘတ်လဘိုင်ကျ မဘသ
သောင်တလွဲထွေ… ဘာအဓိပါယ်မှ မရှိဘူး၊ အယူတိမ်း နတ်စိမ်းဖြစ်တာ ကိုးကွယ်စရာလား ကောင်းကောင်းမွန်မွန်ဆို ဟုတ်သေး ခုဟာ အရက်သောက်၊ ကြက်တိုက်၊ နင်ပဲငဆပြော၊ နှမသားခြင်းကိုယ်ဂျင်းမစာ ဟိုနှိုက်ဒီနှိုက်။ ထေရဝါဒ ထွန်းကားတဲ့ တိုင်းပြည်ကွ ဒါမျိုး လက်မခံနိုင်ဘူး။ မိဆာဒိဋ္ဌိတွေ တေငရဲကျမှာ။။။။ အီဂါး တောင်ပြုံးပွဲတော် နီးလာတိုင်း နှစ်စဉ်ပြောနေကျ မဘသကြောင်ကြီး၏ စကားလုံးများဖြစ်သည်။ ထိုသို့ စတေးတပ် ဖဘပေါ်တင်လျင် မန်းဒလေးမှ မဘသငပေ အဆဲလေးနှင့် ဒိုင်ဗင်ပစ်ဝင် ထောက်ခံသည်။ တဦးသဘော တဦးသိသည့် လိုက်ဖက်ညှီသော မျိုးညစ်ညီအကိုများဖြစ်သည်။။။
ယခုနှစ်တွင်မူ လေသံပြောင်း ဂငယ်ကွေ့ ကွေ့သည်။ ဘယ့်နှယ်ကွာ မိရိုးဖလာ အမြတ်တနိုးထား ကိုးကွယ်ပသတဲ့ တောင်ပြုံးပွဲ အနားကပ် ဖျက်ရတယ်လို့၊ လူတွေကွ နွားမဟုတ် မင်းတို့ လုပ်ချင်တိုင်းလုပ်ရအောင်။ လူတရာ တထောင်လာရင်ထားတော့ အနယ်နယ်အရပ်ရပ်က လူသိန်းချီလာတဲ့ပွဲ၊ တနှစ်လုံး အားခဲပြီး ဒီနေ့ဒီရက်လာ နွှဲမည့် အရှင်မင်းနှစ်ပါးပွဲမို့ ပြောတာ။ လုပ်ရက်လေခြင်း… ဒါလား ဒီမိုကရေစီ၊ အရပ်သား အစိုးရ။ ကြက်ငှက်တုပ်ကွေး ကူးမှာမို့ တားတယ် ဆိုရအောင် ဆေးမရှိတဲ့ ၁၈ရာစုခေတ် မဟုတ်ဖူး… လူတိုင်း စမတ်ဖုံးသုံးတဲ့ နည်းပညာခေတ် ရောက်နေပြီ။ မဘသငပေကလဲ ချက်ခြင်းဆိုသလို ဟုတ်ပါ့ဗျာ.. ကလားမြှောက်ပေးတိုင်း လုပ်တဲ့ အန်အယ်လ်ဒီ အစိုးရ.. အလိုမရှိ.. ကွန်းမန့်ဝင်လာသည်။
စင်ကာပိုတွင်နေပြီး မြန်တြံ့တောစာ ချက်နည်းများ ကဗာ့အဆင့်မှီသယောင် လုပ်ကြံချဲ့ကား ရေးသားသူ ဝီဂါမွပ်ခင်ဇော်၊ ရွှေဘဲစားသောက်ဆိုင်မှ ဘဲကင်ဆရာမ ဂျီးဒေါ်ဝေါင်းတို့လို လည်လည်ဝယ်ဝယ်ဆို မထောင်းတာသော်လဲ တောနေအုံကြား ရွာငယ် ဇနပုဒ်နေ နယ်ဂျားစောင့် ဘီဂျီအက်ဖ် လက်နက်ခြ ကွင်ဘုံတုမ မော်သွပ် အတွက်မူ နားဝေတိမ်တောင်ဖြစ် ဟုတ်နိုးနိုး အထင်မှားစေသည်။ နဂိုထဲကမှ ကော်သူးလေ တော်လှန်ရေး သစ်စာဖေါက်ရွေ့ စစ်တပ်နှင့်ပေါင်း မြေရောင်းကားဝယ် ခွင်ရိုက်စားသူအဖို့ ရယ်ချင်လျက်ကလိထိုး မျက်စေ့မှိတ် ယုံမိပေသည်။ ဟုတ်တာပေါ့အေ့… တိုင်းပြည် ပျက်ခါနီးပြီ၊ အလုပ်ကြီး အကိုင်ကြီး မပြောနက်.. ပွဲဈေးရောင်းစားလို့တောင် မရတော့ဘူးလား။ သင်္ကြန်မဏ္ဍပ် ခွင်ပျက်သဖြင့် စိတ်အနာကြီး နာနေသူ ဟောင်ကောင်အူးကြောက်လည်း ဝင်ဆဲသည်.. ဖလမ လက်ချက်နေမယ်၊ ဒင်းကို နတ်ရိုက်ပါစေ။
အရှင်မင်းကြီး၊ မင်းလေး ညီနောင် နှစ်ပါးကတော့ ဧဆေးမှ ဧဆေး..၊ လူတို့အချိန် တနှစ်မှာ သူတို့အတွက် တရက်ပျော့ပျော့သာ ရှိသည်။ နေ့တိုင်းလိုလို ပွဲတော်ကျင်းပနေရွေ့ ခရီးဖြောင့်ဖြောင့် မထွက်နိုင်တာကြာပြီ။ ဒီတခါတော့ ညအိပ်ခရီး ထွက်နိုင်လိမ့်မည်။ ဇာတ်ပေါင်းသော် မဘသများ စဉ်လာမပျက် ဆဲဆိုလျက်၊ ကွင်ဘုံတုမ လို မအူမလည်များမှာ ကဗာပျက်ရိုး ဟုတ်နိုးနိုး၊ အရှင်မင်းနှ်စ်ပါးကတော့ ညအိပ် အပန်းဖြေခရီး ထွက်သွားကြပြီ။ လောကသည် လည်သူစား အသူခံ… နေတတ်ဖို့သာ အရေးကြီးသည် မဟုတ်ပါလော။
ယနေ့အဖို့ မှတ်သားစရာဂါး… ဘမျိုးဘိုးတူ ဘေးထိုင်ဘုတော ဘုံပျောက်ဘမောင် ဘတ်လဘိုင်ကျ အဲဒါ မဘသ။။။။
ပုံထဲကကောင်မလေးကဘယ်သူလဲ
Was this answer helpful?
LikeDislikeငယ်တုန်းကတော့ နတ်ပွဲဆို ရှုံ့ချတယ် … ဘုရားမကြိုက် တရားနဲ့မညီ…
အသက်ကြီးလာလို့ လူတွေရဲ့စိတ်ထွက်ပေါက်ကို စဉ်းစားမိလာတော့…
နတ်ကန္နားဆိုတာ ဗမာ ဒစ်စကိုဗျ … ဂလုတယ် ဒွန့်တယ် …
Was this answer helpful?
LikeDislikeမဘသကို မထိနက်

သွသူ ဘုန်းဘုန်းလဲသွားလိပ်မဲ
Was this answer helpful?
LikeDislike