လောင်မြိုက်ခြင်း

ko sixAugust 6, 20171min2988

…………………..

ဘဝဆိုတာ
အဆီကလည်း လောင်စာ
အသားကလည်းလောင်စာ
ဘာပဲရရ
ပြာကျခြင်းက အနားသတ်ဘောင်
ဝါသနာအရ
သူ့အထာနဲ့သူလောင်မြိုက်ကြရင်း
မီးတောက်ဟာ
သံယောဇဉ်ရှိသလောက် နယ်ချဲ့လို့
သမိုင်းလိုလိုရာဇဝင်လိုလို
မီးခိုတအူအူဖြင့်
လူ့ဘဝလေး ကျဆုံးကြရတယ်။

ကိုစစ်

8 comments

  • aye.kk

    August 6, 2017 at 10:41 am

    (၃၁)ဘုံသားမှန်သမျှ
    လောင်မြိုက်နေကြရမှာ။

    • ko six

      August 6, 2017 at 11:03 am

      ဟုတ်ကဲ့ ။
      ကျနော်တို့တွေ ဇာတ်သိမ်းတဲ့အခါ လှစေဖို့ပါ

  • manawphyulay

    August 7, 2017 at 2:06 pm

    မကျဆုံးခင်မှာလည်း လောင်မြိုက်နေကြတာပါပဲ… လောဘဒေါသမောဟတွေ ပြောပါတယ်…

    • ko six

      August 8, 2017 at 4:16 pm

      မှန်တာပေါ့ အစ်မရယ်

  • သင့်အေးရိပ်

    August 7, 2017 at 4:13 pm

    ပြာမကျခင် အထာကျဖို့ လောင်မြိုက်နေကြရတုန်းးးး

    • ko six

      August 8, 2017 at 4:18 pm

      အထာကျဖို့ အကာချစို့ အနာပြမို့ အဲ အသာမလို့ ပြေးတော့မယ်

  • Shar Thet Man

    August 8, 2017 at 5:28 pm

    ဟုတ်တယ်လူတွေအပေါ်သံယောဇဉ်ထားရင် ကိုယ်ပဲလောင်တယ်

    • ko six

      August 21, 2017 at 12:35 am

      မေတ္တာနဲ့ယှဉ်တဲ့ သံယောဇဉ်ကတော့ အေးပါတယ်တဲ့။
      ဗုဒ္ဓဟောခဲ့တာ။

Leave a Reply