လာကြည့်ကြပါဦး လဟ… ငါတို့ သပိတ်မှောက်တာ။ အော်သာအော် ဘယ်သူမှ စိတ်ဝင်တစား မရှိချေ။ ကိုယ်တော်တို့ဖာသာ ကိုယ်တော်တို့ အားလျားတိုင်း မှောက်နေ.. အလုပ်သွားရဦးမယ်၊ ဗိုက်ဆာ ဘယ်သူ ထမင်းကျွေးမှာလဲ… လက်လှုပ်မှ ပါးစပ်လှုပ်ရမယ်၊ ကိုယ်တော်လို မှောက်ခ ရှယ်ယာခွဲပေးလျင် တမျိုးပေါ့။ ဟျောင့် ဒါတော့ မျက်စောင်းလာ မထိုးနဲ့.. ငါတို့က လူအများ အကဲ့ရဲ့ခံပြီး ရှာထားတာ… ကြားက ဝင်ခုတ်လို့ကတော့ လက်သီးပဲရမယ်။ သပိတ်မှောက် ကိုယ်တော်များနှင့် တိုးရစ်များအား လိုက်ပို့သော အလိင်စက်တို့ အချီအချ ပြောနေသံဖြစ်သည်။ ကဲ ကဲ… ဘယ်သူလာလာ မလာလာ သူ့ဆန်စား ရဲရမယ်… ဆက်ဆွဲလိုက်ကြစို့…။ သပိတ် သပိတ် မှောက်မှောက်… ..။ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီး တန်ဆောင်းအတွင်း အစိုးရ ဖြုတ်ချရေး ဆန်ဒပြနေသော ဘုန်းကြီးတစု အသံဖြစ်သည်။ သူတို့နည်းတူစွာ မန်းဒလေးမြို့တွင်လည်း ညတွင်းချင်း သင်္ကန်းစီးထားသော မျိုးညစ်ငပေမှ မဟာမြတ်မုနိ ဘုရားကြီး ပရဝုဏ်ထဲ သပိတ်စခန်း ဖွင့်နေပေသည်။ ရန်ကုန် နှင့် မန်းဒလေး နှစ်ဖက်ညှပ် ပူးပေါင်းကြံစည်သည် စွပ်စွဲမည်စိုးသဖြင့် ကြွေးကြော်သံများ မတူအောင် အော်ရသည်မှာ… မှောက် မှောက် သပိတ် သပိတ်..။ အခုဆိုရင် မျိုးခြစ်အင်အားစုတွေဟာ တိုင်ပင်ထားခြင်း မရှိဘဲ တနိုင်ငံလုံးအနှံ့ မိမိအသိစိတ်နဲ့ တောင်းဆိုဆန်ဒ ပြနေကြပြီ ပိတ်သက်…အဲ အဲ… ရဲဘော်တို့..။ အာဘောင်အာရင်းသန်သန် ပြောနေရာမှ ပရိတ်သတ်ဖက် လှည့်ကြည့်ရာ နားထောင်သူ မရှိသဖြင့် လက်တဆုပ်စာ ကိုယ့်လူကိုယ်ပြော ရဲဆေးတင်လိုက်ရသည်။ ။။။။။။

ဘပြောင်သပိတ် မထပေါင်အိပ်

အီတွင် ကြေးသွန်းဘုရားကြီးသွား အဓိဌာန် ပုတီးဝင်သော ကကြောင်နှင့် တွေ့ကြပြီ။ အလို တန်ဆောင်းထဲ သံဃာတွေ စုရုံးစုရုံးနဲ့ပါလား၊ ကံမဝါဖတ် ရွတ်ဖတ်သရဇာယ်နေဟန် တူရဲ့။ ငါ လာချိန်နဲ့ တိုက်ဆိုင်တာ ကြက်သရေ ရှိပါ့၊ အဓိဌာန် အောင်မည့် နမိတ်ပဲ.. ဟီ ဟိ..။ (ငါတို့ရဲ့ ဒုတိယအကြိမ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်…) အလို ရွှေတုံးကြီးတဲ့… အောင်အတိတ် အောင်နမိတ်…သိန်းတသောင်းထီ ပေါက်လို့ကတော့ ငွေထုပ်ပိုက်ပြီး ရွာထဲကစော်တွေ အကုန်တီးပစ်လပ်မယ်။ အချိန်ရှိခိုက် လုံ့လစိုက်… ဘုရားရှိခိုးလေမှ… သြကာသ သြကာသ (သပိတ် သပိတ်) သြကာသ (မှောက်)… ကာယကံ (ကလား) ဝစီကံ (အစိုးရ) မနောကံ (အလိုမရှိ)။။ ကကြောင်မှ သူ့ထုံးစံအတိုင်း ကျယ်ကျယ်လောင်လောင် ဘုရားစာရွတ်… ဟိုဖက်အဖွဲ့ကလည်း ကြွေးကြော်သံအော်… ဒီလိုနှင့် နှစ်သံ ရောကာ ကပြား ဖြစ်ကုန်သည်။ ။။။။။။
သို့သော်လဲ အဓိဌာန်မို့ မတတ်နိုင်.. ရအောင် စိပ်ရမည်သာ။ လူကြီးသူမတွေ ပြောတာ အဓိဌာန်ပြည့်ခါနီး အဖျက်ဝင်တတ်တယ်တဲ့.. ဒါ မာန်ရ်နတ် လုပ်တာဖြစ်မယ်၊ အားတင်း စိပ်လေမှ။ ဥုံကံလင်း… (ကလား အားပေး အစိုးရ… အရေးထဲမှာ ဒင်းရို့ကတမှောင့်၊ ပြီးအောင် အမြန်ရွတ်လေမှ) ဥုံကံလင်း … ဥုံကံလင်း…. ဥုံကလား ဥုံကလား…။ ဒီလိုနှင့် သမာဓိ မရှိသော ငမိုက်သား ကြောင်ကြီး ဂါထာပြောင်းမှန်း မသိပြောင်းကာ သူ့စိတ် ကလားတွင် တည်လေသည်။ ။။။။။
ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 625 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး